ကင္ဂ်ဳံအြန္း ႏွလုံးခြဲစိတ္ထားပုံမရဘူးလို႔ ေတာင္ကိုရီးယားေျပာ

ကင္ဂ်ဳံအြန္း ေမလ ၁ ရက္မွာ ေျမၾသဇာဖြင့္ပြဲ အခမ္းအနား တက္ခဲ့တယ္ဆိုတဲ့ ပုံကို အစိုးရ မီဒီယာ ေဖာ္ျပ
(Zawgyi)⤵⤵⤵
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္းရဲ႕ က်န္းမာေရးအေၾကာင္း ထင္ေၾကးေပး ေျပာေနတာေတြဟာ အေျခအျမစ္မရွိဘဲ သူ ႏွလုံးခြဲစိတ္ ကုသခံခဲ့တဲ့လကၡဏာမ်ိဳး လုံးဝ မေတြ႕ရဘူးလို႔ ေတာင္ကိုရီးယား ေထာက္လွမ္းေရးအဖြဲ႕က ေျပာပါတယ္။

ကင္ဂ်ဳံအြန္းဟာ ရက္ေပါင္း ၂၀ လူျမင္ကြင္းထဲ မထြက္ဘဲ ေပ်ာက္သြားခဲ့ၿပီး အေရးပါဆုံး အခမ္းအနား တစ္ခုျဖစ္တဲ့ သူ႔အဘိုးရဲ႕ေမြးေန႔ အထိမ္းအမွတ္ပြဲကိုလည္း မတက္ခဲ့ပါဘူး။

သူအသည္းအသန္ ေနမေကာင္း ျဖစ္ေနတယ္လို႔ မီဒီယာေတြက အႀကီးအက်ယ္ ေဖာ္ျပခဲ့ၾကသလို တခ်ိဳ႕ကဆို သူေသသြားၿပီလို႔ေတာင္ ေရးၾကပါတယ္။

ဒါေပမဲ့ အဲဒီေနာက္ ေျမၾသဇာစက္႐ုံ ဖြင့္ပြဲတစ္ခုမွာ ကင္ဂ်ဳံအြန္း ျပန္ေပၚလာၿပီး က်န္းမာေရးေကာင္းေနတဲ့ပုံ ေတြ႕ရပါတယ္။

ေတာင္ကိုရီးယားေထာက္လွမ္းေရးအဖြဲ႕က ဘာေျပာသလဲ

ေျမာက္က္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္းရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သက္လို႔ ထင္ေၾကးေပးေျပာဆိုေနတာေတြဟာ မွန္ကန္တဲ့ လကၡဏာ လုံးဝမေတြ႕ရဘူး ဆိုၿပီး ေတာင္ကိုရီးယား ေထာက္လွမ္းေရးအဖြဲ႕ အႀကီးအကဲ ဆူဟြန္းက ပါလီမန္ေကာ္မတီကို ဗုဒၶဟူးေန႔မွာ ေျပာၾကားခဲ့တယ္လို႔ ေတာင္ကိုရီးယား ယြန္နက္ သတင္းဌာနက ဆိုပါတယ္။

ကင္ဂ်ဳံအြန္းဟာ အခုႏွစ္အတြင္း လူျမင္ကြင္းထဲ ၁၇ ႀကိမ္ ထြက္ခဲ့ၿပီးၿပီလို႔လည္း ဆိုပါတယ္။

ပုံမွန္မွာေတာ့ ဒီလို အခ်ိန္ေရာက္ရင္ ကင္ဂ်ဳံအြန္းဟာ လူျမင္ကြင္းထဲ အႀကိမ္ ၅၀ ေလာက္ ထြက္ခဲ့ၿပီးပါၿပီ။
ဧၿပီ ၁၁ ရက္ ပါတီ ေပၚလစ္ဗ်ဴ႐ိုအစည္းအေဝး တက္ေရာက္ခဲ့စဥ္
ဒါေပမဲ့ ဒါဟာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ျဖစ္ႏိုင္တယ္လို႔ ေကာ္မတီအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။ ေျမာက္ကိုရီးယားမွာ ဒီဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားမႈ လုံးဝမရွိေသးဘူးလို႔ တရားဝင္ ထုတ္ျပန္ထားတာပါ။

ေျမာက္ကိုရီးယားမွာ ေရာဂါကူးစက္ျဖစ္ပြားမႈ လုံးဝမရွိဘူးလို႔ေတာ့ မေျပာႏိုင္ဘူးလို႔ ေတာင္ကိုရီးယားပါလီမန္ အမတ္တဦးျဖစ္တဲ့ ကင္ ဗ်ဳံကီးက ေျပာပါတယ္။

"ကင္ဂ်ဳံအြန္းဟာ စစ္တပ္နဲ႔ အစိုးရ အစည္းအေဝးေတြလို ျပည္တြင္းေရးကိစၥေတြ အတြက္ ပိုအားျဖည့္ လုပ္ေဆာင္ေနခဲ့သလို ကို႐ိုနာဗိုင္းရပ္စ္ စိုးရိမ္မႈေတြေၾကာင့္ လူထုထဲ ထြက္ဖို႔ အကန႔္အသတ္ေတြ ပိုျဖစ္လာခဲ့တယ္" လို႔ ဆိုပါတယ္။

ဘယ္လိုေကာလာဟလမ်ိဳးေတြလဲ
၂၀၁၄ တုန္းက ကင္
ဧၿပီလမွာ က်ေရာက္တဲ့ သူ႔အဘိုးရဲ႕ေမြးေန႔ အထိမ္းအမွတ္ပြဲမွာ ကင္ဂ်ဳံအြန္းကို မေတြ႕ခဲ့အၿပီးမွာသူ႔က်န္းမာေရးနဲ႔ ပတ္သက္လို႔ ေကာလာဟလေတြ စထြက္လာတာပါ။

၆ ရက္ေလာက္အၾကာမွာ အမည္မေဖာ္တဲ့ သတင္းရပ္ကြက္တစ္ခုက ကင္ဂ်ဳံအြန္းမွာ ႏွလုံးေရာဂါ အေျခအေန ဆိုးလာေနတယ္လို႔ ေျမာက္ကိုရီးယားကေန ထြက္ေျပးလာသူေတြ ေထာင္ထားတဲ့ Daily NK ဝက္ဆိုက္ကို သတင္းေပးခဲ့ပါတယ္။

အဲဒီ ေကာလာဟလေတြ ႏိုင္ငံတကာ သတင္းဌာနေတြဆီ ပ်ံ႕သြားၿပီး သူအသည္းအသန္ ျဖစ္ေနတယ္လို႔ တခ်ိဳ႕သတင္းဌာနေတြက ေဖာ္ျပၾကပါတယ္။ တခ်ိဳ႕ကဆို သူေသသြားၿပီလို႔ေတာင္ ေဖာ္ျပခဲ့ၾကပါတယ္။

အဲဒီအခ်ိန္မွာ ေတာင္ကိုရီးယား အစိုးရနဲ႔ တ႐ုတ္ေထာက္လွမ္းေရး သတင္းရပ္ကြက္ေတြက ဒီသတင္းတြ မမွန္ဘူးလို႔ ႐ိုက္တာသတင္းဌာနကိုေျပာခဲ့ၾကပါတယ္။

ဒါေပမဲ့ အေမရိကန္က မီဒီယာအေတာ္မ်ားမ်ားကေတာ့ ဒီသတင္းေတြ မွန္တယ္ ဆိုၿပီး အမည္မေဖာ္တဲ့အေမရိကန္အစိုးရ တာဝန္ရွိပုဂၢိဳလ္ေတြကို ကိုးကား ေဖာ္ျပခဲ့ၾကပါတယ္။

ေျမာက္ကိုရီးယားကေန ထြက္ေျပးခိုလႈံလာၿပီး အခုအခါ ေတာင္ကိုရီးယား ပါလီမန္ရဲ႕ အမတ္ေတြ ျဖစ္ေနၾကၿပီ ျဖစ္တဲ့ ေတး ယြန္ဟိုနဲ႔ ဂ်ီ ဆီယြန္ဟို တို႔ကလည္း ကင္ဂ်ဳံအြန္း နာမက်န္းျဖစ္ေနတယ္ ဆိုတဲ့သတင္းေတြကို ေထာက္ခံအတည္ျပဳခဲ့ၾကတာပါ။

အခုေတာ့ မစၥတာ ေတး ယြန္ဟို က "ကြၽန္ေတာ့္ကို ေတာင္ကိုရီးယား ပါလီမန္အမတ္အျဖစ္ မဲေပးေ႐ြးခ်ယ္ခဲ့ၾကတဲ့ အေၾကာင္းရင္းေတြထဲမွာ ေျမာက္ကိုရီးယားအေရးနဲ႔ပတ္သက္လို႔ တိက်ခိုင္လုံစြာ သုံးသပ္၊ခန႔္မွန္းေျပာႏိုင္ဖို႔ ဆိုတဲ့ အခ်က္လည္း ပါပါတယ္၊ အခုလို သတင္းအမွားႀကီးကို အတည္ျပဳခဲ့မိတဲ့အတြက္ ကြၽန္ေတာ့္မွာ အႀကီးအက်ယ္ တာဝန္ရွိသလို အရမ္းလည္း ရွက္မိပါတယ္" လို႔ ေျပာပါတယ္။

အရင္ကေရာ ကင္ဂ်ဳံအြန္း ေပ်ာက္သြားခဲ့ဖူးသလား

၂၀၁၄ ခုႏွစ္တုန္းက လူျမင္ကြင္းကေန ကင္ဂ်ဳံအြန္း ရက္ ၄၀ ေလာက္ ေပ်ာက္သြားခဲ့ရာမွာ ေကာလာဟလေတြ အႀကီးအက်ယ္ ထြက္ေပၚလာခဲ့ၿပီးမွ တုတ္ေကာက္တစ္ေခ်ာင္းနဲ႔ ကင္ဂ်ဳံအြန္း ျပန္ေပၚလာခဲ့ဖူးပါတယ္။

ကင္ဂ်ဳံအြန္း ကိုယ္ခႏၶာပိုင္းဆိုင္ရာ ေဝဒနာတစ္ခု ခံစားေနရတယ္ ဆိုတာကို ေျမာက္ကိုရီးယားအစိုးရသတင္းမီဒီယာက ထုတ္ေဖာ္ဝန္ခံခဲ့ပါတယ္။ ဒါေပမဲ့ သူအဆစ္အျမစ္ေရာင္ ေရာဂါျဖစ္ေနတယ္ ဆိုတဲ့သတင္းေတြကိုေတာ့ အတည္မျပဳခဲ့ပါဘူး။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
ကင်ဂျုံအွန်း နှလုံးခွဲစိတ်ထားပုံမရဘူးလို့ တောင်ကိုရီးယားပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ကျန်းမာရေးအကြောင်း ထင်ကြေးပေး ပြောနေတာတွေဟာ အခြေအမြစ်မရှိဘဲ သူ နှလုံးခွဲစိတ် ကုသခံခဲ့တဲ့လက္ခဏာမျိုး လုံးဝ မတွေ့ရဘူးလို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

ကင်ဂျုံအွန်းဟာ ရက်ပေါင်း ၂၀ လူမြင်ကွင်းထဲ မထွက်ဘဲ ပျောက်သွားခဲ့ပြီး အရေးပါဆုံး အခမ်းအနား တစ်ခုဖြစ်တဲ့ သူ့အဘိုးရဲ့မွေးနေ့ အထိမ်းအမှတ်ပွဲကိုလည်း မတက်ခဲ့ပါဘူး။

သူအသည်းအသန် နေမကောင်း ဖြစ်နေတယ်လို့ မီဒီယာတွေက အကြီးအကျယ် ဖော်ပြခဲ့ကြသလို တချို့ကဆို သူသေသွားပြီလို့တောင် ရေးကြပါတယ်။

ဒါပေမဲ့ အဲဒီနောက် မြေသြဇာစက်ရုံ ဖွင့်ပွဲတစ်ခုမှာ ကင်ဂျုံအွန်း ပြန်ပေါ်လာပြီး ကျန်းမာရေးကောင်းနေတဲ့ပုံ တွေ့ရပါတယ်။

တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ဘာပြောသလဲ

မြောက်က်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ထင်ကြေးပေးပြောဆိုနေတာတွေဟာ မှန်ကန်တဲ့ လက္ခဏာ လုံးဝမတွေ့ရဘူး ဆိုပြီး တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဆူဟွန်းက ပါလီမန်ကော်မတီကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့တယ်လို့ တောင်ကိုရီးယား ယွန်နက် သတင်းဌာနက ဆိုပါတယ်။

ကင်ဂျုံအွန်းဟာ အခုနှစ်အတွင်း လူမြင်ကွင်းထဲ ၁၇ ကြိမ် ထွက်ခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။

ပုံမှန်မှာတော့ ဒီလို အချိန်ရောက်ရင် ကင်ဂျုံအွန်းဟာ လူမြင်ကွင်းထဲ အကြိမ် ၅၀ လောက် ထွက်ခဲ့ပြီးပါပြီ။

ဒါပေမဲ့ ဒါဟာ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်နိုင်တယ်လို့ ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ မြောက်ကိုရီးယားမှာ ဒီဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု လုံးဝမရှိသေးဘူးလို့ တရားဝင် ထုတ်ပြန်ထားတာပါ။

မြောက်ကိုရီးယားမှာ ရောဂါကူးစက်ဖြစ်ပွားမှု လုံးဝမရှိဘူးလို့တော့ မပြောနိုင်ဘူးလို့ တောင်ကိုရီးယားပါလီမန် အမတ်တဦးဖြစ်တဲ့ ကင် ဗျုံကီးက ပြောပါတယ်။

"ကင်ဂျုံအွန်းဟာ စစ်တပ်နဲ့ အစိုးရ အစည်းအဝေးတွေလို ပြည်တွင်းရေးကိစ္စတွေ အတွက် ပိုအားဖြည့် လုပ်ဆောင်နေခဲ့သလို ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုတွေကြောင့် လူထုထဲ ထွက်ဖို့ အကန့်အသတ်တွေ ပိုဖြစ်လာခဲ့တယ်" လို့ ဆိုပါတယ်။

ဘယ်လိုကောလာဟလမျိုးတွေလဲ

ဧပြီလမှာ ကျရောက်တဲ့ သူ့အဘိုးရဲ့မွေးနေ့ အထိမ်းအမှတ်ပွဲမှာ ကင်ဂျုံအွန်းကို မတွေ့ခဲ့အပြီးမှာသူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ကောလာဟလတွေ စထွက်လာတာပါ။

၆ ရက်လောက်အကြာမှာ အမည်မဖော်တဲ့ သတင်းရပ်ကွက်တစ်ခုက ကင်ဂျုံအွန်းမှာ နှလုံးရောဂါ အခြေအနေ ဆိုးလာနေတယ်လို့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေ ထောင်ထားတဲ့ Daily NK ဝက်ဆိုက်ကို သတင်းပေးခဲ့ပါတယ်။

အဲဒီ ကောလာဟလတွေ နိုင်ငံတကာ သတင်းဌာနတွေဆီ ပျံ့သွားပြီး သူအသည်းအသန် ဖြစ်နေတယ်လို့ တချို့သတင်းဌာနတွေက ဖော်ပြကြပါတယ်။ တချို့ကဆို သူသေသွားပြီလို့တောင် ဖော်ပြခဲ့ကြပါတယ်။

အဲဒီအချိန်မှာ တောင်ကိုရီးယား အစိုးရနဲ့ တရုတ်ထောက်လှမ်းရေး သတင်းရပ်ကွက်တွေက ဒီသတင်းတွ မမှန်ဘူးလို့ ရိုက်တာသတင်းဌာနကိုပြောခဲ့ကြပါတယ်။

ဒါပေမဲ့ အမေရိကန်က မီဒီယာအတော်များများကတော့ ဒီသတင်းတွေ မှန်တယ် ဆိုပြီး အမည်မဖော်တဲ့အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေကို ကိုးကား ဖော်ပြခဲ့ကြပါတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးခိုလှုံလာပြီး အခုအခါ တောင်ကိုရီးယား ပါလီမန်ရဲ့ အမတ်တွေ ဖြစ်နေကြပြီ ဖြစ်တဲ့ တေး ယွန်ဟိုနဲ့ ဂျီ ဆီယွန်ဟို တို့ကလည်း ကင်ဂျုံအွန်း နာမကျန်းဖြစ်နေတယ် ဆိုတဲ့သတင်းတွေကို ထောက်ခံအတည်ပြုခဲ့ကြတာပါ။

အခုတော့ မစ္စတာ တေး ယွန်ဟို က "ကျွန်တော့်ကို တောင်ကိုရီးယား ပါလီမန်အမတ်အဖြစ် မဲပေးရွေးချယ်ခဲ့ကြတဲ့ အကြောင်းရင်းတွေထဲမှာ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်လို့ တိကျခိုင်လုံစွာ သုံးသပ်၊ခန့်မှန်းပြောနိုင်ဖို့ ဆိုတဲ့ အချက်လည်း ပါပါတယ်၊ အခုလို သတင်းအမှားကြီးကို အတည်ပြုခဲ့မိတဲ့အတွက် ကျွန်တော့်မှာ အကြီးအကျယ် တာဝန်ရှိသလို အရမ်းလည်း ရှက်မိပါတယ်" လို့ ပြောပါတယ်။

အရင်ကရော ကင်ဂျုံအွန်း ပျောက်သွားခဲ့ဖူးသလား

၂၀၁၄ ခုနှစ်တုန်းက လူမြင်ကွင်းကနေ ကင်ဂျုံအွန်း ရက် ၄၀ လောက် ပျောက်သွားခဲ့ရာမှာ ကောလာဟလတွေ အကြီးအကျယ် ထွက်ပေါ်လာခဲ့ပြီးမှ တုတ်ကောက်တစ်ချောင်းနဲ့ ကင်ဂျုံအွန်း ပြန်ပေါ်လာခဲ့ဖူးပါတယ်။

ကင်ဂျုံအွန်း ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဝေဒနာတစ်ခု ခံစားနေရတယ် ဆိုတာကို မြောက်ကိုရီးယားအစိုးရသတင်းမီဒီယာက ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူအဆစ်အမြစ်ရောင် ရောဂါဖြစ်နေတယ် ဆိုတဲ့သတင်းတွေကိုတော့ အတည်မပြုခဲ့ပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-52560710

ကင္ဂ်ဳံအြန္း ႏွလုံးခြဲစိတ္ထားပုံမရဘူးလို႔ ေတာင္ကိုရီးယားေျပာ ကင္ဂ်ဳံအြန္း ႏွလုံးခြဲစိတ္ထားပုံမရဘူးလို႔ ေတာင္ကိုရီးယားေျပာ Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.