ကာကြယ္ေဆးေပၚတဲ့အထိ ေစာင့္ဖို႔မျဖစ္ႏိုင္လို႔ ေက်ာင္းေတြကို ျပန္ဖြင့္ရမယ္လို႔ အတိုင္ပင္ခံေျပာ

ေက်ာင္းေတြကို ျပန္ဖြင့္ရမယ္လို႔ အတိုင္ပင္ခံေျပာ
(Zawgyi)⤵⤵⤵
ေက်ာင္းေတြကို အၿမဲပိတ္ထားဖို႔ မျဖစ္ႏိုင္တဲ့အတြက္ ေက်ာင္းေတြကို ျပန္ဖြင့္ဖို႔ စဥ္းစားရမယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေမ ၁၂ ရက္ေန႔က ေျပာပါတယ္။

ကာကြယ္ေဆးေပၚတဲ့အထိ ေစာင့္ၿပီး ျပန္ဖြင့္ဆိုတာ မျဖစ္ႏိုင္တဲ့အတြက္ ေက်ာင္းေတြကို ျပန္ဖြင့္ႏိုင္ ဖို႔ အတြက္ ဘယ္လိုစီစဥ္ရမလဲဆိုတာကို စဥ္းစားရမယ္လို႔္ဆိုပါတယ္။

' ' ကေလးေတြကို ခြာခြာထားဖို႔ဆိုရင္ ဒီႏိုင္ငံရဲ႕ ေက်ာင္းေတြမွာ တစ္တန္းတစ္တန္းမွာ ေက်ာင္းသူေက်ာင္း သားေတြကမ်ားတယ္။ မ်ားတဲ့အခါၾကေတာ့ ကပ္ၿပီးထိုင္ၾကတယ္ ခြဲလိုက္ရင္ ဘယ္ႏွစ္တန္းပိုလိုမလဲ။ အရင္ထက္ တစ္တန္းထဲ ဝင္တဲ့ကေလးေတြကို အခု ဘယ္ႏွစ္ခန္းပိုလိုမလဲ။ ဒါေတြကိုဘယ္ေလာက္ ျမန္ျမန္ စီစဥ္ႏိုင္မလဲ။ အားလုံးစဥ္းစားရတာေပါ့။ေရတိုေရရွည္ေရာျဖစ္ႏိုင္ေျခကိုေရာထည့္ၿပီးစဥ္းစားရတယ္။''လို႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာပါတယ္။

ကပ္ေရာဂါေၾကာင့္ လက္ရွိျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့စာသင္ႏွစ္က ေျဖၾကားခဲ့တဲ့ စာစစ္အေျဖလႊာေတြကို မစစ္ေဆးႏိုင္ေသးသလို သင္႐ိုးသစ္ေျပာင္းလဲမႈေတြအတြက္ ဆရာဆရာမေတြကို ပို႔ခ်ႏိုင္ျခင္း မရွိေသးတဲ့အတြက္ အြန္လိုင္းကတဆင့္ ပို႔ခ်ႏိုင္ဖို႔ စတင္ေနၿပီျဖစ္ပါတယ္။

ဒါ့အျပင္ လာမယ့္ဇြန္လဟာ အေျခခံပညာအဆင့္ေက်ာင္းေတြျပန္ဖြင့္ရမယ့္ကာလျဖစ္ေပမယ့္လည္း ကပ္ေရာဂါေၾကာင့္ ျပန္ဖြင့္ႏိုင္မဖြင့္ႏိုင္ မေသခ်ာေသးတဲ့အတြက္အြန္လိုင္းစနစ္နဲ႔သင္ၾကား မႈေတြလုပ္ႏိုင္မ လားဆိုတာကို စဥ္းစားေနတယ္လို႔ အအေျခခံပညာဦးစီးဌာနကတာဝန္ရွိသူေတြကထုတ္ေျပာထားပါတယ္။

ဒါ့အျပင္ ႏိုင္ငံတကာမွာလည္း ကပ္ေရာဂါေၾကာင့္ အြန္လိုင္းကသင္ၾကားတဲ့စနစ္ေတြကို လုပ္ေဆာင္ေန ေပမယ့္လည္း မေက်နပ္တာေတြလည္းရွိေနတာကိုေတြ႕ရတယ္လို႔လည္း ထည့္သြင္းေျပာၾကားသြားခဲ့ပါတယ္။

BBC Burmese
------------------------------
(Unicode)⤵⤵⤵
ကျောင်းတွေကို ပြန်ဖွင့်ရမယ်လို့ အတိုင်ပင်ခံပြော

ကာကွယ်ဆေးပေါ်တဲ့အထိ စောင့်ဖို့မဖြစ်နိုင်လို့ ကျောင်းတွေကို ပြန်ဖွင့်ရမယ်လို့ အတိုင်ပင်ခံပြော

ကျောင်းတွေကို အမြဲပိတ်ထားဖို့ မဖြစ်နိုင်တဲ့အတွက် ကျောင်းတွေကို ပြန်ဖွင့်ဖို့ စဉ်းစားရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မေ ၁၂ ရက်နေ့က ပြောပါတယ်။

ကာကွယ်ဆေးပေါ်တဲ့အထိ စောင့်ပြီး ပြန်ဖွင့်ဆိုတာ မဖြစ်နိုင်တဲ့အတွက် ကျောင်းတွေကို ပြန်ဖွင့်နိုင် ဖို့ အတွက် ဘယ်လိုစီစဉ်ရမလဲဆိုတာကို စဉ်းစားရမယ်လို့်ဆိုပါတယ်။

' ' ကလေးတွေကို ခွာခွာထားဖို့ဆိုရင် ဒီနိုင်ငံရဲ့ ကျောင်းတွေမှာ တစ်တန်းတစ်တန်းမှာ ကျောင်းသူကျောင်း သားတွေကများတယ်။ များတဲ့အခါကြတော့ ကပ်ပြီးထိုင်ကြတယ် ခွဲလိုက်ရင် ဘယ်နှစ်တန်းပိုလိုမလဲ။ အရင်ထက် တစ်တန်းထဲ ဝင်တဲ့ကလေးတွေကို အခု ဘယ်နှစ်ခန်းပိုလိုမလဲ။ ဒါတွေကိုဘယ်လောက် မြန်မြန် စီစဉ်နိုင်မလဲ။ အားလုံးစဉ်းစားရတာပေါ့။ရေတိုရေရှည်ရောဖြစ်နိုင်ခြေကိုရောထည့်ပြီးစဉ်းစားရတယ်။''လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ကပ်ရောဂါကြောင့် လက်ရှိမြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့စာသင်နှစ်က ဖြေကြားခဲ့တဲ့ စာစစ်အဖြေလွှာတွေကို မစစ်ဆေးနိုင်သေးသလို သင်ရိုးသစ်ပြောင်းလဲမှုတွေအတွက် ဆရာဆရာမတွေကို ပို့ချနိုင်ခြင်း မရှိသေးတဲ့အတွက် အွန်လိုင်းကတဆင့် ပို့ချနိုင်ဖို့ စတင်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်ဇွန်လဟာ အခြေခံပညာအဆင့်ကျောင်းတွေပြန်ဖွင့်ရမယ့်ကာလဖြစ်ပေမယ့်လည်း ကပ်ရောဂါကြောင့် ပြန်ဖွင့်နိုင်မဖွင့်နိုင် မသေချာသေးတဲ့အတွက်အွန်လိုင်းစနစ်နဲ့သင်ကြား မှုတွေလုပ်နိုင်မ လားဆိုတာကို စဉ်းစားနေတယ်လို့ အအခြေခံပညာဦးစီးဌာနကတာဝန်ရှိသူတွေကထုတ်ပြောထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှာလည်း ကပ်ရောဂါကြောင့် အွန်လိုင်းကသင်ကြားတဲ့စနစ်တွေကို လုပ်ဆောင်နေ ပေမယ့်လည်း မကျေနပ်တာတွေလည်းရှိနေတာကိုတွေ့ရတယ်လို့လည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52643468
ကာကြယ္ေဆးေပၚတဲ့အထိ ေစာင့္ဖို႔မျဖစ္ႏိုင္လို႔ ေက်ာင္းေတြကို ျပန္ဖြင့္ရမယ္လို႔ အတိုင္ပင္ခံေျပာ ကာကြယ္ေဆးေပၚတဲ့အထိ ေစာင့္ဖို႔မျဖစ္ႏိုင္လို႔ ေက်ာင္းေတြကို ျပန္ဖြင့္ရမယ္လို႔ အတိုင္ပင္ခံေျပာ Reviewed by THITHTOOLWIN on 23:31 Rating: 5
Powered by Blogger.