လိပ်ပုတ်ချောင်းတံတားကျိုးကျလို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


(Unicode)⤵⤵⤵
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကလေးဝ-မော်လိုက်ကားလမ်း မိုင်တိုင်အမှတ် (၁၇/၀)နှင့် (၁၇/၁)ကြားရှိ လိပ်ပုတ်ချောင်းတံတား တံတားအမှတ် (၅/၂၈)မှာ NISSAN အမျိုးအစား (အဖြူရောင်) ဆီဘောက်ဆာယာဉ် ဖြတ်သန်းမောင်းနှင်နေစဉ် တံတားကျိုးကျလို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရတယ်။

ယောစုနယ်မြေမီးသတ်စခန်းက တိမ်းမှောက်တဲ့ ဆီဘောက်ဆာယာဉ်ကို မီးလောင်မှု မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်လျက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် မြတ်ဒါနလူမှုကူညီရေးအသင်းယာဉ်နဲ့ ကလေးဝပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သစ်ထူးလွင်
---------------------------

(Zawgyi)⤵⤵⤵
လိပ္ပုတ္ေခ်ာင္းတံတားက်ိဳးက်လို႔ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြား

ၿပီးခဲ့တဲ့ ေမလ ၃၀ ရက္ေန႔ မြန္းလြဲ ၁ နာရီ မိနစ္ ၅၀ ခန႔္က စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးဝၿမိဳ႕နယ္၊ ကေလးဝ-ေမာ္လိုက္ကားလမ္း မိုင္တိုင္အမွတ္ (၁၇/၀)ႏွင့္ (၁၇/၁)ၾကားရွိ လိပ္ပုတ္ေခ်ာင္းတံတား တံတားအမွတ္ (၅/၂၈)မွာ NISSAN အမ်ိဳးအစား (အျဖဴေရာင္) ဆီေဘာက္ဆာယာဥ္ ျဖတ္သန္းေမာင္းႏွင္ေနစဥ္ တံတားက်ိဳးက်လို႔ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရွိရတယ္။

ေယာစုနယ္ေျမမီးသတ္စခန္းက တိမ္းေမွာက္တဲ့ ဆီေဘာက္ဆာယာဥ္ကို မီးေလာင္မႈ မျဖစ္ပြားေစေရးအတြက္ ေဆာင္႐ြက္လ်က္ခဲ့ၿပီး ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ အမ်ိဳးသား (၂)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ျမတ္ဒါနလူမႈကူညီေရးအသင္းယာဥ္နဲ႔ ကေလးဝျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။

သစ္ထူးလြင္

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ