ေျမပုံမွာ ႐ြာသား ၂၀ ေက်ာ္ကို တပ္စစ္ေၾကာင္း ဖမ္းထားတယ္လို႔ဆို



Share/Bookmark

(Zawgyi)⤵⤵⤵
ရခိုင္ အလယ္ပိုင္း ေျမပုံၿမိဳ႕နယ္က ေရရွင္ေက်း႐ြာကို ေမလ ၉ ရက္ မနက္ပိုင္းမွာ တပ္မေတာ္စစ္ေၾကာင္း တစ္ခု ဝင္ေရာက္လာၿပီး ႐ြာသား ၇၀ ေလာက္ကို ဖမ္းသြားတယ္လို႔ ႐ြာသားေတြက ဘီဘီစီကို ေျပာပါတယ္။

တပ္မ ၇၇ လက္ေအာက္ခံ အဲ့ဒီစစ္ေၾကာင္းဟာ ေမလ ၉ ရက္ မနက္ပိုင္း ၂ နာရီေလာက္မွာ အဲဒီ႐ြာကို ဝင္လာၿပီး ၄ နာရီေလာက္မွာ ငါးရွာထြက္တဲ့ ႐ြာသားေတြကို စဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ ေရရွင္ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္က မိန႔္ပါတယ္။

မနက္ ၆ နာရီေလာက္မွာေတာ့ ဖမ္းဆီးထားတဲ့ ႐ြာသား ၇၀ ေက်ာ္ေလာက္ကို ႐ြာနားက ေတာင္ကုန္းေပၚကို စစ္ေၾကာင္းမွာ ပါလာတဲ့ ပစၥည္းေတြ ထမ္းခိုင္းၿပီး ေခၚေဆာင္သြားခဲ့တယ္လို႔ လုံၿခဳံေရး အရ အမည္မေဖာ္လိုတဲ့ ေက်း႐ြာသားတစ္ဦးကေျပာပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္လို႔ တပ္မေတာ္ ဘက္ကို ဘီဘီစီက ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ေန႔လယ္ ၁၂ နာရီေလာက္မွာ ႐ြာသား ၇၀ ေက်ာ္ထဲက အမ်ားစုကို ျပန္လည္လႊတ္ေပးခဲ့ေပမဲ့ လူငယ္ ၂၀ ေက်ာ္ကို ျပန္မလႊတ္ဘဲ ဆက္လက္ဖမ္းဆီးထားတယ္လို႔ အဲ့ဒီေက်း႐ြာသားက ေျပာပါတယ္။

ေျမပုံၿမိဳ႕နယ္ဟာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကားတိုက္ပြဲေတြ ျပင္းထန္ခဲ့တဲ့ ေဒသတစ္ခုျဖစ္ေပမယ့္ ေရရွင္ေက်း႐ြာ အနီးဝန္းက်င္မွာေတာ့ တိုက္ပြဲျဖစ္ပြားတာ မရွိေသးဘူးလို႔ ေျပာပါတယ္။

အဲဒီ႐ြာထဲမွာ အခုေလာေလာဆယ္ တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသေတြျဖစ္တဲ့ ယိုးေခ်ာင္း၊ ၿမိဳင္သာယာ၊ ယိုးဆႏြင္းစတဲ့ေက်း႐ြာေတြက ထြက္ေျပးလာၾကတဲ့ စစ္ေဘးေရွာင္ ၁၈၀ ေလာက္ လည္း ခိုလႈံေနၾကပါတယ္။

ဖမ္းဆီးသြားတဲ့သူေတြထဲမွာ အဲ့ဒီဒုကၡသည္စခန္းက စစ္ေဘးေရွာင္ေတြလည္း ပါဝင္တယ္လို႔ဆိုပါတယ္။

"အုပ္ခ်ဳပ္ေရးမႉးကို ရွာမေတြ႕လို႔ အုပ္ခ်ဳပ္ေရးမႉး ေနအိမ္ကို ၿဖိဳဖ်က္ခဲ့တယ္၊ ၿပီးေတာ့ ဟိုဘက္က ကယ္ဆယ္ေရးစခန္းမွာလည္း ဝင္ေမႊခဲ့တယ္၊ တဲအိမ္ေတြ နည္းနည္းပါးပါး ၿဖိဳဖ်က္ခံလိုက္ရပါတယ္"လို႔ ေရရွင္ေက်း႐ြာဆရာေတာ္က ေျပာပါတယ္။

အဲ့ဒီေက်း႐ြာဟာ ေျမပုံၿမိဳ႕ရဲ႕ အေရွ႕ဘက္မွာရွိတဲ့ ေက်း႐ြာတစ္႐ြာျဖစ္ၿပီး ကုန္းလမ္းဆက္သြယ္ေရး မရွိတာေၾကာင့္ ေရလမ္းေၾကာင္းကေန စက္ေလွနဲ႔ ၁ နာရီေက်ာ္ေလာက္ သြားရတဲ့ ႐ြာတစ္႐ြာ ျဖစ္ပါတယ္။

BBC Burmese
-------------------------------
(Unicode)⤵⤵⤵
မြေပုံမှာ ရွာသား ၂၀ ကျော်ကို တပ်စစ်ကြောင်း ဖမ်းထားတယ်လို့ဆို

ရခိုင် အလယ်ပိုင်း မြေပုံမြို့နယ်က ရေရှင်ကျေးရွာကို မေလ ၉ ရက် မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်း တစ်ခု ဝင်ရောက်လာပြီး ရွာသား ၇၀ လောက်ကို ဖမ်းသွားတယ်လို့ ရွာသားတွေက ဘီဘီစီကို ပြောပါတယ်။

တပ်မ ၇၇ လက်အောက်ခံ အဲ့ဒီစစ်ကြောင်းဟာ မေလ ၉ ရက် မနက်ပိုင်း ၂ နာရီလောက်မှာ အဲဒီရွာကို ဝင်လာပြီး ၄ နာရီလောက်မှာ ငါးရှာထွက်တဲ့ ရွာသားတွေကို စဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရေရှင်ဘုန်းတော်ကြီးကျောင်း ဆရာတော်က မိန့်ပါတယ်။

မနက် ၆ နာရီလောက်မှာတော့ ဖမ်းဆီးထားတဲ့ ရွာသား ၇၀ ကျော်လောက်ကို ရွာနားက တောင်ကုန်းပေါ်ကို စစ်ကြောင်းမှာ ပါလာတဲ့ ပစ္စည်းတွေ ထမ်းခိုင်းပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ တပ်မတော် ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နေ့လယ် ၁၂ နာရီလောက်မှာ ရွာသား ၇၀ ကျော်ထဲက အများစုကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ လူငယ် ၂၀ ကျော်ကို ပြန်မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးထားတယ်လို့ အဲ့ဒီကျေးရွာသားက ပြောပါတယ်။

မြေပုံမြို့နယ်ဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဒေသတစ်ခုဖြစ်ပေမယ့် ရေရှင်ကျေးရွာ အနီးဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူးလို့ ပြောပါတယ်။

အဲဒီရွာထဲမှာ အခုလောလောဆယ် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေဖြစ်တဲ့ ယိုးချောင်း၊ မြိုင်သာယာ၊ ယိုးဆနွင်းစတဲ့ကျေးရွာတွေက ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ၁၈၀ လောက် လည်း ခိုလှုံနေကြပါတယ်။

ဖမ်းဆီးသွားတဲ့သူတွေထဲမှာ အဲ့ဒီဒုက္ခသည်စခန်းက စစ်ဘေးရှောင်တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

"အုပ်ချုပ်ရေးမှူးကို ရှာမတွေ့လို့ အုပ်ချုပ်ရေးမှူး နေအိမ်ကို ဖြိုဖျက်ခဲ့တယ်၊ ပြီးတော့ ဟိုဘက်က ကယ်ဆယ်ရေးစခန်းမှာလည်း ဝင်မွှေခဲ့တယ်၊ တဲအိမ်တွေ နည်းနည်းပါးပါး ဖြိုဖျက်ခံလိုက်ရပါတယ်"လို့ ရေရှင်ကျေးရွာဆရာတော်က ပြောပါတယ်။

အဲ့ဒီကျေးရွာဟာ မြေပုံမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ကုန်းလမ်းဆက်သွယ်ရေး မရှိတာကြောင့် ရေလမ်းကြောင်းကနေ စက်လှေနဲ့ ၁ နာရီကျော်လောက် သွားရတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/52600117

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ