ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ေနအိမ္(၂၀)လုံး မီးေလာင္မႈျဖစ္ပြား


(Zawgyi)⤵⤵⤵
ျပည္ႀကီးတံခြန္ ေမ ၁၉

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၅၅လမ္းႏွင့္၅၆လမ္းၾကား၊ ေအးသုခလမ္းႏွင့္ ေအးေမတၱာလမ္းၾကားရွိ (ဆ)ရပ္ကြက္ ၊ အကြက္အမွတ္(ဒဒ-၄၄)တြင္ ေနအိမ္အေနာက္ဘက္တိုက္ အမိုးေပၚတြင္ သံပန္းသံတခါးမ်ားဝရိန္ေဆာ္ရာမွ တဆင့္ ေမလ ၁၉ ရက္ေန ့ယေန႔ မြန္းတည့္(၁၂)နာရီခန႔္ က ေနအိမ္(၂၀)လုံး မီးေလာင္မႈ ျဖစ္ပြား ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္ရာသို႔  အုပ္ခ်ဳပ္မႈယာဥ္(၃)စီး၊မီးၿငိမ္းသတ္ယာဥ္ (၂၅)စီးႏွင့္ေရသယ္ယာဥ္ (၁၀)စီး၊ သေႏၶမီးသတ္(၆၀)ဦး၊အရန္ မီးသတ္(၁၀၀)ဦးႏွင့္ရပ္ကြက္ေနျပည္သူမ်ားဝိုင္းဝန္းၿငိမ္းသတ္ရာ ေန႔လည္ ၁၂ နာရီ ၂၅မိနစ္ တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့သည္။

 မီးေလာင္မႈေၾကာင့္ ေနအိမ္(၂၀)လုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး မီးစတင္ေလာင္ကြၽမ္းေသာေနအိမ္ ပိုင္ရွင္ ကိုမ်ိဳးေအာင္ႏွင့္ သံပန္းသံတခါးဝါယာရိန္းဆရာ ကိုသက္လင္းေအာင္ တို႔အား  ျပည္ႀကီး တံခြန္ ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

 မီးေလာင္ဆုံးရႈံးခဲ့ေသာအိမ္ေျခ(၂၀)လုံးမွအိမ္ေထာင္စု(၂၄) စုအား အဆိုပါရပ္ကြက္ဓမၼာ႐ုံတြင္ ယာယီကယ္ဆယ္ေရး စခန္းဖြင့္လွစ္ၿပီး တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးလေရာ္ တို႔က အိမ္ေထာင္စု တစ္စုလွ်င္ ေငြက်ပ္ငါးေသာင္း သြားေရာက္ ေထာက္ပံ့လႉဒါန္းလ်က္ရွိေၾကာင္း သိရသည္။

သန္းေဇာ္မင္း(ျပန္/ဆက္) - Myanmaalinn
----------------------------------------------

(Unicode)⤵⤵⤵
ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်(၂၀)လုံး မီးလောင်မှုဖြစ်ပွား

ပြည်ကြီးတံခွန် မေ ၁၉

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၅လမ်းနှင့်၅၆လမ်းကြား၊ အေးသုခလမ်းနှင့် အေးမေတ္တာလမ်းကြားရှိ (ဆ)ရပ်ကွက် ၊ အကွက်အမှတ်(ဒဒ-၄၄)တွင် နေအိမ်အနောက်ဘက်တိုက် အမိုးပေါ်တွင် သံပန်းသံတခါးများဝရိန်ဆော်ရာမှ တဆင့် မေလ ၁၉ ရက်နေ့ယနေ့ မွန်းတည့်(၁၂)နာရီခန့် က နေအိမ်(၂၀)လုံး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့  အုပ်ချုပ်မှုယာဉ်(၃)စီး၊မီးငြိမ်းသတ်ယာဉ် (၂၅)စီးနှင့်ရေသယ်ယာဉ် (၁၀)စီး၊ သန္ဓေမီးသတ်(၆၀)ဦး၊အရန် မီးသတ်(၁၀၀)ဦးနှင့်ရပ်ကွက်နေပြည်သူများဝိုင်းဝန်းငြိမ်းသတ်ရာ နေ့လည် ၁၂ နာရီ ၂၅မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 မီးလောင်မှုကြောင့် နေအိမ်(၂၀)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ကျွမ်းသောနေအိမ် ပိုင်ရှင် ကိုမျိုးအောင်နှင့် သံပန်းသံတခါးဝါယာရိန်းဆရာ ကိုသက်လင်းအောင် တို့အား  ပြည်ကြီး တံခွန် မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 မီးလောင်ဆုံးရှုံးခဲ့သောအိမ်ခြေ(၂၀)လုံးမှအိမ်ထောင်စု(၂၄) စုအား အဆိုပါရပ်ကွက်ဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော် တို့က အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်ငါးသောင်း သွားရောက် ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်) - Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ေနအိမ္(၂၀)လုံး မီးေလာင္မႈျဖစ္ပြား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ေနအိမ္(၂၀)လုံး မီးေလာင္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.