တ႐ုတ္ကာကြယ္ေရးအသံုးစရိတ္ ေဒၚလာ ဘီလီယံ ၁၈၀ နီးပါး သံုးမယ္

တ႐ုတ္အမ်ဳိးသားလႊတ္ေတာ္မွာ မိန္႔ခြန္းေျပာၾကားေနတဲ့ ဝန္ႀကီးခ်ဳပ္ Li Keqiang။ (ေမ ၂၂၊ ၂၀၂၀)
[Zawgyi//Unicode]

တ႐ုတ္ႏိုင္ငံက ဒီႏွစ္ ၂၀၂၀ ခုႏွစ္အတြက္ ကာကြယ္ေရးအသံုးစရိတ္ကို မႏွစ္ကထက္ ၆.၆ ရာခိုင္ႏႈန္း တိုးျမွင့္မယ္လို႔ ေၾကညာပါတယ္။ ဒီႏႈန္းဟာ အႏွစ္ ၃၀ အတြင္းကာကြယ္ေရးစရိတ္တိုးျမွင့္မႈေတြထဲမွာ အနည္းဆံုးႏႈန္းျဖစ္ပါတယ္။ ဒီကေန႔ ထုတ္ျပန္တဲ့ ႏိုင္ငံေတာ္အသံုးစရိတ္စာရင္းမွာ ကာကြယ္ေရးစရိတ္ကို အေမရိကန္ေဒၚလာ ၁၇၈.၁၆ ဘီလီယံနဲ႔ ညီမ ွ်တဲ့ ယြမ္ေငြ ၁.၂၆၈ ထရီလီယံ သံုးစြဲမယ္လို႔ ေဖာ္ျပထားပါတယ္။

Coronavirus ပိုးကူးစက္မႈ ဒဏ္ခံထားရတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးဟာ အခု ၂၀၂၀ ခုႏွစ္ ပထမ ၃ လပတ္မွာ ၿပီးခဲ့တဲ့ႏွစ္အလားတူအခ်ိန္နဲ႔ ယွဥ္ရင္ ၆.၈ ရာခိုင္ႏႈန္း က်ံဳ႕သြားခဲ့ပါတယ္။ ေဘဂ်င္းၿမိဳ႕ေတာ္မွာ က်င္းပေနတဲ့ တ႐ုတ္အမ်ဳိးသားလႊတ္ေတာ္မွာ ဝန္ႀကီးခ်ဳပ္ Li Keqiang က ၿပီးခဲ့တဲ့ႏွစ္အတြက္ စီးပြားေရးသံုးသပ္ခ်က္ကို တင္ျပသြားခဲ့ေပမဲ့ အခုႏွစ္အတြက္ စီးပြားေရးတုိးတက္မႈႏႈန္း ခန္႔မွန္းခ်က္ေျပာမသြားခဲ့ပါဘူး။

အခုႏွစ္မွာ အလုပ္အကိုင္တည္ၿငိမ္ေရး၊ ျပည္သူေတြ ေနမႈထိုင္မႈဘဝေတြ အဆင္ေျပေရးနဲ႔ ဆင္းရဲမြဲေတမႈ တိုက္ဖ်က္ၿပီး ခ်မ္းသာၾကြယ္ဝတဲ့ လူမႈအသိုင္းအဝိုင္းျဖစ္ေအာင္ လုပ္ေရးပိုင္းကို ဦးစားေပးလုပ္သြားရမယ္လို႔ ဝန္ႀကီးခ်ဳပ္ Li Keqiang ကေျပာၾကားပါတယ္။

၁၉၉၀ ခုႏွစ္ထဲက ထုတ္ျပန္လာခဲ့တဲ့ ႏိုင္ငံရဲ႕ ျပည္တြင္းအသားတင္ထုတ္လုပ္မႈ တန္ဖုိ႔ ရည္မွန္းခ်က္ကိုေတာ့ ဒီႏွစ္မွာ သူက ဘာမွ ေျပာမသြားခဲ့ပါဘူး။ ဒါေပမဲ့ ႏိုင္ငံရဲ႕ ကာကြယ္ေရးန႔ဲ စစ္ေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈေတြကို ပုိၿပီးလုပ္သြားမယ့္အေၾကာင္းနဲ႔ ေထာက္ပို႔ေရးနဲ႔ စက္လက္နက္ပစၥည္း ပံ့ပိုးႏိုင္စြမ္းကို တိုးခ်ဲ႕သြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။

ကာကြယ္ေရးဆိုင္ရာ ဆန္းသစ္တီထြင္မႈေတြ၊ သိပၸံနဲ႔နည္းပညာဖန္တီးမႈေတြကို တိုးျမွင့္လုပ္သြားမယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Li Keqiang က တ႐ုတ္အမ်ဳိးသားလႊတ္ေတာ္မွာ မိန္႔ခြန္းေျပာၾကားသြားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------
[Unicode Version]

တရုတ်ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ဘီလီယံ ၁၈၀ နီးပါး သုံးမယ်

တရုတ်နိုင်ငံက ဒီနှစ် ၂၀၂၀ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို မနှစ်ကထက် ၆.၆ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ ကြေညာပါတယ်။ ဒီနှုန်းဟာ အနှစ် ၃၀ အတွင်းကာကွယ်ရေးစရိတ်တိုးမြှင့်မှုတွေထဲမှာ အနည်းဆုံးနှုန်းဖြစ်ပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ နိုင်ငံတော်အသုံးစရိတ်စာရင်းမှာ ကာကွယ်ရေးစရိတ်ကို အမေရိကန်ဒေါ်လာ ၁၇၈.၁၆ ဘီလီယံနဲ့ ညီမ ျှတဲ့ ယွမ်ငွေ ၁.၂၆၈ ထရီလီယံ သုံးစွဲမယ်လို့ ဖော်ပြထားပါတယ်။

Coronavirus ပိုးကူးစက်မှု ဒဏ်ခံထားရတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အခု ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်မှာ ပြီးခဲ့တဲ့နှစ်အလားတူအချိန်နဲ့ ယှဉ်ရင် ၆.၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပါတယ်။ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ တရုတ်အမျိုးသားလွှတ်တော်မှာ ဝန်ကြီးချုပ် Li Keqiang က ပြီးခဲ့တဲ့နှစ်အတွက် စီးပွားရေးသုံးသပ်ချက်ကို တင်ပြသွားခဲ့ပေမဲ့ အခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ပြောမသွားခဲ့ပါဘူး။

အခုနှစ်မှာ အလုပ်အကိုင်တည်ငြိမ်ရေး၊ ပြည်သူတွေ နေမှုထိုင်မှုဘဝတွေ အဆင်ပြေရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ပြီး ချမ်းသာကြွယ်ဝတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်အောင် လုပ်ရေးပိုင်းကို ဦးစားပေးလုပ်သွားရမယ်လို့ ဝန်ကြီးချုပ် Li Keqiang ကပြောကြားပါတယ်။

၁၉၉၀ ခုနှစ်ထဲက ထုတ်ပြန်လာခဲ့တဲ့ နိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖို့ ရည်မှန်းချက်ကိုတော့ ဒီနှစ်မှာ သူက ဘာမှ ပြောမသွားခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးလုပ်သွားမယ့်အကြောင်းနဲ့ ထောက်ပို့ရေးနဲ့ စက်လက်နက်ပစ္စည်း ပံ့ပိုးနိုင်စွမ်းကို တိုးချဲ့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ကာကွယ်ရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေ၊ သိပ္ပံနဲ့နည်းပညာဖန်တီးမှုတွေကို တိုးမြှင့်လုပ်သွားမယ်လို့လည်း ဝန်ကြီးချုပ် Li Keqiang က တရုတ်အမျိုးသားလွှတ်တော်မှာ မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-defense-spending/5431446.html
တ႐ုတ္ကာကြယ္ေရးအသံုးစရိတ္ ေဒၚလာ ဘီလီယံ ၁၈၀ နီးပါး သံုးမယ္ တ႐ုတ္ကာကြယ္ေရးအသံုးစရိတ္ ေဒၚလာ ဘီလီယံ ၁၈၀ နီးပါး သံုးမယ္ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.