အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး လိမ္ေျပာတယ္လို႔ တ႐ုတ္ ေဝဖန္

ဝူဟန္မွာရွိတဲ့ ဓာတ္ခြဲခန္းတစ္ခု
(Zawgyi)⤵⤵⤵
ကို႐ိုနာ ဗိုင္းရပ္စ္ ဟာ ဝူဟန္မွာရွိတဲ့ ဓာတ္ခြဲခန္းတစ္ခုက စတင္ခဲ့တဲ့ သက္ေသ ခိုင္ခိုင္လုံလုံ ရထားတယ္ဆိုတဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ ပြန္ပီယို ရဲ႕ ေျပာဆိုမႈဟာ အလိမ္အညာေတြသာ ျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံပိုင္ သတင္း႒ာနက တုံ႔ျပန္လိုက္ပါတယ္။

ေမလ ၃ ရက္ေန႔မွာ ဗိုင္းရပ္စ္ နဲ႔ ပတ္သက္တဲ့ သူ႔ရဲ႕ မွတ္ခ်က္ စကားကို မစၥတာ ပြန္ပီယိုဟာ ေျပာဆိုခဲ့ၿပီး၊ အေသးစိတ္ အခ်က္အလက္ ေတြကိုေတာ့ ထည့္သြင္း ေျပာဆိုတာ မရွိခဲ့ပါဘူး။

တ႐ုတ္ သတင္း႒ာန တစ္ခု ျဖစ္တဲ့ ဂလိုဘယ္တိုင္းမ္ သတင္းစာက အယ္ဒီတာ အာေဘာ္မွာေတာ့ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဟာ ကိုယ္က်င့္တရား မရွိသူလို႔ ေရးသား ခဲ့ပါတယ္။

အေမရိကန္ရဲ႕ ေျပာဆိုမႈေတြဟာ ထင္ျမင္ခ်က္ေတြသာ ျဖစ္ၿပီး၊ တိက်တဲ့ သက္ေသေတြ မရွိဘူး လို႔လည္း ကမာၻ႔က်န္းမာ‌ေရး အဖြဲ႕ႀကီး WHO ဘက္က ဆိုပါတယ္။

တ႐ုတ္ သတင္း ဌာနဘက္ က ဘာေျပာလဲ။

တ႐ုတ္ သတင္း႒ာနရဲ႕ အယ္ဒီတာ့ အာေဘာ္ဆိုတာ အၿမဲတမ္း တ႐ုတ္ အစိုးရရဲ႕ အေတြးအျမင္ ေတြကို ေဖာ္ျပေလ့ ရွိတာပါ။ လက္တေလာ အခ်ိန္အထိေတာ့ မိုက္ ပြန္ပီယိုရဲ႕ ေျပာဆိုမႈ ကို တ႐ုတ္ အစိုးရ ဘက္က တရားဝင္ ျပန္လည္ တုံ႔ျပန္တာမ်ိဳးေတာ့ မရွိေသးပါဘူး။

ေမလ ၅ရက္ေန႔ မတိုင္ခင္ ေမလ ၄ရက္ တနလၤာေန႔တုန္းကလည္း မစၥတာ ပြန္ပီယို ရဲ႕ သီအိုရီေတြဟာ အဓိပၸာယ္ မရွိတဲ့ အေၾကာင္းနဲ႔ လုပ္ႀကံေျပာဆိုတဲ့ အခ်က္အလက္ေတြသာ ျဖစ္တယ္လို႔လည္း ဂလိုဘယ္ တိုင္းမ္ သတင္းစာ က ေဖာ္ျပ ခဲ့ပါေသးတယ္။

မစၥတာ ပြန္ပီယိုဟာ သမၼတ ထရမ့္ ေ႐ြးေကာက္ပြဲ ျပန္လည္ အႏိုင္ရေရး လုပ္ေဆာင္ေနၿပီး တ႐ုတ္ ဆိုရွယ္လစ္ စနစ္ကို မုန္းတီးသူ တစ္ေယာက္ ျဖစ္တာေၾကာင့္ အခုလို ေျပာဆိုမႈဟာ ‘’ခဲတစ္လုံး နဲ႔ ငွက္ႏွစ္ေကာင္ကို သတ္တဲ့’’ ေျပာဆိုမႈလို႔ ဂလိုဘယ္တိုင္းမ္ က ေရးပါတယ္။

ဒါေပမယ့္ တ႐ုတ္ ရဲ႕ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကို ကနဦး တန္ျပန္တဲ့ လုပ္ရပ္ေတြနဲ႔ ပတ္သက္လို႔ အျပစ္အနာ အဆာ ရွိခဲ့တယ္လို႔ ဂလိုဘယ္တိုင္းမ္ က ေဖာ္ျပခဲ့ေပမယ့္ ထိန္းခ်ဳပ္ေရး လုပ္ေဆာင္ခ်က္ ေကာင္းလို႔ ဒီကိစၥကို ေျပလည္ေစခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဗိုင္းရပ္စ္ဟာ တ႐ုတ္ႏိုင္ငံကေန စတင္ၿပီး လူေတြဆီကို ကူးစက္ သြားခဲ့တယ္ ဆိုတဲ့ အခ်က္ကေတာ့ ျဖစ္ႏိုင္တယ္ဆိုၿပီးေတာ့လည္း ဂလိုဘယ္တိုင္းမ္ ဘက္က ေရးသားခဲ့ပါတယ္။

အခုလို အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဆီကို ဦးတည္ၿပီး တုံ႔ျပန္ခ်က္ေတြကို ေရးသား ခဲ့တာ ကေတာ့ ဂလိုဘယ္ တိုင္းမ္ သတင္းစာ တစ္ခုတည္းေတာ့ မဟုတ္ပါဘူး။

ျပည္သူ႔ ေန႔စဥ္ သတင္းစာ ကလည္း မိုက္ ပြန္ပီယိုမွာ သက္ေသ မရွိဘဲ ေျပာဆိုတဲ့ လုပ္ရပ္လို႔ ေျပာခဲ့သလို၊ စီစီတီဗီ သတင္းဌာနကလည္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးရဲ႕ ယုတ္မာတဲ့ လုပ္ရပ္ ဆိုၿပီးေဖာ္ျပခဲ့ပါတယ္။

မိုက္ပြန္ပီယို ဘာေျပာခဲ့တာလဲ။

ကို႐ိုနာ ဗိုင္းရပ္စ္ဟာ ဝူဟန္မွာ ရွိတဲ့ ေရာဂါ ပိုးမႊား ေလ့လာေရး ႒ာနကေန ေပၚထြက္ လာတာ ဆိုတဲ့ ခိုင္မာတဲ့ သက္ေသေတြ ရွိခဲ့ေၾကာင္း မစၥတာ ပြန္ပီယို က တနဂၤေႏြေန႔မွာ အေမရိကန္ ေအဘီစီ သတင္းဌာနဲ႔ ေမးျမန္းခန္းမွာ ေျပာဆို ခဲ့တာျဖစ္ပါတယ္။

အဲဒီ ေမးျမန္းခန္းမွာေတာ့ ‘’တ႐ုတ္က စံခ်ိန္မမီတဲ့ ဓာတ္ခြဲခန္းေတြေၾကာင့္ ကမာၻႀကီးဟာ ပိုးမႊား ကူးစက္ခံရတဲ့ သမိုင္းေၾကာင္းေတြ ရွိတာကို အမွတ္ရပါ။’’ လို႔ မစၥတာ ပြန္ပီယို က ဆိုခဲ့ပါတယ္။

ဒီဗိုင္းရပ္စ္ ဟာ လူလုပ္ ဗိုင္းရပ္စ္ ဒါမွမဟုတ္ မ်ိဳးဗီဇ ေျပာင္းလဲ ထားတာ လိုေတာ့ သူ႔အေနနဲ႔ မထင္မိေၾကာင္း စီအိုင္ေအ ေထာက္လွမ္းေရး အဖြဲ႕ရဲ႕ ၫႊန္ၾကားေရးမႉး ျဖစ္ခဲ့ဖူးသူ မစၥတာ ပြန္ပီယိုဟာ ေျပာခဲ့ပါေသးတယ္။

ဝူဟန္ ဓာတ္ခြဲခန္းဟာ လင္းႏို႔ေတြမွာရွိတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ အေၾကာင္းကို ေလ့လာမႈေတြ လုပ္ေနတာပါ။ ဒီဓာတ္ခြဲခန္း က လုံၿခဳံေရး ေလ်ာ့ရဲမႈေၾကာင့္ လက္ေထာက္ တစ္ဦးနဲ႔ သူ႔ရဲ႕ ခ်စ္သူ အမ်ိဳးသား တို႔ ကူးစက္မႈ ခံခဲ့ရတယ္ ဆိုတဲ့ သတင္းေတြကို ဧၿပီလမွာတုန္းက သမၼတ ထရမ့္ ကေမးခြန္း ထုတ္ခဲ့ဖူးပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး ထရမ့္ အေနနဲ႔ သက္ေသေတြရွိသလား လို႔ သတင္း႒ာနေတြက ဝိုင္းေမးၾကပါတယ္။

ဒီေမးခြန္းေတြကိုေတာ့ သူက ဟုတ္ပါတယ္။ သူ႔မွာ ရွိပါတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အေသးစိတ္ကို ေတာ့ ထုတ္မေျပာ ႏိုင္ပါဘူး လို႔ ဆိုခဲ့ျပန္ပါတယ္။

အဆိုပါ ဓာတ္ခြဲခန္းကို အေမရိကန္ တာဝန္ရွိသူ တစ္ဦး သြားေလ့လာခဲ့ဖူးၿပီး ေဘးကင္းေရးနဲ႔ ပတ္သက္လို႔ အစိုးရကို တင္ျပခဲ့ဖူးတယ္လို႔ ဝါရွင္တန္ပို႔စ္ သတင္းစာ က ၿပီးခဲ့တဲ့ လက ေရးခဲ့ဖူးတာ ရွိပါတယ္။

ကြၽမ္းက်င္သူေတြက ဘာေျပာလဲ။

ဗိုင္းရပ္စ္ စတင္ခဲ့ရာ ေနရာ နဲ႔ ပတ္သက္လို႔ အေမရိကန္ က အခ်က္အလက္ ဒါမွမဟုတ္ သက္ေသ အေထာက္အထား ရရွိထားတာ မရွိဘူးလို႔ ကမာၻ႔ က်န္းမာေရး အဖြဲ႕ႀကီး WHO ရဲ႕ အေရးေပၚ ႒ာန ၫႊန္ၾကားေရးမႉး မိုက္ကယ္ ႐ိုင္ယန္ က တနလၤာေန႔မွာ ေျပာဆိုပါတယ္။

ဒါေၾကာင့္ သူ႔တို႔ဘက္က အျမင္မွာေတာ့ ဒီလို ေျပာဆိုမႈေတြဟာ ထင္ျမင္ခ်က္ေတြဟာ ျဖစ္တယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တပတ္တုန္းကလည္း ဒီဗိုင္းရပ္စ္ဟာ လူလုပ္ဗိုင္းရပ္စ္ သို႔မဟုတ္ မ်ိဳးဗီဇကို ျပဳျပင္ထားတာ မဟုတ္ဘူးလို႔ အေမရိကန္ ေထာက္လွမ္းေရး အသိုင္းအဝိုင္းက ထုတ္ေျပာထားတာ ရွိပါတယ္။

ဒါေပမယ့္ တရိစာၦန္ဆီက တဆင့္ကူးစက္တာလား၊ ဓာတ္ခြဲခန္း မေတာ္တဆေၾကာင့္ ပ်ံ႕ႏွံ႔သြားတာ လားဆိုတာကိုေတာ့ ဆက္လက္ စုံစမ္း မယ္လို႔ ဆိုထားပါတယ္။

ဗိုင္းရပ္စ္ဟာ ေတာ႐ိုင္း တိရစာၦန္ ေရာင္းခ်တဲ့ ေစ်းကေန ပ်ံ႕ႏွံ႔တာ ျဖစ္ႏိုင္တယ္ ဆိုတဲ့ အခ်က္ကိုေတာ့ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ စေကာ့ ေမာရစ္က အဂၤါေန႔မွာ ထုတ္ေျပာပါတယ္။ ဒါေပမယ့္သူ႔အေနနဲ႔ ဓာတ္ခြဲခန္း ကေန ပ်ံ႕ႏွံ႔တယ္ဆိုတဲ့ အယူအဆ ကိုလည္း ဖယ္ထုတ္လိုက္ဖို႔ မရွိေသးဘူးလို႔ ဆိုပါတယ္။

ဒီစြပ္စြဲခ်က္ေတြအေပၚမွာ ေသခ်ာတဲ့ ေလ့လာမႈေတြ၊ လြတ္လပ္တဲ့ အဖြဲ႕အစည္း ေတြရဲ႕ ပြင့္လင္း ျမင္သာတဲ့ သုံးသပ္မႈေတြလုပ္ႏိုင္မွသာ ကမာၻ႔ႏိုင္ငံေတြ အေနနဲ႔ သင္ခန္းစာ ယူနိင္မယ္လို႔ ထုတ္ေျပာပါတယ္။

အေနာက္ႏိုင္ငံေတြရဲ႕ ေထာက္လွမ္းေရး အဖြဲ႕ အေတာ္မ်ားမ်ား ကေတာ့ ဒီဗိုင္းရပ္စ္ဟာ ဓာတ္ခြဲခန္း ကေန ေပၚထြက္လာတယ္ဆိုတဲ့ အေထာက္အထားေတြ မရွိဘူးလို႔ သတင္း႒ာနေတြကို ေျပာဆိုထားၾကပါတယ္။

BBC Burmese
-------------------------------
(Unicode)⤵⤵⤵
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး လိမ်ပြောတယ်လို့ တရုတ် ဝေဖန်

ကိုရိုနာ ဗိုင်းရပ်စ် ဟာ ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုက စတင်ခဲ့တဲ့ သက်သေ ခိုင်ခိုင်လုံလုံ ရထားတယ်ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယို ရဲ့ ပြောဆိုမှုဟာ အလိမ်အညာတွေသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဋ္ဌာနက တုံ့ပြန်လိုက်ပါတယ်။

မေလ ၃ ရက်နေ့မှာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သူ့ရဲ့ မှတ်ချက် စကားကို မစ္စတာ ပွန်ပီယိုဟာ ပြောဆိုခဲ့ပြီး၊ အသေးစိတ် အချက်အလက် တွေကိုတော့ ထည့်သွင်း ပြောဆိုတာ မရှိခဲ့ပါဘူး။

တရုတ် သတင်းဋ္ဌာန တစ်ခု ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာက အယ်ဒီတာ အာဘော်မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ ကိုယ်ကျင့်တရား မရှိသူလို့ ရေးသား ခဲ့ပါတယ်။

အမေရိကန်ရဲ့ ပြောဆိုမှုတွေဟာ ထင်မြင်ချက်တွေသာ ဖြစ်ပြီး၊ တိကျတဲ့ သက်သေတွေ မရှိဘူး လို့လည်း ကမ္ဘာ့ကျန်းမာ‌ရေး အဖွဲ့ကြီး WHO ဘက်က ဆိုပါတယ်။
တရုတ် သတင်း ဌာနဘက် က ဘာပြောလဲ။

တရုတ် သတင်းဋ္ဌာနရဲ့ အယ်ဒီတာ့ အာဘော်ဆိုတာ အမြဲတမ်း တရုတ် အစိုးရရဲ့ အတွေးအမြင် တွေကို ဖော်ပြလေ့ ရှိတာပါ။ လက်တလော အချိန်အထိတော့ မိုက် ပွန်ပီယိုရဲ့ ပြောဆိုမှု ကို တရုတ် အစိုးရ ဘက်က တရားဝင် ပြန်လည် တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။

မေလ ၅ရက်နေ့ မတိုင်ခင် မေလ ၄ရက် တနင်္လာနေ့တုန်းကလည်း မစ္စတာ ပွန်ပီယို ရဲ့ သီအိုရီတွေဟာ အဓိပ္ပာယ် မရှိတဲ့ အကြောင်းနဲ့ လုပ်ကြံပြောဆိုတဲ့ အချက်အလက်တွေသာ ဖြစ်တယ်လို့လည်း ဂလိုဘယ် တိုင်းမ် သတင်းစာ က ဖော်ပြ ခဲ့ပါသေးတယ်။

မစ္စတာ ပွန်ပီယိုဟာ သမ္မတ ထရမ့် ရွေးကောက်ပွဲ ပြန်လည် အနိုင်ရရေး လုပ်ဆောင်နေပြီး တရုတ် ဆိုရှယ်လစ် စနစ်ကို မုန်းတီးသူ တစ်ယောက် ဖြစ်တာကြောင့် အခုလို ပြောဆိုမှုဟာ ‘’ခဲတစ်လုံး နဲ့ ငှက်နှစ်ကောင်ကို သတ်တဲ့’’ ပြောဆိုမှုလို့ ဂလိုဘယ်တိုင်းမ် က ရေးပါတယ်။

ဒါပေမယ့် တရုတ် ရဲ့ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကနဦး တန်ပြန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အပြစ်အနာ အဆာ ရှိခဲ့တယ်လို့ ဂလိုဘယ်တိုင်းမ် က ဖော်ပြခဲ့ပေမယ့် ထိန်းချုပ်ရေး လုပ်ဆောင်ချက် ကောင်းလို့ ဒီကိစ္စကို ပြေလည်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကနေ စတင်ပြီး လူတွေဆီကို ကူးစက် သွားခဲ့တယ် ဆိုတဲ့ အချက်ကတော့ ဖြစ်နိုင်တယ်ဆိုပြီးတော့လည်း ဂလိုဘယ်တိုင်းမ် ဘက်က ရေးသားခဲ့ပါတယ်။

အခုလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဆီကို ဦးတည်ပြီး တုံ့ပြန်ချက်တွေကို ရေးသား ခဲ့တာ ကတော့ ဂလိုဘယ် တိုင်းမ် သတင်းစာ တစ်ခုတည်းတော့ မဟုတ်ပါဘူး။

ပြည်သူ့ နေ့စဉ် သတင်းစာ ကလည်း မိုက် ပွန်ပီယိုမှာ သက်သေ မရှိဘဲ ပြောဆိုတဲ့ လုပ်ရပ်လို့ ပြောခဲ့သလို၊ စီစီတီဗီ သတင်းဌာနကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ယုတ်မာတဲ့ လုပ်ရပ် ဆိုပြီးဖော်ပြခဲ့ပါတယ်။
မိုက်ပွန်ပီယို ဘာပြောခဲ့တာလဲ။

ကိုရိုနာ ဗိုင်းရပ်စ်ဟာ ဝူဟန်မှာ ရှိတဲ့ ရောဂါ ပိုးမွှား လေ့လာရေး ဋ္ဌာနကနေ ပေါ်ထွက် လာတာ ဆိုတဲ့ ခိုင်မာတဲ့ သက်သေတွေ ရှိခဲ့ကြောင်း မစ္စတာ ပွန်ပီယို က တနင်္ဂနွေနေ့မှာ အမေရိကန် အေဘီစီ သတင်းဌာနဲ့ မေးမြန်းခန်းမှာ ပြောဆို ခဲ့တာဖြစ်ပါတယ်။

အဲဒီ မေးမြန်းခန်းမှာတော့ ‘’တရုတ်က စံချိန်မမီတဲ့ ဓာတ်ခွဲခန်းတွေကြောင့် ကမ္ဘာကြီးဟာ ပိုးမွှား ကူးစက်ခံရတဲ့ သမိုင်းကြောင်းတွေ ရှိတာကို အမှတ်ရပါ။’’ လို့ မစ္စတာ ပွန်ပီယို က ဆိုခဲ့ပါတယ်။

ဒီဗိုင်းရပ်စ် ဟာ လူလုပ် ဗိုင်းရပ်စ် ဒါမှမဟုတ် မျိုးဗီဇ ပြောင်းလဲ ထားတာ လိုတော့ သူ့အနေနဲ့ မထင်မိကြောင်း စီအိုင်အေ ထောက်လှမ်းရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဖြစ်ခဲ့ဖူးသူ မစ္စတာ ပွန်ပီယိုဟာ ပြောခဲ့ပါသေးတယ်။

ဝူဟန် ဓာတ်ခွဲခန်းဟာ လင်းနို့တွေမှာရှိတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အကြောင်းကို လေ့လာမှုတွေ လုပ်နေတာပါ။ ဒီဓာတ်ခွဲခန်း က လုံခြုံရေး လျော့ရဲမှုကြောင့် လက်ထောက် တစ်ဦးနဲ့ သူ့ရဲ့ ချစ်သူ အမျိုးသား တို့ ကူးစက်မှု ခံခဲ့ရတယ် ဆိုတဲ့ သတင်းတွေကို ဧပြီလမှာတုန်းက သမ္မတ ထရမ့် ကမေးခွန်း ထုတ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ထရမ့် အနေနဲ့ သက်သေတွေရှိသလား လို့ သတင်းဋ္ဌာနတွေက ဝိုင်းမေးကြပါတယ်။

ဒီမေးခွန်းတွေကိုတော့ သူက ဟုတ်ပါတယ်။ သူ့မှာ ရှိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသေးစိတ်ကို တော့ ထုတ်မပြော နိုင်ပါဘူး လို့ ဆိုခဲ့ပြန်ပါတယ်။

အဆိုပါ ဓာတ်ခွဲခန်းကို အမေရိကန် တာဝန်ရှိသူ တစ်ဦး သွားလေ့လာခဲ့ဖူးပြီး ဘေးကင်းရေးနဲ့ ပတ်သက်လို့ အစိုးရကို တင်ပြခဲ့ဖူးတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာ က ပြီးခဲ့တဲ့ လက ရေးခဲ့ဖူးတာ ရှိပါတယ်။

ကျွမ်းကျင်သူတွေက ဘာပြောလဲ။

ဗိုင်းရပ်စ် စတင်ခဲ့ရာ နေရာ နဲ့ ပတ်သက်လို့ အမေရိကန် က အချက်အလက် ဒါမှမဟုတ် သက်သေ အထောက်အထား ရရှိထားတာ မရှိဘူးလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ အရေးပေါ် ဋ္ဌာန ညွှန်ကြားရေးမှူး မိုက်ကယ် ရိုင်ယန် က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ဒါကြောင့် သူ့တို့ဘက်က အမြင်မှာတော့ ဒီလို ပြောဆိုမှုတွေဟာ ထင်မြင်ချက်တွေဟာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်တုန်းကလည်း ဒီဗိုင်းရပ်စ်ဟာ လူလုပ်ဗိုင်းရပ်စ် သို့မဟုတ် မျိုးဗီဇကို ပြုပြင်ထားတာ မဟုတ်ဘူးလို့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ထုတ်ပြောထားတာ ရှိပါတယ်။

ဒါပေမယ့် တရိစ္ဆာန်ဆီက တဆင့်ကူးစက်တာလား၊ ဓာတ်ခွဲခန်း မတော်တဆကြောင့် ပျံ့နှံ့သွားတာ လားဆိုတာကိုတော့ ဆက်လက် စုံစမ်း မယ်လို့ ဆိုထားပါတယ်။

ဗိုင်းရပ်စ်ဟာ တောရိုင်း တိရစ္ဆာန် ရောင်းချတဲ့ ဈေးကနေ ပျံ့နှံ့တာ ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ကိုတော့ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မောရစ်က အင်္ဂါနေ့မှာ ထုတ်ပြောပါတယ်။ ဒါပေမယ့်သူ့အနေနဲ့ ဓာတ်ခွဲခန်း ကနေ ပျံ့နှံ့တယ်ဆိုတဲ့ အယူအဆ ကိုလည်း ဖယ်ထုတ်လိုက်ဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေအပေါ်မှာ သေချာတဲ့ လေ့လာမှုတွေ၊ လွတ်လပ်တဲ့ အဖွဲ့အစည်း တွေရဲ့ ပွင့်လင်း မြင်သာတဲ့ သုံးသပ်မှုတွေလုပ်နိုင်မှသာ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ သင်ခန်းစာ ယူနိင်မယ်လို့ ထုတ်ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး အဖွဲ့ အတော်များများ ကတော့ ဒီဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်း ကနေ ပေါ်ထွက်လာတယ်ဆိုတဲ့ အထောက်အထားတွေ မရှိဘူးလို့ သတင်းဋ္ဌာနတွေကို ပြောဆိုထားကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52551119
အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး လိမ္ေျပာတယ္လို႔ တ႐ုတ္ ေဝဖန္ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး လိမ္ေျပာတယ္လို႔ တ႐ုတ္ ေဝဖန္ Reviewed by THITHTOOLWIN on 06:05 Rating: 5
Powered by Blogger.