ကိုဗစ္ေဘးထက္ ေရရွားတဲ့ေဘးကပိုဆိုးေနတဲ့ မြန္ျပည္နယ္

 မြန္ျပည္နယ္ဟာ ရာဘာအဓိက စိုက္ပ်ိဳးတဲ့ ျပည္နယ္ျဖစ္

(Zawgyi)⤵⤵⤵
မြန္ျပည္နယ္ရဲ႕ ၿမိဳ႕နယ္ အေတာ္မ်ားမ်ားဟာ ဒီႏွစ္ေႏြမွာလည္း ေရရွားပါးတဲ့ ဒဏ္ကို ထပ္ၿပီးခံစားေနရျပန္ပါၿပီ။

ဒီႏွစ္ ၂၀၂၀ ေမလ ပထမအပတ္က စတင္လို႔ ေရရွားပါးမႈ အေျခအေနေတြ ပိုဆိုးလာၿပီး၊ ဒီလို ေရရွားတဲ့ ဒဏ္ကို ခံစားေနရတာ ခုဆိုရင္ ငါးႏွစ္ဆက္တိုက္ရွိၿပီလို႔ ေဒသခံေတြက ဆိုပါတယ္။

ေရရွားတဲ့ဒဏ္ကို စခံစားေနရတဲ့ မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္မွာေတာ့ မြန္ျပည္နယ္ လႊတ္ေတာ္ အစီအစဥ္နဲ႔ ကေမာၻဇ ဘဏ္က လႉထားတဲ့ ဂါလံ ၃၂၀၀ဆန္႔ ေရကားနဲ႔ ေရဂါလံ တစ္ေသာင္းေလာက္ကို ေအာင္မဂၤလာ ၊ ေအာင္သာယာ၊ က်ဳံကဒါတ္၊ ဟံသာဝတီ ဘကေက်ာင္း ၊ ဟံသာဝတီ ရပ္ကြက္၊ ကြမ္သတ္ ေက်း႐ြာေတြကို ေမလ ၁၀ ရက္ေန႔က ေရေတြလိုက္ ေပးေဝေနတာျဖစ္တယ္လို႔ သံျဖဴဇရပ္စည္ပင္ဥကၠ႒ ေဟာင္း ကိုထြန္းျမင့္ေက်ာ္က ေျပာပါတယ္။

လက္ရွိ အေနအထားမွာမြန္ ျပည္နယ္ က ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္မွာ ၿမိဳ႕နယ္ ကိုးခုေလာက္ က ဒီေရရွားတဲ့ဒဏ္ကို ခံစားေနရတာျဖစ္ၿပီးေတာ့ ေရရရွိေနတဲ့ အဝီစိတြင္းေတြမွာလည္း ေရခန္းေျခာက္ကုန္တာ ေၾကာင့္ ျဖစ္တယ္လို႔ လိုက္လံကူညီေနသူေတြက ဆိုပါတယ္။
တစ္ခ်ိဳ႕ေနရာေတြမွာ ေရလိုက္လံျဖန္႔ေဝေပးေနေပမယ့္ ေရအလႉရွင္ေရာက္ေပမယ့္ တစ္ခ်ိဳ႕ေနရာေတြမေရာက္
သံျဖဴဇရပ္ေရေပးေဝေရးေကာ္မတီကို တည္ေထာင္ခဲ့သူ ကိုထြန္းျမင့္ေက်ာ္က" ေရရွားလာတာ တစ္ႏွစ္ၿပီးတစ္ႏွစ္၊ ဒီႏွစ္ကေတာ့စံခ်ိန္အခ်ိဳးဆုံးပဲ၊ ဘာလို႔လဲဆိုေတာ့ အရပ္ကူပါ လူဝိုင္းပါနဲ႔ အရပ္ဖက္ အဖြဲ႕အစည္းေတြ အလ်ဥ္မမီ ေအာင္ကို တၿမိဳ႕နယ္လုံးမွာ ေရရွားတယ္၊ အခ်ိန္လည္း အၾကာဆုံးပဲ၊ ေရရွားတဲ့ ဧရိယာလည္း က်ယ္လာတယ္" လို႔ လက္ရွိ မြန္ျပည္နယ္မွာ ေရရွားေနတဲ့ ျပႆနာကို သူက ေျပာျပပါတယ္။

ေရးတစ္ၿမိဳ႕နယ္ပဲ ေရးေခ်ာင္းရွိတာေၾကာင့္ေရရွားပါးမႈ ဒဏ္က သက္သာတယ္လို႔ ကိုထြန္းျမင့္ေက်ာ္က ဆိုပါတယ္။

ေမာ္လၿမိဳင္ရပ္ကြက္ေတာ္ေတာ္မ်ားမ်ားမွာလည္း ညသန္းေခါင္ထိ လိုက္ၿပီးေရေပးေဝေနေပမယ့္ ေရလုံေလာက္တာေတြ မရွိေသးဘူးလို႔ ေမာ္လၿမိဳင္ေဒသခံ တစ္ဦးက ေျပာပါတယ္။

ေမာ္လၿမိဳင္ေဒသခံတစ္ဦးျဖစ္တဲ့ ကိုေနမင္းက " ရပ္ကြက္ေတာ္ေတာ္မ်ားမ်ားမွာကို ေရက နည္းေနတာ ။ တခ်ိဳ႕ရပ္ကြက္ေတြဆို ၿမိဳ႕လယ္ေကာင္ ျဖစ္ေပမယ့္မရတဲ့ေနရာမရဘူး " လို႔ဆိုပါတယ္။
 ၿမိဳ႕ေတာ္ ေမာ္လၿမိဳင္မွာ ေရကို ေခြၽတာ သုံးစြဲၾကဖို႔ အသိေပးထုတ္ျပန္ထား
ေမာ္လၿမိဳင္ၿမိဳ႕ေပၚကို ေရအဓိက ေပးေဝေနတဲ့ ေ႐ႊနတ္ေတာင္ဆည္နဲ႔ ကင္ပြန္းၿခဳံဆည္ တို႔မွာ လည္းေရခန္းေျခာက္လာၿပီး မိုးမက်မီ ေရသုံးစြဲႏိုင္ဖို႔ အတြက္ ေရကို ေခြၽတာ သုံးစြဲၾကဖို႔ ေမာ္လၿမိဳင္ စည္ပင္သာယာေရး အဖြဲ႕က ေမလ ၇ ရက္ေန႔က အသိေပး ထုတ္ျပန္ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တစ္ခ်ိဳ႕ေနရာေတြမွာ ေရလိုက္လံျဖန္႔ေဝေပးေနေပမယ့္ ေရအလႉရွင္ မေရာက္တဲ့အတြက္ ေဒသခံေတြ က ေရတစ္စည္ ကို ေငြ ၈၀၀ နဲ႔ ၁၀၀၀ ၾကားေပးဝယ္သုံးေနရတဲ့ အေျခအေနေတြလည္းရွိတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ေရအခက္အခဲကို ေျဖရွင္းဖို႔ မြန္ျပည္နယ္ အစိုးရက ႏွစ္စဥ္ ေငြက်ပ္သိန္းေပါင္းေထာင္နဲ႔ခ်ီ ေျဖရွင္းေနေပမယ့္ ေရရွားပါးမႈ ျပႆနာကို ေျဖရွင္းဖို႔ အခက္အခဲေတြရွိေနတုန္းပဲျဖစ္တယ္လို႔ ကိုထြန္းျမင့္ေက်ာ္က ေျပာခဲ့ပါတယ္။

မြန္ျပည္နယ္ လႊတ္ေတာ္ ဒုဥကၠ႒ ေဒါက္တာေအာင္ႏိုင္ဦးက " အေၾကာင္းအရာေတြကေတာ့ အမ်ားႀကီးရွိမယ္။ ပထမ အေျပာင္းအလဲကေတာ့ ရာသီဥတုကတစ္ႏွစ္ထက္ တစ္ႏွစ္ေျပာင္းလဲလာတယ္ အပူခ်ိန္ေတြျမင့္လာတယ္။ ေနာက္တစ္ခ်က္က က်ေနာ္တို႔ဆီမွာရာဘာက အဓိကစိုက္ပ်ိဳးတဲ့ သစ္ပင္ေတြ ျဖစ္ေနတယ္။ လူေတြကစီးပြားေရးအရထြက္ကုန္ တစ္ခုအေနနဲ႔ စိုက္ေတာ့ တျခားသဘာ၀ အေလ်ာက္ေပါက္တဲ့ေတာေတြမရွိေတာ့ဘူး။ဒါေၾကာင့္ေရထိန္းသိမ္းႏိုင္တဲ့ သဘာဝေတာေတြမရွိတာ ေရခန္းေျခာက္ႏိုင္တဲ့ အေၾကာင္းရင္းတစ္ခုလို႔ကြၽန္ေတာ္တို႔ကျမင္တယ္ " လို႔ဆိုပါတယ္.
 ေမာ္လၿမိဳင္ၿမိဳ႕ေပၚ ေတာင္က်ေရေတြဝင္ေနစဥ္
မြန္ျပည္နယ္ဟာ ရာဘာအဓိက စိုက္ပ်ိဳးတဲ့ ျပည္နယ္ျဖစ္ၿပီး၊ေနာက္အေၾကာင္းအရာျဖစ္တဲ့ ေက်ာက္မိုင္းေတြ ခြဲထုတ္ေနတာကို ခြင့္ျပဳတာမ်ားၿပီး အဆမတန္ထုတ္လိုက္တာေၾကာင့္ တခ်ိဳ႕စိမ့္စမ္းရည္ေတြဟာခန္းေျခာက္လာတာေတြျဖစ္တယ္လို႔ ေဒါက္တာ ေအာင္ႏိုင္ဦးက ေျပာပါတယ္။

လက္ရွိ မြန္ျပည္နယ္ရဲ႕ အပူခ်ိန္ဟာ အရင္ထက္ ပိုၿပီး ဒီဂရီေျပာင္းလဲလာတာေတြရွိၿပီး လြန္ခဲ့တဲ့ ဆယ္ႏွစ္ကတည္းက အပူခ်ိန္ ၄၀ ေက်ာ္ စင္တီ ဂရိတ္အထိ ရွိလာတာဟာ ေျပာင္းလဲလာတယ္လို႔ ဆိုပါတယ္။

ေဒါက္တာ ေအာင္ႏိုင္ဦးက " ၿမိဳ႕နယ္အားျဖင့္ ေျပာရင္ေတာ့ၿမိဳ႕နယ္တိုင္းလိုလို အနည္းနဲ႔အမ်ား ရွားေနတယ္။ေပါင္ဘက္ျခမ္းကေက်ာက္မိုင္းထုတ္တဲ့ ႐ြာေတာ္ေတာ္မ်ား ေရရွားပါးမႈခံေနရတယ္။ ေပါင္ရဲ႕အစြန္အဖ်ား ပင္လယ္ကမ္းစပ္နားက ႐ြာေတြ၊ သထုံၿမိဳ႕ေပၚရပ္ကြက္ေတြ၊ မုဒုံ နဲ႔သံျဖဴဇရပ္မွာလည္း အေတာ္ရွားေနတယ္ဗ် " လို႔ေျပာပါတယ္။
သုံးေလးႏွစ္အတြင္း ေရရွားတာဟာပိုဆိုးလာတယ္
" အခု သုံးေလးႏွစ္အတြင္း ေရရွားတာဟာပိုဆိုးလာတယ္ ။ ေတာင္ေျခက႐ြာေတြေတာင္ခန္းေျခာက္လာတယ္။ သုံးေလးႏွစ္အတြင္းေျပာင္းလဲလာတာဆိုေတာ့ ႏိုင္ငံဘက္ကေတာ့ ေရအရင္းအျမစ္စုေဆာင္းတာေတြ ေရကန္ေတြ တူးတာေတြလုပ္ေနပါတယ္၊ ဒါေပမယ့္ တဖက္က ပံ့ပိုးမႈေတြလုပ္ေနတယ္ ဒါေပမယ့္ တဖက္ကေတာ့ ေရရွားပါးမႈျပႆနာႀကီးေတာ့ မရွင္းႏိုင္ေသးဘူးလို႔ "လည္းကိုထြန္းျမင့္ေက်ာ္ကေျပာပါတယ္။

" အဝီစိတြင္းေတြတူးတာ။ တူးၿပီးသား အေဟာင္းေတြကိုျပန္ျပင္ဆင္ေပးတာ။ ၿမိဳ႕ေပၚမွာဆို ေရရႏိုင္တဲ့ေနရာကေန သြယ္တန္းေပးတာ။ အတၱရံျမစ္ကေန ေရကိုသန္႔စင္ ေပးတာေတြရွိတယ္။ ဒါေပမယ့္ မလုံေလာက္ေသးပါဘူး " လို႔လည္းသူကေျပာပါတယ္။

" ေရရွည္ေရတို က်ေနာ္တို႔ ႏွစ္ခုစလုံးစဥ္းစားရပါမယ္။ ေရတိုကုစားတာကေတာ့ေရလႉတာ။ ေရရွည္ကေတာ့ သဘာဝရာသီဥတုကို ျပန္ျပဳျပင္တာျဖစ္တဲ့ မလိုအပ္ဘဲ သစ္ေတာေတြကို ခုတ္ထြင္ရွင္းလင္းတာေတြ ရပ္သင့္ပါတယ္ ။ မလိုအပ္ဘဲေက်ာက္ထုတ္တာေတြလည္းပါတယ္။ေနာက္ သဘာဝေဂဟစနစ္ကိုပ်က္စီးေအာင္လုပ္တဲ့အခ်က္ေတြကို ထိန္းသိမ္းထိန္းခ်ဳပ္ဖို႔လိုပါတယ္။ရွိၿပီးသား ဆည္ေတြတာတမံေတြကိုလည္းျပန္လည္တူးေဖာ္တာေတြလုပ္သင့္တယ္" လို႔လည္း ေဒါက္တာေအာင္ႏိုင္ဦးက ေျပာပါတယ္။

BBC Burmese
--------------------------------
(Unicode)⤵⤵⤵
ကိုဗစ်ဘေးထက် ရေရှားတဲ့ဘေးကပိုဆိုးနေတဲ့ မွန်ပြည်နယ်

မွန်ပြည်နယ်ရဲ့ မြို့နယ် အတော်များများဟာ ဒီနှစ်နွေမှာလည်း ရေရှားပါးတဲ့ ဒဏ်ကို ထပ်ပြီးခံစားနေရပြန်ပါပြီ။

ဒီနှစ် ၂၀၂၀ မေလ ပထမအပတ်က စတင်လို့ ရေရှားပါးမှု အခြေအနေတွေ ပိုဆိုးလာပြီး၊ ဒီလို ရေရှားတဲ့ ဒဏ်ကို ခံစားနေရတာ ခုဆိုရင် ငါးနှစ်ဆက်တိုက်ရှိပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ရေရှားတဲ့ဒဏ်ကို စခံစားနေရတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာတော့ မွန်ပြည်နယ် လွှတ်တော် အစီအစဉ်နဲ့ ကမ္ဘောဇ ဘဏ်က လှူထားတဲ့ ဂါလံ ၃၂၀၀ဆန့် ရေကားနဲ့ ရေဂါလံ တစ်သောင်းလောက်ကို အောင်မင်္ဂလာ ၊ အောင်သာယာ၊ ကျုံကဒါတ်၊ ဟံသာဝတီ ဘကကျောင်း ၊ ဟံသာဝတီ ရပ်ကွက်၊ ကွမ်သတ် ကျေးရွာတွေကို မေလ ၁၀ ရက်နေ့က ရေတွေလိုက် ပေးဝေနေတာဖြစ်တယ်လို့ သံဖြူဇရပ်စည်ပင်ဥက္ကဋ္ဌ ဟောင်း ကိုထွန်းမြင့်ကျော်က ပြောပါတယ်။

လက်ရှိ အနေအထားမှာမွန် ပြည်နယ် က မြို့နယ် ၁၀ မြို့နယ်မှာ မြို့နယ် ကိုးခုလောက် က ဒီရေရှားတဲ့ဒဏ်ကို ခံစားနေရတာဖြစ်ပြီးတော့ ရေရရှိနေတဲ့ အဝီစိတွင်းတွေမှာလည်း ရေခန်းခြောက်ကုန်တာ ကြောင့် ဖြစ်တယ်လို့ လိုက်လံကူညီနေသူတွေက ဆိုပါတယ်။

သံဖြူဇရပ်ရေပေးဝေရေးကော်မတီကို တည်ထောင်ခဲ့သူ ကိုထွန်းမြင့်ကျော်က" ရေရှားလာတာ တစ်နှစ်ပြီးတစ်နှစ်၊ ဒီနှစ်ကတော့စံချိန်အချိုးဆုံးပဲ၊ ဘာလို့လဲဆိုတော့ အရပ်ကူပါ လူဝိုင်းပါနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ အလျဉ်မမီ အောင်ကို တမြို့နယ်လုံးမှာ ရေရှားတယ်၊ အချိန်လည်း အကြာဆုံးပဲ၊ ရေရှားတဲ့ ဧရိယာလည်း ကျယ်လာတယ်" လို့ လက်ရှိ မွန်ပြည်နယ်မှာ ရေရှားနေတဲ့ ပြဿနာကို သူက ပြောပြပါတယ်။

ရေးတစ်မြို့နယ်ပဲ ရေးချောင်းရှိတာကြောင့်ရေရှားပါးမှု ဒဏ်က သက်သာတယ်လို့ ကိုထွန်းမြင့်ကျော်က ဆိုပါတယ်။

မော်လမြိုင်ရပ်ကွက်တော်တော်များများမှာလည်း ညသန်းခေါင်ထိ လိုက်ပြီးရေပေးဝေနေပေမယ့် ရေလုံလောက်တာတွေ မရှိသေးဘူးလို့ မော်လမြိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။

မော်လမြိုင်ဒေသခံတစ်ဦးဖြစ်တဲ့ ကိုနေမင်းက " ရပ်ကွက်တော်တော်များများမှာကို ရေက နည်းနေတာ ။ တချို့ရပ်ကွက်တွေဆို မြို့လယ်ကောင် ဖြစ်ပေမယ့်မရတဲ့နေရာမရဘူး " လို့ဆိုပါတယ်။

မော်လမြိုင်မြို့ပေါ်ကို ရေအဓိက ပေးဝေနေတဲ့ ရွှေနတ်တောင်ဆည်နဲ့ ကင်ပွန်းခြုံဆည် တို့မှာ လည်းရေခန်းခြောက်လာပြီး မိုးမကျမီ ရေသုံးစွဲနိုင်ဖို့ အတွက် ရေကို ချွေတာ သုံးစွဲကြဖို့ မော်လမြိုင် စည်ပင်သာယာရေး အဖွဲ့က မေလ ၇ ရက်နေ့က အသိပေး ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ချို့နေရာတွေမှာ ရေလိုက်လံဖြန့်ဝေပေးနေပေမယ့် ရေအလှူရှင် မရောက်တဲ့အတွက် ဒေသခံတွေ က ရေတစ်စည် ကို ငွေ ၈၀၀ နဲ့ ၁၀၀၀ ကြားပေးဝယ်သုံးနေရတဲ့ အခြေအနေတွေလည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရေအခက်အခဲကို ဖြေရှင်းဖို့ မွန်ပြည်နယ် အစိုးရက နှစ်စဉ် ငွေကျပ်သိန်းပေါင်းထောင်နဲ့ချီ ဖြေရှင်းနေပေမယ့် ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ အခက်အခဲတွေရှိနေတုန်းပဲဖြစ်တယ်လို့ ကိုထွန်းမြင့်ကျော်က ပြောခဲ့ပါတယ်။

မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက " အကြောင်းအရာတွေကတော့ အများကြီးရှိမယ်။ ပထမ အပြောင်းအလဲကတော့ ရာသီဥတုကတစ်နှစ်ထက် တစ်နှစ်ပြောင်းလဲလာတယ် အပူချိန်တွေမြင့်လာတယ်။ နောက်တစ်ချက်က ကျနော်တို့ဆီမှာရာဘာက အဓိကစိုက်ပျိုးတဲ့ သစ်ပင်တွေ ဖြစ်နေတယ်။ လူတွေကစီးပွားရေးအရထွက်ကုန် တစ်ခုအနေနဲ့ စိုက်တော့ တခြားသဘာ၀ အလျောက်ပေါက်တဲ့တောတွေမရှိတော့ဘူး။ဒါကြောင့်ရေထိန်းသိမ်းနိုင်တဲ့ သဘာဝတောတွေမရှိတာ ရေခန်းခြောက်နိုင်တဲ့ အကြောင်းရင်းတစ်ခုလို့ကျွန်တော်တို့ကမြင်တယ် " လို့ဆိုပါတယ်.

မွန်ပြည်နယ်ဟာ ရာဘာအဓိက စိုက်ပျိုးတဲ့ ပြည်နယ်ဖြစ်ပြီး၊နောက်အကြောင်းအရာဖြစ်တဲ့ ကျောက်မိုင်းတွေ ခွဲထုတ်နေတာကို ခွင့်ပြုတာများပြီး အဆမတန်ထုတ်လိုက်တာကြောင့် တချို့စိမ့်စမ်းရည်တွေဟာခန်းခြောက်လာတာတွေဖြစ်တယ်လို့ ဒေါက်တာ အောင်နိုင်ဦးက ပြောပါတယ်။

လက်ရှိ မွန်ပြည်နယ်ရဲ့ အပူချိန်ဟာ အရင်ထက် ပိုပြီး ဒီဂရီပြောင်းလဲလာတာတွေရှိပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက အပူချိန် ၄၀ ကျော် စင်တီ ဂရိတ်အထိ ရှိလာတာဟာ ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။

ဒေါက်တာ အောင်နိုင်ဦးက " မြို့နယ်အားဖြင့် ပြောရင်တော့မြို့နယ်တိုင်းလိုလို အနည်းနဲ့အများ ရှားနေတယ်။ပေါင်ဘက်ခြမ်းကကျောက်မိုင်းထုတ်တဲ့ ရွာတော်တော်များ ရေရှားပါးမှုခံနေရတယ်။ ပေါင်ရဲ့အစွန်အဖျား ပင်လယ်ကမ်းစပ်နားက ရွာတွေ၊ သထုံမြို့ပေါ်ရပ်ကွက်တွေ၊ မုဒုံ နဲ့သံဖြူဇရပ်မှာလည်း အတော်ရှားနေတယ်ဗျ " လို့ပြောပါတယ်။

" အခု သုံးလေးနှစ်အတွင်း ရေရှားတာဟာပိုဆိုးလာတယ် ။ တောင်ခြေကရွာတွေတောင်ခန်းခြောက်လာတယ်။ သုံးလေးနှစ်အတွင်းပြောင်းလဲလာတာဆိုတော့ နိုင်ငံဘက်ကတော့ ရေအရင်းအမြစ်စုဆောင်းတာတွေ ရေကန်တွေ တူးတာတွေလုပ်နေပါတယ်၊ ဒါပေမယ့် တဖက်က ပံ့ပိုးမှုတွေလုပ်နေတယ် ဒါပေမယ့် တဖက်ကတော့ ရေရှားပါးမှုပြဿနာကြီးတော့ မရှင်းနိုင်သေးဘူးလို့ "လည်းကိုထွန်းမြင့်ကျော်ကပြောပါတယ်။

" အဝီစိတွင်းတွေတူးတာ။ တူးပြီးသား အဟောင်းတွေကိုပြန်ပြင်ဆင်ပေးတာ။ မြို့ပေါ်မှာဆို ရေရနိုင်တဲ့နေရာကနေ သွယ်တန်းပေးတာ။ အတ္တရံမြစ်ကနေ ရေကိုသန့်စင် ပေးတာတွေရှိတယ်။ ဒါပေမယ့် မလုံလောက်သေးပါဘူး " လို့လည်းသူကပြောပါတယ်။

" ရေရှည်ရေတို ကျနော်တို့ နှစ်ခုစလုံးစဉ်းစားရပါမယ်။ ရေတိုကုစားတာကတော့ရေလှူတာ။ ရေရှည်ကတော့ သဘာဝရာသီဥတုကို ပြန်ပြုပြင်တာဖြစ်တဲ့ မလိုအပ်ဘဲ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းတာတွေ ရပ်သင့်ပါတယ် ။ မလိုအပ်ဘဲကျောက်ထုတ်တာတွေလည်းပါတယ်။နောက် သဘာဝဂေဟစနစ်ကိုပျက်စီးအောင်လုပ်တဲ့အချက်တွေကို ထိန်းသိမ်းထိန်းချုပ်ဖို့လိုပါတယ်။ရှိပြီးသား ဆည်တွေတာတမံတွေကိုလည်းပြန်လည်တူးဖော်တာတွေလုပ်သင့်တယ်" လို့လည်း ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52616915
ကိုဗစ္ေဘးထက္ ေရရွားတဲ့ေဘးကပိုဆိုးေနတဲ့ မြန္ျပည္နယ္ ကိုဗစ္ေဘးထက္ ေရရွားတဲ့ေဘးကပိုဆိုးေနတဲ့ မြန္ျပည္နယ္ Reviewed by THITHTOOLWIN on 03:36 Rating: 5
Powered by Blogger.