ကိုဗစ္ကာကြယ္ေရး ျပင္းထန္တဲ့ေဆာင္႐ြက္ခ်က္ေတြက ဗီယက္နမ္ကို ေအာင္ျမင္ေစခဲ့သလား

 ေရာဂါအသစ္ကူးစက္မႈေတြကို မေတြ႕ရေတာ့တဲ့ အတြက္ ဗီယက္နမ္မွာ ပိတ္ဆို႔မႈေတြကို စတင္ဖြင့္လွစ္
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္း ရွည္ရွည္လ်ားလ်ား ထိစပ္ေနတဲ့အျပင္ လူဦးေရ ၉၇ သန္းေတာင္ရွိတဲ့ ဗီယက္နမ္ႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါျဖစ္တဲ့သူ ၃၀၀ ေက်ာ္ပဲရွိၿပီး ေသတဲ့သူ တေယာက္မွ မရွိပါဘူး။

တလၾကာတဲ့အထိ ေနာက္ထပ္ အသစ္ကူးစက္မႈ ျဖစ္မလာတဲ့အတြက္ အခုအခါမွာ ပိတ္ဆို႔မႈေတြကို ျပန္ဖြင့္ေနပါၿပီ။

အေျမာက္အျမားကူးစက္၊ အေျမာက္အျမားေသဆုံးေနတဲ့ တျခားႏိုင္ငံေတြနဲ႔ မတူတဲ့အခ်က္က ႀကိဳႀကိဳတင္တင္ ေဆာင္႐ြက္ႏိုင္တဲ့ အခြင့္အလမ္းေလးဟာ သိုးကာသီကာမွ်သာရွိတာကို ဗီယက္နမ္ကျမင္ၿပီး အဲဒီအခြင့္အလမ္းကို ဖမ္းဆုပ္ႏိုင္ခဲ့တဲ့ အခ်က္ပါပဲလို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ၾကပါတယ္။

ဗီယက္နမ္နည္းဟာ ကုန္က်စရိတ္သက္သာၿပီး ထိေရာက္မႈလည္း ရွိေပမယ့္ လူအင္အားအမ်ားအျပား အသုံးျပဳခဲ့ရပါတယ္။ ဗီယက္နမ္ရဲ႕ ေအာင္ျမင္မႈနဲ႔ အားနည္းခ်က္ေတြကို သင္ခန္းစာယူဖို႔ကေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားအတြက္က အခ်ိန္ေနာက္က်သြားပါၿပီ။

အစြန္းေရာက္ေပမယ့္ လုပ္သင့္လုပ္ထိုက္တဲ့ေဆာင္႐ြက္ခ်က္မ်ား

“အသစ္အဆန္းျဖစ္ၿပီး အႏၲရာယ္ႀကီးတဲ့ ဒီလိုဗိုင္းရပ္စ္မ်ိဳးကို ရင္ဆိုင္တဲ့အခါ ပိုပိုသာသာ လုပ္တာေကာင္းတယ္”လို႔ ဟႏြိဳင္းၿမိဳ႕မွာ ဗီယက္နမ္နဲ႔ က်န္းမာေရး တြဲဖက္ေဆာင္႐ြက္တဲ့ ဟားဗတ္တကၠသိုလ္အဖြဲ႕က ေဒါက္တာ ေတာ့ဒ္ေပါလတ္ကဆိုပါတယ္။

ဗီယက္နမ္ကို ကိုဗစ္-၁၉ ေရာက္လာရင္ ေရာဂါျပန္႔ပြားမႈ သိပ္မဆိုးဝါးရင္ေတာင္ သူတို႔ရဲ႕က်န္းမာေရးစနစ္က ေတာင့္ခံႏိုင္မွာ မဟုတ္ဘူးဆိုတာ နားလည္ထားတဲ့အတြက္ ႀကိဳတင္ကာကြယ္တာက အေကာင္းဆုံး၊ တင္းတင္းက်ပ္က်ပ္ ကာကြယ္တာက အေကာင္းဆုံးလို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဒီႏွစ္ ဇန္နဝါရီလဆန္းက ဗီယက္နမ္မွာ ကူးစက္သူ တေယာက္မွ မရွိေသးပါဘူး။

ဝူဟန္မွာေတာင္ ေသတဲ့သူ ၂ ေယာက္ပဲရွိပါေသးတယ္။ အဲဒီအခ်ိန္ကတည္းက ဗီယက္နမ္ဟာ ထူးဆန္းတဲ့ နမိုးယားဆန္ဆန္ေရာဂါသစ္အတြက္ ျပတ္သားတဲ့ ႀကိဳတင္ ကာကြယ္တားဆီးမႈစီမံကိန္းကို စတင္ခဲ့ပါတယ္။
ဗီယက္နမ္မွာ ပညာေပးမႈ အမ်ားအျပားေဆာင္႐ြက္ခဲ့
ဇန္နဝါရီလ ၂၃ ရက္ေန႔က ဗီယက္နမ္မွာ ပထမဆုံး ေရာဂါကူးစက္သူတဦးကို စတင္ ေတြ႕ခဲ့ပါတယ္။ ဟိုခ်ီမင္းၿမိဳ႕မွာရွိတဲ့ သားဆီကို ဝူဟန္ကတဆင့္ျဖတ္ၿပီး အလည္သြားသူ ဖခင္တေယာက္မွာ ေတြ႕ခဲ့တာျဖစ္ပါတယ္။ ေရာဂါျဖစ္သူ ၁ ေယာက္စေတြ႕တာနဲ႔ ဗီယက္နမ္ဟာ သူတို႔ႀကိဳတင္ျပင္ဆင္ထားတဲ့ အေရးေပၚ စီမံကိန္းကို ခ်က္ခ်င္း အသက္သြင္း အေကာင္အထည္ေဖာ္လိုက္ပါတယ္။

“အလြန္ လ်င္လ်င္ျမန္ျမန္နဲ႔ ခ်က္ခ်င္း တုံ႔ျပန္ေဆာင္႐ြက္လိုက္တာကို ၾကည့္ရင္ အဲဒီအခ်ိန္မွာတုန္းကေတာ့ သိပ္အစြန္းေရာက္တယ္လို႔ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ေနာင္မွာေတာ့ ဒါဟာ လုပ္သင့္လုပ္ထိုက္တဲ့ ကိစၥဆိုတာ ေပၚလြင္လာပါတယ္” လို႔ ဟိုခ်ီမင္းၿမိဳ႕အေျခစိုက္ ေအာက္စဖို႔တကၠသိုလ္ က်န္းမာေရး သုေတသနဌာနရဲ႕ ဒါ႐ိုက္တာ ပါေမာကၡဂိုင္းထြိတ္က ဆိုပါတယ္။ သူတို႔ သုေတသနအဖြဲ႕ဟာ အစိုးရနဲ႔ ပူးတြဲၿပီး ကူးစက္ေရာဂါတားဆီးေရးေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

တျခားႏိုင္ငံေတြမွာ လနဲ႔ခ်ီ ေဆာင္႐ြက္ၿပီးမွ အေကာင္အထည္ေဖာ္ႏိုင္တဲ့ ခရီးသြားလာမႈ ကန္႔သတ္တာ၊ ေရာဂါကူးစက္ျပန္႔ပြားမႈကို အနီးကပ္ ေစာင့္ၾကည့္တာ၊ တ႐ုတ္နဲ႔ နယ္စပ္ကိုပိတ္တာ၊ နယ္စပ္တေလွ်ာက္နဲ႔ အေရးႀကီးတဲ့ေနရာေတြမွာ က်န္းမာေရးစစ္ေဆးမႈ လုပ္တာေတြကို ဗီယက္နမ္က ခ်က္ခ်င္း ေဆာင္႐ြက္ႏိုင္ခဲ့ပါတယ္။

ဇန္နဝါရီလကုန္ တ႐ုတ္ႏွစ္သစ္ကူး မတိုင္ခင္ကတည္းက ေက်ာင္းေတြကို ေမလလယ္အထိ တခါတည္း ပိတ္ပစ္လိုက္ပါတယ္။ ေရာဂါကူးစက္သူ ရွာေဖြ ေနာက္ေယာင္ခံေရး အတြက္ လူအင္အား အမ်ားအျပား သုံးၿပီး စစ္ဆင္ေရး တခုလို ေဆာင္႐ြက္ခဲ့ပါတယ္။

“ဗီယက္နမ္ဟာ ေရာဂါကပ္ေဘးကိုင္တြယ္ေျဖရွင္းတဲ့ အေတြ႕အႀကဳံ ရွိခဲ့ဖူးတဲ့ ႏိုင္ငံပါ”လို႔ပါေမာကၡထြိတ္က ေျပာပါတယ္။

၂၀၀၃ ခုႏွစ္မွာ ဆားစ္နဲ႔ ၾကက္တုပ္ေကြး၊ ၂၀၁၀ မွာ ဝက္သက္နဲ႔ ေသြးလြန္တုပ္ေကြး တိုက္ဖ်က္မႈေတြ ေဆာင္႐ြက္ခဲ့ဖူးပါတယ္။
 ျပည္ပေလဆိပ္ကျပန္လာသူေတြကို ဘတ္စ္ကားနဲ႔ ကြာရန္တင္းစင္တာတန္းပို႔
“အစိုးရေရာ ျပည္သူေရာဟာ ကူးစက္ေရာဂါ တိုက္ဖ်က္ႏွိမ္နင္းေရး အေတြ႕အႀကဳံမွာ ခ်မ္းသာတဲ့ ႏိုင္ငံႀကီးေတြထက္ အေတြ႕အႀကဳံ အမ်ားအျပားရွိခဲ့ၿပီး အေလးအနက္လည္း ထားၾကတယ္။ ဘယ္လို တုံ႔ျပန္ေဆာင္႐ြက္ရမယ္ဆိုတာကိုလည္း နားလည္ၾကတယ္”လို႔လည္း ပါေမာကၡထြိတ္က ဆိုပါတယ္။

မတ္လလယ္ေလာက္မွာ ႏိုင္ငံျခားက ဝင္လာသူမွန္သမွ်နဲ႔ ျပည္တြင္းမွာ ေရာဂါရွိသူနဲ႔ ထိေတြ႕သူ မွန္သမွ်ကို အစိုးရက ၁၄ ရက္ သီးျခားခြဲျခားထားရွိခဲ့တယ္။

သီးျခားခြဲျခားဌာန ကြာရန္တင္းစင္တာေတြဟာလည္း အေကာင္းစားေတြ မဟုတ္ခဲ့ေပမယ့္ ကုန္က်စရိတ္ အမ်ားစုကို အစိုးရကပဲ က်ခံခဲ့တယ္။

ဗီယက္နမ္ဟာ အလုံၿခဳံဆုံးေနရာလို႔ ယူဆၿပီး ၾသစေၾတးလ်ကေန ေလယာဥ္နဲ႔ ျပန္လာတဲ့ အမ်ိဳးသမီးတေယာက္က “ပထမညတုန္းကဆိုရင္ ဖ်ာတခ်ပ္ပဲရွိတယ္။ ေခါင္းအုံးနဲ႔ ေစာင္ေတာင္ မရွိဘူး”လို႔ ဘီဘီစီ ဗီယက္နမ္ဌာနကို ေျပာျပခဲ့တယ္။ ပူအိုက္တဲ့အခန္းထဲမွာ ပန္ကာေတာင္ မရွိပါဘူးလို႔ဆိုတယ္။

လကၡဏာမျပသူမ်ားကိုႀကိဳတင္ကာကြယ္

ေရာဂါပိုးကူးစက္သူေတြရဲ႕ တဝက္ေလာက္ဟာ လကၡဏာမျပတဲ့ အတြက္ သံသယရွိသူ အမ်ားအျပားကို သီးျခားခြဲျခား ထားရွိမႈဟာ အေရးႀကီးတဲ့ အခ်က္ျဖစ္တယ္လို႔ ပါေမာကၡထြိတ္က ဆိုပါတယ္။
 ကြာရန္တင္းစင္တာေတြမွာ ေနထိုင္ေရးက အၿမဲတမ္း ျပည့္စုံေကာင္းမြန္ဖို႔ မလြယ္ေပမဲ့ လိုအပ္တဲ့ ခြဲျခားထားရွိမႈေတြကိုေတာ့ လုပ္ခဲ့
သီးျခားခြဲ ကြာရန္တင္း လုပ္ထားသူ မွန္သမွ်ကို ဖ်ားသည္ျဖစ္ေစ၊ မဖ်ားသည္ျဖစ္ေစ ပိုးရွိမရွိ စစ္ေဆးခဲ့ပါတယ္။ တကယ္လို႔ စစ္ေဆးမႈသာ မလုပ္ခဲ့ရင္ ဗီယက္နမ္မွာ ပိုးရွိေၾကာင္း အတည္ျပဳႏိုင္ခဲ့သူေတြရဲ႕ ၄၀ ရာႏႈန္းေလာက္ဟာ သူတို႔မွာ ပိုးရွိမရွိဆိုတာကို ဘယ္ေတာ့မွ သိၾကမွာ မဟုတ္ဘူးလို႔လည္း သူက ဆိုပါတယ္။

“ေရာဂါလကၡဏာမျပဘဲ ပိုးသယ္ေဆာင္ထားသူေတြကို ထိန္းခ်ဳပ္ဖို႔ဆိုရင္ ဗီယက္နမ္လုပ္တဲ့နည္းဟာ တခုတည္းေသာနည္းလမ္းပါ”လို႔လည္း ပါေမာကၡထြိတ္ကဆိုပါတယ္။

“သူတို႔ကိုသာ ပိတ္ေလွာင္ထိန္းခ်ဳပ္မထားရင္ သူတို႔ဟာ ေနရာအႏွံေလွ်ာက္သြားၿပီး ေရာဂါဟာ အဲသလိုနည္းနဲ႔ ပ်ံ႕ႏွံ႔ကုန္မွာပဲ”လို႔လည္း သူကဆိုပါတယ္။

ဘာ့ေၾကာင့္တေယာက္မွ ကိုဗစ္-၁၉ ေၾကာင့္ေသဆုံးတာ မရွိခဲ့သလဲဆိုတဲ့ အခ်က္ကို သူက အခုလိုရွင္းျပပါတယ္။

ျပည္ပကေန ဗီယက္နမ္ကို ျပန္လာသူ အမ်ားစုဟာ ေက်ာင္းသားေတြ၊ ကမာၻလွည့္ခရီးသြားေတြ၊ စီးပြားေရးသမားေတြ ျဖစ္ၾကတဲ့ အတြက္ သူတို႔အမ်ားစုဟာ ငယ္႐ြယ္ၿပီး က်န္းမာတဲ့သူေတြျဖစ္ၾကပါတယ္။ ဒါ့ေၾကာင့္သူတို႔ဟာ သူတို႔ေရာဂါကို သူတို႔ဘာသာ တိုက္ဖ်က္ႏိုင္ၾကပါတယ္။

သူတို႔ဟာ သူတို႔ရဲ႕ သက္ႀကီး႐ြယ္အို ေဆြမ်ိဳးသားခ်င္းေတြကို အႏၲရာယ္မျဖစ္ေစခ်င္ၾကပါဘူး။ အဲဒီေတာ့ အစိုးရဟာ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ေဆးဝါးပစၥည္းေတြကို အားနည္းတဲ့လူနည္းစုအတြက္ အာ႐ုံစူးစိုက္ေထာက္ပံ့ႏိုင္ခဲ့ပါတယ္။

ဗီယက္နမ္မွာ ႏိုင္ငံလုံးကြၽတ္ ပိတ္ဆို႔မႈ ေလာ့ေဒါင္းမလုပ္ခဲ့ရေပမယ့္ ေဒသအလိုက္ ကြက္ၿပီး အေရးေပၚေဆာင္႐ြက္ခ်က္ေတြ လုပ္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလထဲမွာ ဟႏြိဳင္း ေျမာက္ဘက္ ဆန္လြိဳင္းမွာ လူေလးလက္တဆုပ္စာ ေရာဂါကူးစက္တာကို ေတြ႕တာနဲ႔ အနီးအနားမွာ ေနထိုင္သူ လူတေသာင္းေက်ာ္ကို ပိတ္ဆို႔ပစ္လိုက္ပါတယ္။

ၿမိဳ႕ေတာ္အနီးနား ဟလြိဳင္းရပ္ကြက္က လူေပါင္း ၁၁၀၀၀ နဲ႔ေဆး႐ုံက က်န္းမာေရးဝန္ထမ္းေတြ၊ လူနာေတြ ကိုလည္း အလားတူပဲ ေဆာင္႐ြက္ခဲ့ပါတယ္။

ႏွစ္ပတ္အတြင္းမွာေရာဂါကင္းရွင္းေၾကာင္း မေသခ်ာမခ်င္း ဘယ္သူတဦးတေယာက္ကိုမွ ဝင္ခြင့္ထြက္ခြင့္ မေပးခဲ့ပါဘူး။

တကယ္လို႔ ပိုးအသစ္ေတြ႕ခဲ့ရင္ အဲသလို ေဒသတခုခ်င္း ပိတ္ဆို႔မႈကို အစက ျပန္လုပ္ပါတယ္။ အဲသလို ေဆာင္႐ြက္တဲ့အတြက္ ဗီယက္နမ္ဟာ ေနရာအႏွံ႔အျပားမွာ အေျမာက္အျမား စစ္ေဆးစမ္းသပ္မႈေတြ လုပ္စရာမလိုဘဲ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

အစပိုင္းတုန္းကေတာ့ ဒါဟာ စြန္႔စားမႈမ်ားတဲ့ ဗ်ဴဟာပဲလို႔ ထင္ခဲ့ေၾကာင္း ပါေမာကၡထြိတ္က ဆိုပါတယ္။ ဒါေပမယ့္လက္ေတြ႕ေဆာင္႐ြက္တဲ့အခါ ေအာင္ျမင္မႈ ရခဲ့ပါတယ္။

“ေရာဂါရွိသူေတြကို သီးျခားခြဲၿပီး ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္ခဲ့လို႔ပါ” လို႔ဆိုပါတယ္။

အမ်ားျပည္သူအတြက္ သတင္းစကား

ဒီလိုဗ်ဴဟာေအာင္ျမင္ဖို႔အတြက္ အဓိကက်တဲ့အခ်က္က ျပည္သူလူထုပူးေပါင္း ပါဝင္မႈ ျဖစ္ပါတယ္။

အစိုးရဟာ ျပည္သူလူထုနဲ႔ ေကာင္းေကာင္း ဆက္သြယ္ ရွင္းျပၿပီး ပူးေပါင္းမႈ ရေအာင္လုပ္ႏိုင္ခဲ့ပါတယ္လို႔ ေဒါက္တာ ေပါလတ္ကဆိုပါတယ္။

ေရာဂါစတင္ျဖစ္ပြားခ်ိန္မွာ အမ်ားျပည္သူေတြ အေနနဲ႔ သူတို႔ကိုယ္ သူတို႔ ကာကြယ္ဖို႔ ဘာေတြလုပ္ရမယ္ဆိုတာကို မိုဘိုင္းဖုန္းတိုင္းကို မက္ေဆ့ခ္်ပို႔ ပညာေပးခဲ့ပါတယ္။ စစ္ပြဲကာလတုန္းက ဓာတ္ပုံေတြနဲ႔ အဲဒီတုန္းကသုံးခဲ့တဲ့ “ဘုံရန္သူကို တိုက္ခိုက္ၾက”ဆိုတဲ့ ေႂကြးေၾကာ္သံေတြကို ဗီယက္နမ္က အခုကပ္ေရာဂါကို လူေတြ သတိရွိေရး အတြက္ ျပန္လည္ အသုံးျပဳခဲ့ပါတယ္။

ရန္သူကို ႏွိမ္နင္းဖို႔အတြက္ လူ႔အဖြဲ႕အစည္းဟာ အတူတကြ ေဆာင္႐ြက္ၾကရမယ္ဆိုတဲ့ အသိအျမင္ကို အဲသလိုနည္းနဲ႔ ရရွိေစခဲ့တယ္လို႔ ေဒါက္တာေပါလတ္က ဆိုပါတယ္။

ဗီယက္နမ္အစိုးရက အမိန္႔အာဏာသုံးၿပီး ၫႊန္ၾကားခဲ့တာ ျဖစ္ေပမယ့္ ဒါဟာ အစိုးရအေနနဲ႔ သူတို႔တတ္ႏိုင္သမွ် ေဆာင္႐ြက္ေနတာျဖစ္ၿပီး ေအာင္ျမင္မႈလည္း ရေနတာကို ျမင္ရသလို အမ်ားျပည္သူကို ကာကြယ္ဖို႔အတြက္ ဘာမဆို လုပ္ေဆာင္ေနတာပဲ ဆိုတာကို သိတဲ့အတြက္ လူေတြဟာ နာခံခဲ့ၾကတယ္လို႔လည္း ေဒါက္တာေပါလတ္က ဆိုပါတယ္။

ဗီယက္နမ္ကိန္းဂဏန္းေတြဟာ ယုံၾကည္ေလာက္ရဲ႕လား

အစိုးရရဲ႕ ကိန္းဂဏန္းအခ်က္အလက္ေတြဟာ အံအားသင့္ေလာက္ေအာင္ နည္းလြန္းလွတဲ့အတြက္ တိက်မႈရွိရဲ႕လားလို႔ ေမးခြန္းထုတ္တာေတြရွိပါတယ္။

ဒါေပမယ့္ ေဆးပညာအသိုင္းအဝိုင္း၊ သံတမန္ အသိုင္းအဝိုင္းေတြဆီက သေဘာထားေတြကို ေကာက္ယူၾကည့္ရာမွာ သံသယျဖစ္စရာ မရွိဘူးလို႔ အမ်ားက ဆိုၾကပါတယ္။

ပါေမာကၡထြိတ္ရဲ႕အဖြဲ႕ဟာ အဓိက ကူးစက္ေဆး႐ုံႀကီးမွာ အေျခခ် အလုပ္လုပ္ေနတာ ျဖစ္ပါတယ္။ “တကယ္လို႔ သတင္းမထုတ္ျပန္တဲ့ ေရာဂါသည္ေတြ၊ ေရာဂါမေဖာ္ထုတ္ႏိုင္တဲ့ လူနာေတြ၊ အစိုးရ မသိလိုက္တဲ့ လူနာေတြရွိခဲ့ရင္ အဲဒီလူေတြကို ေဆး႐ုံမွာ ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲသလို မေတြ႕ခဲ့ရပါဘူး”လို႔ ပါေမာကၡထြိတ္က ဆိုပါတယ္။

သူတို႔အဖြဲ႕အေနနဲ႔ စမ္းသပ္မႈေပါင္း ၂ ေသာင္းနီးပါး လုပ္ခဲ့ပါတယ္။ သူတို႔ရတဲ့အေျဖဟာ အစိုးရ ထုတ္ျပန္တဲ့ ကိန္းဂဏန္းနဲ႔ ကိုက္ညီတယ္လို႔ဆိုပါတယ္။ “တကယ္လို႔ အစိုးရမသိလိုက္တဲ့ ေရာဂါသည္မ်ားရွိခဲ့ရင္ အဲဒါဟာ ေရာဂါလကၡဏာ မျပလို႔ပဲ ျဖစ္ရမယ္လို႔ ကြၽန္ေတာ္ အခိုင္အမာ ယုံၾကည္ပါတယ္”လို႔ သူက ဆိုပါတယ္။
အခ်င္းခ်င္း ေစာင့္ၾကည့္ သတင္းပို႔ စနစ္သုံးၿပီး ေရာဂါထိန္းခ်ဳပ္
လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈရွိမရွိ
ဗီယက္နမ္ရဲ႕ အထက္ေအာက္ ေခါင္းေဆာင္မႈ ပုံသ႑န္ေၾကာင့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိမလားဆိုတဲ့ စိုးရိမ္ပူပန္မႈေတြ ရွိပါတယ္။

လူမႈ အလွမ္းခြာေရးနဲ႔ သီးျခားခြဲေရးေတြကို လက္ေတြ႕က်င့္သုံးတဲ့အခါ ဗီယက္နမ္မွာ က်င့္သုံးေလ့ရွိတဲ့ ပုံစံျဖစ္တဲ့ အိမ္နီးခ်င္းေတြရဲ႕ သတင္းကို ပါတီေကဒါေတြက ေစာင့္ၾကည့္ၿပီး အထက္ကို သတင္းပို႔တဲ့ စနစ္က်င့္သုံးတယ္လို႔ အေမရိကန္အေျခစိုက္ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕က ေဖးလ္ ေရာဘတ္ဆန္က ဆိုပါတယ္။

“လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိမယ္ဆိုတာ သံသယ မရွိပါဘူး”လို႔ ေဖးလ္ ေရာဘတ္ဆန္က ဘီဘီစီကို ေျပာပါတယ္။

“ဒါေပမယ့္ အစိုးရက မီဒီယာေတြကို ခ်ဳပ္ကိုင္ထားတာမ်ိဳး ရွိတယ္လို႔ေတာ့ မၾကားရပါဘူး”လို႔ သူက ဆိုပါတယ္။

ဗီယက္နမ္ သင္ခန္းစာကို ၾကည့္ရင္ ကာကြယ္ျခင္းဟာ ကုသျခင္းထက္ အၿမဲတမ္း ပိုေကာင္းသလို ပိုၿပီးေတာ့လည္း အကုန္အက် သက္သာတယ္ဆိုတာကို ေတြ႕ရပါတယ္လို႔ ပါေမာကၡထြိတ္က ဆိုပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်ကာကွယ်ရေး ပြင်းထန်တဲ့ဆောင်ရွက်ချက်တွေက ဗီယက်နမ်ကို အောင်မြင်စေခဲ့သလား

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ရှည်ရှည်လျားလျား ထိစပ်နေတဲ့အပြင် လူဦးရေ ၉၇ သန်းတောင်ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့သူ ၃၀၀ ကျော်ပဲရှိပြီး သေတဲ့သူ တယောက်မှ မရှိပါဘူး။

တလကြာတဲ့အထိ နောက်ထပ် အသစ်ကူးစက်မှု ဖြစ်မလာတဲ့အတွက် အခုအခါမှာ ပိတ်ဆို့မှုတွေကို ပြန်ဖွင့်နေပါပြီ။

အမြောက်အမြားကူးစက်၊ အမြောက်အမြားသေဆုံးနေတဲ့ တခြားနိုင်ငံတွေနဲ့ မတူတဲ့အချက်က ကြိုကြိုတင်တင် ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းလေးဟာ သိုးကာသီကာမျှသာရှိတာကို ဗီယက်နမ်ကမြင်ပြီး အဲဒီအခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ခဲ့တဲ့ အချက်ပါပဲလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဗီယက်နမ်နည်းဟာ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုလည်း ရှိပေမယ့် လူအင်အားအများအပြား အသုံးပြုခဲ့ရပါတယ်။ ဗီယက်နမ်ရဲ့ အောင်မြင်မှုနဲ့ အားနည်းချက်တွေကို သင်ခန်းစာယူဖို့ကတော့ နိုင်ငံတော်တော်များများအတွက်က အချိန်နောက်ကျသွားပါပြီ။

အစွန်းရောက်ပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ဆောင်ရွက်ချက်များ

“အသစ်အဆန်းဖြစ်ပြီး အန္တရာယ်ကြီးတဲ့ ဒီလိုဗိုင်းရပ်စ်မျိုးကို ရင်ဆိုင်တဲ့အခါ ပိုပိုသာသာ လုပ်တာကောင်းတယ်”လို့ ဟနွိုင်းမြို့မှာ ဗီယက်နမ်နဲ့ ကျန်းမာရေး တွဲဖက်ဆောင်ရွက်တဲ့ ဟားဗတ်တက္ကသိုလ်အဖွဲ့က ဒေါက်တာ တော့ဒ်ပေါလတ်ကဆိုပါတယ်။

ဗီယက်နမ်ကို ကိုဗစ်-၁၉ ရောက်လာရင် ရောဂါပြန့်ပွားမှု သိပ်မဆိုးဝါးရင်တောင် သူတို့ရဲ့ကျန်းမာရေးစနစ်က တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်ထားတဲ့အတွက် ကြိုတင်ကာကွယ်တာက အကောင်းဆုံး၊ တင်းတင်းကျပ်ကျပ် ကာကွယ်တာက အကောင်းဆုံးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီလဆန်းက ဗီယက်နမ်မှာ ကူးစက်သူ တယောက်မှ မရှိသေးပါဘူး။

ဝူဟန်မှာတောင် သေတဲ့သူ ၂ ယောက်ပဲရှိပါသေးတယ်။ အဲဒီအချိန်ကတည်းက ဗီယက်နမ်ဟာ ထူးဆန်းတဲ့ နမိုးယားဆန်ဆန်ရောဂါသစ်အတွက် ပြတ်သားတဲ့ ကြိုတင် ကာကွယ်တားဆီးမှုစီမံကိန်းကို စတင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့က ဗီယက်နမ်မှာ ပထမဆုံး ရောဂါကူးစက်သူတဦးကို စတင် တွေ့ခဲ့ပါတယ်။ ဟိုချီမင်းမြို့မှာရှိတဲ့ သားဆီကို ဝူဟန်ကတဆင့်ဖြတ်ပြီး အလည်သွားသူ ဖခင်တယောက်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ရောဂါဖြစ်သူ ၁ ယောက်စတွေ့တာနဲ့ ဗီယက်နမ်ဟာ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့ အရေးပေါ် စီမံကိန်းကို ချက်ချင်း အသက်သွင်း အကောင်အထည်ဖော်လိုက်ပါတယ်။

“အလွန် လျင်လျင်မြန်မြန်နဲ့ ချက်ချင်း တုံ့ပြန်ဆောင်ရွက်လိုက်တာကို ကြည့်ရင် အဲဒီအချိန်မှာတုန်းကတော့ သိပ်အစွန်းရောက်တယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောင်မှာတော့ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဆိုတာ ပေါ်လွင်လာပါတယ်” လို့ ဟိုချီမင်းမြို့အခြေစိုက် အောက်စဖို့တက္ကသိုလ် ကျန်းမာရေး သုတေသနဌာနရဲ့ ဒါရိုက်တာ ပါမောက္ခဂိုင်းထွိတ်က ဆိုပါတယ်။ သူတို့ သုတေသနအဖွဲ့ဟာ အစိုးရနဲ့ ပူးတွဲပြီး ကူးစက်ရောဂါတားဆီးရေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာ လနဲ့ချီ ဆောင်ရွက်ပြီးမှ အကောင်အထည်ဖော်နိုင်တဲ့ ခရီးသွားလာမှု ကန့်သတ်တာ၊ ရောဂါကူးစက်ပြန့်ပွားမှုကို အနီးကပ် စောင့်ကြည့်တာ၊ တရုတ်နဲ့ နယ်စပ်ကိုပိတ်တာ၊ နယ်စပ်တလျှောက်နဲ့ အရေးကြီးတဲ့နေရာတွေမှာ ကျန်းမာရေးစစ်ဆေးမှု လုပ်တာတွေကို ဗီယက်နမ်က ချက်ချင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဇန်နဝါရီလကုန် တရုတ်နှစ်သစ်ကူး မတိုင်ခင်ကတည်းက ကျောင်းတွေကို မေလလယ်အထိ တခါတည်း ပိတ်ပစ်လိုက်ပါတယ်။ ရောဂါကူးစက်သူ ရှာဖွေ နောက်ယောင်ခံရေး အတွက် လူအင်အား အများအပြား သုံးပြီး စစ်ဆင်ရေး တခုလို ဆောင်ရွက်ခဲ့ပါတယ်။

“ဗီယက်နမ်ဟာ ရောဂါကပ်ဘေးကိုင်တွယ်ဖြေရှင်းတဲ့ အတွေ့အကြုံ ရှိခဲ့ဖူးတဲ့ နိုင်ငံပါ”လို့ပါမောက္ခထွိတ်က ပြောပါတယ်။

၂၀၀၃ ခုနှစ်မှာ ဆားစ်နဲ့ ကြက်တုပ်ကွေး၊ ၂၀၁၀ မှာ ဝက်သက်နဲ့ သွေးလွန်တုပ်ကွေး တိုက်ဖျက်မှုတွေ ဆောင်ရွက်ခဲ့ဖူးပါတယ်။

“အစိုးရရော ပြည်သူရောဟာ ကူးစက်ရောဂါ တိုက်ဖျက်နှိမ်နင်းရေး အတွေ့အကြုံမှာ ချမ်းသာတဲ့ နိုင်ငံကြီးတွေထက် အတွေ့အကြုံ အများအပြားရှိခဲ့ပြီး အလေးအနက်လည်း ထားကြတယ်။ ဘယ်လို တုံ့ပြန်ဆောင်ရွက်ရမယ်ဆိုတာကိုလည်း နားလည်ကြတယ်”လို့လည်း ပါမောက္ခထွိတ်က ဆိုပါတယ်။

မတ်လလယ်လောက်မှာ နိုင်ငံခြားက ဝင်လာသူမှန်သမျှနဲ့ ပြည်တွင်းမှာ ရောဂါရှိသူနဲ့ ထိတွေ့သူ မှန်သမျှကို အစိုးရက ၁၄ ရက် သီးခြားခွဲခြားထားရှိခဲ့တယ်။

သီးခြားခွဲခြားဌာန ကွာရန်တင်းစင်တာတွေဟာလည်း အကောင်းစားတွေ မဟုတ်ခဲ့ပေမယ့် ကုန်ကျစရိတ် အများစုကို အစိုးရကပဲ ကျခံခဲ့တယ်။

ဗီယက်နမ်ဟာ အလုံခြုံဆုံးနေရာလို့ ယူဆပြီး သြစတြေးလျကနေ လေယာဉ်နဲ့ ပြန်လာတဲ့ အမျိုးသမီးတယောက်က “ပထမညတုန်းကဆိုရင် ဖျာတချပ်ပဲရှိတယ်။ ခေါင်းအုံးနဲ့ စောင်တောင် မရှိဘူး”လို့ ဘီဘီစီ ဗီယက်နမ်ဌာနကို ပြောပြခဲ့တယ်။ ပူအိုက်တဲ့အခန်းထဲမှာ ပန်ကာတောင် မရှိပါဘူးလို့ဆိုတယ်။

လက္ခဏာမပြသူများကိုကြိုတင်ကာကွယ်

ရောဂါပိုးကူးစက်သူတွေရဲ့ တဝက်လောက်ဟာ လက္ခဏာမပြတဲ့ အတွက် သံသယရှိသူ အများအပြားကို သီးခြားခွဲခြား ထားရှိမှုဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ပါမောက္ခထွိတ်က ဆိုပါတယ်။

သီးခြားခွဲ ကွာရန်တင်း လုပ်ထားသူ မှန်သမျှကို ဖျားသည်ဖြစ်စေ၊ မဖျားသည်ဖြစ်စေ ပိုးရှိမရှိ စစ်ဆေးခဲ့ပါတယ်။ တကယ်လို့ စစ်ဆေးမှုသာ မလုပ်ခဲ့ရင် ဗီယက်နမ်မှာ ပိုးရှိကြောင်း အတည်ပြုနိုင်ခဲ့သူတွေရဲ့ ၄၀ ရာနှုန်းလောက်ဟာ သူတို့မှာ ပိုးရှိမရှိဆိုတာကို ဘယ်တော့မှ သိကြမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

“ရောဂါလက္ခဏာမပြဘဲ ပိုးသယ်ဆောင်ထားသူတွေကို ထိန်းချုပ်ဖို့ဆိုရင် ဗီယက်နမ်လုပ်တဲ့နည်းဟာ တခုတည်းသောနည်းလမ်းပါ”လို့လည်း ပါမောက္ခထွိတ်ကဆိုပါတယ်။

“သူတို့ကိုသာ ပိတ်လှောင်ထိန်းချုပ်မထားရင် သူတို့ဟာ နေရာအနှံလျှောက်သွားပြီး ရောဂါဟာ အဲသလိုနည်းနဲ့ ပျံ့နှံ့ကုန်မှာပဲ”လို့လည်း သူကဆိုပါတယ်။

ဘာ့ကြောင့်တယောက်မှ ကိုဗစ်-၁၉ ကြောင့်သေဆုံးတာ မရှိခဲ့သလဲဆိုတဲ့ အချက်ကို သူက အခုလိုရှင်းပြပါတယ်။

ပြည်ပကနေ ဗီယက်နမ်ကို ပြန်လာသူ အများစုဟာ ကျောင်းသားတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ၊ စီးပွားရေးသမားတွေ ဖြစ်ကြတဲ့ အတွက် သူတို့အများစုဟာ ငယ်ရွယ်ပြီး ကျန်းမာတဲ့သူတွေဖြစ်ကြပါတယ်။ ဒါ့ကြောင့်သူတို့ဟာ သူတို့ရောဂါကို သူတို့ဘာသာ တိုက်ဖျက်နိုင်ကြပါတယ်။

သူတို့ဟာ သူတို့ရဲ့ သက်ကြီးရွယ်အို ဆွေမျိုးသားချင်းတွေကို အန္တရာယ်မဖြစ်စေချင်ကြပါဘူး။ အဲဒီတော့ အစိုးရဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးပစ္စည်းတွေကို အားနည်းတဲ့လူနည်းစုအတွက် အာရုံစူးစိုက်ထောက်ပံ့နိုင်ခဲ့ပါတယ်။

ဗီယက်နမ်မှာ နိုင်ငံလုံးကျွတ် ပိတ်ဆို့မှု လော့ဒေါင်းမလုပ်ခဲ့ရပေမယ့် ဒေသအလိုက် ကွက်ပြီး အရေးပေါ်ဆောင်ရွက်ချက်တွေ လုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလထဲမှာ ဟနွိုင်း မြောက်ဘက် ဆန်လွိုင်းမှာ လူလေးလက်တဆုပ်စာ ရောဂါကူးစက်တာကို တွေ့တာနဲ့ အနီးအနားမှာ နေထိုင်သူ လူတသောင်းကျော်ကို ပိတ်ဆို့ပစ်လိုက်ပါတယ်။

မြို့တော်အနီးနား ဟလွိုင်းရပ်ကွက်က လူပေါင်း ၁၁၀၀၀ နဲ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေ ကိုလည်း အလားတူပဲ ဆောင်ရွက်ခဲ့ပါတယ်။

နှစ်ပတ်အတွင်းမှာရောဂါကင်းရှင်းကြောင်း မသေချာမချင်း ဘယ်သူတဦးတယောက်ကိုမှ ဝင်ခွင့်ထွက်ခွင့် မပေးခဲ့ပါဘူး။

တကယ်လို့ ပိုးအသစ်တွေ့ခဲ့ရင် အဲသလို ဒေသတခုချင်း ပိတ်ဆို့မှုကို အစက ပြန်လုပ်ပါတယ်။ အဲသလို ဆောင်ရွက်တဲ့အတွက် ဗီယက်နမ်ဟာ နေရာအနှံ့အပြားမှာ အမြောက်အမြား စစ်ဆေးစမ်းသပ်မှုတွေ လုပ်စရာမလိုဘဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အစပိုင်းတုန်းကတော့ ဒါဟာ စွန့်စားမှုများတဲ့ ဗျူဟာပဲလို့ ထင်ခဲ့ကြောင်း ပါမောက္ခထွိတ်က ဆိုပါတယ်။ ဒါပေမယ့်လက်တွေ့ဆောင်ရွက်တဲ့အခါ အောင်မြင်မှု ရခဲ့ပါတယ်။

“ရောဂါရှိသူတွေကို သီးခြားခွဲပြီး ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့လို့ပါ” လို့ဆိုပါတယ်။

အများပြည်သူအတွက် သတင်းစကား

ဒီလိုဗျူဟာအောင်မြင်ဖို့အတွက် အဓိကကျတဲ့အချက်က ပြည်သူလူထုပူးပေါင်း ပါဝင်မှု ဖြစ်ပါတယ်။

အစိုးရဟာ ပြည်သူလူထုနဲ့ ကောင်းကောင်း ဆက်သွယ် ရှင်းပြပြီး ပူးပေါင်းမှု ရအောင်လုပ်နိုင်ခဲ့ပါတယ်လို့ ဒေါက်တာ ပေါလတ်ကဆိုပါတယ်။

ရောဂါစတင်ဖြစ်ပွားချိန်မှာ အများပြည်သူတွေ အနေနဲ့ သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာကို မိုဘိုင်းဖုန်းတိုင်းကို မက်ဆေ့ခ်ျပို့ ပညာပေးခဲ့ပါတယ်။ စစ်ပွဲကာလတုန်းက ဓာတ်ပုံတွေနဲ့ အဲဒီတုန်းကသုံးခဲ့တဲ့ “ဘုံရန်သူကို တိုက်ခိုက်ကြ”ဆိုတဲ့ ကြွေးကြော်သံတွေကို ဗီယက်နမ်က အခုကပ်ရောဂါကို လူတွေ သတိရှိရေး အတွက် ပြန်လည် အသုံးပြုခဲ့ပါတယ်။

ရန်သူကို နှိမ်နင်းဖို့အတွက် လူ့အဖွဲ့အစည်းဟာ အတူတကွ ဆောင်ရွက်ကြရမယ်ဆိုတဲ့ အသိအမြင်ကို အဲသလိုနည်းနဲ့ ရရှိစေခဲ့တယ်လို့ ဒေါက်တာပေါလတ်က ဆိုပါတယ်။

ဗီယက်နမ်အစိုးရက အမိန့်အာဏာသုံးပြီး ညွှန်ကြားခဲ့တာ ဖြစ်ပေမယ့် ဒါဟာ အစိုးရအနေနဲ့ သူတို့တတ်နိုင်သမျှ ဆောင်ရွက်နေတာဖြစ်ပြီး အောင်မြင်မှုလည်း ရနေတာကို မြင်ရသလို အများပြည်သူကို ကာကွယ်ဖို့အတွက် ဘာမဆို လုပ်ဆောင်နေတာပဲ ဆိုတာကို သိတဲ့အတွက် လူတွေဟာ နာခံခဲ့ကြတယ်လို့လည်း ဒေါက်တာပေါလတ်က ဆိုပါတယ်။

ဗီယက်နမ်ကိန်းဂဏန်းတွေဟာ ယုံကြည်လောက်ရဲ့လား

အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ အံအားသင့်လောက်အောင် နည်းလွန်းလှတဲ့အတွက် တိကျမှုရှိရဲ့လားလို့ မေးခွန်းထုတ်တာတွေရှိပါတယ်။

ဒါပေမယ့် ဆေးပညာအသိုင်းအဝိုင်း၊ သံတမန် အသိုင်းအဝိုင်းတွေဆီက သဘောထားတွေကို ကောက်ယူကြည့်ရာမှာ သံသယဖြစ်စရာ မရှိဘူးလို့ အများက ဆိုကြပါတယ်။

ပါမောက္ခထွိတ်ရဲ့အဖွဲ့ဟာ အဓိက ကူးစက်ဆေးရုံကြီးမှာ အခြေချ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ “တကယ်လို့ သတင်းမထုတ်ပြန်တဲ့ ရောဂါသည်တွေ၊ ရောဂါမဖော်ထုတ်နိုင်တဲ့ လူနာတွေ၊ အစိုးရ မသိလိုက်တဲ့ လူနာတွေရှိခဲ့ရင် အဲဒီလူတွေကို ဆေးရုံမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲသလို မတွေ့ခဲ့ရပါဘူး”လို့ ပါမောက္ခထွိတ်က ဆိုပါတယ်။

သူတို့အဖွဲ့အနေနဲ့ စမ်းသပ်မှုပေါင်း ၂ သောင်းနီးပါး လုပ်ခဲ့ပါတယ်။ သူတို့ရတဲ့အဖြေဟာ အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းနဲ့ ကိုက်ညီတယ်လို့ဆိုပါတယ်။ “တကယ်လို့ အစိုးရမသိလိုက်တဲ့ ရောဂါသည်များရှိခဲ့ရင် အဲဒါဟာ ရောဂါလက္ခဏာ မပြလို့ပဲ ဖြစ်ရမယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်”လို့ သူက ဆိုပါတယ်။

ဗီယက်နမ်ရဲ့ အထက်အောက် ခေါင်းဆောင်မှု ပုံသဏ္ဍန်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။

လူမှု အလှမ်းခွာရေးနဲ့ သီးခြားခွဲရေးတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ ဗီယက်နမ်မှာ ကျင့်သုံးလေ့ရှိတဲ့ ပုံစံဖြစ်တဲ့ အိမ်နီးချင်းတွေရဲ့ သတင်းကို ပါတီကေဒါတွေက စောင့်ကြည့်ပြီး အထက်ကို သတင်းပို့တဲ့ စနစ်ကျင့်သုံးတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဖေးလ် ရောဘတ်ဆန်က ဆိုပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမယ်ဆိုတာ သံသယ မရှိပါဘူး”လို့ ဖေးလ် ရောဘတ်ဆန်က ဘီဘီစီကို ပြောပါတယ်။

“ဒါပေမယ့် အစိုးရက မီဒီယာတွေကို ချုပ်ကိုင်ထားတာမျိုး ရှိတယ်လို့တော့ မကြားရပါဘူး”လို့ သူက ဆိုပါတယ်။

ဗီယက်နမ် သင်ခန်းစာကို ကြည့်ရင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် အမြဲတမ်း ပိုကောင်းသလို ပိုပြီးတော့လည်း အကုန်အကျ သက်သာတယ်ဆိုတာကို တွေ့ရပါတယ်လို့ ပါမောက္ခထွိတ်က ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52684375
ကိုဗစ္ကာကြယ္ေရး ျပင္းထန္တဲ့ေဆာင္႐ြက္ခ်က္ေတြက ဗီယက္နမ္ကို ေအာင္ျမင္ေစခဲ့သလား ကိုဗစ္ကာကြယ္ေရး ျပင္းထန္တဲ့ေဆာင္႐ြက္ခ်က္ေတြက ဗီယက္နမ္ကို ေအာင္ျမင္ေစခဲ့သလား Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.