ကိုရိုနာဗိုင္းရပ္စ္ရဲ႕ မူလဇစ္ျမစ္ ၾသစေၾတးလ် ဆက္စံုစမ္းမယ္

Australia ဝန္ႀကီးခ်ဳပ္ Scott Morrison
(Zawgyi/Unicode)

Coronavirus ပိုး ဘယ္ကေန စေပၚလာသလဲဆိုတဲ့ ဇစ္ျမစ္ကို ေဖာ္ထုတ္ႏိုင္ဖုိ႔ Australia ႏိုင္ငံက ဆက္လက္ စံုစမ္းသြားမယ္လို႔ ေျပာၾကားလိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ ကုန္သြယ္ေရး ထိခိုက္ရင္ေတာင္ စံုစမ္းမႈလုပ္သြားမွာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Scott Morrison က ဒီကေန႔ေျပာၾကားခဲ့တာပါ။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ စတင္ကူးစက္ခဲ့တဲ့ Coronavirus ပိုးနဲ႔ ပတ္သက္လို႔ အေမရိကန္အလိုလိုက္ၿပီး Australia ကစံုစမ္းတယ္ဆိုတဲ့ စြပ္စြဲမႈေတြနဲ႔ ပတ္သက္လို႔ဝန္ႀကီးခ်ဳပ္ Morrison က Australia ဟာ သီးျခားလြတ္လပ္တဲ့ႏိုင္ငံျဖစ္တဲ့အတြက္ ကိုယ့္ႏိုင္ငံအက်ဳိးကို ေ႐ွ႕႐ႈလုပ္သြားမယ္လို႔ တံု႔ျပန္ပါတယ္။

တျခားႏိုင္ငံရဲ႕ အခ်ဳပ္အျခာကို ေလးစားတဲ့တခ်ိန္ထဲမွာ Australia ႏိုင္ငံရဲ႕ အက်ဳိးစီးပြားအတြက္ လုပ္သင့္တာကို လုပ္သြားမယ္လို႔ဆိုပါတယ္။

ဒီစံုစမ္းမႈေၾကာင့္ Australia ရဲ႕ အႀကီးဆံုးကုန္သြယ္ဖက္ႏိုင္ငံနဲ႔ ဆက္ဆံေရး ထိခိုက္လိမ့္မယ္လို႔ စီးပြားေရးေခါင္းေဆာင္တခ်ိဳ႕က သတိေပးထားပါတယ္။

Australia သားသတ္႐ံု ၄ ခုက တင္ပို႔တဲ့ အမဲသားကို တ႐ုတ္ဘက္က ပိတ္ပင္ထားသလို ဝိုင္အရက္နဲ႔ ဘာလီေစ့အပါအဝင္ Australia အဓိက သြင္းကုန္ေတြအေပၚ သြင္းကုန္ခြန္ေကာက္ဖုိ႔ တ႐ုတ္က စီစဥ္ေနပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------
[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ် သြစတြေးလျ ဆက်စုံစမ်းမယ်

Coronavirus ပိုး ဘယ်ကနေ စပေါ်လာသလဲဆိုတဲ့ ဇစ်မြစ်ကို ဖော်ထုတ်နိုင်ဖို့ Australia နိုင်ငံက ဆက်လက် စုံစမ်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး ထိခိုက်ရင်တောင် စုံစမ်းမှုလုပ်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Scott Morrison က ဒီကနေ့ပြောကြားခဲ့တာပါ။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ကူးစက်ခဲ့တဲ့ Coronavirus ပိုးနဲ့ ပတ်သက်လို့ အမေရိကန်အလိုလိုက်ပြီး Australia ကစုံစမ်းတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ဝန်ကြီးချုပ် Morrison က Australia ဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံအကျိုးကို ရှေ့ရှုလုပ်သွားမယ်လို့ တုံ့ပြန်ပါတယ်။

တခြားနိုင်ငံရဲ့ အချုပ်အခြာကို လေးစားတဲ့တချိန်ထဲမှာ Australia နိုင်ငံရဲ့ အကျိုးစီးပွားအတွက် လုပ်သင့်တာကို လုပ်သွားမယ်လို့ဆိုပါတယ်။

ဒီစုံစမ်းမှုကြောင့် Australia ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနဲ့ ဆက်ဆံရေး ထိခိုက်လိမ့်မယ်လို့ စီးပွားရေးခေါင်းဆောင်တချို့က သတိပေးထားပါတယ်။

Australia သားသတ်ရုံ ၄ ခုက တင်ပို့တဲ့ အမဲသားကို တရုတ်ဘက်က ပိတ်ပင်ထားသလို ဝိုင်အရက်နဲ့ ဘာလီစေ့အပါအဝင် Australia အဓိက သွင်းကုန်တွေအပေါ် သွင်းကုန်ခွန်ကောက်ဖို့ တရုတ်က စီစဉ်နေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/australia-on-virus-inquiry/5419466.html
ကိုရိုနာဗိုင္းရပ္စ္ရဲ႕ မူလဇစ္ျမစ္ ၾသစေၾတးလ် ဆက္စံုစမ္းမယ္ ကိုရိုနာဗိုင္းရပ္စ္ရဲ႕ မူလဇစ္ျမစ္ ၾသစေၾတးလ် ဆက္စံုစမ္းမယ္ Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.