(Unicode)⤵⤵⤵
၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့ ၀၄၀၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှာ ငါးဖမ်းစက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား ၃ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ (၂၈)ရပ်ကွက်နေ မျိုးအောင်(၃၇)နှစ် မောင်းနှင်ပြီး ရေလုပ်သား အောင်သူ(၃၅)နှစ်ပါ ၁၅ ဦးတို့ လိုက်ပါလာတဲ့ အမှတ် ×××(YSD) “ချယ်ရီ”ငါးဖမ်းစက်လှေဟာ ပင်လယ်ပြင်ဘက်မှ ရန်ကုန်မြစ်အတွင်းသို့ မောင်းနှင်လာစဉ် ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာရဲ့အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာ ပင်လယ်ပြင်အရောက်မှာ ရေလှိုင်းရိုက်ခတ်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။
အနီးရှိ ငါးဖမ်း စက်လှေများမှ မျိုးအောင်ပါ ၁၂ ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး အောင်သူ ပါ ကျား ၃ ဦးတို့မှာ ရေနစ် ပျောက်ဆုံးသွားခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မျိုးအောင် ဖမ်းဆီးကာ ကွမ်းခြံကုန်း မြို့မ ရဲစခန်း မှ (ပ)၂၆၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀ (ရေယာဉ်အားအရမ်းဦးစီးသွားလာမှု)နဲ့ အမှုဖွင့် စစ်ဆေးလျက်နေကြောင်း ပြည်ထဲရေး၀န်းကြီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သစ်ထူးလွင်
---------------------------------------
(Zawgyi)⤵⤵⤵
သစ်ထူးလွင်
ကွမ်းခြံကုန်းမြို့နယ်မှာ စက်လှေတိမ်းမှောက်မှု အမျိုးသား ၃ ဦး ပျောက်ဆုံးနေ
Reviewed by THITHTOOLWIN
on
22:11
Rating: