ေ႐ြးေကာက္ပြဲနဲ႔ တြဲလုပ္မယ့္ ဆႏၵခံယူပြဲအစီအစဥ္ကို လႊတ္ေတာ္ေ႐ႊ႕ဆိုင္း

က်ပ္သန္းေပါင္း တစ္ေသာင္းေလးေထာင္ေက်ာ္ကုန္မယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က တင္ျပ
(Zawgyi)⤵⤵⤵
၂၀၀၈ အေျခခံဥပေဒထဲက ပုဒ္မ ၂ ခုျပင္ဆင္ေရး အတြက္ လႊတ္ေတာ္က သေဘာတူထားတဲ့ ပုဒ္မ၂ခုကို ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲက်င္းပၿပီး မဲခြဲဖို႔ အစီစဥ္ကို ျပည္ေထာင္စုလႊတ္ေတာ္ က ေမလ ၂၀ ရက္ေန႔က ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။

ဒီပုဒ္မေတြကေတာ့ အေျခခံဥပေဒပုဒ္မ ၃၂(က) နဲ႔ (ခ)တို႔ ျဖစ္ပါတယ္။

ပုဒ္မ ၃၂ ၊ ပုဒ္မခြဲ(က)နဲ႔ (ခ) မူလျပ႒ာန္းခ်က္ေတြထဲက အိုမင္းမစြမ္းသူမ်ား ဆိုတဲ့ေနရာမွာ သက္ႀကီး႐ြယ္အိုမ်ားဆိုၿပီး ျပင္ဆင္မႈ၊ မသန္မစြမ္းဆိုတဲ့ေနရာေတြမွာ မသန္စြမ္းဆိုၿပီး ျပင္ဆင္မႈေတြ ကို ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲက်င္းပၿပီး ျပင္ဆင္ေရး ဆက္လက္ေဆာင္႐ြက္သြားဖို႔ လႊတ္ေတာ္က သေဘာတူထားခဲ့တာပါ။

ဒီပုဒ္မေတြကို ျပင္ဆင္ဖို႔ လာမယ့္၂၀၂၀ ေ႐ြးေကာက္ပြဲနဲ႔ ပူးတြဲက်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ မဲေပးခန္း အပါအဝင္ မဲ႐ုံဝန္ထမ္း၃ဦး ၊မဲစာရင္း၊ မဲလက္မွတ္၊ ႐ုံးသုံးစာေရးကိရိယာေတြ လိုအပ္မွာျဖစ္ၿပီး ဒီမဲေတြ သယ္ယူပို႔ေဆာင္ေရး၊ ေရတြက္ေရးနဲ႔ မဲရလဒ္ အတည္ျပဳ ထုတ္ျပန္ေရးတို႔လည္း လိုအပ္မွာ ျဖစ္တာေၾကာင့္ ႏိုင္ငံေတာ္ ဘ႑ာေငြ က်ပ္သန္းေပါင္း တစ္ေသာင္းေလးေထာင္ေက်ာ္ ကုန္က်ဖို႔ ရွိတယ္လို႔လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးသန္းေအာင္က ေမလ ၂၁ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္မွာ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ မတ္လ အတြင္း ျပင္ဆင္ေရးအတြက္ မဲခြဲၾကစဥ္
ဒီဥပေဒေတြနဲ႔အတူ အရင္ လႊတ္ေတာ္တုန္းကျပင္ဆင္ဖို႔ သေဘာတူခဲ့တဲ့ ၅၉ ပုဒ္မခြဲ ဃ ႏိုင္ငံေတာ္သမၼတရဲ႕ အရည္အခ်င္း သတ္မွတ္ခ်က္မွာ 'စစ္ေရးအျမင္' အစား 'ကာကြယ္ေရးအျမင္' လို႔ ျပင္ဆင္ ဖို႔ ကိုလည္းလႊတ္ေတာ္က ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တာဝန္ေပးခဲ့ပါတယ္။။

ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲလုပ္ၿပီး ျပင္ဆင္ရမယ့္အခ်က္ေတြဟာ လႊတ္ေတာ္၊ အစိုးရ နဲ႔ ႏိုင္ငံရဲ႕လုပ္ငန္းေတြအေပၚ ေျပာင္းလဲမႈနဲ႔ အက်ိဳးသက္ေရာက္မႈ မ်ားစြာမရွိျခင္းနဲ႔ ႏိုင္ငံေတာ္ ဘ႑ာေငြ ကုန္က်မႈ အေျခအေနတို႔ေၾကာင့္ ေနာင္မွာေပၚေပါက္လာမယ့္ အေျခခံဥပေဒျပင္ဆင္ေရးဆိုင္ရာေတြနဲ႔အတူ ဆႏၵခံယူပြဲက်င္းပရင္ ပိုမိုသင့္ေတာ္မယ္လို႔လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးသန္းေအာင္က ေမလ ၂၁ ရက္က လႊတ္ေတာ္မွာ တင္ျပခဲ့ပါတယ္။

အေျခခံဥပေဒ ျပင္ဆင္ေရးအခန္းပါ ပုဒ္မ ၄၆၃(က)နဲ႔ အက်ဳံးဝင္တဲ့ ပုဒ္မေတြကို အတည္ျပဳျပင္ဆင္ႏိုင္ဖို႔ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ က်င္းပၿပီး မဲေပးခြင့္ရွိသူအားလုံးရဲ႕ ထက္ဝက္ေက်ာ္က ေထာက္ခံခ်က္ေပး ျပင္ဆင္ဖို႔လိုအပ္တာ ျဖစ္ပါတယ္။

၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရးကို ၂၀၁၉ ဇန္နဝါရီလ ကတည္းက စတင္ျပင္ဆင္ၿပီး တစ္ႏွစ္ေက်ာ္အၾကာ လႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ၾကၿပီး ေနာက္ အခ်က္၂ ခ်က္ကို သေဘာတူႏိုင္ခဲ့တာျဖစ္ပါတယ္။
 ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲက်င္းပၿပီး မဲေပးႏိုင္သူ အေရအတြက္ရဲ႕ ထက္ဝက္ေက်ာ္က ေထာက္ခံရမယ္။
၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ႏိုင္ငံေရးပါတီ ၁၄ ခုက ကိုယ္စားလွယ္ေတြ၊ တပ္မေတာ္သား အစုအဖြဲ႕က ကိုယ္စားလွယ္ေတြနဲ႔ တစ္သီး ပုဂၢလကိုယ္စားလွယ္အားလုံးပါဝင္တဲ့ အခ်ိဳးက်စနစ္နဲ႔ ဖြဲ႕စည္းခဲ့တဲ့ ကိုယ္စားလွယ္ ၄၅ ဦးပါဝင္တဲ့ ပူးေပါင္း ေကာ္မတီ ကို ၂၀၁၉ ေဖေဖာ္ဝါရီ ၁၈ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ အတည္ျပဳဖြဲ႕စည္းခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ကိုယ္စားလွယ္ေတြ ႏုတ္ထြက္မႈေတြ ရွိခဲ့ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ပုဒ္မေပါင္း ၄၅၇ ခု ရွိၿပီး ျပင္ဆင္ရမယ့္ အခ်က္ေပါင္း ၃၇၀၀ ေက်ာ္ကို အဲဒီ ပူးေပါင္းေကာ္မတီက အစီရင္ခံစာတရပ္ ျပဳလုပ္ၿပီး ၂၀၁၉ ဇူလိုင္ ၁၅ ရက္ေန႔က ျပည္ေထာင္စု လႊတ္ေတာ္ကို တင္ျပခဲ့ပါတယ္။

၂၀၂၀ မတ္လထဲမွာ ေတာ့ ၂၀၀၈ အေျခခံဥပဒထဲက အေျခခံဥပေဒပုဒ္မ ၃၂(က) ႏွင့္ (ခ) ပုဒ္မ ၂ ခု ျပင္ဆင္ ေရးအတြက္ သေဘာတူႏိုင္ခဲ့ပါတယ္။

အခုလို ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲကို လႊတ္ေတာ္က ေ႐ႊ႕ဆိုင္းလိုက္တဲ့အတြက္ အဲဒီပုဒ္မေတြဟာ ျပင္ဆင္လို႔မရေသးဘဲ အရင္အတိုင္း ဆက္ၿပီး တည္ရွိေနမွာျဖစ္ပါတယ္။။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
ရွေးကောက်ပွဲနဲ့ တွဲလုပ်မယ့် ဆန္ဒခံယူပွဲအစီအစဉ်ကို လွှတ်တော်ရွှေ့ဆိုင်း

၂၀၀၈ အခြေခံဥပဒေထဲက ပုဒ်မ ၂ ခုပြင်ဆင်ရေး အတွက် လွှတ်တော်က သဘောတူထားတဲ့ ပုဒ်မ၂ခုကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲခွဲဖို့ အစီစဉ်ကို ပြည်ထောင်စုလွှတ်တော် က မေလ ၂၀ ရက်နေ့က ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီပုဒ်မတွေကတော့ အခြေခံဥပဒေပုဒ်မ ၃၂(က) နဲ့ (ခ)တို့ ဖြစ်ပါတယ်။

ပုဒ်မ ၃၂ ၊ ပုဒ်မခွဲ(က)နဲ့ (ခ) မူလပြဋ္ဌာန်းချက်တွေထဲက အိုမင်းမစွမ်းသူများ ဆိုတဲ့နေရာမှာ သက်ကြီးရွယ်အိုများဆိုပြီး ပြင်ဆင်မှု၊ မသန်မစွမ်းဆိုတဲ့နေရာတွေမှာ မသန်စွမ်းဆိုပြီး ပြင်ဆင်မှုတွေ ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့ လွှတ်တော်က သဘောတူထားခဲ့တာပါ။

ဒီပုဒ်မတွေကို ပြင်ဆင်ဖို့ လာမယ့်၂၀၂၀ ရွေးကောက်ပွဲနဲ့ ပူးတွဲကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် မဲပေးခန်း အပါအဝင် မဲရုံဝန်ထမ်း၃ဦး ၊မဲစာရင်း၊ မဲလက်မှတ်၊ ရုံးသုံးစာရေးကိရိယာတွေ လိုအပ်မှာဖြစ်ပြီး ဒီမဲတွေ သယ်ယူပို့ဆောင်ရေး၊ ရေတွက်ရေးနဲ့ မဲရလဒ် အတည်ပြု ထုတ်ပြန်ရေးတို့လည်း လိုအပ်မှာ ဖြစ်တာကြောင့် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း တစ်သောင်းလေးထောင်ကျော် ကုန်ကျဖို့ ရှိတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က မေလ ၂၁ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဒီဥပဒေတွေနဲ့အတူ အရင် လွှတ်တော်တုန်းကပြင်ဆင်ဖို့ သဘောတူခဲ့တဲ့ ၅၉ ပုဒ်မခွဲ ဃ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်း သတ်မှတ်ချက်မှာ 'စစ်ရေးအမြင်' အစား 'ကာကွယ်ရေးအမြင်' လို့ ပြင်ဆင် ဖို့ ကိုလည်းလွှတ်တော်က ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးခဲ့ပါတယ်။။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ပြီး ပြင်ဆင်ရမယ့်အချက်တွေဟာ လွှတ်တော်၊ အစိုးရ နဲ့ နိုင်ငံရဲ့လုပ်ငန်းတွေအပေါ် ပြောင်းလဲမှုနဲ့ အကျိုးသက်ရောက်မှု များစွာမရှိခြင်းနဲ့ နိုင်ငံတော် ဘဏ္ဍာငွေ ကုန်ကျမှု အခြေအနေတို့ကြောင့် နောင်မှာပေါ်ပေါက်လာမယ့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာတွေနဲ့အတူ ဆန္ဒခံယူပွဲကျင်းပရင် ပိုမိုသင့်တော်မယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က မေလ ၂၁ ရက်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအခန်းပါ ပုဒ်မ ၄၆၃(က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မတွေကို အတည်ပြုပြင်ဆင်နိုင်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံချက်ပေး ပြင်ဆင်ဖို့လိုအပ်တာ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၉ ဇန်နဝါရီလ ကတည်းက စတင်ပြင်ဆင်ပြီး တစ်နှစ်ကျော်အကြာ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး နောက် အချက်၂ ချက်ကို သဘောတူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီ ၁၄ ခုက ကိုယ်စားလှယ်တွေ၊ တပ်မတော်သား အစုအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်အားလုံးပါဝင်တဲ့ အချိုးကျစနစ်နဲ့ ဖွဲ့စည်းခဲ့တဲ့ ကိုယ်စားလှယ် ၄၅ ဦးပါဝင်တဲ့ ပူးပေါင်း ကော်မတီ ကို ၂၀၁၉ ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုဖွဲ့စည်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ကိုယ်စားလှယ်တွေ နုတ်ထွက်မှုတွေ ရှိခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၇ ခု ရှိပြီး ပြင်ဆင်ရမယ့် အချက်ပေါင်း ၃၇၀၀ ကျော်ကို အဲဒီ ပူးပေါင်းကော်မတီက အစီရင်ခံစာတရပ် ပြုလုပ်ပြီး ၂၀၁၉ ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

၂၀၂၀ မတ်လထဲမှာ တော့ ၂၀၀၈ အခြေခံဥပဒထဲက အခြေခံဥပဒေပုဒ်မ ၃၂(က) နှင့် (ခ) ပုဒ်မ ၂ ခု ပြင်ဆင် ရေးအတွက် သဘောတူနိုင်ခဲ့ပါတယ်။

အခုလို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လွှတ်တော်က ရွှေ့ဆိုင်းလိုက်တဲ့အတွက် အဲဒီပုဒ်မတွေဟာ ပြင်ဆင်လို့မရသေးဘဲ အရင်အတိုင်း ဆက်ပြီး တည်ရှိနေမှာဖြစ်ပါတယ်။။

BBC Burmese
https://www.bbc.com/burmese/52756398
ေ႐ြးေကာက္ပြဲနဲ႔ တြဲလုပ္မယ့္ ဆႏၵခံယူပြဲအစီအစဥ္ကို လႊတ္ေတာ္ေ႐ႊ႕ဆိုင္း ေ႐ြးေကာက္ပြဲနဲ႔ တြဲလုပ္မယ့္ ဆႏၵခံယူပြဲအစီအစဥ္ကို လႊတ္ေတာ္ေ႐ႊ႕ဆိုင္း Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.