ေျမာက္ကိုရီးယားေခါင္းေဆာင္ အခမ္းအနားတက္တဲ့ ဗီြဒီယို ထုတ္လႊင့္ျပသ

ေျမာက္ကုိရီးယားေခါင္းေဆာင္ အခမ္းအနားတက္သည့္ ႐ုပ္သံသတင္း ၾကည့္႐ႈေနသူအခ်ဳိ႕။ (ေမ ၂၊ ၂၀၂၀)
(Zawgyi / Unicode)

လူျမင္ကြင္းကေန ရက္ေတာ္ေတာ္ၾကာ ေပ်ာက္ေနတဲ့ ေျမာက္ကိုရီးယားေခါင္ေဆာင္ လူျမင္ကြင္းကို ျပန္ထြက္လာပါၿပီ။

ဧၿပီလ ၁၁ ရက္ေန႔က ႏိုင္ငံေတာ္အခမ္းအနားတခု မတက္ေရာက္ဘဲ လူျမင္ကြင္းက ေပ်ာက္ေနတဲ့ Kim Jong Un က ၿပဳံယမ္းၿမဳိ႕ေတာ္ ေျမာက္ပိုင္းမွာရွိတဲ့ ဓာတ္ေျမၾသဇာစက္႐ံု တည္ေဆာက္ၿပီးစီးပြဲ အခမ္းအနား တက္ေရာက္တဲ့ပံုေတြကို ေျမာက္ကိုရီးယားရဲ႕ KRT ႐ုပ္ျမင္သံၾကားသတင္းမွာ ဒီကေန႔ပဲ ျပသသြားပါတယ္။

႐ိုက္တာသတင္းဌာနကေတာ့ ဒီဗြီဒီိယိုနဲ႔ပတ္သက္ၿပီး သီးျခား အတည္မျပဳႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

ဒီစက္႐ံုဖြင့္ ဖဲႀကဳိးျဖတ္အခမ္းအနားကို Mr. Kim က သူ႔ညီမအျပင္ တျခား အဆင့္ျမင့္အရာရွိေတြနဲ႔ တက္ေရာက္ၿပီး စက္႐ံုကို လွည့္လည္ၾကည့္႐ႈပံုကို KRT ႐ုပ္ျမင္သံၾကားမွာ ျပသြားတာပါ။

Mr. Kim က လမ္းေလွ်ာက္တာ ခပ္ေတာင့္ေတာင့္ ခပ္ဆြဲဆြဲျဖစ္ေနတာ ေတြ႔ရေပမယ့္ ၾကည့္ရတာေတာ့ ေနမေကာင္း ျဖစ္ေနတဲ့ပံု မရွိပါဘူး။

လူပရိသတ္ထဲမွာ စစ္ဘက္အရာရွိေတြ၊ လက္ရွိအာဏာရပါတီ အရာရွိေတြနဲ႔ စက္႐ံုတည္ေဆာက္ေရး လုပ္ငန္းမွာ ပါဝင္သူေတြ အမ်ားအျပား ပါတယ္လို႔ ေဖာ္ျပၿပီး ႏွာေခါင္းစည္း မ်က္ႏွာဖံုးေတြ ဝတ္ထားၾကပါတယ္။ စင္ျမင့္ကိုေတာ့ လူေတြနဲ႔ခြာၿပီး ေဆာက္ထားတာပါ။

ေျမာက္ကိုရီးယားႏိုင္ငံကို စတင္ထူေထာင္သူ သူ႔အဖိုး Kim Il Sung ရဲ႕ ေမြးေန႔ အထိမ္းအမွတ္ အခမ္းအနားကို ဧၿပီလ ၁၅ ရက္္ေန႔က သူ မတက္ေရာက္ခဲ့လို႔ Kim Jong Un ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္လို႔ ခန္႔မွန္းေျပာဆိုခ်က္ေတြ ထြက္ေနတာပါ။

အဲဒီေန႔က ေျမာက္ကိုရီးယားအတြက္ ထူးျခားတဲ့ေန႔တေန႔ျဖစ္ၿပီး Mr.Kim က သူ႔အဖိုးကို ျမႇဳပ္ႏွံထားတဲ့ ဂူဗိမာန္ေနရာကို သြားေရာက္ အ႐ိုအေသေပးေလ့ ရွိပါတယ္။

အဲဒီလို Mr. Kim လူျမင္ကြင္းက ေပ်ာက္ေနတာဟာ ႏွလံုးခြဲစိတ္မႈတခု ျပဳလုပ္ခဲ့ရတာေၾကာင့္ ျဖစ္တယ္လို႔ ေျမာက္ကိုရီးယားသတင္းေတြ ေဖာ္ျပတဲ့ ေတာင္ကိုရီးယား သတင္းဌာနတခုက ေရးခဲ့ၿပီးေနာက္ တျခားသတင္းေတြလည္း လိုက္ထြက္လာခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------
(Unicode)

မြောက်ကိုရီးယားခေါင်းဆောင် အခမ်းအနားတက်တဲ့ ဗွီဒီယို ထုတ်လွှင့်ပြသ

လူမြင်ကွင်းကနေ ရက်တော်တော်ကြာ ပျောက်နေတဲ့ မြောက်ကိုရီးယားခေါင်ဆောင် လူမြင်ကွင်းကို ပြန်ထွက်လာပါပြီ။

ဧပြီလ ၁၁ ရက်နေ့က နိုင်ငံတော်အခမ်းအနားတခု မတက်ရောက်ဘဲ လူမြင်ကွင်းက ပျောက်နေတဲ့ Kim Jong Un က ပြုံယမ်းမြို့တော် မြောက်ပိုင်းမှာရှိတဲ့ ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ပြီးစီးပွဲ အခမ်းအနား တက်ရောက်တဲ့ပုံတွေကို မြောက်ကိုရီးယားရဲ့ KRT ရုပ်မြင်သံကြားသတင်းမှာ ဒီကနေ့ပဲ ပြသသွားပါတယ်။

ရိုက်တာသတင်းဌာနကတော့ ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ဒီစက်ရုံဖွင့် ဖဲကြိုးဖြတ်အခမ်းအနားကို Mr. Kim က သူ့ညီမအပြင် တခြား အဆင့်မြင့်အရာရှိတွေနဲ့ တက်ရောက်ပြီး စက်ရုံကို လှည့်လည်ကြည့်ရှုပုံကို KRT ရုပ်မြင်သံကြားမှာ ပြသွားတာပါ။

Mr. Kim က လမ်းလျှောက်တာ ခပ်တောင့်တောင့် ခပ်ဆွဲဆွဲဖြစ်နေတာ တွေ့ရပေမယ့် ကြည့်ရတာတော့ နေမကောင်း ဖြစ်နေတဲ့ပုံ မရှိပါဘူး။

လူပရိသတ်ထဲမှာ စစ်ဘက်အရာရှိတွေ၊ လက်ရှိအာဏာရပါတီ အရာရှိတွေနဲ့ စက်ရုံတည်ဆောက်ရေး လုပ်ငန်းမှာ ပါဝင်သူတွေ အများအပြား ပါတယ်လို့ ဖော်ပြပြီး နှာခေါင်းစည်း မျက်နှာဖုံးတွေ ဝတ်ထားကြပါတယ်။ စင်မြင့်ကိုတော့ လူတွေနဲ့ခွာပြီး ဆောက်ထားတာပါ။

မြောက်ကိုရီးယားနိုင်ငံကို စတင်ထူထောင်သူ သူ့အဖိုး Kim Il Sung ရဲ့ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ ၁၅ ရက်နေ့က သူ မတက်ရောက်ခဲ့လို့ Kim Jong Un ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ခန့်မှန်းပြောဆိုချက်တွေ ထွက်နေတာပါ။

အဲဒီနေ့က မြောက်ကိုရီးယားအတွက် ထူးခြားတဲ့နေ့တနေ့ဖြစ်ပြီး Mr.Kim ကသူ့အဖိုးကို မြှုပ်နှံထားတဲ့ ဂူဗိမာန်နေရာကို သွားရောက် အရိုအသေပေးလေ့ ရှိပါတယ်။

အဲဒီလို Mr. Kim လူမြင်ကွင်းက ပျောက်နေတာဟာ နှလုံးခွဲစိတ်မှုတခု ပြုလုပ်ခဲ့ရတာကြောင့် ဖြစ်တယ်လို့ မြောက်ကိုရီးယားသတင်းတွေ ဖော်ပြတဲ့ တောင်ကိုရီးယား သတင်းဌာနတခုက ရေးခဲ့ပြီးနောက် တခြားသတင်းတွေလည်း လိုက်ထွက်လာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/north-korea-kim-jong-un/5402194.html
ေျမာက္ကိုရီးယားေခါင္းေဆာင္ အခမ္းအနားတက္တဲ့ ဗီြဒီယို ထုတ္လႊင့္ျပသ ေျမာက္ကိုရီးယားေခါင္းေဆာင္ အခမ္းအနားတက္တဲ့ ဗီြဒီယို ထုတ္လႊင့္ျပသ Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.