

(Zawgyi)⤵⤵⤵



RFA Burmese
----------------------------
(Unicode)⤵⤵⤵
ဂျာမဏီရပ်ဆိုင်းမယ့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးထဲ မြန်မာပါဝင်

 ဂျာမဏီနိုင်ငံဟာ မိတ်ဖက်နိုင်ငံအားလုံးရဲ့ သုံးပုံတစ်ပုံနဲ့ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းတော့မှာဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေထဲ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ဒါဟာ ၁၂ နှစ်အတွင်း အကြီးမားဆုံးအပြောင်းအလဲဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် FAZ ဂျာမန် သတင်းစာက ဖော်ပြပါတယ်။

လောလောဆယ်မှာ ၈၅ နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ဒါမှမဟုတ် KfW အုပ်စုဖွံ့ဖြိုးရေးဘဏ်နဲ့တဆင့် ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဂျာမဏီရဲ့ အစီအစဉ်သစ်အရ မြန်မာ- သီရိလင်္ကာ၊ နီပေါနိုင်ငံတို့နဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းဖို့လျာထားပါတယ်။ ဒီလိုရပ်ဆိုင်းတာဟာ အလုံးစုံရပ်ဆိုင်းတဲ့ အဓိပ္ပာယ်မသက်ရောက်ဘဲ အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံရေးဖောင်ဒေးရှင်း၊ ဘုရားရှိခိုးကျောင်းနဲ့ စီးပွားရေး အသိုင်းအဝိုင်းတွေအနေနဲ့ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဂျာမဏီရပ်ဆိုင်းမယ့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးထဲ မြန်မာပါဝင် ဂျာမဏီရပ်ဆိုင်းမယ့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးထဲ မြန်မာပါဝင် Reviewed by THITHTOOLWIN on 12:15 Rating: 5
Powered by Blogger.