ေနာက္တိုးအတည္ျပဳလူနာစာရင္းမွာ ျပည္ပျပန္မ်ား ပါဝင္ေန

(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ အခုေနာက္ပိုင္း ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕လူနာေတြဟာ ျပည္ပကေန ဒီရက္ပိုင္းအတြင္း ျပန္လည္ ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားေတြ ျဖစ္ေနပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနကေတာ့ျပည္ပက ျပန္လာသူ အားလုံးကို အသြားအလာေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။

ေမလ ၂၀ ရက္ မေန႔ညက ဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ ေျခာက္ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ သူတို႔အားလုံးဟာ ယူေအအီးႏိုင္ငံက ျပန္လာသူေတြ ျဖစ္ၿပီး ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕ နယ္မွာ အသြားအလာကန႔္သတ္ထားသူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

သီးျခားေနထိုင္ေစတဲ့ ျပည္ပျပန္ေတြထဲက ဒီ ေျခာက္ဦးရဲ႕ ေဆးစစ္ခ်က္မွာ ပိုးေတြ႕တယ္ဆိုတဲ့ အေျဖထြက္ လာတာလို႔ အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

"အားလုံး အစ အဆုံးကေတာ့ တိုင္းေဒသႀကီးအစိုးရနဲ႔ တိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနက ဦးစီးၿပီး လုပ္တဲ့ကိစၥပဲဗ်။ ညကေတြ႕တဲ့ ေျခာက္ေယာက္ကေတာ့ City Golf Resort ဟိုတယ္ကေန ဟိုတယ္ Quarantine ထားတဲ့ဆီကေန ေတြ႕တာေပါ့”

ေမလ ၁၇ ရက္ေန႔ ေနာက္ပိုင္းကေန ေမလ ၂၁ ရက္ေန႔အထိ ျပည္ပက ျပန္လာၿပီး ပိုးေတြ႕ရွိတဲ့ လူနာ ၁၆ ဦး အထိရွိၿပီး မေလးရွားနဲ႔ ယူေအအီးႏိုင္ငံေတြက ျပန္လည္ဝင္ေရာက္လာသူေတြ ျဖစ္ပါတယ္။

ျပန္လည္ဝင္ေရာက္လာသူေတြကို ေလဆိပ္မွာတင္  ခ်က္ခ်င္းေဆးစစ္ေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ သန္းႏိုင္စိုးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က ႏွာေခါင္းနဲ႔ အာေခါင္တို႔ဖတ္ေတြ ယူထားလိုက္တာေပါ့။ တခ်ိဳ႕ၾကေတာ့ ေလဆိပ္မွာ တန္းၿပီးယူလို႔မရတာေတြရွိတယ္။ တခ်ိဳ႕ၾကေတာ့ ႏိုင္ငံျခားျပန္ေတြကို တိုင္းေဒသႀကီး ျပည္နယ္အစိုးရေတြရဲ႕ အစီအစဥ္ေတြနဲ႔ လာၿပီးႀကိဳၾကတယ္။ ထိတာေတာ့ ဘယ္သူနဲ႔မွ မထိေတြ႕ဘူး။ ဟိုေရာက္တဲ့အခါ Quarantine စင္တာထဲကိုဝင္တယ္။ ဝင္တဲ့အခါၾကမွ သူတို႔ရဲ႕ တို႔ဖတ္နမူနာေတြ ယူၿပီး ျပန္ပို႔တာ။ ေသခ်ာတာက ဒီရက္ ပိုင္း ႏိုင္ငံျခားျပန္ေတြ အကုန္လုံးက စစ္ေဆးမႈေတြ အကုန္ရရွိတယ္”

ျပည္ပမွာ အခက္အခဲႀကဳံေနရတဲ့ ျမန္မာႏိုင္ငံသားေတြကို  ကယ္ဆယ္ေရး ေလယာဥ္ေတြ ျပန္လည္ေခၚေဆာင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔  ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေကာင္စစ္ေရးရာနဲ႔ ဥပေဒေရးရာဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေက်ာ္ဇံက RFA ကို ဒီကေန႔ ေျပာပါတယ္။

ျပည္ပျပန္ေတြ မိသားစုဆီ မသြားခင္  ရန္ကုန္မွာ သီးျခားစီ ယာယီေနထိုင္ၾကရမယ့္ ေနရာထိုင္ခင္း အေနအထား ေပၚ မူတည္ၿပီး ခရီးစဥ္ေတြကို စီစဥ္ေနၾကတာျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။

အခုလို ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ျပည္ပႏိုင္ငံေတြကေန ျပန္လည္ေခၚေဆာင္လာသူ ၂၂၀၀ ေက်ာ္ရွိၿပီး က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫြန္ခ်က္ေတြအညီ ဗိုင္းရပ္ပိုးစစ္ေဆးမႈေတြကိုလည္း အဓိက ၾကပ္မတ္ လုပ္ေဆာင္သြားမယ္လို႔ ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေက်ာ္ဇံက ေျပာပါတယ္။

ေမလ ၂၀ ရက္ မေန႔ညပိုင္းက မေလးရွားႏိုင္ငံမွာ ျပန္ဖို႔ အခက္ႀကဳံေနရသူ ၁၀၇ ဦးကို ကယ္ဆယ္ေရးေလယာဥ္နဲ႔ သြားေရာက္ ေခၚေဆာင္ခဲ့ၿပီး  ၂၁ ရက္ အသြားအလာ ေစာင့္ၾကည့္မယ္ လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ထားပါတယ္။

ေမလ ၁၉ ရက္ေန႔ကလည္း အိႏၵိယႏိုင္ငံကေန ၉၅ ဦးကို  ျပန္လည္ေခၚေဆာင္ခဲ့ၿပီး ၂၁ ရက္ အသြားအလာ ေစာင့္ၾကည့္ထားတယ္လို႔ ႏိုင္ငံျခားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ရန္ကုန္ၿမိဳ႕က ေဒါက္တာဥကၠာၾကည္ဝင္းကေတာ့ ကာကြယ္မႈပိုင္းမွာ မေပါ့ဆၾကဖို႔လိုတယ္လို႔ ေျပာပါတယ္။

“ျပန္လာမယ့္ ကိုယ့္ျပည္သူေတြကလည္း ႏိုင္ငံေရးအရေရာ၊ တျခားအေျခအေနေတြအရေရာ လက္မခံ လို႔မရတဲ့ အေျခအေနဆိုေတာ့ လက္ခံရမွာေပါ့။ လူမ်ားမ်ား ဝင္လာရင္ေတာ့ အႏၲရာယ္ပိုမ်ားတာေပါ့။ ကြၽန္ေတာ္တို႔ ႏိုင္ငံထဲမွာကလည္း ကူးစက္ၿပီးသားလူေတြကလည္း ရွိၿပီးသားေလ။ အရင္ကေလာက္ေတာ့ လူေတြက စိုးရိမ္တႀကီးမျဖစ္ၾကေတာ့ဘူး။ သို႔ေပမယ့္ ကာကြယ္မႈကိုလည္း မေပါ့ၾကဖို႔ အေရးႀကီးပါတယ္။ အခုေတာ္ေတာ္မ်ားမ်ားက လိုက္နာၾကတယ္လို႔ ထင္ပါတယ္။”

ျမန္မာႏိုင္ငံမွာ ေမလ ၂၁ ရက္ေန႔ မနက္ပိုင္းအထိ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕အတည္ျပဳလူနာ ၁၉၉ ဦးရွိၿပီး ေမလ ၂၀ ရက္ေန႔အထိ ေစာင့္ၾကည့္လူနာသစ္ ၆၆ ဦးရွိတယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

ေရာဂါပိုးကင္းစင္လာသူ ၁၀၈ ဦးရွိၿပီး အဲဒီထဲက ၉၈ ဦးကို ေဆး႐ုံဆင္းခြင့္ျပဳခဲ့သလို သတ္မွတ္ေနရာေတြမွာ အသြားအလာ ဆက္လက္ေစာင့္ၾကည့္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ အတည္ျပဳလူေတြထဲက ေသဆုံးခဲ့သူ ေျခာက္ဦးရွိပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
-------------------------------------

(Unicode)⤵⤵⤵
နောက်တိုးအတည်ပြုလူနာစာရင်းမှာ ပြည်ပပြန်များ ပါဝင်နေ

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေဟာ ပြည်ပကနေ ဒီရက်ပိုင်းအတွင်း ပြန်လည် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ပြည်ပက ပြန်လာသူ အားလုံးကို အသွားအလာစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

မေလ ၂၀ ရက် မနေ့ညက ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ခြောက်ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သူတို့အားလုံးဟာ ယူအေအီးနိုင်ငံက ပြန်လာသူတွေ ဖြစ်ပြီး ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ်မှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သီးခြားနေထိုင်စေတဲ့ ပြည်ပပြန်တွေထဲက ဒီ ခြောက်ဦးရဲ့ ဆေးစစ်ချက်မှာ ပိုးတွေ့တယ်ဆိုတဲ့ အဖြေထွက် လာတာလို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

"အားလုံး အစ အဆုံးကတော့ တိုင်းဒေသကြီးအစိုးရနဲ့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ဦးစီးပြီး လုပ်တဲ့ကိစ္စပဲဗျ။ ညကတွေ့တဲ့ ခြောက်ယောက်ကတော့ City Golf Resort ဟိုတယ်ကနေ ဟိုတယ် Quarantine ထားတဲ့ဆီကနေ တွေ့တာပေါ့”

မေလ ၁၇ ရက်နေ့ နောက်ပိုင်းကနေ မေလ ၂၁ ရက်နေ့အထိ ပြည်ပက ပြန်လာပြီး ပိုးတွေ့ရှိတဲ့ လူနာ ၁၆ ဦး အထိရှိပြီး မလေးရှားနဲ့ ယူအေအီးနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေကို လေဆိပ်မှာတင်  ချက်ချင်းဆေးစစ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

“ကျွန်တော်တို့က နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေ ယူထားလိုက်တာပေါ့။ တချို့ကြတော့ လေဆိပ်မှာ တန်းပြီးယူလို့မရတာတွေရှိတယ်။ တချို့ကြတော့ နိုင်ငံခြားပြန်တွေကို တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေရဲ့ အစီအစဉ်တွေနဲ့ လာပြီးကြိုကြတယ်။ ထိတာတော့ ဘယ်သူနဲ့မှ မထိတွေ့ဘူး။ ဟိုရောက်တဲ့အခါ Quarantine စင်တာထဲကိုဝင်တယ်။ ဝင်တဲ့အခါကြမှ သူတို့ရဲ့ တို့ဖတ်နမူနာတွေ ယူပြီး ပြန်ပို့တာ။ သေချာတာက ဒီရက် ပိုင်း နိုင်ငံခြားပြန်တွေ အကုန်လုံးက စစ်ဆေးမှုတွေ အကုန်ရရှိတယ်”

ပြည်ပမှာ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေကို  ကယ်ဆယ်ရေး လေယာဉ်တွေ ပြန်လည်ခေါ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက RFA ကို ဒီကနေ့ ပြောပါတယ်။

ပြည်ပပြန်တွေ မိသားစုဆီ မသွားခင်  ရန်ကုန်မှာ သီးခြားစီ ယာယီနေထိုင်ကြရမယ့် နေရာထိုင်ခင်း အနေအထား ပေါ် မူတည်ပြီး ခရီးစဉ်တွေကို စီစဉ်နေကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ခေါ်ဆောင်လာသူ ၂၂၀၀ ကျော်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်တွေအညီ ဗိုင်းရပ်ပိုးစစ်ဆေးမှုတွေကိုလည်း အဓိက ကြပ်မတ် လုပ်ဆောင်သွားမယ်လို့ ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ပြောပါတယ်။

မေလ ၂၀ ရက် မနေ့ညပိုင်းက မလေးရှားနိုင်ငံမှာ ပြန်ဖို့ အခက်ကြုံနေရသူ ၁၀၇ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ သွားရောက် ခေါ်ဆောင်ခဲ့ပြီး  ၂၁ ရက် အသွားအလာ စောင့်ကြည့်မယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

မေလ ၁၉ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံကနေ ၉၅ ဦးကို  ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ၂၁ ရက် အသွားအလာ စောင့်ကြည့်ထားတယ်လို့ နိုင်ငံခြားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့က ဒေါက်တာဥက္ကာကြည်ဝင်းကတော့ ကာကွယ်မှုပိုင်းမှာ မပေါ့ဆကြဖို့လိုတယ်လို့ ပြောပါတယ်။

“ပြန်လာမယ့် ကိုယ့်ပြည်သူတွေကလည်း နိုင်ငံရေးအရရော၊ တခြားအခြေအနေတွေအရရော လက်မခံ လို့မရတဲ့ အခြေအနေဆိုတော့ လက်ခံရမှာပေါ့။ လူများများ ဝင်လာရင်တော့ အန္တရာယ်ပိုများတာပေါ့။ ကျွန်တော်တို့ နိုင်ငံထဲမှာကလည်း ကူးစက်ပြီးသားလူတွေကလည်း ရှိပြီးသားလေ။ အရင်ကလောက်တော့ လူတွေက စိုးရိမ်တကြီးမဖြစ်ကြတော့ဘူး။ သို့ပေမယ့် ကာကွယ်မှုကိုလည်း မပေါ့ကြဖို့ အရေးကြီးပါတယ်။ အခုတော်တော်များများက လိုက်နာကြတယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ မေလ ၂၁ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့အတည်ပြုလူနာ ၁၉၉ ဦးရှိပြီး မေလ ၂၀ ရက်နေ့အထိ စောင့်ကြည့်လူနာသစ် ၆၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ရောဂါပိုးကင်းစင်လာသူ ၁၀၈ ဦးရှိပြီး အဲဒီထဲက ၉၈ ဦးကို ဆေးရုံဆင်းခွင့်ပြုခဲ့သလို သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အတည်ပြုလူတွေထဲက သေဆုံးခဲ့သူ ခြောက်ဦးရှိပါတယ်။

နေမျိုးထွန်း / RFA Burmese
https://www.rfa.org/burmese/program_2/forgien-returners-with-covid-19-05212020085214.html
ေနာက္တိုးအတည္ျပဳလူနာစာရင္းမွာ ျပည္ပျပန္မ်ား ပါဝင္ေန ေနာက္တိုးအတည္ျပဳလူနာစာရင္းမွာ ျပည္ပျပန္မ်ား ပါဝင္ေန Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.