စိုက္ပ်ိဳးေရးထြက္ကုန္ အရႈံးေပၚလို႔ ေတာင္သူအမ်ားအျပား အေႂကြးတင္

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ေဈးကြက္ပ်က္ေနခ်ိန္မွာ စိုက္ပ်ိဳးေရးထြက္ကုန္ေတြ ဝယ္လက္မရွိတာေၾကာင့္ ေတာင္သူအမ်ားအျပား အရႈံးေပၚၿပီး အေႂကြးတင္ေနၾကပါတယ္။ ေတာင္သူေတြမွာ စိုက္ပ်ိဳးစရိတ္ေတာင္ မရွိေတာ့တဲ့ အေျခအေန ျဖစ္ေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး ေဆာင္႐ြက္ေနခ်ိန္မွာ စိုက္ပ်ိဳးေရးထြက္ကုန္ေတြ ေဈးကြက္ပ်က္သြားတဲ့အတြက္ ေတာင္သူေတြ အရႈံးေပၚေနၾကပါတယ္။

စိုက္ၿပီးဖရဲေတြကို ခူးယူဖို႔အတြက္ စရိတ္မတတ္ႏိုင္ေတာ့လို႔ အခင္းထဲမွာတင္ အပုပ္ခံလိုက္ရတယ္လို႔ စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္ ေငြသာေက်း႐ြာက ဖရဲစိုက္ေတာင္သူ ကိုေလးေမာင္က ေျပာပါတယ္။

ျမန္မာနယ္စပ္ မူဆယ္ကေန တ႐ုတ္ႏိုင္ငံကို တင္ပို႔ေရာင္းခ်ေနတဲ့ ဖရဲသီး၊ သခြားေမႊးနဲ႔  ေျပာင္းဖူးေတြဟာ ဒီႏွစ္မွာ ဗိုင္းရပ္စ္ေၾကာင့္ နယ္စပ္ေက်ာ္ဖို႔ ခက္ခဲေနရတာပါ။

ဖရဲ ၁၀ ဧက အတြက္ သိန္း ၂၀၀ ေက်ာ္ရင္းႏွီးခဲ့ရာမွာ အကုန္ရႈံးၿပီး အစိုးရဘဏ္နဲ႔ ဓာတ္ေျမၾသဇာေရာင္းတဲ့ ကုမၸဏီေတြဆီမွာ အေႂကြးတင္ေနတယ္လို႔ ကိုေလးေမာင္က ဆိုပါတယ္။

ဖရဲသီး ဝယ္မယ့္ ကုန္သည္ မရွိတဲ့အတြက္ ဖရဲစိုက္ေတာင္သူ အားလုံးနီးပါး အရင္းရႈံးၿပီး အေႂကြးတင္ က်န္ေနခဲ့ၾကတာ ျဖစ္ပါတယ္။

ရွမ္းျပည္နယ္က ေျပာင္းဖူးစိုက္တဲ့ေတာင္သူေတြလည္း တ႐ုတ္ကို တင္ပို႔ေရာင္းခ်ရာမွာ တ႐ုတ္ဘက္က အသြားအလာ အႀကီးအက်ယ္ ကန႔္သတ္ခ်ိန္နဲ႔ တိုက္ဆိုင္သြားပါတယ္။ ဒါေၾကာင့္ တန္နဲ႔ခ်ီတဲ့ ေျပာင္းဖူးေတြ ေ႐ႊလီျမစ္ထဲ စြန႔္ပစ္ခဲ့ၾကပါတယ္။ ေျပာင္းဖူးဟာ တ႐ုတ္ႏိုင္ငံကို တရားဝင္ တင္ပို႔ေရာင္းခ်ရတာမဟုတ္ဘဲ ေမွာင္ခိုသေဘာမ်ိဳး တင္ပို႔ေနရတာျဖစ္ပါတယ္။

တ႐ုတ္ျပည္က လုံးဝ လက္မခံေတာ့ဘူးဆိုရင္ ေတာင္သူေတြဟာ ကုန္သည္ေတြဆီမွာ အေႂကြးေတြ တင္ေနမယ္လို႔ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕က ေျပာင္းဖူးစိုက္ေတာင္သူ ကိုစိုင္းေမဝ္အြမ္ က ဆိုပါတယ္။

ရွမ္းျပည္နယ္ မူဆယ္၊ နမ့္ခမ္း နယ္တစ္ဝိုက္က ေျပာင္းဖူးစိုက္ခင္းေတြအားလုံးဆိုရင္ က်ပ္သိန္းေပါင္း ေသာင္းနဲ႔ ခ်ီ ဆုံးရႈံးႏိုင္မွာျဖစ္ပါတယ္။

ျပည္ပတင္ပို႔ကုန္တင္မဟုတ္ဘဲ ျပည္တြင္းမွာပဲ ေရာင္းခ်တဲ့ ခရမ္းခ်ဥ္သီးစိုက္သူေတြလည္း အလားတူ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေရာဂါပိုး ကူးစက္မႈထိန္းခ်ဳပ္တဲ့ကာလအတြင္း တစ္ေနရာနဲ႔တစ္ေနရာ သြားလာခြင့္ေတြ ပိတ္ထားတဲ့အတြက္ ဝယ္လက္ ဆင္းမလာလို႔ ေရာင္းမရ ျဖစ္ေနတာလို႔ စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္က ခရမ္းခ်ဥ္စိုက္ ေတာင္သူ ကိုျမေလးက ေျပာပါတယ္။

အစိုးရဘဏ္က ရယူထားတဲ့ စိုက္ပ်ိဳးစရိတ္ေခ်းေငြကလည္း အခုလထဲမွာ ျပန္ဆပ္ဖို႔ အေၾကာင္းၾကားစာ ေရာက္လာၿပီျဖစ္တာေၾကာင့္ မျဖစ္မေန ဆပ္ရမယ္ဆိုရင္လည္း အခ်ိန္တစ္ခုေပးဖို႔  ေတာင္သူေတြက ေတာင္းဆိုထားၾကပါတယ္။

တ႐ုတ္ႏိုင္ငံဘက္ကို မူဆယ္ကေနတစ္ဆင့္ ဖရဲ၊ သခြား၊ သရက္၊ ေျပာင္းဖူးနဲ႔ အျခားသီးႏွံေတြ ႏွစ္စဥ္တင္ပို႔ ေရာင္းခ်ေနတာျဖစ္ၿပီး အခ်ိဳ႕သီးႏွံေတြက ႏွစ္ႏိုင္ငံ ကုန္သြယ္ခြင့္ သေဘာတူညီခ်က္ မရေသးတာေၾကာင့္ ေမွာင္ခိုတင္ပို႔ေနရၿပီး ေဈးႏွိမ္ခံေနရပါတယ္။

သီးႏွံေတြကို တရားဝင္ တင္ပို႔ေရာင္းခ်ႏိုင္ေရး ႏွစ္ႏိုင္ငံအစိုးရခ်င္း ညႇိႏႈိင္းၿပီး ေျဖရွင္းေပးၾကဖို႔ကိုလည္း ေတာင္သူေတြက ေတာင္းဆိုထားၾကပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
---------------------------------

(Unicode)⤵⤵⤵
စိုက်ပျိုးရေးထွက်ကုန် အရှုံးပေါ်လို့ တောင်သူအများအပြား အကြွေးတင်

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဈေးကွက်ပျက်နေချိန်မှာ စိုက်ပျိုးရေးထွက်ကုန်တွေ ဝယ်လက်မရှိတာကြောင့် တောင်သူအများအပြား အရှုံးပေါ်ပြီး အကြွေးတင်နေကြပါတယ်။ တောင်သူတွေမှာ စိုက်ပျိုးစရိတ်တောင် မရှိတော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေချိန်မှာ စိုက်ပျိုးရေးထွက်ကုန်တွေ ဈေးကွက်ပျက်သွားတဲ့အတွက် တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။

စိုက်ပြီးဖရဲတွေကို ခူးယူဖို့အတွက် စရိတ်မတတ်နိုင်တော့လို့ အခင်းထဲမှာတင် အပုပ်ခံလိုက်ရတယ်လို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာက ဖရဲစိုက်တောင်သူ ကိုလေးမောင်က ပြောပါတယ်။

မြန်မာနယ်စပ် မူဆယ်ကနေ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ဖရဲသီး၊ သခွားမွှေးနဲ့  ပြောင်းဖူးတွေဟာ ဒီနှစ်မှာ ဗိုင်းရပ်စ်ကြောင့် နယ်စပ်ကျော်ဖို့ ခက်ခဲနေရတာပါ။

ဖရဲ ၁၀ ဧက အတွက် သိန်း ၂၀၀ ကျော်ရင်းနှီးခဲ့ရာမှာ အကုန်ရှုံးပြီး အစိုးရဘဏ်နဲ့ ဓာတ်မြေသြဇာရောင်းတဲ့ ကုမ္ပဏီတွေဆီမှာ အကြွေးတင်နေတယ်လို့ ကိုလေးမောင်က ဆိုပါတယ်။

ဖရဲသီး ဝယ်မယ့် ကုန်သည် မရှိတဲ့အတွက် ဖရဲစိုက်တောင်သူ အားလုံးနီးပါး အရင်းရှုံးပြီး အကြွေးတင် ကျန်နေခဲ့ကြတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်က ပြောင်းဖူးစိုက်တဲ့တောင်သူတွေလည်း တရုတ်ကို တင်ပို့ရောင်းချရာမှာ တရုတ်ဘက်က အသွားအလာ အကြီးအကျယ် ကန့်သတ်ချိန်နဲ့ တိုက်ဆိုင်သွားပါတယ်။ ဒါကြောင့် တန်နဲ့ချီတဲ့ ပြောင်းဖူးတွေ ရွှေလီမြစ်ထဲ စွန့်ပစ်ခဲ့ကြပါတယ်။ ပြောင်းဖူးဟာ တရုတ်နိုင်ငံကို တရားဝင် တင်ပို့ရောင်းချရတာမဟုတ်ဘဲ မှောင်ခိုသဘောမျိုး တင်ပို့နေရတာဖြစ်ပါတယ်။

တရုတ်ပြည်က လုံးဝ လက်မခံတော့ဘူးဆိုရင် တောင်သူတွေဟာ ကုန်သည်တွေဆီမှာ အကြွေးတွေ တင်နေမယ်လို့ ရှမ်းပြည်နယ် မူဆယ်မြို့က ပြောင်းဖူးစိုက်တောင်သူ ကိုစိုင်းမေဝ်အွမ် က ဆိုပါတယ်။

ရှမ်းပြည်နယ် မူဆယ်၊ နမ့်ခမ်း နယ်တစ်ဝိုက်က ပြောင်းဖူးစိုက်ခင်းတွေအားလုံးဆိုရင် ကျပ်သိန်းပေါင်း သောင်းနဲ့ ချီ ဆုံးရှုံးနိုင်မှာဖြစ်ပါတယ်။

ပြည်ပတင်ပို့ကုန်တင်မဟုတ်ဘဲ ပြည်တွင်းမှာပဲ ရောင်းချတဲ့ ခရမ်းချဉ်သီးစိုက်သူတွေလည်း အလားတူ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ရောဂါပိုး ကူးစက်မှုထိန်းချုပ်တဲ့ကာလအတွင်း တစ်နေရာနဲ့တစ်နေရာ သွားလာခွင့်တွေ ပိတ်ထားတဲ့အတွက် ဝယ်လက် ဆင်းမလာလို့ ရောင်းမရ ဖြစ်နေတာလို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ခရမ်းချဉ်စိုက် တောင်သူ ကိုမြလေးက ပြောပါတယ်။

အစိုးရဘဏ်က ရယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေကလည်း အခုလထဲမှာ ပြန်ဆပ်ဖို့ အကြောင်းကြားစာ ရောက်လာပြီဖြစ်တာကြောင့် မဖြစ်မနေ ဆပ်ရမယ်ဆိုရင်လည်း အချိန်တစ်ခုပေးဖို့  တောင်သူတွေက တောင်းဆိုထားကြပါတယ်။

တရုတ်နိုင်ငံဘက်ကို မူဆယ်ကနေတစ်ဆင့် ဖရဲ၊ သခွား၊ သရက်၊ ပြောင်းဖူးနဲ့ အခြားသီးနှံတွေ နှစ်စဉ်တင်ပို့ ရောင်းချနေတာဖြစ်ပြီး အချို့သီးနှံတွေက နှစ်နိုင်ငံ ကုန်သွယ်ခွင့် သဘောတူညီချက် မရသေးတာကြောင့် မှောင်ခိုတင်ပို့နေရပြီး ဈေးနှိမ်ခံနေရပါတယ်။

သီးနှံတွေကို တရားဝင် တင်ပို့ရောင်းချနိုင်ရေး နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီး ဖြေရှင်းပေးကြဖို့ကိုလည်း တောင်သူတွေက တောင်းဆိုထားကြပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/program_2/farmers-owe-05142020023312.html
စိုက္ပ်ိဳးေရးထြက္ကုန္ အရႈံးေပၚလို႔ ေတာင္သူအမ်ားအျပား အေႂကြးတင္ စိုက္ပ်ိဳးေရးထြက္ကုန္ အရႈံးေပၚလို႔ ေတာင္သူအမ်ားအျပား အေႂကြးတင္ Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.