ကန႔္သတ္ခ်က္ေတြေၾကာင့္ အေသးစားလုပ္ငန္းေတြ ရပ္တည္ဖို႔ ခက္ခဲ

(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ ကန႔္သတ္မႈအခ်ိဳ႕လုပ္ခဲ့ၿပီး တစ္လေက်ာ္လာတဲ့အခါမွာေတာ့ ေနရာငွားရမ္းလုပ္ကိုင္ရသူေတြ အလုပ္သမားဝန္ထမ္းေတြနဲ႔ လည္ပတ္ရတဲ့ အေသးစားလုပ္ငန္းရွင္ေတြ အခက္ အခဲမ်ားစြာ ရင္ဆိုင္ေနရပါတယ္။

ျပည္သူေတြ  မလိုအပ္ရင္ အျပင္မထြက္ဘဲ ေနအိမ္ေတြမွာပဲေနၾကဖို႔၊ အျပင္ထြက္ရင္လည္း ႏွာေခါင္းစည္းတပ္ဖို႔၊ လူငါးေယာက္ထက္ ပိုမစုဖို႔၊ စားေသာက္ဆိုင္ေတြ ပါဆယ္ပဲေရာင္းဖို႔ ထုတ္ျပန္ေၾကညာထားတာ တစ္လေက်ာ္ လာခ်ိန္မွာ အလုပ္သမားဝန္ထမ္းေတြနဲ႔ လည္ပတ္ရတဲ့ အစားအေသာက္ ဝန္ေဆာင္မႈလုပ္ငန္းေတြ ဆက္လက္ ရပ္တည္ဖို႔ ပိုမို ခက္ခဲလာေနပါတယ္။

ေ႐ႊစၾကၤာ လက္ဖက္ရည္ဆိုင္ပိုင္ရွင္ ဦးလူေမာ္ဝင္းက ဆိုင္ထိုင္စားေသာက္မႈမရွိတဲ့ေနာက္ပိုင္း ပါဆယ္ဝယ္ယူ သူကိုသာ ေရာင္းေပးရတာျဖစ္လို႔ အျမတ္ရဖို႔ ခက္ခဲလာတဲ့အတြက္ ေနာက္ထပ္တစ္လေလာက္ ထပ္ၿပီး ေတာင့္ခံႏိုင္မယ္ မထင္ေတာ့ဘူးလို႔ RFA ကို ေျပာပါတယ္။

"ကြၽန္ေတာ့ဆိုင္ဆိုရင္ ၃ လပိုင္း ၂၉ ရက္ေန႔ကတည္းက ၿခံစည္း႐ိုးခတ္ၿပီးေတာ့ ပါဆယ္ပဲေရာင္းေတာ့တာ ဒီေန႔ အခ်ိန္ထိပဲ၊ ေရာင္းအားကလည္း ၈၅ ရာခိုင္ႏႈန္းေလာက္အထိကိုက်သြားတယ္၊  အခက္အခဲကေတာ့ အႀကီးႀကီး ေပါ့၊ ကြၽန္ေတာ့ဆိုင္မွာ ဝန္ထမ္းအေယာက္ တစ္ရာေက်ာ္ရွိတယ္ လုပ္ငန္းသေဘာအရ စရိတ္ၿငိမ္းဆိုေတာ့ ေရာင္း ရရ မေရာင္းရရ အခုခ်ိန္မွာစရိတ္ၿငိမ္း စီစဥ္ေပးထားရတယ္၊ ၿပီးေတာ့လစာကလည္း မျဖစ္မေနေပးေနရတဲ့အခါ ၾကေတာ့ အခက္အခဲကေတာ့မ်ားတယ္ခင္ဗ် ေတာ္ေတာ္ႀကီးတယ္၊ ကြၽန္ေတာ့မွာေျမငွားခရွိတယ္ မီတာခေတြ ရွိတယ္၊ ဒါေတြကလည္း ၿခဳံလိုက္လို႔ရတဲ့စရိတ္ေတြ မဟုတ္ေတာ့ အဲတာေတြကပါ အရႈံးေပါ့ဗ်ာ၊ ၿပီးခဲ့တဲ့လက ဆိုရင္ ဝန္ထမ္းေတြကို လခေတာင္ တစ္ဝက္ႏႈန္းပဲေပးႏိုင္ေတာ့တယ္၊ ဒီလ ႏွစ္လဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ လုပ္ငန္းေတြ မလြယ္ေလာက္ဘူး၊ ေတာင့္ခံႏိုင္ဖို႔အေျခအေန ေတာ္ေတာ္ဆိုးဆိုးပဲ။"

ေရာင္းအား ၈၅ ရာခိုင္ႏႈန္းေလာက္အထိ က်သြားသလို ဝန္ထမ္းတစ္ရာေက်ာ္ရဲ႕ စားဝတ္ေနေရးကို တာဝန္ ယူထားရၿပီး သူတို႔ကို လစာေပးႏိုင္ဖို႔ကလည္းရွိေနတယ္လို႔ ဦးလူေမာ္ဝင္းက ဆိုပါတယ္။

ေန႔စားအလုပ္သမားေတြနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္တဲ့ ဦးေအဝမ္းကလည္း သူ႔အလုပ္သမားေတြရဲ႕ မိသားစုစားဝတ္ေနေရးအတြက္ ယာယီထိန္းထားႏိုင္ေပမယ့္ ေရရွည္ေတာ့ လုံးဝမျဖစ္ႏိုင္ဘူးလို႔ ေျပာပါတယ္။

"လက္ရွိအေနအထားကေတာ့ ေငြေၾကးအခက္အခဲေပါ့ ေလာေလာဆယ္ေတာ့ အလုပ္သမားေတြရွင္းဖို႔၊ သူတို႔ မိသားစုစားဝတ္ေနေရးေျပလည္ဖို႔၊ ေနာက္တခါ စားဝတ္ေနေရးေျပလည္ဖို႔ထက္ ေရာဂါမဝင္ေအာင္ ထိန္းသိမ္း ကာကြယ္ဖို႔၊ ဒါေတြကေတာ့ အၿမဲၾကည့္ရႈေစာင့္ေရွာက္ေနရတာေပါ့၊ ထိုက္သင့္သေလာက္ေတာ့ ေလာေလာ ဆယ္ေတာ့ ေျဖရွင္းႏိုင္သေလာက္ေတာ့ ေျဖရွင္းေပးေနရဦးမွာပါပဲ၊ လက္ရွိအေနအထားအရသာထိန္းထားလို႔ ရတာေလ ေရရွည္ေတာင့္ထားဖို႔ကေတာ့ ဘယ္လိုမွမျဖစ္ႏိုင္တဲ့အေနအထားမ်ိဳး ျဖစ္သြားလိမ့္မယ္။ သြားလာ ကန႔္သတ္မႈကို  အစိုးရထပ္ၿပီး သက္တမ္းတိုးရင္လည္း လိုက္နာၿပီး လုပ္ငန္းအဆင္ေျပေအာင္ လုပ္ကိုင္ ၾကည့္ဦးမယ္လို႔ ဦးေအဝမ္းက ဆိုပါတယ္။ အစိုးရေခ်းေငြရရွိေရးက သတ္မွတ္ခ်က္ေတြမ်ားတာေၾကာင့္ လုပ္ငန္းလုပ္ကိုင္သူတိုင္းမရဘူးလို႔ အေသးစားလုပ္ငန္းလုပ္ကိုင္ေတြက ေျပာပါတယ္။"

တစ္လေက်ာ္ အလုပ္နားထားရတဲ့ အလူမီနီယံလုပ္ငန္းလုပ္ကိုင္သူ ကိုမင္းေနာင္က ဝန္ထမ္းလခအျပင္ ဆိုင္ခန္းငွားရမ္းခ တစ္လကို သုံးသိန္းနီးပါးအတြက္ အခက္အခဲရွိေနတယ္လို႔ ေျပာပါတယ္။

"အလုပ္သမားကေလးေယာက္၊ နားထားတာက တစ္လခြဲရွိပါပီ၊ သူတို႔ကိုလစာတဝက္ေပးထားတာေပါ့၊ အဓိက ကေတာ့ ဆိုင္လချပႆနာကို ေခါင္းကိုက္ေနတာေပါ့၊ အခု Lock Down ျဖည္လိုက္ၿပီးလည္း ကြၽန္ေတာ္တို႔ အလုပ္က ခ်က္ျခင္းျပန္စလို႔မရပါဘူး၊ ေတာ္ေတာ္ႀကီးအခ်ိန္ယူရဦးမယ္။"

နားထားရတဲ့လအတြက္ သူ႔မွာရွိတဲ့ဝန္ထမ္းေတြကို လစာတစ္ဝက္ေပးထားေပမယ့္ ေရရွည္အတြက္ကေတာ့ မျဖစ္ႏိုင္ဘူးလို႔ ကိုမင္းေနာင္က ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေအာင္ ျပည္သူေတြ ေနအိမ္မွာပဲေနၾကဖို႔ တိုက္တြန္းမႈ ကန႔္သတ္မႈေတြက ဆက္ရွိေနရဦးမွာျဖစ္ပါတယ္။

တစ္ဖက္မွာလည္း ဒီလိုကန႔္သတ္ထားမႈေတြေၾကာင့္ အလုပ္သမားဝန္ထမ္းေတြနဲ႔ စီးပြားေရးလုပ္ငန္းလုပ္ကိုင္ေနရ သူေတြဟာ ေရရွည္ေတာင့္ခံႏိုင္ဖို႔ အဆင္မေျပေတာ့တဲ့အတြက္ အစိုးရအေနနဲ႔ ကူညီေပးသင့္တယ္လို႔ အေသးစား လုပ္ငန္းရွင္ေတြက ေျပာၾကပါတယ္။

သန႔္ဇင္ဦး / RFA Burmese
-------------------------------

(Unicode)⤵⤵⤵
ကန့်သတ်ချက်တွေကြောင့် အသေးစားလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကန့်သတ်မှုအချို့လုပ်ခဲ့ပြီး တစ်လကျော်လာတဲ့အခါမှာတော့ နေရာငှားရမ်းလုပ်ကိုင်ရသူတွေ အလုပ်သမားဝန်ထမ်းတွေနဲ့ လည်ပတ်ရတဲ့ အသေးစားလုပ်ငန်းရှင်တွေ အခက် အခဲများစွာ ရင်ဆိုင်နေရပါတယ်။

ပြည်သူတွေ  မလိုအပ်ရင် အပြင်မထွက်ဘဲ နေအိမ်တွေမှာပဲနေကြဖို့၊ အပြင်ထွက်ရင်လည်း နှာခေါင်းစည်းတပ်ဖို့၊ လူငါးယောက်ထက် ပိုမစုဖို့၊ စားသောက်ဆိုင်တွေ ပါဆယ်ပဲရောင်းဖို့ ထုတ်ပြန်ကြေညာထားတာ တစ်လကျော် လာချိန်မှာ အလုပ်သမားဝန်ထမ်းတွေနဲ့ လည်ပတ်ရတဲ့ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ ပိုမို ခက်ခဲလာနေပါတယ်။

ရွှေစင်္ကြာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးလူမော်ဝင်းက ဆိုင်ထိုင်စားသောက်မှုမရှိတဲ့နောက်ပိုင်း ပါဆယ်ဝယ်ယူ သူကိုသာ ရောင်းပေးရတာဖြစ်လို့ အမြတ်ရဖို့ ခက်ခဲလာတဲ့အတွက် နောက်ထပ်တစ်လလောက် ထပ်ပြီး တောင့်ခံနိုင်မယ် မထင်တော့ဘူးလို့ RFA ကို ပြောပါတယ်။

"ကျွန်တော့ဆိုင်ဆိုရင် ၃ လပိုင်း ၂၉ ရက်နေ့ကတည်းက ခြံစည်းရိုးခတ်ပြီးတော့ ပါဆယ်ပဲရောင်းတော့တာ ဒီနေ့ အချိန်ထိပဲ၊ ရောင်းအားကလည်း ၈၅ ရာခိုင်နှုန်းလောက်အထိကိုကျသွားတယ်၊  အခက်အခဲကတော့ အကြီးကြီး ပေါ့၊ ကျွန်တော့ဆိုင်မှာ ဝန်ထမ်းအယောက် တစ်ရာကျော်ရှိတယ် လုပ်ငန်းသဘောအရ စရိတ်ငြိမ်းဆိုတော့ ရောင်း ရရ မရောင်းရရ အခုချိန်မှာစရိတ်ငြိမ်း စီစဉ်ပေးထားရတယ်၊ ပြီးတော့လစာကလည်း မဖြစ်မနေပေးနေရတဲ့အခါ ကြတော့ အခက်အခဲကတော့များတယ်ခင်ဗျ တော်တော်ကြီးတယ်၊ ကျွန်တော့မှာမြေငှားခရှိတယ် မီတာခတွေ ရှိတယ်၊ ဒါတွေကလည်း ခြုံလိုက်လို့ရတဲ့စရိတ်တွေ မဟုတ်တော့ အဲတာတွေကပါ အရှုံးပေါ့ဗျာ၊ ပြီးခဲ့တဲ့လက ဆိုရင် ဝန်ထမ်းတွေကို လခတောင် တစ်ဝက်နှုန်းပဲပေးနိုင်တော့တယ်၊ ဒီလ နှစ်လဆိုရင်တော့ ကျွန်တော်တို့ လုပ်ငန်းတွေ မလွယ်လောက်ဘူး၊ တောင့်ခံနိုင်ဖို့အခြေအနေ တော်တော်ဆိုးဆိုးပဲ။"

ရောင်းအား ၈၅ ရာခိုင်နှုန်းလောက်အထိ ကျသွားသလို ဝန်ထမ်းတစ်ရာကျော်ရဲ့ စားဝတ်နေရေးကို တာဝန် ယူထားရပြီး သူတို့ကို လစာပေးနိုင်ဖို့ကလည်းရှိနေတယ်လို့ ဦးလူမော်ဝင်းက ဆိုပါတယ်။

နေ့စားအလုပ်သမားတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ ဦးအေဝမ်းကလည်း သူ့အလုပ်သမားတွေရဲ့ မိသားစုစားဝတ်နေရေးအတွက် ယာယီထိန်းထားနိုင်ပေမယ့် ရေရှည်တော့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"လက်ရှိအနေအထားကတော့ ငွေကြေးအခက်အခဲပေါ့ လောလောဆယ်တော့ အလုပ်သမားတွေရှင်းဖို့၊ သူတို့ မိသားစုစားဝတ်နေရေးပြေလည်ဖို့၊ နောက်တခါ စားဝတ်နေရေးပြေလည်ဖို့ထက် ရောဂါမဝင်အောင် ထိန်းသိမ်း ကာကွယ်ဖို့၊ ဒါတွေကတော့ အမြဲကြည့်ရှုစောင့်ရှောက်နေရတာပေါ့၊ ထိုက်သင့်သလောက်တော့ လောလော ဆယ်တော့ ဖြေရှင်းနိုင်သလောက်တော့ ဖြေရှင်းပေးနေရဦးမှာပါပဲ၊ လက်ရှိအနေအထားအရသာထိန်းထားလို့ ရတာလေ ရေရှည်တောင့်ထားဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားမျိုး ဖြစ်သွားလိမ့်မယ်။ သွားလာ ကန့်သတ်မှုကို  အစိုးရထပ်ပြီး သက်တမ်းတိုးရင်လည်း လိုက်နာပြီး လုပ်ငန်းအဆင်ပြေအောင် လုပ်ကိုင် ကြည့်ဦးမယ်လို့ ဦးအေဝမ်းက ဆိုပါတယ်။ အစိုးရချေးငွေရရှိရေးက သတ်မှတ်ချက်တွေများတာကြောင့် လုပ်ငန်းလုပ်ကိုင်သူတိုင်းမရဘူးလို့ အသေးစားလုပ်ငန်းလုပ်ကိုင်တွေက ပြောပါတယ်။"

တစ်လကျော် အလုပ်နားထားရတဲ့ အလူမီနီယံလုပ်ငန်းလုပ်ကိုင်သူ ကိုမင်းနောင်က ဝန်ထမ်းလခအပြင် ဆိုင်ခန်းငှားရမ်းခ တစ်လကို သုံးသိန်းနီးပါးအတွက် အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

"အလုပ်သမားကလေးယောက်၊ နားထားတာက တစ်လခွဲရှိပါပီ၊ သူတို့ကိုလစာတဝက်ပေးထားတာပေါ့၊ အဓိက ကတော့ ဆိုင်လခပြဿနာကို ခေါင်းကိုက်နေတာပေါ့၊ အခု Lock Down ဖြည်လိုက်ပြီးလည်း ကျွန်တော်တို့ အလုပ်က ချက်ခြင်းပြန်စလို့မရပါဘူး၊ တော်တော်ကြီးအချိန်ယူရဦးမယ်။"

နားထားရတဲ့လအတွက် သူ့မှာရှိတဲ့ဝန်ထမ်းတွေကို လစာတစ်ဝက်ပေးထားပေမယ့် ရေရှည်အတွက်ကတော့ မဖြစ်နိုင်ဘူးလို့ ကိုမင်းနောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်အောင် ပြည်သူတွေ နေအိမ်မှာပဲနေကြဖို့ တိုက်တွန်းမှု ကန့်သတ်မှုတွေက ဆက်ရှိနေရဦးမှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီလိုကန့်သတ်ထားမှုတွေကြောင့် အလုပ်သမားဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေရ သူတွေဟာ ရေရှည်တောင့်ခံနိုင်ဖို့ အဆင်မပြေတော့တဲ့အတွက် အစိုးရအနေနဲ့ ကူညီပေးသင့်တယ်လို့ အသေးစား လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/program_2/sme-impact-in-corona-period-05132020013428.html
ကန႔္သတ္ခ်က္ေတြေၾကာင့္ အေသးစားလုပ္ငန္းေတြ ရပ္တည္ဖို႔ ခက္ခဲ ကန႔္သတ္ခ်က္ေတြေၾကာင့္ အေသးစားလုပ္ငန္းေတြ ရပ္တည္ဖို႔ ခက္ခဲ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.