လႊတ္ေတာ္မွာ ေနရာပိုရႏိုင္ဖို႔ တိုင္းရင္းသားပါတီမ်ား ျပင္ဆင္ေန

လႊတ္ေတာ္တက္လာတဲ့ ရခိုင္အမ်ိဳးသားပါတီ ANP ကိုယ္စားလွယ္ေတြကို ေတြ႕ရစဥ္ / Photo: RFA
(Zawgyi)⤵⤵⤵
တိုင္းရင္းသားေတြေတာင္းဆိုၾကတဲ့ ဗဟိုခ်ဳပ္ကိုင္မႈ ေလ်ာ့က်ေစေရး၊ ဖက္ဒရယ္ျပည္ေထာင္စုစနစ္ တည္ေဆာက္ ေရးတို႔အတြက္ ျပည္နယ္အဆင့္အျပင္ ျပည္ေထာင္စုအဆင့္လႊတ္ေတာ္ေတြမွာပါ တိုင္းရင္းသားပါတီေတြက ကိုယ္စားလွယ္ေတြ အမ်ားစု ပါဝင္ႏိုင္ဖို႔ လိုအပ္ေနပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တစ္ပါတီတည္းက မဲအျပတ္အသတ္ေအာင္ႏိုင္လို႔ လႊတ္ေတာ္ေတြထဲ အဲဒီပါတီက ကိုယ္စားလွယ္ေတြပဲ အမ်ားစု ေရာက္လာဦးမယ္ဆိုရင္ လႊတ္ေတာ္က ဆုံးျဖတ္ေဆာင္႐ြက္မယ့္အရာတိုင္းဟာ အႏိုင္ရပါတီရဲ႕ သေဘာအတိုင္းသာျဖစ္ေနဦးမွာပါ။

ဒီလိုအေျခအေနမွာ လႊတ္ေတာ္နဲ႔အစိုးရဟာ တစ္ပါတီထဲကသူေတြျဖစ္လို႔ အစိုးရကို လႊတ္ေတာ္က ပီပီျပင္ျပင္ ထိန္းေၾကာင္းႏိုင္ဖို႔လည္း အခက္ေတြ႕ေနဦးမွာ ျဖစ္ပါတယ္။

ဒီအခင္းအက်င္းကို ၿပီးခဲ့တဲ့ ၂၀၁၀ နဲ႔ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲၿပီးေနာက္ပိုင္း လႊတ္ေတာ္သက္တမ္း ႏွစ္ခုစလုံးမွာ ႀကဳံေတြ႕ခဲ့ၿပီးပါၿပီ။

ၿပီးခဲ့တဲ့ လႊတ္ေတာ္အစည္းအေဝးေတြမွာ ဘတ္ဂ်က္နဲ႔ ပတ္သက္လို႔ ေထာက္ျပေဆြးေႏြးတာ၊ ေဒသဖြံ႕ၿဖိဳးေရး ကိစၥနဲ႔ ပတ္သက္လို႔ တင္ျပတာနဲ႔  အေျခခံဥပေဒ ျပင္ဆင္ေရးမွာ တိုင္းရင္းသား ပါတီေတြရဲ႕ လိုလားခ်က္ေတြကို တင္ျပတဲ့အခါ မဲအေရအတြက္ နည္းပါးမႈေၾကာင့္ အရာ မေရာက္ခဲ့တာေတြ အမ်ားအျပားရွိပါတယ္။

ရႈံးႏွိမ့္မႈေတြထဲမွာ ႏိုင္ငံေတာ္သမၼတကသာ ဝန္ႀကီးခ်ဳပ္ေတြကို တိုက္႐ိုက္ခန႔္အပ္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၁ (ခ) ကို ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ မဲေပးေ႐ြးခ်ယ္မႈနဲ႔ ခန႔္အပ္ႏိုင္ေရး ေျပာင္းလဲျပင္ဆင္ေပးဖို႔ တင္ျပခ်က္ မေအာင္ျမင္ခဲ့တာလည္း ပါဝင္ခဲ့ပါတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီ USDP အစိုးရေခတ္နဲ႔ အာဏာရပါတီ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ႀကီးစိုးတဲ့ကာလ လႊတ္ေတာ္ေတြကေန အခြင့္အေရးဆုံးရႈံးတဲ့ သင္ခန္းစာရခဲ့ၿပီးၿပီလို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

“ကိုယ့္တိုင္းရင္းသား အခ်င္းခ်င္းရႏိုင္ေအာင္ ႀကိဳးစားဖို႔ လိုတယ္။ တဖက္က ေတာင္ၿပိဳကမ္းၿပိဳႏိုင္တဲ့ ပုံစံမ်ိဳးဆိုရင္ ကြၽန္ေတာ္တို႔က ဒီအတိုင္းပဲ အခြင့္အေရးဆုံးရႈံးေနဦးမွာပဲ။ USDP ေခတ္တုန္းကလည္း ပထမအႀကိမ္ လႊတ္ေတာ္မွာလည္း အဲလိုပဲဆုံးရႈံးခဲ့တယ္။ NLD လႊတ္ေတာ္က်ေတာ့လည္း အႏိုင္က်င့္သလို ကြၽန္ေတာ္တို႔ ခံစားခဲ့ရတယ္။ တဖက္ပါတီေတြက တိုင္းရင္းသားပါတီေတြရဲ႕ အားကိုယူၿပီး အစိုးရဖြဲ႕ႏိုင္မယ့္ အေနအထားမ်ိဳးေရာက္မွ ကြၽန္ေတာ္တို႔ရဲ႕ ဆႏၵေတြ ရယူသြားႏိုင္မယ္”

သူဟာ ရခိုင္အမ်ိဳးသားပါတီ ANP က ကိုယ္စားလွယ္ပါ။ ရခိုင္ျပည္နယ္မွာေတာ့ ျပည္မ ပါတီေတြရဲ႕ လႊမ္းမိုးမႈက မရွိသေလာက္ျဖစ္ေနတဲ့အတြက္ တိုင္းရင္းသားပါတီေတြသာ အႏိုင္ရလိမ့္မယ္လို႔ သူက တထစ္ခ်ယုံၾကည္ထားပါတယ္။

လက္နက္ကိုင္ပဋိပကၡရွိေနေပမယ့္ ၿမိဳ႕နယ္တိုင္းသာ ေ႐ြးေကာက္ပြဲသာက်င္းပျဖစ္မယ္ ဆိုရင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ကိုးၿမိဳ႕နယ္ကို ANP က အႏိုင္ရဖို႔ ယုံၾကည္ခ်က္ရွိၿပီး ျပည္နယ္တြင္း တျခား ၿမိဳ႕နယ္ေတြမွာလည္း တျခားေသာ ရခိုင္တိုင္းရင္းသား ပါတီေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ ANP က အစီအစဥ္ရွိတယ္လို႔ ေျပာပါတယ္။

ANP ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာလည္း ျပည္နယ္လႊတ္ေတာ္အပါအဝင္ ျပည္သူ႔ လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ေတြမွာ ရခိုင္ျပည္နယ္အတြက္ ေနရာအမ်ားစု အႏိုင္ရခဲ့ၿပီး အနည္းအက်ဥ္းကိုေတာ့ ႀကံ့ခိုင္ေရးပါတီကို ေပးခဲ့ရပါတယ္။

NLD အားသာခဲ့တဲ့ မြန္ျပည္နယ္၊ ကခ်င္ျပည္နယ္ေတြမွာေတာ့ ေဒသခံေတြက ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး လႈပ္ရွားမႈအေနနဲ႔ ကြဲျပားေနတဲ့ တိုင္းရင္းသားပါတီေတြကို ပူးေပါင္းၿပီး တစ္ပါတီတည္းျဖစ္ေရး လုပ္ေဆာင္ ၿပီးပါၿပီ။

ကခ်င္ျပည္နယ္ ဒီမိုကေရစီပါတီ၊ ကခ်င္ဒီမိုကရက္တစ္ပါတီနဲ႔ ကခ်င္ျပည္နယ္ စည္းလုံးညီၫႊတ္ေရးနဲ႔ ဒီမိုကေရစီပါတီေတြကို ပူးေပါင္းၿပီး ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီကို ဖြဲ႕စည္းခဲ့ပါတယ္။

ေပါင္းလိုက္တဲ့ ပါတီသစ္ရဲ႕ ဥကၠ႒ ေဒါက္တာမနာမ္တူးဂ်ာက ၂၀၂၀ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ ယုံၾကည္ခ်က္ ရွိေနတယ္လို႔ ေျပာပါတယ္။

“ကိုယ့္သားသမီးေတြ ဖြဲ႕စည္းတဲ့ပါတီ၊ ကိုယ့္ေဒသမွာ ဖြဲ႕စည္းတဲ့ပါတီကို ဝိုင္းဝန္းမဲေပးၾကပါ။ ကြၽန္ေတာ္တို႔ ပါတီက မဲမႏိုင္စရာ အေၾကာင္းမရွိဘူးလို႔ ကြၽန္ေတာ္ျမင္ပါတယ္။ အဓိကေတာ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က လြတ္လပ္ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပေပးဖို႔၊ ျပည္သူလူထုလည္း ေသခ်ာစဥ္းစားၿပီး မဲေပးၾကဖို႔။ မဲတစ္ျပားဟာ အက်ိဳးရွိတဲ့ မဲတစ္ျပားျဖစ္ပါေစ၊ အျပဳသေဘာေဆာင္တဲ့ မဲတစ္ျပားျဖစ္ပါေစ”

ကခ်င္ပါတီေတြကို ပူးေပါင္းလိုက္တယ္ဆိုေပမယ့္ ကခ်င္ျပည္နယ္မွာ ေဒသခံပါတီေတြျဖစ္တဲ့ ဒီမိုကေရ စီပါတီသစ္ (ကခ်င္)၊ ကခ်င္အမ်ိဳးသားကြန္ကရက္ပါတီ၊ ကခ်င္အမ်ိဳးသားပါတီ ၃ ခုက သီးသန႔္စီ ရွိေနပါ ေသးတယ္။

ေဒါက္တာမနာမ္တူးဂ်ာတို႔ ပူးေပါင္းပါတီရဲ႕ အဓိက ယွဥ္ၿပိဳင္ဘက္ကေတာ့ ပါတီႀကီးေတြျဖစ္တဲ့ USDP နဲ႔ NLD သာ ျဖစ္တယ္လို႔ ေျပာပါတယ္။  ကိုယ္စားလွယ္ေလာင္းေတြအျဖစ္  ေဒသခံ ျဖစ္သူေတြ၊ အသက္မႀကီးလြန္း မငယ္လြန္းသူေတြထဲက ႀကိဳတင္ ေ႐ြးခ်ယ္ထားၿပီး အမ်ိဳးသမီးနဲ႔ လူငယ္ပါဝင္မႈကိုလည္း ထည့္သြင္းထားတယ္လို႔ ေျပာပါတယ္။

မြန္ျပည္နယ္မွာလည္း မြန္အမ်ိဳးသားပါတီနဲ႔ မြန္ေဒသလုံးဆိုင္ရာဒီမိုကေရစီပါတီ၂ ခု ပူးေပါင္းၿပီး မြန္ညီၫြတ္ေရး ပါတီကို တည္ေထာင္ထားပါတယ္။ တျခားမြန္ပါတီအေနနဲ႔ကေတာ့ အမ်ိဳးသမီးပါတီ (မြန္) သာ ရွိပါေတာ့တယ္။

မြန္ျပည္နယ္မွာ  ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ မဟာမိတ္ပါတီေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္သြားမယ္လို႔  မြန္ညီၫြတ္ေရးပါတီရဲ႕ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီဝင္ ႏိုင္စိုးျမင့္ က ေျပာပါတယ္။

“တိုင္းရင္းသားပါတီေတြ ျပတ္ျပတ္သားသားႏိုင္ဖို႔ေတာ့ လိုအပ္တယ္။ အတတ္ႏိုင္ဆုံးေတာ့ ႀကိဳးစားတာေပါ့။ မြန္ျပည္နယ္က တျခားေသာျပည္နယ္ေတြ ၊ ရခိုင္ေတြနဲ႔ မတူတာလည္းရွိတယ္။ ဥပမာ - က်ိဳက္ထိုတို႔ ဘီးလင္းတို႔မွာ မြန္ေတြက အနည္းစုပဲရွိတယ္။ ၂၀၂၀မွာ NLD အႏိုင္ မရေရး အတြက္ ႀကိဳးစားမွာေပါ့ေလ။ မြန္တစ္ခုတည္း ႀကိဳးစားလို႔ မရရင္ မိတ္ဖက္အဖြဲ႕အစည္းေတြအေနနဲ႔ တိုင္ပင္ၿပီး ႀကိဳးစားမယ္။ ကိုကိုႀကီးတို႔ ပါတီ UNA ပါတီေတြ ၊ ေဒးဗစ္လွျမင့္တို႔ ဒါေတြနဲ႔ေပါ့”

ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲ အခင္းအက်င္းမွာေတာ့ ရွမ္းျပည္နယ္မွာ အားေကာင္းတဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၁၀၇ ဦး ရွိတဲ့   ျပည္နယ္လႊတ္ေတာ္မွာ  ၂၈ ေနရာ ရခဲ့ပါတယ္။ က်န္တဲ့ တိုင္းရင္းသားမ်ိဳးႏြယ္စုပါတီေတြ ၂၃ ေနရာ ရတာ ေတြ႕ရမွာပါ။

ျပည္ေထာင္စုအဆင့္မွာေတာ့ SNLD ဟာ အမ်ိဳးသားလႊတ္ေတာ္မွာ ၁၂ ေနရာအနက္ သုံးေနရာရခဲ့ၿပီး ျပည္သူ႔ လႊတ္ေတာ္က ေနရာ ၉၀ ေက်ာ္မွာ ေနရာ ၂၀ နီးပါးရခဲ့ပါတယ္။

SNLD နဲ႔ ယွဥ္ၿပိဳင္ဘက္ ရွမ္းပါတီျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီကလည္း ျပည္သူ႔လႊတ္ေတာ္ မွာ ၁၅ ေနရာ နီးပါး ရခဲ့ပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲမွာ ရလဒ္က အေျပာင္းအလဲ သိပ္မရွိႏိုင္ဘူးလို႔ SNLD ပါတီရဲ႕ ရွမ္းျပည္နယ္၊ မိုင္းရႈးၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းလင္းျမတ္က ေျပာပါတယ္။

“၂၀၂၀ မွာလည္း သိပ္ၿပီးေတာ့ ႀကီးႀကီးမားမား ေျပာင္းလဲသြားမယ့္ အေျခအေနမ်ိဳးေတာ့ မရွိေလာက္ဘူးလို႔ ကြၽန္ေတာ္ထင္တယ္။ လက္ရွိအႏိုင္ရရွိထားတဲ့ ၿမိဳ႕နယ္ေနရာေတြထက္ ပိုၿပီးေတာ့ ၂၀၂၀ မွာ ရရွိႏိုင္ဖို႔ ႀကိဳးပမ္းေနတာလည္းရွိတယ္၊ ရရွိမယ္လို႔လည္း ယုံၾကည္တယ္။ တေန႔က်ရင္ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ေတာ့ အျပည့္အဝ ျဖစ္လာမယ္လို႔ေတာ့ ယုံတယ္။ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ကေန ျဖစ္လာႏိုင္စရာေတြလည္း ေမွ်ာ္မွန္း ရတာရွိတယ္”

တိုင္းရင္းသားပါတီေတြ ေ႐ြးေကာက္ပြဲႏိုင္ၾကမယ္ဆိုရင္ေတာင္ လႊတ္ေတာ္ထဲမွာ အခ်င္းခ်င္းပူးေပါင္းေဆာင္ ႐ြက္ႏိုင္ဖို႔ လိုမယ္လို႔ တိုင္းရင္းသား အေရးေလ့လာသူ ဦးသန္းစိုးႏိုင္က ေျပာပါတယ္။

“၂၀၁၅ နဲ႔ စာလို႔ရွိရင္ တိုင္းရင္းသားေတြရဲ႕ ပါဝင္မႈ အခ်ိဳးအစားက ပိုၿပီး ေကာင္းလာႏိုင္ေခ်ရွိတယ္။ ဒါေပမဲ့ အေျခအေနတစ္ခုလုံး ေျပာင္းသြားႏိုင္ဖို႔က တိုင္းရင္းသားအင္အားစု အခ်င္းခ်င္းက ေပါင္းစည္းႏိုင္မွ။ အဲလို ေပါင္းစည္းႏိုင္မယ္ဆိုရင္ေတာ့ ဘာပဲျဖစ္ျဖစ္ သူတို႔အေနနဲ႔ အဆိုတင္တာေတြ ဘာေတြကို လုပ္ႏိုင္မယ္။ ျပည္နယ္တစ္ခုခ်င္းရဲ႕ အက်ိဳးစီးပြားေတြကို ေပါင္းစည္းဖို႔ဆိုတာက ေတာ္ေတာ္ေတာ့ခက္ခဲတဲ့ကိစၥ”

၂၀၁၄ သန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံမွာ လူဦးေရ ၅၂ သန္းဝန္းက်င္ရွိၿပီး တိုင္းရင္းသား လူမ်ိဳးေပါင္း ၁၃၅ မ်ိဳး ေနထိုင္ပါတယ္။

အဲဒီထဲမွာ ဗမာတိုင္းရင္းသားက အမ်ားစုျဖစ္ၿပီး တျခားတိုင္းရင္းသားေတြက ၃၀ ရာခိုင္ႏႈန္းေက်ာ္ရွိတယ္လို႔ ခန႔္မွန္းပါတယ္။ တိုင္းရင္းသား လူမ်ိဳးႏြယ္စုအလိုက္ လူဦးေရ သန္းေခါင္စာရင္း ထုတ္ျပန္ႏိုင္ဖို႔ အစိုးရက စီစဥ္ေဆာင္႐ြက္ေနေပမယ့္ လက္ရွိ အခ်ိန္အထိ မထုတ္ျပန္ႏိုင္ေသးပါဘူး။

လူဦးေရအခ်ိဳးအစားအရ နည္းပါးတဲ့ တိုင္းရင္းသားေတြအေနနဲ႔ မိမိတို႔လိုလားခ်က္ေတြကို လႊတ္ေတာ္တြင္းကေန အေကာင္အထည္ေဖာ္ေရးႏိုင္ေရးေဆာင္႐ြက္ရာမွာ တိုင္းရင္းသားအေရး ေျပာမယ့္ တိုင္းရင္းသားပါတီေတြ လႊတ္ေတာ္ထဲ မ်ားမ်ားေရာက္လာဖို႔ လိုပါတယ္။

တဖက္မွာလည္း တိုင္းရင္းသားပါတီေတြဘက္က ျပည္သူေတြက တိုင္းရင္းသားပါတီေတြအေပၚ ယုံၾကည္မႈ တိုးလာေအာင္ တည္ေဆာက္ဖို႔ လိုအပ္ေနေၾကာင္း တင္ျပလိုက္ရပါတယ္။

ေဝမာထြန္း / RFA Burmese
----------------------------------
(Unicode)⤵⤵⤵
လွှတ်တော်မှာ နေရာပိုရနိုင်ဖို့ တိုင်းရင်းသားပါတီများ ပြင်ဆင်နေ

တိုင်းရင်းသားတွေတောင်းဆိုကြတဲ့ ဗဟိုချုပ်ကိုင်မှု လျော့ကျစေရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက် ရေးတို့အတွက် ပြည်နယ်အဆင့်အပြင် ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာပါ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ အများစု ပါဝင်နိုင်ဖို့ လိုအပ်နေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တစ်ပါတီတည်းက မဲအပြတ်အသတ်အောင်နိုင်လို့ လွှတ်တော်တွေထဲ အဲဒီပါတီက ကိုယ်စားလှယ်တွေပဲ အများစု ရောက်လာဦးမယ်ဆိုရင် လွှတ်တော်က ဆုံးဖြတ်ဆောင်ရွက်မယ့်အရာတိုင်းဟာ အနိုင်ရပါတီရဲ့ သဘောအတိုင်းသာဖြစ်နေဦးမှာပါ။

ဒီလိုအခြေအနေမှာ လွှတ်တော်နဲ့အစိုးရဟာ တစ်ပါတီထဲကသူတွေဖြစ်လို့ အစိုးရကို လွှတ်တော်က ပီပီပြင်ပြင် ထိန်းကြောင်းနိုင်ဖို့လည်း အခက်တွေ့နေဦးမှာ ဖြစ်ပါတယ်။

ဒီအခင်းအကျင်းကို ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက်ပိုင်း လွှတ်တော်သက်တမ်း နှစ်ခုစလုံးမှာ ကြုံတွေ့ခဲ့ပြီးပါပြီ။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ဘတ်ဂျက်နဲ့ ပတ်သက်လို့ ထောက်ပြဆွေးနွေးတာ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စနဲ့ ပတ်သက်လို့ တင်ပြတာနဲ့  အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တိုင်းရင်းသား ပါတီတွေရဲ့ လိုလားချက်တွေကို တင်ပြတဲ့အခါ မဲအရေအတွက် နည်းပါးမှုကြောင့် အရာ မရောက်ခဲ့တာတွေ အများအပြားရှိပါတယ်။

ရှုံးနှိမ့်မှုတွေထဲမှာ နိုင်ငံတော်သမ္မတကသာ ဝန်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်အပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ (ခ) ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ခန့်အပ်နိုင်ရေး ပြောင်းလဲပြင်ဆင်ပေးဖို့ တင်ပြချက် မအောင်မြင်ခဲ့တာလည်း ပါဝင်ခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အစိုးရခေတ်နဲ့ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြီးစိုးတဲ့ကာလ လွှတ်တော်တွေကနေ အခွင့်အရေးဆုံးရှုံးတဲ့ သင်ခန်းစာရခဲ့ပြီးပြီလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ကိုယ့်တိုင်းရင်းသား အချင်းချင်းရနိုင်အောင် ကြိုးစားဖို့ လိုတယ်။ တဖက်က တောင်ပြိုကမ်းပြိုနိုင်တဲ့ ပုံစံမျိုးဆိုရင် ကျွန်တော်တို့က ဒီအတိုင်းပဲ အခွင့်အရေးဆုံးရှုံးနေဦးမှာပဲ။ USDP ခေတ်တုန်းကလည်း ပထမအကြိမ် လွှတ်တော်မှာလည်း အဲလိုပဲဆုံးရှုံးခဲ့တယ်။ NLD လွှတ်တော်ကျတော့လည်း အနိုင်ကျင့်သလို ကျွန်တော်တို့ ခံစားခဲ့ရတယ်။ တဖက်ပါတီတွေက တိုင်းရင်းသားပါတီတွေရဲ့ အားကိုယူပြီး အစိုးရဖွဲ့နိုင်မယ့် အနေအထားမျိုးရောက်မှ ကျွန်တော်တို့ရဲ့ ဆန္ဒတွေ ရယူသွားနိုင်မယ်”

သူဟာ ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားလှယ်ပါ။ ရခိုင်ပြည်နယ်မှာတော့ ပြည်မ ပါတီတွေရဲ့ လွှမ်းမိုးမှုက မရှိသလောက်ဖြစ်နေတဲ့အတွက် တိုင်းရင်းသားပါတီတွေသာ အနိုင်ရလိမ့်မယ်လို့ သူက တထစ်ချယုံကြည်ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခရှိနေပေမယ့် မြို့နယ်တိုင်းသာ ရွေးကောက်ပွဲသာကျင်းပဖြစ်မယ် ဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်း ကိုးမြို့နယ်ကို ANP က အနိုင်ရဖို့ ယုံကြည်ချက်ရှိပြီး ပြည်နယ်တွင်း တခြား မြို့နယ်တွေမှာလည်း တခြားသော ရခိုင်တိုင်းရင်းသား ပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ANP က အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

ANP ဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ပြည်နယ်လွှတ်တော်အပါအဝင် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ရခိုင်ပြည်နယ်အတွက် နေရာအများစု အနိုင်ရခဲ့ပြီး အနည်းအကျဉ်းကိုတော့ ကြံ့ခိုင်ရေးပါတီကို ပေးခဲ့ရပါတယ်။

NLD အားသာခဲ့တဲ့ မွန်ပြည်နယ်၊ ကချင်ပြည်နယ်တွေမှာတော့ ဒေသခံတွေက ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုအနေနဲ့ ကွဲပြားနေတဲ့ တိုင်းရင်းသားပါတီတွေကို ပူးပေါင်းပြီး တစ်ပါတီတည်းဖြစ်ရေး လုပ်ဆောင် ပြီးပါပြီ။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနဲ့ ကချင်ပြည်နယ် စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီတွေကို ပူးပေါင်းပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီကို ဖွဲ့စည်းခဲ့ပါတယ်။

ပေါင်းလိုက်တဲ့ ပါတီသစ်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ယုံကြည်ချက် ရှိနေတယ်လို့ ပြောပါတယ်။

“ကိုယ့်သားသမီးတွေ ဖွဲ့စည်းတဲ့ပါတီ၊ ကိုယ့်ဒေသမှာ ဖွဲ့စည်းတဲ့ပါတီကို ဝိုင်းဝန်းမဲပေးကြပါ။ ကျွန်တော်တို့ ပါတီက မဲမနိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ အဓိကတော့ ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့၊ ပြည်သူလူထုလည်း သေချာစဉ်းစားပြီး မဲပေးကြဖို့။ မဲတစ်ပြားဟာ အကျိုးရှိတဲ့ မဲတစ်ပြားဖြစ်ပါစေ၊ အပြုသဘောဆောင်တဲ့ မဲတစ်ပြားဖြစ်ပါစေ”

ကချင်ပါတီတွေကို ပူးပေါင်းလိုက်တယ်ဆိုပေမယ့် ကချင်ပြည်နယ်မှာ ဒေသခံပါတီတွေဖြစ်တဲ့ ဒီမိုကရေ စီပါတီသစ် (ကချင်)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ၊ ကချင်အမျိုးသားပါတီ ၃ ခုက သီးသန့်စီ ရှိနေပါ သေးတယ်။

ဒေါက်တာမနာမ်တူးဂျာတို့ ပူးပေါင်းပါတီရဲ့ အဓိက ယှဉ်ပြိုင်ဘက်ကတော့ ပါတီကြီးတွေဖြစ်တဲ့ USDP နဲ့ NLD သာ ဖြစ်တယ်လို့ ပြောပါတယ်။  ကိုယ်စားလှယ်လောင်းတွေအဖြစ်  ဒေသခံ ဖြစ်သူတွေ၊ အသက်မကြီးလွန်း မငယ်လွန်းသူတွေထဲက ကြိုတင် ရွေးချယ်ထားပြီး အမျိုးသမီးနဲ့ လူငယ်ပါဝင်မှုကိုလည်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာလည်း မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၂ ခု ပူးပေါင်းပြီး မွန်ညီညွတ်ရေး ပါတီကို တည်ထောင်ထားပါတယ်။ တခြားမွန်ပါတီအနေနဲ့ကတော့ အမျိုးသမီးပါတီ (မွန်) သာ ရှိပါတော့တယ်။

မွန်ပြည်နယ်မှာ  ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဟာမိတ်ပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့  မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်စိုးမြင့် က ပြောပါတယ်။

“တိုင်းရင်းသားပါတီတွေ ပြတ်ပြတ်သားသားနိုင်ဖို့တော့ လိုအပ်တယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားတာပေါ့။ မွန်ပြည်နယ်က တခြားသောပြည်နယ်တွေ ၊ ရခိုင်တွေနဲ့ မတူတာလည်းရှိတယ်။ ဥပမာ - ကျိုက်ထိုတို့ ဘီးလင်းတို့မှာ မွန်တွေက အနည်းစုပဲရှိတယ်။ ၂၀၂၀မှာ NLD အနိုင် မရရေး အတွက် ကြိုးစားမှာပေါ့လေ။ မွန်တစ်ခုတည်း ကြိုးစားလို့ မရရင် မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တိုင်ပင်ပြီး ကြိုးစားမယ်။ ကိုကိုကြီးတို့ ပါတီ UNA ပါတီတွေ ၊ ဒေးဗစ်လှမြင့်တို့ ဒါတွေနဲ့ပေါ့”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခင်းအကျင်းမှာတော့ ရှမ်းပြည်နယ်မှာ အားကောင်းတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ခံကိုယ်စားလှယ် ၁၀၇ ဦး ရှိတဲ့   ပြည်နယ်လွှတ်တော်မှာ  ၂၈ နေရာ ရခဲ့ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားမျိုးနွယ်စုပါတီတွေ ၂၃ နေရာ ရတာ တွေ့ရမှာပါ။

ပြည်ထောင်စုအဆင့်မှာတော့ SNLD ဟာ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာအနက် သုံးနေရာရခဲ့ပြီး ပြည်သူ့ လွှတ်တော်က နေရာ ၉၀ ကျော်မှာ နေရာ ၂၀ နီးပါးရခဲ့ပါတယ်။

SNLD နဲ့ ယှဉ်ပြိုင်ဘက် ရှမ်းပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကလည်း ပြည်သူ့လွှတ်တော် မှာ ၁၅ နေရာ နီးပါး ရခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ရလဒ်က အပြောင်းအလဲ သိပ်မရှိနိုင်ဘူးလို့ SNLD ပါတီရဲ့ ရှမ်းပြည်နယ်၊ မိုင်းရှုးမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းလင်းမြတ်က ပြောပါတယ်။

“၂၀၂၀ မှာလည်း သိပ်ပြီးတော့ ကြီးကြီးမားမား ပြောင်းလဲသွားမယ့် အခြေအနေမျိုးတော့ မရှိလောက်ဘူးလို့ ကျွန်တော်ထင်တယ်။ လက်ရှိအနိုင်ရရှိထားတဲ့ မြို့နယ်နေရာတွေထက် ပိုပြီးတော့ ၂၀၂၀ မှာ ရရှိနိုင်ဖို့ ကြိုးပမ်းနေတာလည်းရှိတယ်၊ ရရှိမယ်လို့လည်း ယုံကြည်တယ်။ တနေ့ကျရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တော့ အပြည့်အဝ ဖြစ်လာမယ်လို့တော့ ယုံတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကနေ ဖြစ်လာနိုင်စရာတွေလည်း မျှော်မှန်း ရတာရှိတယ်”

တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲနိုင်ကြမယ်ဆိုရင်တောင် လွှတ်တော်ထဲမှာ အချင်းချင်းပူးပေါင်းဆောင် ရွက်နိုင်ဖို့ လိုမယ်လို့ တိုင်းရင်းသား အရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“၂၀၁၅ နဲ့ စာလို့ရှိရင် တိုင်းရင်းသားတွေရဲ့ ပါဝင်မှု အချိုးအစားက ပိုပြီး ကောင်းလာနိုင်ချေရှိတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုလုံး ပြောင်းသွားနိုင်ဖို့က တိုင်းရင်းသားအင်အားစု အချင်းချင်းက ပေါင်းစည်းနိုင်မှ။ အဲလို ပေါင်းစည်းနိုင်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ အဆိုတင်တာတွေ ဘာတွေကို လုပ်နိုင်မယ်။ ပြည်နယ်တစ်ခုချင်းရဲ့ အကျိုးစီးပွားတွေကို ပေါင်းစည်းဖို့ဆိုတာက တော်တော်တော့ခက်ခဲတဲ့ကိစ္စ”

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၂ သန်းဝန်းကျင်ရှိပြီး တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး နေထိုင်ပါတယ်။

အဲဒီထဲမှာ ဗမာတိုင်းရင်းသားက အများစုဖြစ်ပြီး တခြားတိုင်းရင်းသားတွေက ၃၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ခန့်မှန်းပါတယ်။ တိုင်းရင်းသား လူမျိုးနွယ်စုအလိုက် လူဦးရေ သန်းခေါင်စာရင်း ထုတ်ပြန်နိုင်ဖို့ အစိုးရက စီစဉ်ဆောင်ရွက်နေပေမယ့် လက်ရှိ အချိန်အထိ မထုတ်ပြန်နိုင်သေးပါဘူး။

လူဦးရေအချိုးအစားအရ နည်းပါးတဲ့ တိုင်းရင်းသားတွေအနေနဲ့ မိမိတို့လိုလားချက်တွေကို လွှတ်တော်တွင်းကနေ အကောင်အထည်ဖော်ရေးနိုင်ရေးဆောင်ရွက်ရာမှာ တိုင်းရင်းသားအရေး ပြောမယ့် တိုင်းရင်းသားပါတီတွေ လွှတ်တော်ထဲ များများရောက်လာဖို့ လိုပါတယ်။

တဖက်မှာလည်း တိုင်းရင်းသားပါတီတွေဘက်က ပြည်သူတွေက တိုင်းရင်းသားပါတီတွေအပေါ် ယုံကြည်မှု တိုးလာအောင် တည်ဆောက်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။

ဝေမာထွန်း / RFA Burmese
https://www.rfa.org/burmese/program_2/ethnic-mp-in-parliament-05222020005108.html
လႊတ္ေတာ္မွာ ေနရာပိုရႏိုင္ဖို႔ တိုင္းရင္းသားပါတီမ်ား ျပင္ဆင္ေန လႊတ္ေတာ္မွာ ေနရာပိုရႏိုင္ဖို႔ တိုင္းရင္းသားပါတီမ်ား ျပင္ဆင္ေန Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.