လူစုလူေဝးလုပ္တဲ့ ဘာသာေရးဆရာ ႏွစ္ဦးကို သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒနဲ႔ ခ်ဳပ္ရမန္ယူ

တရားေဟာဆရာ ေစာေဒးဗစ္လား
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားေနလို႔ လူစုလူေဝးမလုပ္ဖို႔ တားျမစ္ထားတဲ့အခ်ိန္မွာ လူစုလူေဝးနဲ႔ ဆုေတာင္းပြဲ ျပဳလုပ္ခဲ့လို႔ အမႈဖြင့္ခံထားရတဲ့ တရားေဟာဆရာ ေစာေဒးဗစ္လား နဲ႔ သင္းအုပ္ဆရာ တစ္ဦးကို ေမလ ၂၀ ရက္ေန႔ က တရား႐ုံးေတြမွာ ခ်ဳပ္ရက္ ရမန္ ယူခဲ့ပါတယ္။

တရားေဟာဆရာ ေစာေဒးဗစ္လားကို သဘာဝေဘးအႏၲရယ္ စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ၂၅ နဲ႔ မရမ္းကုန္းၿမိဳနယ္ တရား႐ုံးမွာ ႐ုံးထုတ္ရမန္ယူခဲ့တာျဖစ္ပါတယ္။

တရားေဟာဆရာ ေစာေဒးဗစ္လား ကိုယ္တိုင္လည္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရလို႔ အမႈဖြင့္ခံရၿပီး တစ္လေက်ာ္အၾကာ ေရာဂါေပ်ာက္ကင္းခ်ိန္မွ တရား႐ုံးမွာ အမႈ စတင္ရင္ဆိုင္ရတာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းအတြင္းမွာ ေရာဂါျဖစ္ပြားေစႏိုင္တဲ့ လူစုလူေဝးျပဳလုပ္ေဆာင္႐ြက္ခဲ့တဲ့အတြက္ တရားေဟာ ဆရာေစာေဒးဗစ္လား၊ ဦးေဝထြန္း၊ ဦးေစာကြယ္ဝါး(သင္းအုပ္ဆရာ)နဲ႔ အမႈေတာ္ေဆာင္ဦးေစာေရဂန္ဒီ တို႔ကို သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒနဲ႔ အသီးသီး အမႈဖြင့္ထားၿပီးျဖစ္တယ္လို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ဧၿပီလ ၁၄ ရက္ေန႔က ဘီဘီစီကို ေျပာ ခဲ့ပါတယ္။
 ေရာဂါေပ်ာက္ကင္းခ်ိန္မွပဲ တရား႐ုံးမွာ အမႈ စတင္ရင္ဆိုင္
အမႈနဲ႔ ပတ္သက္ၿပီး ရဲလုပ္ငန္းေတြဆက္လက္လုပ္ေဆာင္ဖို႔ က်န္ရွိေနေသးတာေၾကာင့္ အင္းစိန္အက်ဥ္းေထာင္မွာ ဆက္လက္ခ်ဳပ္ထားဖို႔ ခ်ဳပ္ရမန္ ယူခဲ့တာလို႔ မရမ္းကုန္းၿမိဳ႕နယ္ တရားသူႀကီးဦးမိုးေဆြက ေျပာပါတယ္။

တရားေဟာဆရာ ေစာေဒးဗစ္လား အတြက္ ခ်ဳပ္မိန္႔ရမန္ကို ဇြန္လ ၃ ရက္ေန႔အထိ ယူထားတယ္လို႔လည္း သိရပါတယ္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၂၅ ဟာ ျပစ္မႈထင္ရွားခဲ့ရင္ေတာ့ ေထာင္ဒဏ္ ၃ ႏွစ္ေအာက္ ဒါမွမဟုတ္ ေငြဒဏ္ က်ခံရမွာပဲ ျဖစ္ပါတယ္။

တရားေဟာဆရာ ေစာေဒးဗစ္လားရဲ႕ ဘာသာေရးစုေဝးပြဲကေနတစ္ဆင့္ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၇၀ ခန္႔ရွိခဲ့ၿပီး အဲဒီထဲ က လူနာအမွတ္ ၈၆ ကေတာ့ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

ခ်ဳပ္ရက္ခြင့္ျပဳခ်က္အၿပီး တရားေဟာဆရာေဒးဗစ္လားကို အင္းစိန္ေထာင္ကို ပို႔ေဆာင္ ထိန္းသိမ္းခဲ့ပါတယ္။

တရား ေဟာဆရာ ေစာေဒးဗစ္လားနဲ႔ အတူဆုေတာင္းပြဲကို တက္ခဲ့တဲ့ အင္းစိန္ၿမိဳ႕နယ္က ဘာသာေရးဆရာ ဦးေစာကြယ္ဝါးကိုလည္း ဒီကေန႔မွာပဲ အင္းစိန္တရား႐ုံးမွာ႐ုံးထုတ္ၿပီး ရမန္ယူခဲ့ပါတယ္။ သူ႔ကိုလည္း ဇြန္လ ၂ရက္ေန႔ အထိ ထိန္းသိမ္းထားဖို႔အတြက္ အင္းစိန္တရား႐ုံးကလည္း ခြင့္ျပဳခဲ့ပါတယ္။

BBC Burmese
-----------------------------------------
(Unicode)⤵⤵⤵
လူစုလူဝေးလုပ်တဲ့ ဘာသာရေးဆရာ နှစ်ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ ချုပ်ရမန်ယူ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေလို့ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတဲ့အချိန်မှာ လူစုလူဝေးနဲ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့လို့ အမှုဖွင့်ခံထားရတဲ့ တရားဟောဆရာ စောဒေးဗစ်လား နဲ့ သင်းအုပ်ဆရာ တစ်ဦးကို မေလ ၂၀ ရက်နေ့ က တရားရုံးတွေမှာ ချုပ်ရက် ရမန် ယူခဲ့ပါတယ်။

တရားဟောဆရာ စောဒေးဗစ်လားကို သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅ နဲ့ မရမ်းကုန်းမြိုနယ် တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့တာဖြစ်ပါတယ်။

တရားဟောဆရာ စောဒေးဗစ်လား ကိုယ်တိုင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလို့ အမှုဖွင့်ခံရပြီး တစ်လကျော်အကြာ ရောဂါပျောက်ကင်းချိန်မှ တရားရုံးမှာ အမှု စတင်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့အတွက် တရားဟော ဆရာစောဒေးဗစ်လား၊ ဦးဝေထွန်း၊ ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နဲ့ အမှုတော်ဆောင်ဦးစောရေဂန်ဒီ တို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အသီးသီး အမှုဖွင့်ထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဧပြီလ ၁၄ ရက်နေ့က ဘီဘီစီကို ပြော ခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ရဲလုပ်ငန်းတွေဆက်လက်လုပ်ဆောင်ဖို့ ကျန်ရှိနေသေးတာကြောင့် အင်းစိန်အကျဉ်းထောင်မှာ ဆက်လက်ချုပ်ထားဖို့ ချုပ်ရမန် ယူခဲ့တာလို့ မရမ်းကုန်းမြို့နယ် တရားသူကြီးဦးမိုးဆွေက ပြောပါတယ်။

တရားဟောဆရာ စောဒေးဗစ်လား အတွက် ချုပ်မိန့်ရမန်ကို ဇွန်လ ၃ ရက်နေ့အထိ ယူထားတယ်လို့လည်း သိရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဟာ ပြစ်မှုထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် ၃ နှစ်အောက် ဒါမှမဟုတ် ငွေဒဏ် ကျခံရမှာပဲ ဖြစ်ပါတယ်။

တရားဟောဆရာ စောဒေးဗစ်လားရဲ့ ဘာသာရေးစုဝေးပွဲကနေတစ်ဆင့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၀ ခန့်ရှိခဲ့ပြီး အဲဒီထဲ က လူနာအမှတ် ၈၆ ကတော့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ချုပ်ရက်ခွင့်ပြုချက်အပြီး တရားဟောဆရာဒေးဗစ်လားကို အင်းစိန်ထောင်ကို ပို့ဆောင် ထိန်းသိမ်းခဲ့ပါတယ်။

တရား ဟောဆရာ စောဒေးဗစ်လားနဲ့ အတူဆုတောင်းပွဲကို တက်ခဲ့တဲ့ အင်းစိန်မြို့နယ်က ဘာသာရေးဆရာ ဦးစောကွယ်ဝါးကိုလည်း ဒီကနေ့မှာပဲ အင်းစိန်တရားရုံးမှာရုံးထုတ်ပြီး ရမန်ယူခဲ့ပါတယ်။ သူ့ကိုလည်း ဇွန်လ ၂ရက်နေ့ အထိ ထိန်းသိမ်းထားဖို့အတွက် အင်းစိန်တရားရုံးကလည်း ခွင့်ပြုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/52745352
လူစုလူေဝးလုပ္တဲ့ ဘာသာေရးဆရာ ႏွစ္ဦးကို သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒနဲ႔ ခ်ဳပ္ရမန္ယူ လူစုလူေဝးလုပ္တဲ့ ဘာသာေရးဆရာ ႏွစ္ဦးကို သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒနဲ႔ ခ်ဳပ္ရမန္ယူ Reviewed by THITHTOOLWIN on 04:53 Rating: 5
Powered by Blogger.