မူဆယ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ


(Unicode)⤵⤵⤵
ပြီးခဲ့တဲ့ မေလ ၂၇ ရက် မနက်ပိုင်း ၁၀ နာရီခန့်မှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ကျေးရွာအတွင်းက အောင်ပန်(တိမ်းရှောင်နေသူ) နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အိမ်ခန်းအတွင်းက ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး၊ အမ်-၂၂ ကျည် ၈ တောင့်ကို ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇော်ဦးရဲ့ နေအိမ်အတွင်းရှိ ဘုရားစင်ကွပ်ပျစ်အောက်မှာ ပီနံအိတ်နဲ့ ထုတ်ပိုးထားတဲ့ အမ်-၂၂ သေနတ် ၂ လက်နဲ့ ကျည် ၁၀၈ တောင့်၊ ကျည် ၁၂ ခု၊ လက်ပစ်ဗုံး ၅ လုံး၊ လွယ်ကြိုး ၂ ချောင်း ကို ဖမ်းဆီးရမိခဲ့ပါတယ်။

နမ့်ဟွယ်အပေါ်ကျေးရွာမှာရှိတဲ့ အိုက်ပီးနေအိမ်ကို ထက်မံဝင်ရောက်ရှာဖွေရာမှာ ခြံဝန်းအတွင်းရှိ ကောက်ရိုးပုံအတွင်း ကြွပ်ကြွပ်အိပ်နဲ့ ထုတ်ပိုးထားတဲ့ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကျည် ၆ တောင့်၊ TNLA ယူနီဖောင်း ၁ စုံ၊ ပြောက်ကျားဦးထုပ် ၁ လုံးနဲ့ လက်ထိပ် ၁ ခုတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေနဲ့ လက်နက်ခဲယမ်းတွေကို သက်ဆိုင်ရာကို အပ်နှံပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်ထားပါတယ်။

သစ်ထူးလွင်
--------------------------------
(Zawgyi)⤵⤵⤵





သစ်ထူးလွင်
မူဆယ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ မူဆယ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.