ထရမ့်ရဲ့ ပို့စ် တွစ်တာမှာ ဖျောက်ထားခံရ


(Unicode)⤵⤵⤵
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာပို့စ်တစ်ခုဟာ အကြမ်းဖက်မှု အားပေးအားမြှောက်ပြုတာကို တားမြစ်တဲ့ တွစ်တာရဲ့ စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး အဲဒီပို့စ်ကို ထရမ့်ရဲ့ စာမျက်နှာကနေ တွစ်တာက ဖျောက်ထားလိုက်ပါတယ်။

ဒါဟာ ထရမ့်ရဲ့ ပို့စ် တွစ်တာကနေ ပထမဆုံးအကြိမ် ဖျောက်ထားခံရတာ ဖြစ်ပါတယ်။

အဲဒီပို့စ်ကို အပြီး ဖျက်ပစ်တာတော့ မဟုတ်ဘဲ သတိပေးမှတ်ချက် တစ်ခုပေးပြီး ဖျောက်ထားတာပါ။ အဲဒီဖျောက်ထားတဲ့ပို့စ်ပေါ်ကိုကလစ်နှိပ်ပြီး ကြည့်ရင်တော့ ထရမ့်ရဲ့ သတင်းစကားကို မြင်နိုင်ပါတယ်။
ပို့စ်ပေါ်မှာ ကလစ်နှိပ်ပြီး ဝင်ကြည့်နိုင်သေးတယ်။
ထရမ့်ရဲ့ပို့စ်ကို ဆက်ကြည့်ခွင့်ရအောင်လုပ်ထားတာဟာ အများပြည်သူနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ထားထားတာ ဖြစ်တယ်လို့လည်း အဲဒီ သတိပေးမှတ်ချက်မှာ ရေးထားပါတယ်။

ဒီလို ပို့စ်ဖျောက်ထားခံရတာဟာ တွစ်တာနဲ့ အိမ်ဖြူတော်တို့ကြား ဝေဖန်တိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့မှုထဲက နောက်ဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

လူမည်းအမျိုးသားတစ်ယောက်ကို ရဲက ဖမ်းဆီးရာက သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်နေတဲ့ မင်နီယာပိုလိစ်မြို့အကြောင်း မစ္စတာ ထရမ့်က တွစ်တာမှာ ရေးတင်ခဲ့တာပါ။

အဲဒီ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ကို လွှတ်လိုက်မယ်။ "ကြမ်းတာရမ်းတာစတာနဲ့ ပစ်တာခတ်တာလည်း စမှာပဲ"လို့ သူက ပြောထားပါတယ်။

ဒါဟာ ၁၉၆၀ တုန်းက မီယာမီ ရဲချုပ် ဝေါ်လ်တာ ဟက်လီက လူမည်းတွေကို ထိန်းချုပ်ရာမှာ ပြင်းပြင်းထန်ထန် သုံးခဲ့ဖူးတဲ့ စကားကို သုံးထားတာပါ။

ကျော်ကြားထင်ရှားသူတွေ တွစ်တာစည်းမျဉ်းတွေ ချိုးဖောက်ရင် ဖျက်ပစ်မယ့်အစား သတိပေးမှတ်ချက်ထည့်မယ်လို့ မူဝါဒ ချတဲ့အကြောင်း ၂၀၁၉ နှစ်လယ်ပိုင်းမှာ တွစ်တာက ကြေညာထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း တွစ်တာက ဒီလို သတိပေးမှတ်ချက်ထည့်တာရော ပို့စ်ဖျက်တာရောကို ထရမ့်ကို တစ်ခါမှ မလုပ်ခဲ့သေးပါဘူး။

ဒီသီတင်းပတ် အစပိုင်းတုန်းကလည်း သမ္မတထရမ့်ရဲ့ တွစ်တာပို့စ်တွေမှာ အချက်အလက် စစ်ဆေးဖို့ သတိပေးမှတ်ချက်တွဲပြီး တွစ်တာက ပထမဆုံးအကြိမ် တင်ခဲ့ပါတယ်။

အဲဒါကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားပိုင်ခွင့်ကို ထိပါးတယ်ဆိုပြီး လူမှုကွန်ရက်မီဒီယာတွေကို ပိတ်ပစ်မယ်ဆိုတဲ့ ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာစေပါတယ်။

တွစ်တာမှာ အဖျောက်ခံထားရတဲ့ သတင်းစကားတွေပါတဲ့ ထရမ့်ရဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်မှာလည်း တင်ထားပြီး အဲဒီမှာတော့ သတိပေးခံရတာ မရှိပါဘူး။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
ထရမ့္ရဲ႕ ပို႔စ္ တြစ္တာမွာ ေဖ်ာက္ထားခံရ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ တြစ္တာပို႔စ္တစ္ခုဟာ အၾကမ္းဖက္မႈ အားေပးအားေျမႇာက္ျပဳတာကို တားျမစ္တဲ့ တြစ္တာရဲ႕ စည္းမ်ဥ္းကို ခ်ိဳးေဖာက္တယ္ဆိုၿပီး အဲဒီပို႔စ္ကို ထရမ့္ရဲ႕ စာမ်က္ႏွာကေန တြစ္တာက ေဖ်ာက္ထားလိုက္ပါတယ္။

ဒါဟာ ထရမ့္ရဲ႕ ပို႔စ္ တြစ္တာကေန ပထမဆုံးအႀကိမ္ ေဖ်ာက္ထားခံရတာ ျဖစ္ပါတယ္။

အဲဒီပို႔စ္ကို အၿပီး ဖ်က္ပစ္တာေတာ့ မဟုတ္ဘဲ သတိေပးမွတ္ခ်က္ တစ္ခုေပးၿပီး ေဖ်ာက္ထားတာပါ။ အဲဒီေဖ်ာက္ထားတဲ့ပို႔စ္ေပၚကိုကလစ္ႏွိပ္ၿပီး ၾကည့္ရင္ေတာ့ ထရမ့္ရဲ႕ သတင္းစကားကို ျမင္ႏိုင္ပါတယ္။

ထရမ့္ရဲ႕ပို႔စ္ကို ဆက္ၾကည့္ခြင့္ရေအာင္လုပ္ထားတာဟာ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ ကိစၥျဖစ္တဲ့အတြက္ ထားထားတာ ျဖစ္တယ္လို႔လည္း အဲဒီ သတိေပးမွတ္ခ်က္မွာ ေရးထားပါတယ္။

ဒီလို ပို႔စ္ေဖ်ာက္ထားခံရတာဟာ တြစ္တာနဲ႔ အိမ္ျဖဴေတာ္တို႔ၾကား ေဝဖန္တိုက္ခိုက္မႈေတြ ျပင္းထန္လာခဲ့မႈထဲက ေနာက္ဆုံးျဖစ္ရပ္ ျဖစ္ပါတယ္။

လူမည္းအမ်ိဳးသားတစ္ေယာက္ကို ရဲက ဖမ္းဆီးရာက ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ဆက္တိုက္ ျဖစ္ေနတဲ့ မင္နီယာပိုလိစ္ၿမိဳ႕အေၾကာင္း မစၥတာ ထရမ့္က တြစ္တာမွာ ေရးတင္ခဲ့တာပါ။

အဲဒီ ဆႏၵျပမႈနဲ႔ ပတ္သက္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ကို လႊတ္လိုက္မယ္။ "ၾကမ္းတာရမ္းတာစတာနဲ႔ ပစ္တာခတ္တာလည္း စမွာပဲ"လို႔ သူက ေျပာထားပါတယ္။

ဒါဟာ ၁၉၆၀ တုန္းက မီယာမီ ရဲခ်ဳပ္ ေဝၚလ္တာ ဟက္လီက လူမည္းေတြကို ထိန္းခ်ဳပ္ရာမွာ ျပင္းျပင္းထန္ထန္ သုံးခဲ့ဖူးတဲ့ စကားကို သုံးထားတာပါ။

ေက်ာ္ၾကားထင္ရွားသူေတြ တြစ္တာစည္းမ်ဥ္းေတြ ခ်ိဳးေဖာက္ရင္ ဖ်က္ပစ္မယ့္အစား သတိေပးမွတ္ခ်က္ထည့္မယ္လို႔ မူဝါဒ ခ်တဲ့အေၾကာင္း ၂၀၁၉ ႏွစ္လယ္ပိုင္းမွာ တြစ္တာက ေၾကညာထားခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီေနာက္ပိုင္း တြစ္တာက ဒီလို သတိေပးမွတ္ခ်က္ထည့္တာေရာ ပို႔စ္ဖ်က္တာေရာကို ထရမ့္ကို တစ္ခါမွ မလုပ္ခဲ့ေသးပါဘူး။

ဒီသီတင္းပတ္ အစပိုင္းတုန္းကလည္း သမၼတထရမ့္ရဲ႕ တြစ္တာပို႔စ္ေတြမွာ အခ်က္အလက္ စစ္ေဆးဖို႔ သတိေပးမွတ္ခ်က္တြဲၿပီး တြစ္တာက ပထမဆုံးအႀကိမ္ တင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာၾကားပိုင္ခြင့္ကို ထိပါးတယ္ဆိုၿပီး လူမႈကြန္ရက္မီဒီယာေတြကို ပိတ္ပစ္မယ္ဆိုတဲ့ ထရမ့္ရဲ႕ ၿခိမ္းေျခာက္မႈေတြ ျဖစ္လာေစပါတယ္။

တြစ္တာမွာ အေဖ်ာက္ခံထားရတဲ့ သတင္းစကားေတြပါတဲ့ ထရမ့္ရဲ႕ ပို႔စ္ဟာ ေဖ့စ္ဘြတ္မွာလည္း တင္ထားၿပီး အဲဒီမွာေတာ့ သတိေပးခံရတာ မရွိပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-52849731
ထရမ့်ရဲ့ ပို့စ် တွစ်တာမှာ ဖျောက်ထားခံရ ထရမ့်ရဲ့ ပို့စ် တွစ်တာမှာ ဖျောက်ထားခံရ Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.