စာသင်ကျောင်းတချို့ တစ်ပတ်တက် တစ်ပတ်နား၊ တစ်ပတ်သုံးရက်တက်ရတဲ့ ပုံစံတွေနဲ့ ဖွင့်ဖို့ရှိ

အထက်တန်းအဆင့်ကို ဇူလိုင် ၂၁ ရက်မှာ အရင်စဖွင့်မှာပါ။ 
(Unicode)⤵⤵⤵
ရန်ကုန်နဲ့ မန္တလေးအပါအဝင်မြို့ကြီးတချို့မှာရှိတဲ့ ကျောင်းသားအရေအတွက်များတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို အလှည့်ကျအဖြစ်နဲ့ တစ်ပတ်တက်ပြီး တစ်ပတ်နား ပုံစံ၊ တစ်ပတ်မှာ သုံးရက် တက်ရတဲ့ ပုံစံတွေနဲ့ ကျောင်းတွေ ဖွင့်ဖို့ စီစဉ်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီဘီစီက ပြောပါတယ်။

ဆိုရှယ်ဒစ်စတန်းဇင်း(ခပ်ခွာခွာနေရမယ့်စည်းကမ်း) အရ စာသင်ခန်းတွေကို ခြောက်ပေအကွာအနေအထားနဲ့ ပြင်ဆင်ထားဖို့ မဖြစ်မနေ လိုက်နာရမှာဖြစ်ပြီး အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းအပါအဝင် ဘယ်ကျောင်းမဆို တစ်ခန်းမှာ ကျောင်းသားအယောက် ၂၀ ပဲ ထားရမှာဖြစ်တယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ဒါကြောင့် ကျောင်းသားများတဲ့ကျောင်းတွေမှာ အခုလို တစ်ပတ်တက်တစ်ပတ်နားပုံစံတွေ၊ တစ်ပတ်မှာ သုံးရက်တက်ပြီး သုံးရက်နားတဲ့ ပုံစံတွေ ဖြစ်လာ မယ်လို့ သူက ရှင်းပြပါတယ်။

"တစ်ပတ်တက်လိုက်တစ်ပတ်နားလိုက်ပုံစံမျိုးမှာ ကလေးတွေအတွက် ပိုပြီးတော့အရေးကြီးတဲ့ ဘာသာရပ်ကို ဦးစားပေးပြီး ဘယ်ဘာသာရပ်တွေကို ကျောင်းမှာသင်မယ်။ ဘယ်ဘာသာရပ်တွေကိုတော့အိမ်မှာနားနေတဲ့အချိန်မှာ Home assignment ပေးမယ်လို့ စဉ်းစားထားတယ်။ တချို့ အတန်းနည်းနည်းကြီးတဲ့ ကလေးတွေဆို အိမ်မှာ စာဖတ်ခိုင်းတဲ့နည်းနဲ့ အဆိုင်းမန့်ပေးမယ်။ အဲဒီအဆိုင်းမန့်ကို နောက်တစ်ပတ်ကျောင်းပြန်တက်တာနဲ့ သူက အဆိုင်းမန့် ပြန်တင်ပေးရမှာပေါ့။ အနှစ်ချုပ်ဆွေးနွေးတာမျိုး ဖြစ်လိမ့်မယ်" လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

အဲဒီလိုကျောင်းတွေအလှည့်ကျဖွင့်တာ၊ ကျောင်းဖွင့်ချိန် နောက်ဆုတ်ရတာတွေကြောင့် သင်ခန်းစာတွေမပြီးပြတ်မယ့်အရေးကိုလည်း ထည့်တွက်နေပြီး နည်းလမ်းရှာသင်ကြားဖို့ စီစဉ်နေတယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ကျောင်းတွေကို ဇူလိုင် ၂၁ မှာ အထက်တန်း၊ သြဂုတ် ၄ မှာ အလယ်တန်း၊ သြဂုတ် ၁၁ မှာ မူလတန်းဆိုပြီး ဖွင့်သွားမှာဖြစ်ပါတယ်။
ကျောင်းအပ်နှံရေးရက်သတ္တပတ်ကို ဇူလိုင် ၁၄ မှာ စတင်ဖို့ရှိပါတယ်။ ကျောင်းသားနဲ့ မိဘ တစ်ဦးသာ လိုက်ပါအပ်နှံရမှာပါ။
လက်ရှိမှာ ရန်ကုန်က နာမည်ကြီး အစိုးရ စာသင်ကျောင်းတစ်ခုဖြစ်တဲ့ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း တီတီစီကတော့ တစ်ပတ် တက်တစ်ပတ်နား၊ တစ်ပတ်ခြား ကျောင်းတက်ရမယ့်အချိန်ဇယားတချို့ ထွက်လာပြီဖြစ်ပါတယ်။

စာသင်ကြားရေးမှာ Quality (အရည်အသွေးပိုင်း) ကတော့ ပုံမှန်ကျောင်းတက်တဲ့ ပုံစံလိုမျိုး ရနိုင်မှာမဟုတ်သလို ဒါက မြန်မာ တစ်နိုင်ငံတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ အခြေအနေလည်း ဖြစ်တယ်လို့ ဦးကိုလေးဝင်းကပြောပါတယ်။

ကျောင်းအပ်နှံရေးရက်သတ္တပတ်က ဇူလိုင် ၁၄ ရက်မှာ စတင်မှာဖြစ်ပြီး ဇူလိုင် ၂၁ ကစလို့ အထက်တန်းအဆင့်ကနေ စဖွင့်မှာဖြစ်ပါတယ်။

ဒါပေမယ့် မူလတန်းမှာ ကေဂျီ(မူလတန်းကြိုတန်း) တွေကိုတော့ လောလောဆယ် ဖွင့်ဖို့ စဉ်းစားချင့်ချိန်နေပြီး ကလေးတွေအသက်အရွယ်အရ ငယ်လွန်းနေတဲ့အတွက် သူတို့ကိုထိန်းသိမ်းရခက်ခဲမှာကိုလည်း ထည့်တွက်နေတယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

BBC Burmese
----------------------------------
(Zawgyi)⤵⤵⤵
စာသင္ေက်ာင္းတခ်ိဳ႕ တစ္ပတ္တက္ တစ္ပတ္နား၊ တစ္ပတ္သုံးရက္တက္ရတဲ့ ပုံစံေတြနဲ႔ ဖြင့္ဖို႔ရွိ

ရန္ကုန္နဲ႔ မႏၲေလးအပါအဝင္ၿမိဳ႕ႀကီးတခ်ိဳ႕မွာရွိတဲ့ ေက်ာင္းသားအေရအတြက္မ်ားတဲ့ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားေတြကို အလွည့္က်အျဖစ္နဲ႔ တစ္ပတ္တက္ၿပီး တစ္ပတ္နား ပုံစံ၊ တစ္ပတ္မွာ သုံးရက္ တက္ရတဲ့ ပုံစံေတြနဲ႔ ေက်ာင္းေတြ ဖြင့္ဖို႔ စီစဥ္ထားတယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ဘီဘီစီက ေျပာပါတယ္။

ဆိုရွယ္ဒစ္စတန္းဇင္း(ခပ္ခြာခြာေနရမယ့္စည္းကမ္း) အရ စာသင္ခန္းေတြကို ေျခာက္ေပအကြာအေနအထားနဲ႔ ျပင္ဆင္ထားဖို႔ မျဖစ္မေန လိုက္နာရမွာျဖစ္ၿပီး အစိုးရေက်ာင္း၊ ပုဂၢလိကေက်ာင္း၊ ဘုန္းေတာ္ႀကီးသင္ေက်ာင္းအပါအဝင္ ဘယ္ေက်ာင္းမဆို တစ္ခန္းမွာ ေက်ာင္းသားအေယာက္ ၂၀ ပဲ ထားရမွာျဖစ္တယ္လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

ဒါေၾကာင့္ ေက်ာင္းသားမ်ားတဲ့ေက်ာင္းေတြမွာ အခုလို တစ္ပတ္တက္တစ္ပတ္နားပုံစံေတြ၊ တစ္ပတ္မွာ သုံးရက္တက္ၿပီး သုံးရက္နားတဲ့ ပုံစံေတြ ျဖစ္လာ မယ္လို႔ သူက ရွင္းျပပါတယ္။

"တစ္ပတ္တက္လိုက္တစ္ပတ္နားလိုက္ပုံစံမ်ိဳးမွာ ကေလးေတြအတြက္ ပိုၿပီးေတာ့အေရးႀကီးတဲ့ ဘာသာရပ္ကို ဦးစားေပးၿပီး ဘယ္ဘာသာရပ္ေတြကို ေက်ာင္းမွာသင္မယ္။ ဘယ္ဘာသာရပ္ေတြကိုေတာ့အိမ္မွာနားေနတဲ့အခ်ိန္မွာ Home assignment ေပးမယ္လို႔ စဥ္းစားထားတယ္။ တခ်ိဳ႕ အတန္းနည္းနည္းႀကီးတဲ့ ကေလးေတြဆို အိမ္မွာ စာဖတ္ခိုင္းတဲ့နည္းနဲ႔ အဆိုင္းမန႔္ေပးမယ္။ အဲဒီအဆိုင္းမန႔္ကို ေနာက္တစ္ပတ္ေက်ာင္းျပန္တက္တာနဲ႔ သူက အဆိုင္းမန႔္ ျပန္တင္ေပးရမွာေပါ့။ အႏွစ္ခ်ဳပ္ေဆြးေႏြးတာမ်ိဳး ျဖစ္လိမ့္မယ္" လို႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

အဲဒီလိုေက်ာင္းေတြအလွည့္က်ဖြင့္တာ၊ ေက်ာင္းဖြင့္ခ်ိန္ ေနာက္ဆုတ္ရတာေတြေၾကာင့္ သင္ခန္းစာေတြမၿပီးျပတ္မယ့္အေရးကိုလည္း ထည့္တြက္ေနၿပီး နည္းလမ္းရွာသင္ၾကားဖို႔ စီစဥ္ေနတယ္လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

ေက်ာင္းေတြကို ဇူလိုင္ ၂၁ မွာ အထက္တန္း၊ ၾသဂုတ္ ၄ မွာ အလယ္တန္း၊ ၾသဂုတ္ ၁၁ မွာ မူလတန္းဆိုၿပီး ဖြင့္သြားမွာျဖစ္ပါတယ္။

လက္ရွိမွာ ရန္ကုန္က နာမည္ႀကီး အစိုးရ စာသင္ေက်ာင္းတစ္ခုျဖစ္တဲ့ ပညာေရးတကၠသိုလ္ေလ့က်င့္ေရးေက်ာင္း တီတီစီကေတာ့ တစ္ပတ္ တက္တစ္ပတ္နား၊ တစ္ပတ္ျခား ေက်ာင္းတက္ရမယ့္အခ်ိန္ဇယားတခ်ိဳ႕ ထြက္လာၿပီျဖစ္ပါတယ္။

စာသင္ၾကားေရးမွာ Quality (အရည္အေသြးပိုင္း) ကေတာ့ ပုံမွန္ေက်ာင္းတက္တဲ့ ပုံစံလိုမ်ိဳး ရႏိုင္မွာမဟုတ္သလို ဒါက ျမန္မာ တစ္ႏိုင္ငံတည္းမဟုတ္ဘဲ တစ္ကမာၻလုံးမွာ ျဖစ္ေနတဲ့ အေျခအေနလည္း ျဖစ္တယ္လို႔ ဦးကိုေလးဝင္းကေျပာပါတယ္။

ေက်ာင္းအပ္ႏွံေရးရက္သတၱပတ္က ဇူလိုင္ ၁၄ ရက္မွာ စတင္မွာျဖစ္ၿပီး ဇူလိုင္ ၂၁ ကစလို႔ အထက္တန္းအဆင့္ကေန စဖြင့္မွာျဖစ္ပါတယ္။

ဒါေပမယ့္ မူလတန္းမွာ ေကဂ်ီ(မူလတန္းႀကိဳတန္း) ေတြကိုေတာ့ ေလာေလာဆယ္ ဖြင့္ဖို႔ စဥ္းစားခ်င့္ခ်ိန္ေနၿပီး ကေလးေတြအသက္အ႐ြယ္အရ ငယ္လြန္းေနတဲ့အတြက္ သူတို႔ကိုထိန္းသိမ္းရခက္ခဲမွာကိုလည္း ထည့္တြက္ေနတယ္လို႔ ဦးကိုေလးဝင္းက ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52857962
စာသင်ကျောင်းတချို့ တစ်ပတ်တက် တစ်ပတ်နား၊ တစ်ပတ်သုံးရက်တက်ရတဲ့ ပုံစံတွေနဲ့ ဖွင့်ဖို့ရှိ စာသင်ကျောင်းတချို့ တစ်ပတ်တက် တစ်ပတ်နား၊ တစ်ပတ်သုံးရက်တက်ရတဲ့ ပုံစံတွေနဲ့ ဖွင့်ဖို့ရှိ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.