ေျမပုံနဲ႔ ပုဏၰားကြၽန္း ႐ြာ ႏွစ္႐ြာက လူငယ္ေတြနဲ႔ လူလတ္ပိုင္းေတြကို တပ္မေတာ္ဖမ္းဆီး

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမပုံနဲ႔ ပုဏၰားကြၽန္းၿမိဳ႕နယ္တြင္း ႐ြာ ႏွစ္႐ြာက လူငယ္နဲ႔ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားေတြကို တပ္မေတာ္က ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ ဒါေၾကာင့္ ေဒသခံေတြဟာ ႐ြာမွာမေနရဲဘဲ နီးစပ္ရာ႐ြာေတြကို ထြက္ေျပးေနၾကတယ္လို႔ ဆိုပါတယ္။

ေမလ ၉ ရက္ ဒီမနက္ ၄ နာရီေလာက္မွာ ေျမပုံၿမိဳ႕နယ္ ေရရွင္႐ြာကို တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္လာၿပီး မနက္ ၆ နာရီေလာက္မွာ ေက်း႐ြာသား ၇၀ ေလာက္ကို ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အသက္ ၁၂ ႏွစ္အထက္ လူငယ္ေတြကို ဖမ္းဆီးၿပီး ေရရွင္ေတာင္ေပၚကို တပ္ရိကၡာသယ္ခိုင္းတာလို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေရွရွင္ေက်း႐ြာက ေဒသခံတစ္ဦးက RFA ကိုေျပာပါတယ္။

"တပ္မေတာ္စစ္ေၾကာင္းက မနက္ ၄နာရီကဝင္တယ္ မနက္ ၆ နာရီမွာ တစ္အိမ္တက္ဆင္းေမႊၿပီး လူေတြကိုဖမ္းမယ္ အသက္ေလးဆယ္ဝန္းက်င္ဆို မဖမ္းဘူး ၂၀ အထက္ ၁၂ ႏွစ္အထက္ေတြ ဖမ္းတာ ၂၀ ပတ္ဝန္းက်င္ကေလးေတြကို ဖမ္း႐ိုက္တယ္ ေသနတ္ဒင္နဲ႔ထုတယ္။ ၿပီးေတာ့ ေတာင္ေပၚကို ပစၥည္းထမ္းခိုင္းတယ္ မထမ္းႏိုင္တဲ့သူေတြကို ႐ိုက္တယ္။ အစာလည္းမေကြၽး ေရလည္းမေပးဘူး။ လူ အေယာက္ ၇၀ ေလာက္ရွိတယ္။ ေရရွင္႐ြာနားကေတာင္ေပၚထမ္းခိုင္းတာ ။ စစ္တပ္ရိကၡာေပါ့။"

အခု ေနာက္ဆုံးရရွိတဲ့ သတင္းေတြအရ ဖမ္းဆီးသြားတဲ့ ႐ြာသားေတြထဲက အမ်ားစုကို ျပန္လႊတ္ေပးလိုက္ၿပီး၊ ႏွစ္ဦးကိုေတာ့ ဆက္လက္ဖမ္းဆီးထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေျခအေနေၾကာင့္ တခ်ိဳ႕လည္း ႐ြာမွာ မေနရဲဘဲ နီးစပ္ရာ႐ြာေတြကို ထြက္ေျပးေနၾကၿပီး၊ အမ်ိဳးသမီးေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြပဲ အမ်ားစု က်န္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေက်း႐ြာအဝင္မွာ လက္နက္ႀကီး ႏွစ္ခု ႐ြာအလယ္မွာ လက္နက္ႀကီး တစ္ခုနဲ႔ ေရရွင္ေတာင္ေပၚမွာ လက္နက္ႀကီး တစ္ခု စုစုေပါင္း လက္နက္ႀကီး ေလးခု တပ္စြဲထားတယ္လို႔ ဆိုပါတယ္။

အလားတူ ပုဏၰားကြၽန္းၿမိဳ႕နယ္ ဒိုးတန္း႐ြာေဟာင္းက ေဒသခံ ခုႏွစ္ဦးကိုလည္း ဒီေန႔မနက္ပိုင္းမွာပဲ တပ္မေတာ္က ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။  အသက္ ၅၀ ဝန္းက်င္းအ႐ြယ္ေတြကို ဖမ္းဆီးသြားတယ္လို႔ သိရေၾကာင္း ပု႑ားကြၽန္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"ကိုးနာရီဝန္းက်င္မွာ ထြက္သြားတယ္ အသက္ ငါးဆယ္ဝန္းက်င္ ႐ြာသား ခုႏွစ္ဦးေလာက္ ေခၚသြားတယ္ ေက်း႐ြာကလူေတြက ထြက္ေျပးေနၾကတယ္ မိသားစုေတြကေတာ့ စိုးရိမ္ေနၾကတယ္။ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ကေတာ့ ပါမသြားဘူး။"

ၿပီးခဲ့တဲ့ ေမလ ၇ ရက္ေန႔ကလည္း ဒိုးတန္း႐ြာသစ္ကို တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္လာၿပီး ေဒသခံ ၁၂ ဦးကို ဖမ္းဆီးကာ ေမလ ၈ ရက္ေန႔ ည ၉ နာရီေလာက္မွာ ျပန္လႊတ္ေပးခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက ေျပာပါတယ္။

"႐ြာသစ္က လူ ၁၂ ေယာက္ေခၚသြားတာ ၈ ရက္ေန႔ ည ၉ နာရီေလာက္မွာ ျပန္လႊတ္ေပးလိုက္တယ္၊၊"

ေက်း႐ြာသားေတြကို ဘာေၾကာင့္ ဖမ္းဆီးတယ္ဆိုတာ မသိရေၾကာင္းနဲ႔ အဲဒီေက်း႐ြာေတြမွာ အရင္က တိုက္ပြဲ ျဖစ္ပြားတာမ်ိဳး မရွိဘူးလို႔ ဆိုၾကပါတယ္။

အဲဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး ကို RFA က ဆက္သြယ္ေမးျမန္းေပမယ့္ မရခဲ့ပါဘူး။ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ကေတာ့ ဒီသတင္းကို မသိရေသးေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ ဒုကၡသည္ အေရအတြက္ဟာ တစ္သိန္းခုႏွစ္ေသာင္း ေလာက္ရွိေနၿပီလို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားအစည္းအ႐ုံး REC က ေကာက္ယူ ထားတဲ့ စာရင္းေတြအရ သိရပါတယ္။

RFA က ရရွိတဲ့ အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ကေန ဧၿပီလ ၂၀ ရက္ေန႔ တစ္လေက်ာ္ကာလအတြင္း ေသဆုံးတဲ့ အရပ္သား ၈၅ ဦးထက္ မနည္းရွိေနၿပီး ထိခိုက္ဒဏ္ရာ ရရွိသူဟာလည္း ၂၀၀ ေက်ာ္အထိ ရွိေနပါတယ္။

RFA Burmese
---------------------------------------

(Unicode)⤵⤵⤵
မြေပုံနဲ့ ပုဏ္ဏားကျွန်း ရွာ နှစ်ရွာက လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို တပ်မတော်ဖမ်းဆီး

ရခိုင်ပြည်နယ် မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွင်း ရွာ နှစ်ရွာက လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ ရွာမှာမနေရဲဘဲ နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

မေလ ၉ ရက် ဒီမနက် ၄ နာရီလောက်မှာ မြေပုံမြို့နယ် ရေရှင်ရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး မနက် ၆ နာရီလောက်မှာ ကျေးရွာသား ၇၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက် ၁၂ နှစ်အထက် လူငယ်တွေကို ဖမ်းဆီးပြီး ရေရှင်တောင်ပေါ်ကို တပ်ရိက္ခာသယ်ခိုင်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေရှင်ကျေးရွာက ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"တပ်မတော်စစ်ကြောင်းက မနက် ၄နာရီကဝင်တယ် မနက် ၆ နာရီမှာ တစ်အိမ်တက်ဆင်းမွှေပြီး လူတွေကိုဖမ်းမယ် အသက်လေးဆယ်ဝန်းကျင်ဆို မဖမ်းဘူး ၂၀ အထက် ၁၂ နှစ်အထက်တွေ ဖမ်းတာ ၂၀ ပတ်ဝန်းကျင်ကလေးတွေကို ဖမ်းရိုက်တယ် သေနတ်ဒင်နဲ့ထုတယ်။ ပြီးတော့ တောင်ပေါ်ကို ပစ္စည်းထမ်းခိုင်းတယ် မထမ်းနိုင်တဲ့သူတွေကို ရိုက်တယ်။ အစာလည်းမကျွေး ရေလည်းမပေးဘူး။ လူ အယောက် ၇၀ လောက်ရှိတယ်။ ရေရှင်ရွာနားကတောင်ပေါ်ထမ်းခိုင်းတာ ။ စစ်တပ်ရိက္ခာပေါ့။"

အခု နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဖမ်းဆီးသွားတဲ့ ရွာသားတွေထဲက အများစုကို ပြန်လွှတ်ပေးလိုက်ပြီး၊ နှစ်ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေကြောင့် တချို့လည်း ရွာမှာ မနေရဲဘဲ နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြပြီး၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ အများစု ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအဝင်မှာ လက်နက်ကြီး နှစ်ခု ရွာအလယ်မှာ လက်နက်ကြီး တစ်ခုနဲ့ ရေရှင်တောင်ပေါ်မှာ လက်နက်ကြီး တစ်ခု စုစုပေါင်း လက်နက်ကြီး လေးခု တပ်စွဲထားတယ်လို့ ဆိုပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ဒိုးတန်းရွာဟောင်းက ဒေသခံ ခုနှစ်ဦးကိုလည်း ဒီနေ့မနက်ပိုင်းမှာပဲ တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။  အသက် ၅၀ ဝန်းကျင်းအရွယ်တွေကို ဖမ်းဆီးသွားတယ်လို့ သိရကြောင်း ပုဏ္ဍားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ကိုးနာရီဝန်းကျင်မှာ ထွက်သွားတယ် အသက် ငါးဆယ်ဝန်းကျင် ရွာသား ခုနှစ်ဦးလောက် ခေါ်သွားတယ် ကျေးရွာကလူတွေက ထွက်ပြေးနေကြတယ် မိသားစုတွေကတော့ စိုးရိမ်နေကြတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ကတော့ ပါမသွားဘူး။"

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း ဒိုးတန်းရွာသစ်ကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး ဒေသခံ ၁၂ ဦးကို ဖမ်းဆီးကာ မေလ ၈ ရက်နေ့ ည ၉ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာသစ်က လူ ၁၂ ယောက်ခေါ်သွားတာ ၈ ရက်နေ့ ည ၉ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်၊၊"

ကျေးရွာသားတွေကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ မသိရကြောင်းနဲ့ အဲဒီကျေးရွာတွေမှာ အရင်က တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘူးလို့ ဆိုကြပါတယ်။

အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် မရခဲ့ပါဘူး။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ဒီသတင်းကို မသိရသေးကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အရေအတွက်ဟာ တစ်သိန်းခုနှစ်သောင်း လောက်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ကောက်ယူ ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

RFA က ရရှိတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့ တစ်လကျော်ကာလအတွင်း သေဆုံးတဲ့ အရပ်သား ၈၅ ဦးထက် မနည်းရှိနေပြီး ထိခိုက်ဒဏ်ရာ ရရှိသူဟာလည်း ၂၀၀ ကျော်အထိ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/army-arrested-myaypon-ponnagyun-young-adults-villagers-05092020072757.html
ေျမပုံနဲ႔ ပုဏၰားကြၽန္း ႐ြာ ႏွစ္႐ြာက လူငယ္ေတြနဲ႔ လူလတ္ပိုင္းေတြကို တပ္မေတာ္ဖမ္းဆီး ေျမပုံနဲ႔ ပုဏၰားကြၽန္း ႐ြာ ႏွစ္႐ြာက လူငယ္ေတြနဲ႔ လူလတ္ပိုင္းေတြကို တပ္မေတာ္ဖမ္းဆီး Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.