စစ္ေရယာဥ္ေပၚမွာ ႏွိပ္စက္ခံရတဲ့ အရပ္သား ငါးဦးကိစၥ ကာခ်ဳပ္အမိန႔္နဲ႔ စုံစမ္းေနၿပီ

တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ၂၀၂၀၊ ေမ၂၂ ရက္ေန႔ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေတြ႕ရစဥ္ / Photo: RFA
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္က အရပ္သား ငါးေယာက္ကို ေအေအနဲ႔ ဆက္ႏြယ္တယ္ဆိုတဲ့ သံသယနဲ႔ စစ္ေရယာဥ္ေပၚ မွာ တပ္မေတာ္သားေတြ က ႐ိုက္ႏွက္ထိုးႀကိတ္ခဲ့တာနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္က ဒီကိစၥကို အေလးထားၿပီး အျမန္ဆုံး စုံစမ္းစစ္ေဆးဖို႔ ၫႊန္ၾကားထားတယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ တပ္မေတာ္ သတင္းစာရွင္းလင္းပြဲမွာ RFA ရဲ႕ေမးခြန္းကို ျပန္လည္ေျဖၾကားစဥ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

"အေရးယူႏိုင္ဖို႔အတြက္ ဒါ စုံစမ္းစစ္ေဆးေရးခုံ႐ုံးေတြ စတင္ေဆာင္႐ြက္လ်က္ ရွိပါတယ္။ ၿပီးရင္ က်ေနာ္တို႔ အေနနဲ႔ တည္ဆဲဥပေဒအရ စစ္စည္းကမ္းအရ တိတိက်က် က်ေနာ္တို႔ အေရးယူသြားမွာ ျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ ေျပာႏိုင္တာကေတာ့ က်ေနာ္တို႔ ခန ခန ေျပာေနတာရွိပါတယ္။ က်ေနာ္တို႔ အေနနဲ႔ ဒီလိုမ်ိဳး ျပစ္မႈေတြ၊ ျပည္သူလူထုနဲ႔ ပတ္သက္တဲ့ဟာေတြတင္ မကဘူး တရားဥပေဒနဲ႔ ၿငိစြန္းတဲ့ အေၾကာင္း အရာေတြ၊ ျပည္သူလူထုနဲ႔ ပတ္သက္ၿပီးေတာ့ ဒီလို ညႇဥ္းပန္းႏွိပ္စက္မူေတြ ရွိခဲ့လို႔ရွိရင္ တာဝန္ယူမူ တာဝန္ခံမူ အျပည့္နဲ႔ အေရးယူေဆာင္႐ြက္သြားမွာျဖစ္တယ္။"

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္က အရပ္သားေလးေယာက္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္က အရပ္သား တစ္ေယာက္ကို AA နဲ႔ ဆက္ႏြယ္တယ္ဆိုတဲ့ သံသယနဲ႔ စစ္ေရယာဥ္ေပၚမွာ တပ္မေတာ္သားေတြက ႐ိုက္ႏွက္ထိုးႀကိတ္ ေမးျမန္း ေနတဲ့ ဗြီဒီယိုဖိုင္တစ္ခု ေမလ ၁၀ရက္ေန႔က လူမႈကြန္ရက္မွ ပ်ံ႕ႏွံ႔ခဲ့တာပါ။ ဒီျဖစ္စဥ္က ေအေအနဲ႔ ပတ္သက္တယ္ ဆိုၿပီး အရပ္သား ငါးေယာက္ကို စစ္ေတြကို တရားစြဲတင္ႏိုင္ဖို႔ စစ္ေရယာဥ္နဲ႔ သယ္ေဆာင္တဲ့အခါမွာ ျဖစ္ခဲ့တာပါ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္က ေမလ ၁၂ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ၿပီး ဥပေဒနဲ႔မညီဘဲ စစ္ေဆး ေမးျမန္းခဲ့ၾကတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို စစ္စည္းကမ္းနဲ႔အညီ အေရးယူႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဲဒီျဖစ္စဥ္မွာပါ ဝင္ပတ္သက္တဲ့သူေတြကို တည္ဆဲဥပေဒအရ စစ္စည္းကမ္းအရ တိတိက်က် အေရးယူသြားမွာ ျဖစ္ၿပီး တပ္မေတာ္အေနနဲ႔ ျပည္သူလူထုနဲ႔ ပတ္သက္ၿပီး ညႇဥ္းပန္းႏွိပ္စက္မႈေတြရွိခဲ့ရင္ တာဝန္ယူမႈတာဝန္ခံမႈ အျပည့္နဲ႔ အေရးယူမႈေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဒီျဖစ္စဥ္မွာ ဘယ္ႏွစ္ေယာက္ပါဝင္တယ္ ဘယ္လိုအဆင့္ အရာရွိေတြ ပါဝင္တယ္ဆိုတာကိုေတာ့ ထုတ္ေဖာ္ ေျပာတာမ်ိဳး မရွိပါဘူး။

ဒါနဲ႔ပတ္သက္ၿပီး လူ႔အခြင့္အေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Fortify Rights အဖြဲ႕ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္ေရး သုေတသီ နစ္ကီဒိုင္းမြန္းကေတာ့

"အဲေတာ့ ညႇဥ္းပန္း ႏွိပ္စက္ခံေနရတဲ့သူေတြကေနၿပီးေတာ့ သူတို႔ ညႇဥ္းပန္း ႏွိပ္စက္ခံေနရပါတယ္ ဆိုၿပီးေတာ့ ေျပာထားတဲ့ဟာမ်ိဳးေတြ ရွိတယ္ေပါ့ေနာ္။ အဲဒါေတြက်ေတာ့ အေရးမယူဘဲနဲ႔ ဒီလို ဗြီဒီယိုင္ဖိုင္ႀကီး ထြက္လာတဲ့ အခါက်တာ့ သူတို႔ ပုံရိပ္ ထိခိုက္မွာဆိုးတဲ့ အတြက္ေၾကာင့္ အေရးယူတယ္လို႔ ျမင္တယ္။ ဒါတစ္ခ်က္ေပါ့။ ေနာက္တစ္ခ်က္က ဒီအေျခအေနမွာ ရခိုင္ကိစၥနဲ႔ ပတ္သက္ၿပီး UN မွာလည္း ေဆြးေႏြးတာေတြ လုပ္ေနတယ္။ ေနာက္တစ္ခုက ICJ မွာလည္း ခုဟာက ရီပို႔တင္ရတဲ့ အေနအထားမ်ိဳး ရွိေနတဲ့ အခါက်ေတာ့ စစ္တပ္ အေနနဲ႔က ျပႆနာက ပိုၿပီးေတာ့ မႀကီးထြားေအာင္ အေရးယူေပးတယ္လို႔ ျမင္တယ္ေပါ့ေလ။ တကယ္တမ္း အေရးယူခ်င္တယ္ဆိုလို႔ရွိရင္ ညႇဥ္းပန္းႏွိပ္စက္မူေတြရွိေနတယ္ ရခိုင္ျပည္နယ္မွာက ရခိုင္ေတြ ေသဆုံးတဲ့အထိ ျဖစ္တဲ့ ကိစၥရပ္မ်ိဳးေတြ က်ေနာ္တို႔ Report ေတြ ေပါ့ေနာ္ တက္လာတာေတြ အၿမဲတမ္း သတိထားမိေနတယ္။"

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္႐ြာမွာ ၂၀၁၇ ခုႏွစ္က လူအစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔လည္း စစ္ခုံ႐ုံးက စစ္ေဆးၿပီးသြားၿပီျဖစ္ၿပီး၊ ေနာက္ဆုံးအဆင့္ျဖစ္တဲ့ အတည္ျပဳ အာဏာပိုင္က အတည္ျပဳၿပီးတာနဲ႔ အေရးယူခံရသူေတြနဲ႔ သူတို႔ကို ေပးထားတဲ့ ျပစ္မႈျပစ္ဒဏ္ေတြကို ဒီလထဲမွာပဲ သတင္း ထုတ္ျပန္ေပးသြားမယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

"ဂူတာျပင္ ကိစၥက စစ္တရား႐ုံးအရ စစ္ေဆးၿပီးျဖစ္တယ္။ စစ္တရား႐ုံး အေနနဲ႔လည္း ခ်မွတ္သင့္တဲ့ ျပစ္ဒဏ္ေတြကို ခ်မွတ္ၿပီးျဖစ္တယ္။ က်ေနာ္တို႔ ေနာက္ဆုံး အဆင့္ပဲ က်န္ပါတယ္။ ေနာက္ဆုံးအဆင့္က အတည္ျပဳ အာဏာပိုင္က အတည္ျပဳမွာျဖစ္တယ္။ က်ေနာ္ေျပာႏိုင္တာကေတာ့ အတည္ျပဳ အာဏာပိုင္က အတည္ျပဳၿပီးရင္ အေရးယူခဲ့တဲ့ သူေတြေရာ၊ ျပစ္မူ ျပစ္ဒဏ္ေတြကိုေရာ ထုတ္ျပန္ေပးမွာ ျဖစ္ပါတယ္။ ဒါေတြသည္ ဘယ္လိုပဲ ေျပာေျပာ ဒီလအတြင္းမွာပဲ ထုတ္ျပန္ေပးမွာျဖစ္ပါတယ္။"

ဒီဂူတာျပင္ကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ စစ္ခုံ႐ုံးက၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလမွာစ စ္ေဆးမႈစတင္ခဲ့ၿပီး၊ ဒီႏွစ္ဧၿပီလ ၃၀ရက္ ေန႔ကအၿပီးသတ္ အမိန႔္ခ်ခဲ့တာပါ။ ဒါေပမဲ့ ေပးထားတဲ့ ျပစ္ဒဏ္ေတြဟာ မွ်တမႈ ရွိရဲ႕လား ဆိုတာကို ဥပေဒေၾကာင္းအရ ျပန္လည္စစ္ေဆးေနတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္ေက်း႐ြာမွာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ က အာဆာအၾကမ္းဖက္ အဖြဲ႕ေတြေၾကာင့္ တပ္မေတာ္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြက နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္တယ္ဆိုတဲ့ ကာလ အတြင္း လူေလးရာေက်ာ္ အသတ္ခံရတယ္လို႔ ႏိုင္ငံတကာ အဖြဲ႕ေတြက ေထာက္ျပခဲ့တာ ျဖစ္ပါတယ္။

ျမန္မာအစိုးရက ေမလ၂၃ရက္မွာ အျပည္ျပည္ဆိုင္ရာ တရား႐ုံး အိုင္စီေဂ်ကို ပထမဆုံး အစီရင္ခံစာတင္သြင္းဖို႔ ရွိၿပီး အဲ့ဒီအစီရင္ခံစာတင္သြင္းရာမွာ လိုအပ္တဲ့အခ်က္အလက္ေတြကို အစိုးရက ေတာင္းခံလာတဲ့အေပၚ တပ္မေတာ္အေနနဲ႔ အျပည့္အဝကူညီေပးခဲ့တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

အစိုးရဘက္ကေတာ့ ပထမဆုံးအစီရင္ခံစာထဲမွာ ဘယ္လိုအေၾကာင္းအရာေတြ ထည့္သြင္းတင္ျပမယ္ဆိုတာကို ထုတ္ေဖာ္မေျပာေပမယ့္လည္း တပ္မေတာ္ဘက္ကေတာ့ အစိုးရလိုအပ္တဲ့ အခ်က္အလက္ေတြကို တိတိက်က် အျပည့္အစုံ အကူအညီေပးထားတယ္လို႔ ေျပာပါတယ္၊၏

႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏီုင္ငံကို အေရးယူေပးဖို႔ အျပည္ျပည္ဆိုင္ရာ တရား႐ုံးအိုင္စီေဂ်ကို ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းက တင္ျပခဲ့ၿပီး တရား႐ုံးက၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလကုန္မွာ ၾကားျဖတ္ စီရင္ခ်က္ ခ်မွတ္ထားတာျဖစ္ပါတယ္။

သက္စုေအာင္၊ သီဟထြန္း / RFA Burmese
------------------------------------------------
(Unicode)⤵⤵⤵
စစ်ရေယာဉ်ပေါ်မှာ နှိပ်စက်ခံရတဲ့ အရပ်သား ငါးဦးကိစ္စ ကာချုပ်အမိန့်နဲ့ စုံစမ်းနေပြီ

ရခိုင်ပြည်နယ်က အရပ်သား ငါးယောက်ကို အေအေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ရေယာဉ်ပေါ် မှာ တပ်မတော်သားတွေ က ရိုက်နှက်ထိုးကြိတ်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က ဒီကိစ္စကို အလေးထားပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

"အရေးယူနိုင်ဖို့အတွက် ဒါ စုံစမ်းစစ်ဆေးရေးခုံရုံးတွေ စတင်ဆောင်ရွက်လျက် ရှိပါတယ်။ ပြီးရင် ကျနော်တို့ အနေနဲ့ တည်ဆဲဥပဒေအရ စစ်စည်းကမ်းအရ တိတိကျကျ ကျနော်တို့ အရေးယူသွားမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြောနိုင်တာကတော့ ကျနော်တို့ ခန ခန ပြောနေတာရှိပါတယ်။ ကျနော်တို့ အနေနဲ့ ဒီလိုမျိုး ပြစ်မှုတွေ၊ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ဟာတွေတင် မကဘူး တရားဥပဒေနဲ့ ငြိစွန်းတဲ့ အကြောင်း အရာတွေ၊ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ ဒီလို ညှဉ်းပန်းနှိပ်စက်မူတွေ ရှိခဲ့လို့ရှိရင် တာဝန်ယူမူ တာဝန်ခံမူ အပြည့်နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။"

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က အရပ်သားလေးယောက်နဲ့ မြောက်ဦးမြို့နယ်က အရပ်သား တစ်ယောက်ကို AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ရေယာဉ်ပေါ်မှာ တပ်မတော်သားတွေက ရိုက်နှက်ထိုးကြိတ် မေးမြန်း နေတဲ့ ဗွီဒီယိုဖိုင်တစ်ခု မေလ ၁၀ရက်နေ့က လူမှုကွန်ရက်မှ ပျံ့နှံ့ခဲ့တာပါ။ ဒီဖြစ်စဉ်က အေအေနဲ့ ပတ်သက်တယ် ဆိုပြီး အရပ်သား ငါးယောက်ကို စစ်တွေကို တရားစွဲတင်နိုင်ဖို့ စစ်ရေယာဉ်နဲ့ သယ်ဆောင်တဲ့အခါမှာ ဖြစ်ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်က မေလ ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ဥပဒေနဲ့မညီဘဲ စစ်ဆေး မေးမြန်းခဲ့ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာပါ ဝင်ပတ်သက်တဲ့သူတွေကို တည်ဆဲဥပဒေအရ စစ်စည်းကမ်းအရ တိတိကျကျ အရေးယူသွားမှာ ဖြစ်ပြီး တပ်မတော်အနေနဲ့ ပြည်သူလူထုနဲ့ ပတ်သက်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေရှိခဲ့ရင် တာဝန်ယူမှုတာဝန်ခံမှု အပြည့်နဲ့ အရေးယူမှုဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ဘယ်နှစ်ယောက်ပါဝင်တယ် ဘယ်လိုအဆင့် အရာရှိတွေ ပါဝင်တယ်ဆိုတာကိုတော့ ထုတ်ဖော် ပြောတာမျိုး မရှိပါဘူး။

ဒါနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး သုတေသီ နစ်ကီဒိုင်းမွန်းကတော့

"အဲတော့ ညှဉ်းပန်း နှိပ်စက်ခံနေရတဲ့သူတွေကနေပြီးတော့ သူတို့ ညှဉ်းပန်း နှိပ်စက်ခံနေရပါတယ် ဆိုပြီးတော့ ပြောထားတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေကျတော့ အရေးမယူဘဲနဲ့ ဒီလို ဗွီဒီယိုင်ဖိုင်ကြီး ထွက်လာတဲ့ အခါကျတာ့ သူတို့ ပုံရိပ် ထိခိုက်မှာဆိုးတဲ့ အတွက်ကြောင့် အရေးယူတယ်လို့ မြင်တယ်။ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က ဒီအခြေအနေမှာ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး UN မှာလည်း ဆွေးနွေးတာတွေ လုပ်နေတယ်။ နောက်တစ်ခုက ICJ မှာလည်း ခုဟာက ရီပို့တင်ရတဲ့ အနေအထားမျိုး ရှိနေတဲ့ အခါကျတော့ စစ်တပ် အနေနဲ့က ပြဿနာက ပိုပြီးတော့ မကြီးထွားအောင် အရေးယူပေးတယ်လို့ မြင်တယ်ပေါ့လေ။ တကယ်တမ်း အရေးယူချင်တယ်ဆိုလို့ရှိရင် ညှဉ်းပန်းနှိပ်စက်မူတွေရှိနေတယ် ရခိုင်ပြည်နယ်မှာက ရခိုင်တွေ သေဆုံးတဲ့အထိ ဖြစ်တဲ့ ကိစ္စရပ်မျိုးတွေ ကျနော်တို့ Report တွေ ပေါ့နော် တက်လာတာတွေ အမြဲတမ်း သတိထားမိနေတယ်။"

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့လည်း စစ်ခုံရုံးက စစ်ဆေးပြီးသွားပြီဖြစ်ပြီး၊ နောက်ဆုံးအဆင့်ဖြစ်တဲ့ အတည်ပြု အာဏာပိုင်က အတည်ပြုပြီးတာနဲ့ အရေးယူခံရသူတွေနဲ့ သူတို့ကို ပေးထားတဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ဒီလထဲမှာပဲ သတင်း ထုတ်ပြန်ပေးသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ဂူတာပြင် ကိစ္စက စစ်တရားရုံးအရ စစ်ဆေးပြီးဖြစ်တယ်။ စစ်တရားရုံး အနေနဲ့လည်း ချမှတ်သင့်တဲ့ ပြစ်ဒဏ်တွေကို ချမှတ်ပြီးဖြစ်တယ်။ ကျနော်တို့ နောက်ဆုံး အဆင့်ပဲ ကျန်ပါတယ်။ နောက်ဆုံးအဆင့်က အတည်ပြု အာဏာပိုင်က အတည်ပြုမှာဖြစ်တယ်။ ကျနော်ပြောနိုင်တာကတော့ အတည်ပြု အာဏာပိုင်က အတည်ပြုပြီးရင် အရေးယူခဲ့တဲ့ သူတွေရော၊ ပြစ်မူ ပြစ်ဒဏ်တွေကိုရော ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ ဒါတွေသည် ဘယ်လိုပဲ ပြောပြော ဒီလအတွင်းမှာပဲ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။"

ဒီဂူတာပြင်ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် စစ်ခုံရုံးက၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာစ စ်ဆေးမှုစတင်ခဲ့ပြီး၊ ဒီနှစ်ဧပြီလ ၃၀ရက် နေ့ကအပြီးသတ် အမိန့်ချခဲ့တာပါ။ ဒါပေမဲ့ ပေးထားတဲ့ ပြစ်ဒဏ်တွေဟာ မျှတမှု ရှိရဲ့လား ဆိုတာကို ဥပဒေကြောင်းအရ ပြန်လည်စစ်ဆေးနေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ က အာဆာအကြမ်းဖက် အဖွဲ့တွေကြောင့် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်တယ်ဆိုတဲ့ ကာလ အတွင်း လူလေးရာကျော် အသတ်ခံရတယ်လို့ နိုင်ငံတကာ အဖွဲ့တွေက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရက မေလ၂၃ရက်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေကို ပထမဆုံး အစီရင်ခံစာတင်သွင်းဖို့ ရှိပြီး အဲ့ဒီအစီရင်ခံစာတင်သွင်းရာမှာ လိုအပ်တဲ့အချက်အလက်တွေကို အစိုးရက တောင်းခံလာတဲ့အပေါ် တပ်မတော်အနေနဲ့ အပြည့်အဝကူညီပေးခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အစိုးရဘက်ကတော့ ပထမဆုံးအစီရင်ခံစာထဲမှာ ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းတင်ပြမယ်ဆိုတာကို ထုတ်ဖော်မပြောပေမယ့်လည်း တပ်မတော်ဘက်ကတော့ အစိုးရလိုအပ်တဲ့ အချက်အလက်တွေကို တိတိကျကျ အပြည့်အစုံ အကူအညီပေးထားတယ်လို့ ပြောပါတယ်၊၏

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနီုင်ငံကို အရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံးအိုင်စီဂျေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တင်ပြခဲ့ပြီး တရားရုံးက၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်မှာ ကြားဖြတ် စီရင်ချက် ချမှတ်ထားတာဖြစ်ပါတယ်။

သက်စုအောင်၊ သီဟထွန်း / RFA Burmese
https://www.rfa.org/burmese/news/army-press-about-five-civilians-tortured-on-ship-05222020074808.html
စစ္ေရယာဥ္ေပၚမွာ ႏွိပ္စက္ခံရတဲ့ အရပ္သား ငါးဦးကိစၥ ကာခ်ဳပ္အမိန႔္နဲ႔ စုံစမ္းေနၿပီ စစ္ေရယာဥ္ေပၚမွာ ႏွိပ္စက္ခံရတဲ့ အရပ္သား ငါးဦးကိစၥ ကာခ်ဳပ္အမိန႔္နဲ႔ စုံစမ္းေနၿပီ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.