ကီရင္ဘီယာကုမၸဏီကို တပ္မေတာ္နဲ႔ စီးပြာေရး ေပါင္းမလုပ္ဖို႔ ေတာင္းဆို

(Zawgyi)⤵⤵⤵
ကီရင္ (Kirin) ကုမၸဏီ အေနနဲ႔ တပ္မေတာ္နဲ႔ စီးပြားေရးပူးေပါင္းလုပ္ေဆာင္ေနတာကို ရပ္တန္းကရပ္ၿပီး တရားမွ်တမႈအတြက္ ေဆာင္႐ြက္ေနတဲ့ေနရာေတြမွာပါဝင္ဖို႔  ျမန္မာႏိုင္ငံအတြက္ တရားမွ်တမႈ (Justice For Myanmar) အဖြဲ႕က သတင္းထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

တပ္မေတာ္ဟာ ကီရင္ (Kirin) ဘီယာကုမၸဏီနဲ႔ ပူးေပါင္းၿပီးရလာတဲ့ အျမတ္အစြန္းေတြကို လူမ်ိဳးတုံး သတ္ျဖတ္ တာေတြနဲ႔ စစ္ရာဇဝတ္မႈ က်ဴးလြန္တာေတြမွာ အသုံးျပဳေနတဲ့အတြက္ ကီရင္အေနနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ သူတို႔ရဲ႕ ဘီယာလုပ္ငန္းကို  ဆက္လုပ္ေနမယ္ဆိုရင္ တပ္မေတာ္ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာ အလိုတူ အလိုပါ အျဖစ္ သတ္မွတ္ရမွာျဖစ္တယ္လို႔ Justice for Myanmar အဖြဲ႕က ေမလ ၁၂ ရက္ေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ေျပာလိုက္ပါတယ္။

ကီရင္ (Kirin) ကုမၸဏီဟာ တပ္မေတာ္ပိုင္ ျမန္မာ့စီးပြားေရးဦးပိုင္ လီမိတက္နဲ႔ ပူးေပါင္းၿပီး ဘီယာလုပ္ငန္း ေဆာင္႐ြက္ေနတာျဖစ္ၿပီး ကီရင္က အစုရွယ္ယာ ၅၁% ပိုင္ဆိုင္ၿပီး ဦးပိုင္က အစုရွယ္ယာ ၄၉ % ပိုင္ဆိုင္ပါတယ္။

Justice for Myanmar ရဲ႕ ေၾကညာခ်က္နဲ႔ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက အခုလို ေျပာပါတယ္။

"ျမန္မာ့စီးပြားေရးဦးပိုင္ပဲျဖစ္ျဖစ္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းပဲျဖစ္ျဖစ္ စီးပြားေရးလုပ္ကိုင္ေနတာ တရားဝင္ပဲျဖစ္တယ္၊ ႏိုင္ငံေတာ္အစိုးရကို အခြန္ေဆာင္ၿပီးေတာ့မွ လုပ္ေနတဲ့ဟာျဖစ္တယ္၊ ရရွိတဲ့ဟာမွန္သမွ် အက်ိဳးအျမတ္မွန္သမွ်သည္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ဖို႔တို႔ဘာတို႔ အသုံးျပဳဖို႔ေနေနသာသာ ကြၽန္ေတာ္တို႔ တပ္မိသားစုေတြရဲ႕ သက္သာေခ်ာင္ခ်ိေရးအတြက္ပဲ ေဆာင္႐ြက္တာပဲျဖစ္တယ္၊ လူ႔အခြင့္အေရးကိစၥေတြမွာ ေဆာင္႐ြက္တဲ့ဟာမ်ိဳး မရွိဘူး၊ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက တခ်ိဳ႕ ရည္႐ြယ္ခ်က္ရွိတဲ့ အဖြဲ႕အစည္းေတြက စြပ္စြဲေနက်ပဲျဖစ္ပါတယ္၊ ျမန္မာ့စီးပြားေရးဦးပိုင္တို႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းတို႔ဆိုတာလည္း ႏိုင္ငံေတာ္မွာ စာရင္းအစစ္ခံၿပီးမွ ေဆာက္႐ြက္ရတဲ့ အဖြဲ႕ေတြျဖစ္တယ္၊ ဒါေၾကာင့္မို႔လို႔ သူသည္လည္း ကုမၸဏီတစ္ခုအေနနဲ႔ ေဆာင္႐ြက္ေနတာျဖစ္တယ္၊ အျပင္ကုမၸဏီေတြနဲ႔ ဘာမွမထူးျခားဘူး ေဆာင္႐ြက္ေန တာပဲ ျဖစ္ပါတယ္၊ ဒါနဲ႔ပတ္သက္ၿပီး ထူးျခားေဝဖန္စရာရွိပါဘူး"

ေမလ ၁၁ ရက္ေန႔က ထုတ္ျပန္တဲ့ ကီရင္ (Kirin) ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီ ၁ ရက္ေန႔ကေန မတ္လ ၃၁ ရက္ေန႔အတြင္း သူတို႔ရရွိတဲ့ အျမတ္ေငြ အေမရိကန္ေဒၚလာ ၄၆ သန္း ေက်ာ္ရွိၿပီး ဒီထဲမွာ တပ္မေတာ္အတြက္က အျမတ္ေငြ ေဒၚလာ ၂၂  သန္းေက်ာ္ ရရွိေစခဲ့တယ္လို႔ ျမန္မာႏိုင္ငံအတြက္ တရားမွ်တမႈအဖြဲ႕က ေျပာထားပါတယ္။

ကီရင္ကို လူမ်ိဳးတုံး သတ္ျဖတ္မႈ၊ စစ္ရာဇဝတ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚ ဆန႔္က်င္ေသာ ရာဇဝတ္မႈမ်ားမွာ ပါဝင္ပတ္သက္ေနတဲ့ စီးပြားေရးလုပ္ငန္းအျဖစ္ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္က ၂၀၁၉ ခုႏွစ္မွာ သတ္မွတ္ေၾကညာထားသလို ၿဗိတိန္ႏိုင္ငံအေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားမႈအဖြဲ႕ Burma Campaign UK ကလည္း အမည္ပ်က္စာရင္းမွာ ထည့္သြင္းထားပါတယ္။

ဒါေပမဲ့ ကီရင္ကေတာ့ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ရဲ႕ အႀကံျပဳခ်က္ကို လစ္လ်ဴရႈကာ ျမန္မာ့ တပ္မေတာ္ရဲ႕ အဓိက ဝင္ေငြရင္းျမစ္တစ္ခုအျဖစ္ ဆက္လက္ ရပ္တည္ေပးေနတုန္းျဖစ္တယ္လို႔ Justice for Myanmar ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ မရတနာေမာင္က ေၾကညာခ်က္မွာ ထည့္သြင္းေျပာထားပါတယ္။

ဒီလိုထုတ္ျပန္ခ်က္ေတြေၾကာင့္ ႏိုင္ငံတကာနဲ႔ဆက္ဆံေရးအပိုင္းမွာ ထိခိုက္မႈေတြရွိလာႏိုင္တယ္လို႔ ေသနဂၤ မဟာဗ်ဴဟာ ေလ့လာေရးအင္စတီက်ဴရဲ႕  အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက RFA ကို ေျပာပါတယ္။

"အေနာက္ႏိုင္ငံေတြက ပိတ္ၾကတဲ့ ပိတ္ဆို႔မႈေတြဟာ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္မႈေတြရွိတယ္ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ပိတ္ၾကတာမ်ားတာကိုး၊ လူ႔အခြင့္အေရး ေခါင္းစဥ္ဆိုတိုင္းေပမယ့္ ကြၽန္ေတာ္တို႔ လက္ရွိ ျပည္တြင္း မွာ ႀကဳံေတြ႕ေနရတဲ့အခက္အခဲရယ္ တကယ္ရင္ဆိုင္ေနရတဲ့ လက္နက္ကိုင္ပဋိပကၡေပါ့ ဒါေတြကေတာ့ လူ႔အခြင့္အေရး ဆိုတဲ့ေခါင္းစဥ္တစ္ခုေအာက္ထဲကေန ေျဖရွင္းလို႔ မရႏိုင္ဘူး၊ ရခိုင္ေဒသနဲ႔ပတ္သက္လို႔ ျဖစ္စဥ္ေတြမွာ သူတို႔ရဲ႕လႈပ္ရွားမႈေတြပိုျမင့္လာတယ္လို႔ ကြၽန္ေတာ္တို႔ ၾကားထားရတဲ့ အေနအထားေလးေတြ ရွိတယ္ေပါ့၊ အဲ့လိုအေျခအေနမ်ိဳးမွာ ဒီလိုမ်ိဳးလုပ္တယ္ဆိုရင္ေတာ့ ဒီလိုပိတ္ဆို႔မႈမ်ိဳးဟာ ႏိုင္ငံေရးအရ ဖိအားဝင္တယ္လို႔ပဲ ကြၽန္ေတာ္တို႔က သုံးသပ္တယ္၊ အရင္တုန္းကတည္းက ပိတ္ဆို႔တယ္ ဖိအားေပးတယ္ ဒါမ်ိဳးကတစ္မ်ိဳး၊ အခုလိုအေျခအေနမ်ိဳးမွာ ျဖစ္လာတဲ့ဟာကေတာ့ နည္းနည္းေတာ့ကြာတယ္၊ ေသခ်ာကေတာ့ ကြၽန္ေတာ္တို႔အတြက္ေတာ့ ေကာင္းတဲ့အလာမ်ိဳးေတာ့ မျဖစ္ဘူး၊ ႏိုင္ငံတကာနဲ႔ ဆက္ဆံေရးအပိုင္းမွာလည္း နည္းနည္းပိုၿပီးေတာ့ အဖုအထစ္ျဖစ္လာမယ့္ အေနအထားေပါ့၊ အဲလိုပဲ ကြၽန္ေတာ္ကေတာ့ သုံးသပ္ပါတယ္"

အမည္ပ်က္စာရင္းသြင္းခံရတဲ့ ႏိုင္ငံတကာက ကုမၸဏီေတြဟာ လူ႔အခြင့္အေရးအတြက္ ခ်မွတ္ထားတဲ့ ဥပေဒေတြကို လိုက္နာဖို႔လိုတယ္လို႔ လူ႔အခြင့္ေရးလႈပ္ရွားမႈအဖြဲ႕ ညီမွ်ျခင္းျမန္မာရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးေမာင္မ်ိဳးမင္းက RFA ကို ေျပာပါတယ္။

"သက္ေရာက္မႈကေတာ့ ရွိႏိုင္ပါတယ္၊ ပထမဆုံးကေတာ့ ဒီလိုမ်ိဳး စီးပြားေရးလုပ္ေဆာင္တဲ့ ကုမၸဏီႀကီး ေတြဟာ သူ႔ႏိုင္ငံတြင္းမွာလည္း စီးပြားေရးလုပ္တဲ့အခါ ဘာေတြကို မလုပ္ရဘူး ဘာေတြကို လုပ္ရမယ္ဆိုတဲ့ က်င့္ဝတ္ေတြရွိပါတယ္၊ အဲဒီက်င့္ဝတ္ေတြမွာ လူ႔အခြင့္အေရးကို ေလးစားရမယ္၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ သူေတြနဲ႔ စီးပြားေရးမလုပ္ရဘူးဆိုတာ ပါထားၿပီးသားပါ၊ အဲေတာ့ ဒါေတြကိုေတာင္းဆိုၿပီးေတာ့ ေထာက္ျပတဲ့ အခါမွာ အဲဒီကုမၸဏီေတြဟာ စီးပြားေရးဆိုင္ရာ သေဘာတူခ်က္ေတြကို ခ်ိဳးေဖာက္ရာျဖစ္တဲ့အတြက္ ဒါဟာ သူတို႔အေနနဲ႔ ရပ္ကိုရပ္ရမွာပါပဲ"

ၿဗိတိန္ႏိုင္ငံအေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားမႈအဖြဲ႕ Burma Campaign UK ကလည္း တပ္မေတာ္ လုပ္ငန္းေတြနဲ႔ ဆက္စပ္ေနတဲ့ ႏိုင္ငံတကာလုပ္ငန္း ၃၁ ခုကို  “Dirty List” အမည္ပ်က္စာရင္းသြင္းေၾကာင္း ေမလ ၁၁ ရက္ေန႔ ရက္စြဲနဲ႔ ထပ္မံထုတ္ျပန္လိုက္ပါတယ္။

Burma Campaign UK က အမည္ပ်က္စာရင္းထပ္သြင္းလိုက္တဲ့ ကုမၸဏီေတြဟာ တပ္မေတာ္ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ သဘာဝပတ္ဝန္းက်င္ ဖ်က္ဆီးမႈေတြမွာ ပါဝင္ပတ္သက္ေနတဲ့ ကုမၸဏီေတြျဖစ္တယ္လို႔  ေၾကညာခ်က္မွာ ေဖာ္ျပထားတယ္။

အမည္ပ်က္စာရင္းေတြေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္နံွမႈအပိုင္းမွာ သက္ေရာက္မႈေတြ အမ်ားႀကီး ျဖစ္သြားႏိုင္တယ္လို႔ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

"ဒါကေတာ့ တစ္ဖက္မွာ ကုမၸဏီနာမည္ပ်က္မယ္၊ တစ္ဖက္မွာ ဘာျဖစ္မလဲဆိုေတာ့ ႏိုင္ငံသိကၡာေတာ့ က်တာေပါ့၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိတဲ့အတြက္ ဘယ္ကုမၸဏီကေတာ့ ထြက္သြားၿပီဆိုတဲ့ အရာ မ်ိဳးက က်န္ေသာကုမၸဏီႀကီးေတြ အခုလိုမ်ိဳး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကိုဖိတ္ေခၚေနတယ္ ႏိုင္ငံျခားအကူအညီ ရရွိတဲ့အခ်ိန္မ်ိဳးမွာ ဒီလိုမ်ိဳးအခ်က္ေတြေၾကာင့္ တျခားကုမၸဏီေတြေတာင္ ထြက္သြားၿပီဆိုတဲ့ဟာမ်ိဳးျဖစ္ေတာ့ ေနာက္ထပ္ကုမၸဏီေတြလာဖို႔ ေတာ္ေတာ္ခက္ခဲသြားတာ ျဖစ္ႏိုင္ပါတယ္၊ ဒါဆိုရင္ေတာ့ တိုင္းျပည္ရဲ႕ ႏိုင္ငံျခားအကူအညီနဲ႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအပိုင္းမွာ သက္ေရာက္မႈေတြ အမ်ားႀကီးျဖစ္သြားႏိုင္ပါတယ္"

အမည္ပ်က္စာရင္းအသစ္ထဲမွာ ေဟာင္ေကာင္အပါအဝင္ တ႐ုတ္ႏိုင္ငံက ကုမၸဏီေပါင္း ၂၀ ေက်ာ္ပါဝင္ၿပီး အိႏၵိယနဲ႔ စင္ကာပူကုမၸဏီေတြလည္း အမ်ားဆုံးပါဝင္ေနပါတယ္။

အခ်ိဳ႕သေဘၤာကုမၸဏီေတြဟာ အမည္ပ်က္စာရင္းထဲမွာပါဝင္ၿပီးသား တပ္မေတာ္ပိုင္ ဆိပ္ကမ္းေတြနဲ႔ ဆူးေလရွန္ဂရီလာဟိုတယ္ေတြကို အသုံးျပဳထားတယ္လို႔ ေဖာ္ျပထားပါတယ္။

Burma Campaign UK က အမည္ပ်က္စာရင္းသြင္းထားတာ စုစုေပါင္း ၁၁၃ ခုအထိရွိလာၿပီး တ႐ုတ္၊ ယူေက၊ ျပင္သစ္၊ ေနာ္ေဝ၊ ဂ်ပန္၊ ယူကရိန္း၊ အေမရိကန္၊ ထိုင္း၊ ဗီယက္နမ္၊ အိႏၵိယနဲ႔ စကၤာပူ စတဲ့ ႏိုင္ငံေတြမွာ အေျခစိုက္ၾကတဲ့ ႏိုင္ငံတကာ ကုမၸဏီေတြ မ်ားစြာပါဝင္ေနပါတယ္။

သန႔္ဇင္ဦး / RFA Burmese
----------------------------------

(Unicode)⤵⤵⤵
ကီရင်ဘီယာကုမ္ပဏီကို တပ်မတော်နဲ့ စီးပွာရေး ပေါင်းမလုပ်ဖို့ တောင်းဆို

ကီရင် (Kirin) ကုမ္ပဏီ အနေနဲ့ တပ်မတော်နဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်နေတာကို ရပ်တန်းကရပ်ပြီး တရားမျှတမှုအတွက် ဆောင်ရွက်နေတဲ့နေရာတွေမှာပါဝင်ဖို့  မြန်မာနိုင်ငံအတွက် တရားမျှတမှု (Justice For Myanmar) အဖွဲ့က သတင်းထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တပ်မတော်ဟာ ကီရင် (Kirin) ဘီယာကုမ္ပဏီနဲ့ ပူးပေါင်းပြီးရလာတဲ့ အမြတ်အစွန်းတွေကို လူမျိုးတုံး သတ်ဖြတ် တာတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေမှာ အသုံးပြုနေတဲ့အတွက် ကီရင်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ဘီယာလုပ်ငန်းကို  ဆက်လုပ်နေမယ်ဆိုရင် တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အလိုတူ အလိုပါ အဖြစ် သတ်မှတ်ရမှာဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က မေလ ၁၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြောလိုက်ပါတယ်။

ကီရင် (Kirin) ကုမ္ပဏီဟာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နဲ့ ပူးပေါင်းပြီး ဘီယာလုပ်ငန်း ဆောင်ရွက်နေတာဖြစ်ပြီး ကီရင်က အစုရှယ်ယာ ၅၁% ပိုင်ဆိုင်ပြီး ဦးပိုင်က အစုရှယ်ယာ ၄၉ % ပိုင်ဆိုင်ပါတယ်။

Justice for Myanmar ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

"မြန်မာ့စီးပွားရေးဦးပိုင်ပဲဖြစ်ဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပဲဖြစ်ဖြစ် စီးပွားရေးလုပ်ကိုင်နေတာ တရားဝင်ပဲဖြစ်တယ်၊ နိုင်ငံတော်အစိုးရကို အခွန်ဆောင်ပြီးတော့မှ လုပ်နေတဲ့ဟာဖြစ်တယ်၊ ရရှိတဲ့ဟာမှန်သမျှ အကျိုးအမြတ်မှန်သမျှသည် လူ့အခွင့်အရေး ချိုးဖောက်ဖို့တို့ဘာတို့ အသုံးပြုဖို့နေနေသာသာ ကျွန်တော်တို့ တပ်မိသားစုတွေရဲ့ သက်သာချောင်ချိရေးအတွက်ပဲ ဆောင်ရွက်တာပဲဖြစ်တယ်၊ လူ့အခွင့်အရေးကိစ္စတွေမှာ ဆောင်ရွက်တဲ့ဟာမျိုး မရှိဘူး၊ နိုင်ငံတကာအဖွဲ့အစည်းတွေက တချို့ ရည်ရွယ်ချက်ရှိတဲ့ အဖွဲ့အစည်းတွေက စွပ်စွဲနေကျပဲဖြစ်ပါတယ်၊ မြန်မာ့စီးပွားရေးဦးပိုင်တို့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ဆိုတာလည်း နိုင်ငံတော်မှာ စာရင်းအစစ်ခံပြီးမှ ဆောက်ရွက်ရတဲ့ အဖွဲ့တွေဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူသည်လည်း ကုမ္ပဏီတစ်ခုအနေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်၊ အပြင်ကုမ္ပဏီတွေနဲ့ ဘာမှမထူးခြားဘူး ဆောင်ရွက်နေ တာပဲ ဖြစ်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ထူးခြားဝေဖန်စရာရှိပါဘူး"

မေလ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ ကီရင် (Kirin) ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အတွင်း သူတို့ရရှိတဲ့ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄၆ သန်း ကျော်ရှိပြီး ဒီထဲမှာ တပ်မတော်အတွက်က အမြတ်ငွေ ဒေါ်လာ ၂၂  သန်းကျော် ရရှိစေခဲ့တယ်လို့ မြန်မာနိုင်ငံအတွက် တရားမျှတမှုအဖွဲ့က ပြောထားပါတယ်။

ကီရင်ကို လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများမှာ ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်မှာ သတ်မှတ်ကြေညာထားသလို ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကလည်း အမည်ပျက်စာရင်းမှာ ထည့်သွင်းထားပါတယ်။

ဒါပေမဲ့ ကီရင်ကတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အကြံပြုချက်ကို လစ်လျူရှုကာ မြန်မာ့ တပ်မတော်ရဲ့ အဓိက ဝင်ငွေရင်းမြစ်တစ်ခုအဖြစ် ဆက်လက် ရပ်တည်ပေးနေတုန်းဖြစ်တယ်လို့ Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။

ဒီလိုထုတ်ပြန်ချက်တွေကြောင့် နိုင်ငံတကာနဲ့ဆက်ဆံရေးအပိုင်းမှာ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအင်စတီကျူရဲ့  အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက RFA ကို ပြောပါတယ်။

"အနောက်နိုင်ငံတွေက ပိတ်ကြတဲ့ ပိတ်ဆို့မှုတွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်မှုတွေရှိတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိတ်ကြတာများတာကိုး၊ လူ့အခွင့်အရေး ခေါင်းစဉ်ဆိုတိုင်းပေမယ့် ကျွန်တော်တို့ လက်ရှိ ပြည်တွင်း မှာ ကြုံတွေ့နေရတဲ့အခက်အခဲရယ် တကယ်ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်ပဋိပက္ခပေါ့ ဒါတွေကတော့ လူ့အခွင့်အရေး ဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်ထဲကနေ ဖြေရှင်းလို့ မရနိုင်ဘူး၊ ရခိုင်ဒေသနဲ့ပတ်သက်လို့ ဖြစ်စဉ်တွေမှာ သူတို့ရဲ့လှုပ်ရှားမှုတွေပိုမြင့်လာတယ်လို့ ကျွန်တော်တို့ ကြားထားရတဲ့ အနေအထားလေးတွေ ရှိတယ်ပေါ့၊ အဲ့လိုအခြေအနေမျိုးမှာ ဒီလိုမျိုးလုပ်တယ်ဆိုရင်တော့ ဒီလိုပိတ်ဆို့မှုမျိုးဟာ နိုင်ငံရေးအရ ဖိအားဝင်တယ်လို့ပဲ ကျွန်တော်တို့က သုံးသပ်တယ်၊ အရင်တုန်းကတည်းက ပိတ်ဆို့တယ် ဖိအားပေးတယ် ဒါမျိုးကတစ်မျိုး၊ အခုလိုအခြေအနေမျိုးမှာ ဖြစ်လာတဲ့ဟာကတော့ နည်းနည်းတော့ကွာတယ်၊ သေချာကတော့ ကျွန်တော်တို့အတွက်တော့ ကောင်းတဲ့အလာမျိုးတော့ မဖြစ်ဘူး၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးအပိုင်းမှာလည်း နည်းနည်းပိုပြီးတော့ အဖုအထစ်ဖြစ်လာမယ့် အနေအထားပေါ့၊ အဲလိုပဲ ကျွန်တော်ကတော့ သုံးသပ်ပါတယ်"

အမည်ပျက်စာရင်းသွင်းခံရတဲ့ နိုင်ငံတကာက ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးအတွက် ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာဖို့လိုတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားမှုအဖွဲ့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမောင်မျိုးမင်းက RFA ကို ပြောပါတယ်။

"သက်ရောက်မှုကတော့ ရှိနိုင်ပါတယ်၊ ပထမဆုံးကတော့ ဒီလိုမျိုး စီးပွားရေးလုပ်ဆောင်တဲ့ ကုမ္ပဏီကြီး တွေဟာ သူ့နိုင်ငံတွင်းမှာလည်း စီးပွားရေးလုပ်တဲ့အခါ ဘာတွေကို မလုပ်ရဘူး ဘာတွေကို လုပ်ရမယ်ဆိုတဲ့ ကျင့်ဝတ်တွေရှိပါတယ်၊ အဲဒီကျင့်ဝတ်တွေမှာ လူ့အခွင့်အရေးကို လေးစားရမယ်၊ လူ့အခွင့်အရေး ချိုးဖောက် သူတွေနဲ့ စီးပွားရေးမလုပ်ရဘူးဆိုတာ ပါထားပြီးသားပါ၊ အဲတော့ ဒါတွေကိုတောင်းဆိုပြီးတော့ ထောက်ပြတဲ့ အခါမှာ အဲဒီကုမ္ပဏီတွေဟာ စီးပွားရေးဆိုင်ရာ သဘောတူချက်တွေကို ချိုးဖောက်ရာဖြစ်တဲ့အတွက် ဒါဟာ သူတို့အနေနဲ့ ရပ်ကိုရပ်ရမှာပါပဲ"

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကလည်း တပ်မတော် လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာလုပ်ငန်း ၃၁ ခုကို  “Dirty List” အမည်ပျက်စာရင်းသွင်းကြောင်း မေလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

Burma Campaign UK က အမည်ပျက်စာရင်းထပ်သွင်းလိုက်တဲ့ ကုမ္ပဏီတွေဟာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့  ကြေညာချက်မှာ ဖော်ပြထားတယ်။

အမည်ပျက်စာရင်းတွေကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုအပိုင်းမှာ သက်ရောက်မှုတွေ အများကြီး ဖြစ်သွားနိုင်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ဒါကတော့ တစ်ဖက်မှာ ကုမ္ပဏီနာမည်ပျက်မယ်၊ တစ်ဖက်မှာ ဘာဖြစ်မလဲဆိုတော့ နိုင်ငံသိက္ခာတော့ ကျတာပေါ့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတဲ့အတွက် ဘယ်ကုမ္ပဏီကတော့ ထွက်သွားပြီဆိုတဲ့ အရာ မျိုးက ကျန်သောကုမ္ပဏီကြီးတွေ အခုလိုမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်နေတယ် နိုင်ငံခြားအကူအညီ ရရှိတဲ့အချိန်မျိုးမှာ ဒီလိုမျိုးအချက်တွေကြောင့် တခြားကုမ္ပဏီတွေတောင် ထွက်သွားပြီဆိုတဲ့ဟာမျိုးဖြစ်တော့ နောက်ထပ်ကုမ္ပဏီတွေလာဖို့ တော်တော်ခက်ခဲသွားတာ ဖြစ်နိုင်ပါတယ်၊ ဒါဆိုရင်တော့ တိုင်းပြည်ရဲ့ နိုင်ငံခြားအကူအညီနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ သက်ရောက်မှုတွေ အများကြီးဖြစ်သွားနိုင်ပါတယ်"

အမည်ပျက်စာရင်းအသစ်ထဲမှာ ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၂၀ ကျော်ပါဝင်ပြီး အိန္ဒိယနဲ့ စင်ကာပူကုမ္ပဏီတွေလည်း အများဆုံးပါဝင်နေပါတယ်။

အချို့သင်္ဘောကုမ္ပဏီတွေဟာ အမည်ပျက်စာရင်းထဲမှာပါဝင်ပြီးသား တပ်မတော်ပိုင် ဆိပ်ကမ်းတွေနဲ့ ဆူးလေရှန်ဂရီလာဟိုတယ်တွေကို အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။

Burma Campaign UK က အမည်ပျက်စာရင်းသွင်းထားတာ စုစုပေါင်း ၁၁၃ ခုအထိရှိလာပြီး တရုတ်၊ ယူကေ၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ယူကရိန်း၊ အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ စင်္ကာပူ စတဲ့ နိုင်ငံတွေမှာ အခြေစိုက်ကြတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ များစွာပါဝင်နေပါတယ်။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/news/kirin-beer-05132020060735.html
ကီရင္ဘီယာကုမၸဏီကို တပ္မေတာ္နဲ႔ စီးပြာေရး ေပါင္းမလုပ္ဖို႔ ေတာင္းဆို ကီရင္ဘီယာကုမၸဏီကို တပ္မေတာ္နဲ႔ စီးပြာေရး ေပါင္းမလုပ္ဖို႔ ေတာင္းဆို Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.