ကပ္ေဘးေၾကာင့္ ခ်င္း-အိႏၵိယနယ္စပ္ေဒသ ရိကၡာျပတ္မွာ စိုးရိမ္ေနရ

(Zawgyi)⤵⤵⤵
ကို႐ိုနာကူးစက္ျပန႔္ပြားမႈ ထိန္းခ်ဳပ္ေနတဲ့ ကာလမွာ ခ်င္းျပည္နယ္က အိႏၵိယနယ္စပ္ဂိတ္ကို ပိတ္ထားတာေၾကာင့္ စားနပ္ရိကၡာ ျပတ္သြားမွာကို စိုးရိမ္မႈေတြ ရွိေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ (ေခၚ) Covid-19 ပ်ံ႕ႏွံ႔မွာကို စိုးရိမ္လို႔ အိႏၵိယ-ခ်င္းျပည္နယ္စပ္ ဂိတ္ေတြပိတ္တာ၊ လုပ္ငန္းေတြ ပိတ္သိမ္းထားတာေၾကာင့္ ခ်င္းျပည္နယ္ ေျမာက္ပိုင္း နယ္စပ္ေဒသေတြမွာ လက္လုပ္လက္စားသမားေတြ အစားအေသာက္ ရွားပါးမယ့္ဒဏ္ ႀကဳံလာမွာကို ခ်င္းအရပ္ဖက္ အဖြဲ႕အစည္းတခ်ိဳ႕ စိုးရိမ္ေနၾကပါတယ္။

ျပည္နယ္အစိုးရက ကူညီမေပးႏိုင္တဲ့ေနရာေတြကို အလႉရွင္ေတြနဲ႔ ဇိုမီး Covid-19 တုံ႔ျပန္ေရးေကာ္မတီတို႔ ပူးေပါင္းေျဖရွင္းေနရတယ္လို႔ အဖြဲ႕ဥကၠ႒ ဦးလ်န္ေတြင္က ေျပာပါတယ္။

“အိႏၵိယနဲ႔နယ္စပ္ က်ီးခါး၊ တြန္းဇံဘက္ နယ္စပ္မွာက်ေတာ့ အိႏၵိယဘက္က ပိတ္ပစ္လိုက္တာ။ သူတို႔မွာ အစကတည္းက အစားအေသာက္၊ ေဆးဝါး ဝယ္တာက အစ အိႏၵိယဘက္ကို မွီခိုေလ့ရွိတယ္။ အိႏၵိယဘက္က ပိတ္လိုက္ေတာ့ သူတို႔မွာ ဝယ္လို႔မရ၊ သြားလို႔မရ ျဖစ္သြားတယ္။ တကယ္ရိကၡာ ျပတ္မယ့္အေနအထားျဖစ္ တာက ႐ြာ ေလးငါး႐ြာေလာက္ရွိတယ္။ အဲဒီ႐ြာေတြကို က်ေနာ္တို႔ ဒီကေန ေထာက္ပံ့ေပးတယ္ တစ္ကမာၻလုံး စိုးရိမ္ေနတဲ့ ကပ္ေရာဂါ နဲ႔ အသက္ေပ်ာက္မွာထက္ လက္ရွိမွာ ခ်င္းျပည္နယ္မွာ  အဟာရပ်က္ၿပီးေတာ့ စားစရာ ျပတ္ၿပီးေတာ့ ျမင္မေကာင္း၊ ၾကားမေကာင္းျဖစ္မယ့္ အေနအထားရွိတယ္”

တြန္းဇံၿမိဳ႕နယ္ က်ီးခါးနဲ႔ မဏိပူရ္ နယ္စပ္မွာ ငတ္ျပတ္တာနဲ႔ႀကဳံႏိုင္တဲ့ လူဦးေရ ႏွစ္ရာ့ ငါးဆယ္ခန႔္ ရွိပါတယ္။ သူတို႔အဓိက လုပ္ကိုင္တာက ေဒသမွာထြက္တဲ့ ဟင္းသီးဟင္း႐ြက္ေတြကို အိႏၵိယႏိုင္ငံ မဏိပူရ္ ျပည္နယ္ကို သြားၿပီး ေဈးေရာင္းေဈးဝယ္ လုပ္ကိုင္ေနရတာပါ။ အခုလို ပိတ္လိုက္လို႔ အစားအေသာက္ ျပတ္လပ္မႈနဲ႔ ႀကဳံရႏိုင္တဲ့ အေနအထားရွိပါတယ္။

ခ်င္းျပည္နယ္မွာ ေတာေတာင္ ထူထပ္ေပမယ့္ ကိုယ္ပိုင္စိုက္ပ်ိဳးေရးလုပ္ငန္းေတြ လုပ္ကိုင္ၿပီး ထုတ္လုပ္ေရာင္းခ် ႏိုင္ျခင္း မရွိေသးတာေၾကာင့္ နယ္စပ္ေဒသက တင္သြင္းလာတဲ့ကုန္ေတြကို မွီခိုစားေသာက္ၾကပါတယ္။ ကို႐ိုနာ ဗိုင္းရပ္စ္ ကပ္ေဘးဟာ ခ်င္းျပည္နယ္မွာ စိုက္ပ်ိဳး ထုတ္လုပ္မႈေတြ လုပ္ဖို႔အတြက္ အခ်က္ေပးတဲ့ ေခါင္းေလာင္းသံ ျဖစ္တယ္လို႔ ဦးလ်န္ေတြင္က ဆိုပါတယ္။

“ကြၽန္ေတာ္တို႔ သြားမယ္ဆိုရင္ ရက္ကြက္ေထာက္ခံစာ၊ ေက်း႐ြာေထာက္ခံစာ  ယူရတယ္။ အဲဒါနဲ႔ မရေသးဘူး။ ၿမိဳ႕နယ္ေထာက္ခံစာ ယူရတယ္။  ခိုင္ကမ္းၿမိဳ႕က ေထာက္ခံစာေပးမွ ကေလးၿမိဳ႕ကို ဝင္လို႔ရပါတယ္။ အဲခါက် မွပဲ ေဈးဝယ္လို႔ ရတာေပါ့။ ေတာ္ေတာ္ေလး ခက္ခဲပါတယ္”

ခ်င္းျပည္နယ္ဟာ ေဈးဝယ္တာ၊ ေဈး ေရာင္းတာကအစ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕ကို မွီခိုေနတာပါ။ ခ်င္းျပည္နယ္ကထြက္တဲ့ ကုန္စိမ္းေတြကို ကေလးၿမိဳ႕မွာေရာင္းၿပီ  ကေလးၿမိဳ႕ကေန ဆန္၊ ဆီ၊ ဆား စတဲ့ အေျခခံရိကၡာပစၥည္းေတြကို ျပန္သယ္ရပါတယ္။  လက္ရွိ ကေလးၿမိဳ႕ အဝင္ဂိတ္ကေန စစ္ေဆးမႈေတြ ျပဳလုပ္ေနတာေၾကာင့္ သြားလာလို႔ ခက္ခဲေနပါတယ္။

“ေလးလပိုင္း ၁၃ ကေန ၁၇ ေပါ့။ ဒီနယ္စပ္ကို က်ေနာ္ လူမူေရးဝန္ႀကီးနဲ႔ သြားလိုက္ေတာ့ အိႏၵိယ နယ္စပ္က ပိတ္ထားတဲ့ခါက်ေတာ့ နယ္စပ္နားမွာက်ေတာ့ အိႏၵိယကို အားကိုးၿပီးေတာ့မွ ဆန္၊ ဆီ၊ ဆား စသျဖင့္ အေရာင္းအဝယ္ လုပ္ခဲ့ရတဲ့အတြက္ အခက္အခဲေတာ့ရွိတယ္။ အစိုးရ အေနနဲ႔ေတာ့ ကူညီတာ တစ္ခါေလာက္ ေတာ့ ရွိပါတယ္။ ထပ္ၿပီးေတာ့ အခက္ခဲရွိလာရင္ ကူညီလုပ္ဖို႔ လုပ္ေဆာင္ထားပါတယ္။ သူတို႔အတြက္ တတ္ႏိုင္သေလာက္ေတာ့ လုပ္ေပးေနတာပဲေလ။ ဟိုဘက္ကို သြားလို႔ မရေသးရင္ေတာ့ ဆက္ၿပီးေတာ့ ကူညီသြားဖို႔ကေတာ့ စဥ္းစားထားၿပီးသားရွိတယ္”

ခ်င္းျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အတည္ျပဳလူနာ ေမလ ၁၆ ရက္ေန႔ထိ စုစုေပါင္း ခုႏွစ္ေယာက္ရွိၿပီး ႏွစ္ေယာက္ကိုေတာ့ ေရာဂါပိုးေပ်ာက္ကင္းသြားလို႔ ေဆး႐ုံက ဆင္းခိုင္း လိုက္ၿပီျဖစ္ပါတယ္။

လမ္းပန္းဆက္သြယ္ေရးအတြက္ ခ်င္းျပည္နယ္ အစိုးရက ဦးစားေပးလုပ္ေဆာင္ေနေပမယ့္ ခ်င္းေတာင္တန္း ေတြဟာ သက္ႏုေတာင္တန္းေတြ ျဖစ္တာေၾကာင့္ ေျမၿပိဳမႈေတြ မၾကာခဏ ျဖစ္ေပၚတတ္ၿပီး လမ္းပန္းဆက္ သြယ္ေရး အခက္အခဲလည္း ရွိေနပါတယ္။ ခ်င္းျပည္နယ္ဟာ ျမန္မာႏိုင္ငံရဲ႕ တိုင္းနဲ႔ ျပည္နယ္ေတြထဲမွာ ဖြံ႕ၿဖိဳးတိုးတက္မႈ အနည္းဆုံးျပည္နယ္ ျဖစ္သလို လွ်ပ္စစ္မီးရရွိမႈလည္း ၇၀ % သာ ရရွိေသးတာျဖစ္တယ္လို႔ ျပည္နယ္အစိုးရက ထုတ္ျပန္ထားပါတယ္။

ဆလိုင္းေကတီေဟာက္ခိုင္ / RFA Burmese
---------------------------------------------------

(Unicode)⤵⤵⤵
ကပ်ဘေးကြောင့် ချင်း-အိန္ဒိယနယ်စပ်ဒေသ ရိက္ခာပြတ်မှာ စိုးရိမ်နေရ

ကိုရိုနာကူးစက်ပြန့်ပွားမှု ထိန်းချုပ်နေတဲ့ ကာလမှာ ချင်းပြည်နယ်က အိန္ဒိယနယ်စပ်ဂိတ်ကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်သွားမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် (ခေါ်) Covid-19 ပျံ့နှံ့မှာကို စိုးရိမ်လို့ အိန္ဒိယ-ချင်းပြည်နယ်စပ် ဂိတ်တွေပိတ်တာ၊ လုပ်ငန်းတွေ ပိတ်သိမ်းထားတာကြောင့် ချင်းပြည်နယ် မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ လက်လုပ်လက်စားသမားတွေ အစားအသောက် ရှားပါးမယ့်ဒဏ် ကြုံလာမှာကို ချင်းအရပ်ဖက် အဖွဲ့အစည်းတချို့ စိုးရိမ်နေကြပါတယ်။

ပြည်နယ်အစိုးရက ကူညီမပေးနိုင်တဲ့နေရာတွေကို အလှူရှင်တွေနဲ့ ဇိုမီး Covid-19 တုံ့ပြန်ရေးကော်မတီတို့ ပူးပေါင်းဖြေရှင်းနေရတယ်လို့ အဖွဲ့ဥက္ကဋ္ဌ ဦးလျန်တွေင်က ပြောပါတယ်။

“အိန္ဒိယနဲ့နယ်စပ် ကျီးခါး၊ တွန်းဇံဘက် နယ်စပ်မှာကျတော့ အိန္ဒိယဘက်က ပိတ်ပစ်လိုက်တာ။ သူတို့မှာ အစကတည်းက အစားအသောက်၊ ဆေးဝါး ဝယ်တာက အစ အိန္ဒိယဘက်ကို မှီခိုလေ့ရှိတယ်။ အိန္ဒိယဘက်က ပိတ်လိုက်တော့ သူတို့မှာ ဝယ်လို့မရ၊ သွားလို့မရ ဖြစ်သွားတယ်။ တကယ်ရိက္ခာ ပြတ်မယ့်အနေအထားဖြစ် တာက ရွာ လေးငါးရွာလောက်ရှိတယ်။ အဲဒီရွာတွေကို ကျနော်တို့ ဒီကနေ ထောက်ပံ့ပေးတယ် တစ်ကမ္ဘာလုံး စိုးရိမ်နေတဲ့ ကပ်ရောဂါ နဲ့ အသက်ပျောက်မှာထက် လက်ရှိမှာ ချင်းပြည်နယ်မှာ  အဟာရပျက်ပြီးတော့ စားစရာ ပြတ်ပြီးတော့ မြင်မကောင်း၊ ကြားမကောင်းဖြစ်မယ့် အနေအထားရှိတယ်”

တွန်းဇံမြို့နယ် ကျီးခါးနဲ့ မဏိပူရ် နယ်စပ်မှာ ငတ်ပြတ်တာနဲ့ကြုံနိုင်တဲ့ လူဦးရေ နှစ်ရာ့ ငါးဆယ်ခန့် ရှိပါတယ်။ သူတို့အဓိက လုပ်ကိုင်တာက ဒေသမှာထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်ကို သွားပြီး ဈေးရောင်းဈေးဝယ် လုပ်ကိုင်နေရတာပါ။ အခုလို ပိတ်လိုက်လို့ အစားအသောက် ပြတ်လပ်မှုနဲ့ ကြုံရနိုင်တဲ့ အနေအထားရှိပါတယ်။

ချင်းပြည်နယ်မှာ တောတောင် ထူထပ်ပေမယ့် ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ထုတ်လုပ်ရောင်းချ နိုင်ခြင်း မရှိသေးတာကြောင့် နယ်စပ်ဒေသက တင်သွင်းလာတဲ့ကုန်တွေကို မှီခိုစားသောက်ကြပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေးဟာ ချင်းပြည်နယ်မှာ စိုက်ပျိုး ထုတ်လုပ်မှုတွေ လုပ်ဖို့အတွက် အချက်ပေးတဲ့ ခေါင်းလောင်းသံ ဖြစ်တယ်လို့ ဦးလျန်တွေင်က ဆိုပါတယ်။

“ကျွန်တော်တို့ သွားမယ်ဆိုရင် ရက်ကွက်ထောက်ခံစာ၊ ကျေးရွာထောက်ခံစာ  ယူရတယ်။ အဲဒါနဲ့ မရသေးဘူး။ မြို့နယ်ထောက်ခံစာ ယူရတယ်။  ခိုင်ကမ်းမြို့က ထောက်ခံစာပေးမှ ကလေးမြို့ကို ဝင်လို့ရပါတယ်။ အဲခါကျ မှပဲ ဈေးဝယ်လို့ ရတာပေါ့။ တော်တော်လေး ခက်ခဲပါတယ်”

ချင်းပြည်နယ်ဟာ ဈေးဝယ်တာ၊ ဈေး ရောင်းတာကအစ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကို မှီခိုနေတာပါ။ ချင်းပြည်နယ်ကထွက်တဲ့ ကုန်စိမ်းတွေကို ကလေးမြို့မှာရောင်းပြီ  ကလေးမြို့ကနေ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံရိက္ခာပစ္စည်းတွေကို ပြန်သယ်ရပါတယ်။  လက်ရှိ ကလေးမြို့ အဝင်ဂိတ်ကနေ စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် သွားလာလို့ ခက်ခဲနေပါတယ်။

“လေးလပိုင်း ၁၃ ကနေ ၁၇ ပေါ့။ ဒီနယ်စပ်ကို ကျနော် လူမူရေးဝန်ကြီးနဲ့ သွားလိုက်တော့ အိန္ဒိယ နယ်စပ်က ပိတ်ထားတဲ့ခါကျတော့ နယ်စပ်နားမှာကျတော့ အိန္ဒိယကို အားကိုးပြီးတော့မှ ဆန်၊ ဆီ၊ ဆား စသဖြင့် အရောင်းအဝယ် လုပ်ခဲ့ရတဲ့အတွက် အခက်အခဲတော့ရှိတယ်။ အစိုးရ အနေနဲ့တော့ ကူညီတာ တစ်ခါလောက် တော့ ရှိပါတယ်။ ထပ်ပြီးတော့ အခက်ခဲရှိလာရင် ကူညီလုပ်ဖို့ လုပ်ဆောင်ထားပါတယ်။ သူတို့အတွက် တတ်နိုင်သလောက်တော့ လုပ်ပေးနေတာပဲလေ။ ဟိုဘက်ကို သွားလို့ မရသေးရင်တော့ ဆက်ပြီးတော့ ကူညီသွားဖို့ကတော့ စဉ်းစားထားပြီးသားရှိတယ်”

ချင်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလူနာ မေလ ၁၆ ရက်နေ့ထိ စုစုပေါင်း ခုနှစ်ယောက်ရှိပြီး နှစ်ယောက်ကိုတော့ ရောဂါပိုးပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းခိုင်း လိုက်ပြီဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးအတွက် ချင်းပြည်နယ် အစိုးရက ဦးစားပေးလုပ်ဆောင်နေပေမယ့် ချင်းတောင်တန်း တွေဟာ သက်နုတောင်တန်းတွေ ဖြစ်တာကြောင့် မြေပြိုမှုတွေ မကြာခဏ ဖြစ်ပေါ်တတ်ပြီး လမ်းပန်းဆက် သွယ်ရေး အခက်အခဲလည်း ရှိနေပါတယ်။ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးပြည်နယ် ဖြစ်သလို လျှပ်စစ်မီးရရှိမှုလည်း ၇၀ % သာ ရရှိသေးတာဖြစ်တယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။

ဆလိုင်းကေတီဟောက်ခိုင် / RFA Burmese
https://www.rfa.org/burmese/news/chin-india-border-food-shortage-worrying-05172020055435.html
ကပ္ေဘးေၾကာင့္ ခ်င္း-အိႏၵိယနယ္စပ္ေဒသ ရိကၡာျပတ္မွာ စိုးရိမ္ေနရ ကပ္ေဘးေၾကာင့္ ခ်င္း-အိႏၵိယနယ္စပ္ေဒသ ရိကၡာျပတ္မွာ စိုးရိမ္ေနရ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.