မူးယစ္ေဆးေၾကာင့္ ပ်က္ခဲ့ရတဲ့ ေကာင္းခါးျပည္သူ႔စစ္

ရွမ္းျပည္နယ္အတြင္းက ဘိန္းစိုက္ပ်ိဳးေရး တခုမွာ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္တစ္ဦးကို ၂၀၀၃ ခုႏွစ္တုန္းက ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္ေျမာက္ပိုင္းမွာ တပ္မေတာ္ရဲ႕ ၃ လ ၾကာ မူးယစ္ေဆးဝါး စစ္ဆင္ေရးအတြင္း ေကာင္းခါးျပည္သူ႔စစ္က အလယ္အလတ္အဆင့္ရွိတဲ့ ေခါင္းေဆာင္ေတြနဲ႔ အဖြဲ႕ဝင္ေတြကို ဖမ္းမိခဲ့ၿပီးတဲ့ေနာက္ ေကာင္းခါးျပည္သူ႔စစ္ တဖြဲ႕လုံးကို ဖ်က္သိမ္းလိုက္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ရင္ေတာ့ အခုလို အဖြဲ႕အစည္းအလိုက္ အေရးယူတာမ်ိဳး အရင္တုန္းက မရွိပါဘူး၊ တစ္ဦးခ်င္းေလာက္ကိုပဲ အေရးယူခဲ့ရတာပါ၊ အခုက က်ယ္က်ယ္ျပန႔္ျပန႔္မိ၊ အဖြဲ႕အစည္းအလိုက္လည္း ပါဝင္ပတ္သက္ေနတာေၾကာင့္ ေကာင္းခါးျပည္သူ႔စစ္ကို ဖ်က္သိမ္းရတာျဖစ္တယ္" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"လက္နက္ေတြ ဘာေတြလည္း အကုန္လုံးသိမ္းၿပီးသြားပါၿပီ၊ အလယ္အလတ္အဆင့္ရွိတဲ့ ေခါင္းေဆာင္ ၂ ဦးနဲ႔ ပါဝင္ပတ္သက္ခဲ့တဲ့ အဖြဲ႕ဝင္ေတြကို ဖမ္းဆီးအေရးယူထားပါတယ္၊ အားလုံး ၁၀ ဦးထက္ေတာ့ မပိုပါဘူး" လို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ရွမ္းေျမာက္က မူးယစ္စစ္ဆင္ေရး

ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ လြယ္ခမ္ေက်း႐ြာတဝိုက္ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔ကေန ဧၿပီလ ၉ ရက္ေန႔အထိ ၃ လ ၾကာ မူးယစ္ေဆးဝါးစစ္ဆင္ေရးအတြင္း ယာဘေဆးျပား သန္း ၂၀၀ နီးပါးအပါအဝင္ ဆက္စပ္ မူးယစ္ေဆးဝါးေတြ၊ မူးယစ္ေဆး ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ ဓာတုပစၥည္းေတြ သိမ္းဆည္းရမိခဲ့တယ္လို႔ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ မႈခင္းဆိုင္ရာ႐ုံး UNODC က ေမလ ၁၈ ရက္ေန႔က ထုတ္ျပန္ပါတယ္။

ပထမဆုံး စစ္ဆင္ေရးကို တပ္မေတာ္က ေဖေဖာ္ဝါရီ ၂၀ ရက္ဝန္းတုန္းက ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ခမ္ေက်း႐ြာရဲ႕ ေျမာက္ဘက္ ေတာအုပ္ထဲမွာ ေျမတိုက္ခန္းလုပ္ၿပီး သိမ္းထားတဲ့ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃ သိန္း ၇ ေသာင္း၊ မူးယစ္ေဆးဝါး ထုတ္လုပ္တဲ့ ဆက္စပ္ပစၥည္းေတြ ကာလတန္ဖိုး ေငြက်ပ္ သိန္းေပါင္း ၅၆၇ သိန္းဖိုးကို စမိခဲ့ပါတယ္။
၂၀၁၆ တုန္းက ရွမ္းျပည္နယ္အတြင္းက ဘိန္းစိုက္ပ်ိဳးေရး တခု
ဒီေနာက္ေတာ့ လြယ္ခမ္ေက်း႐ြာတဝိုက္မွာ တပ္မေတာ္၊ ရဲတပ္ဖြဲ႕ အင္အား ၃၀၀ ေက်ာ္နဲ႔ စစ္ဆင္ေရး ေဆာင္႐ြက္ခဲ့ၿပီး ဧၿပီလ ၁ ရက္ေန႔အထိ မူးယစ္ေဆးဝါး ၄၄ ႀကိမ္ ေဖာ္ထုတ္ရခဲ့ပါတယ္။

ဖမ္းမိမႈေတြအတြင္း စိတ္ႂကြေဆးျပားေပါင္း သိန္းေပါင္း ၁၄၈၀ ေက်ာ္၊ ဘိန္းျဖဴ ၂၆၀ ကီလိုဂရမ္၊ အိုက္စ္ ၅၀၀ ကီလိုဂရမ္၊ ဘိန္းခဲ၊ မူးယစ္ေဆးနဲ႔ ပတ္သက္တဲ့ ဆက္စပ္ပစၥည္းေတြ၊ မူးယစ္ေဆးထုတ္ရာမွာ သုံးတဲ့ ကာလတန္ဖိုးေပါင္း က်ပ္ေငြ ၃၉၃ ဘီလီယံေက်ာ္ မိခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီေနာက္ေတာ့ မူးယစ္ေဆးဝါးေတြမွာ ေကာင္းခါးျပည္သူ႔စစ္ ပါေနတာကို တပ္မေတာ္က တရားဝင္ ထုတ္ေျပာလာခဲ့ပါတယ္။

မူးယစ္ေဆးနဲ႔ ေကာင္းခါးျပည္သူ႔စစ္

ေကာင္းခါးေက်း႐ြာတဝိုက္ မူးယစ္ေဆးဝါးေတြ ၃ ႀကိမ္ ဖမ္းမိမႈမွာ ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕က တာဝန္ရွိသူတခ်ိဳ႕နဲ႔ ပတ္သက္ဆက္စပ္ေနတယ္လို႔ တပ္မေတာ္က မတ္လ ၂၈ ရက္ေန႔တုန္းက ထုတ္ျပန္ခဲ့ပါတယ္။

စစ္ဆင္ေရးေတြ အၿပီးမွာေတာ့ ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕က တပ္မေတာ္ကို လက္နက္ေတြ အပ္ႏွံတာကို မတ္လ ၂၄ ရက္ေန႔ကေန ၂၆ ရက္ေန႔အထိ ျပဳလုပ္ခဲ့ၿပီး မတ္လ ၃၁ ရက္ေန႔နဲ႔ ဧၿပီလ ၁ ရက္ေန႔ေတြမွာ လက္နက္မ်ိဳးစုံ ၄၈ လက္ ထပ္မံ အပ္ႏွံခဲ့ၿပီး လက္နက္ေပါင္း ၂ ေထာင္နီးပါး အပ္ႏွံထားၿပီး ျဖစ္တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ပါတယ္။
 ေကာင္းခါးျပည္သူ႔စစ္က တပ္မေတာ္ကို အပ္ႏွံခဲ့တဲ့ လက္နက္ေတြ
စစ္ဆင္ေရးအတြင္း လြယ္ခမ္ ေက်း႐ြာကေန ေနအိမ္ ၃၈ လုံးကေန လက္နက္ေပါင္း ၇၃ လက္ နဲ႔ တရားခံ ၃၂ ေယာက္ကို ဖမ္းမိခဲ့ပါတယ္။

"အေရးယူတာကေတာ့ လက္နက္မႈ ၁ မႈ၊ မူးယစ္ေဆးဝါးမႈ ၅၂ မႈ၊ တရားခံ ၃၂ ဦး (က်ား ၂၈၊ မ ၄ ဦး) ဖမ္းမိတယ္၊ တရားခံေျပးက က်ား ၃၈ ဦး၊ မ ၂ ဦး၊ စုံစမ္းဆဲ ၈ ဦး ရွိတယ္" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

အဲ့ဒီထဲမွာ ေကာင္းခါးျပည္သူ႔စစ္က အလယ္အလတ္အဆင့္ရွိတဲ့ ေခါင္းေဆာင္တခ်ိဳ႕နဲ႔ တပ္ဖြဲ႕ဝင္ေတြလည္းပါတာ ျဖစ္ပါတယ္။ ထိပ္ပိုင္း ေခါင္းေဆာင္ေတြ၊ ဘယ္လို အဖြဲ႕အစည္းေတြနဲ႔ ဆက္စပ္ေနတာမ်ိဳးေတြ စစ္ေဆးေတြ႕ရပါလား ဘီဘီစီရဲ႕ အေမးကိုေတာ့ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက "လက္ရွိလူေတြနဲ႔ပဲ ပတ္သက္ပါတယ္ဗ်ာ၊ တျခား ပတ္သက္တာေတြေတာ့ မေတြ႕ပါဘူး၊ အႀကီးပိုင္းႀကီးေတြနဲ႔ ပတ္သက္တာ မရွိပါဘူး" လို႔ ျပန္ေျဖပါတယ္။

တိုင္းရင္းသားအေရး ေလ့လာသုံးသပ္သူ စိုင္းထြန္းေအာင္လြင္ကေတာ့ "ေကာင္းခါးျပည္သူစစ္ဆိုရင္ ကခ်င္ေတြလည္းရွိတယ္ေပါ့၊ တခ်ိဳ႕ ကိုးကန္တို႔ ဘာတို႔လည္း သူတို႔နဲ႔ နီးစပ္တဲ့ ႐ြာေတြဘက္မွာ ရွိတယ္၊ အဲ့ဒီျပည္သူ႔စစ္ေတြက အကုန္လုံး လက္နက္ခ်တဲ့ အထဲမွာ ပါသလား မပါလားဆိုတာေတာ့ မသိဘူး၊ တခ်ိဳ႕က တိုင္းရင္းသားအဖြဲ႕ေတြနဲ႔ သြားေပါင္းတယ္ေပါ့၊ အဲ့ဒီလို အသံထြက္လာတာေတြလည္း ရွိပါတယ္" ေျပာပါတယ္။

အဖြဲ႕ကို ဖ်က္သိမ္းလိုက္ၿပီ ျဖစ္ေပမယ့္ မူးယစ္ေဆးဝါးမွာ မပတ္သက္သူေတြရဲ႕ စားဝတ္ ေနထိုင္ေရးကိုေတာ့ ျပန္ၿပီး ေစာင့္ေရွာက္ေပးေနတယ္လို႔ တပ္မေတာ္က ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ ကိုယ္တိုင္ကလည္း တရားဝင္ ေထာက္ပံ့ေပးေနတာ အခုခ်ိန္အထိ ဆက္လုပ္ေနပါတယ္၊ သူတို႔ ကိုယ္တိုင္ကလည္း တရားဝင္ စီးပြားေရးလုပ္ငန္းေတြ လုပ္ေဆာင္မယ္၊ ေဒသအတြင္းမွာ ဆက္လက္ေနထိုင္ သြားပါလိမ့္မယ္" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေကာင္းခါးျပည္သူ႔စစ္

ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေက်း႐ြာမွာ အေျခစိုက္တဲ့ ေကာင္းခါးျပည္သူ႔စစ္ကို ကခ်င္အထူးေဒသ ၅ ကခ်င္အမ်ိဳးသား တိုးတက္ေရးနဲ႔ လုံၿခံေရး တပ္မေတာ္ (Kachin Defence Army - KDA) အျဖစ္လည္း လူသိမ်ားၾကပါတယ္။

ေကာင္းခါး ျပည္သူ႔စစ္အဖြဲ႕ဟာ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ဗဟိုက ခြဲထြက္လာတဲ့ အဖြဲ႕ျဖစ္ပါတယ္။

၁၉၉၁ ခုႏွစ္ ဇန္နဝါရီ ၁၃ ရက္ေန႔တုန္းက အေရွ႕ေျမာက္တိုင္း စစ္ဌာခ်ဳပ္ ဦးေဆာင္တဲ့ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕က ဦးမထုေနာ္ ေခါင္းေဆာင္တဲ့ KIA တပ္မဟာ (၄) အဖြဲ႕ကို လားရႈိးမွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ တပ္မေတာ္နဲ႔ ထာဝရ ၿငိမ္ခ်မ္းေရး ရယူခဲ့တာလို႔ တပ္မေတာ္ရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။

ခြဲထြက္လာတဲ့ အဖြဲ႕မွာ လူ ၂ ေထာင္၊ လက္နက္မ်ိဳးစုံ ၂၀၀၉ လက္ ပါခဲ့ၿပီး တပ္မဟာ ၄ အင္အားစုကို ကခ်င္အမ်ိဳးသား တိုးတက္ေရးနဲ႔ လုံၿခံေရး တပ္မေတာ္ (Kachin Defence Army - KDA) အျဖစ္ ေျပာင္းလဲ ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။

"ေသာင္းက်န္းသူ ႏွိမ္နင္းဖို႔အတြက္ ျပည္သူ႔စစ္အျဖစ္ တရားဝင္ ဖြဲ႕စည္းေပးခဲ့တာ ျဖစ္ပါတယ္၊ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ထိန္းခ်ဳပ္ကြပ္ကဲမႈက တာဝန္ရွိသူကေတာ့ တပ္မေတာ္ပါပဲ" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။
 ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ ေခါင္းေဆာင္ ဦးမထုေနာ္နဲ႔ အဖြဲ႕ကို ဘိန္းစိုက္ပ်ိဳးမႈ ပေပ်ာက္ေရး သီးႏွံအစားထိုးစိုက္ပ်ိဳးစီမံကိန္းအတြက္ ဂ်ပန္ JICA က တာဝန္ရွိသူေတြနဲ႔ ၂၀၀၀ ခုႏွစ္တုန္းက ေတြ႕ဆုံခဲ့စဥ္
တကယ္ေတာ့ ေကာင္းခါးျပည္သူ႔စစ္ဟာ ရွမ္းေျမာက္မွာဆိုရင္ အႀကီးဆုံး ျပည္သူ႔စစ္အဖြဲ႕ေတြထဲက တစ္ခုျဖစ္ၿပီး အဖြဲ႕ဝင္ အင္အားကလည္း ေထာင္ဂဏန္းခ်ီ ရွိပါတယ္။

မူးယစ္ေဆးအျပင္ ေက်ာက္စိမ္း၊ ေ႐ႊ စတဲ့ လုပ္ငန္းေတြမွာလည္း ပါဝင္ပတ္သက္ေနသလို ကုမၸဏီေတြဆီက အခြန္အခ ေကာက္ခံတာမ်ိဳးၿပီး စီးပြားရွာတာမ်ိဳးေတြလည္း ရွိပါတယ္။

အမည္မေဖာ္လိုတဲ့ ကြတ္ခိုင္ေဒသခံတစ္ဦးကေတာ့ "ဒီလို တရားမဝင္ စီးပြားရွာေတာ့ သူတို႔က ေဒသတြင္း ဖြံ႕ၿဖိဳးေရး၊ ဘာသာေရး ကိစၥေတြမွာ ေငြေၾကး လႉဒါန္းတာေတြေတာ့ လုပ္တယ္၊ ဒါေပမဲ့ တဖက္က မူးယစ္ေဆးဝါး လုပ္တယ္၊ တရားမဝင္ အလုပ္ေတြ လုပ္တာေတာ့ လက္မခံႏိုင္ဘူး" လို႔ ေျပာပါတယ္။

တပ္မေတာ္ကေတာ့ ရွမ္းေျမာက္ေဒသဟာ မူးယစ္ေဆးဝါး ထြက္ရာ အဓိက ေနရာလို ျဖစ္ေနၿပီး အဲ့ဒီက လက္နက္ကိုင္အဖြဲ႕ေတြက မူးယစ္ေဆးနဲ႔ မကင္းႏိုင္ၾကဘူးလို႔ ေျပာပါတယ္။

ေလ့လာသူေတြရဲ႕ အဆိုအရ တပ္မေတာ္ကိုယ္တိုင္က မူးယစ္တိုက္ဖ်က္ေရး လုပ္ငန္းေတြ ေဆာင္႐ြက္လာတာက ေကာင္းမြန္တဲ့ လကၡဏာျဖစ္ေပမယ့္ ဒီေျခလွမ္းက ဘယ္ေလာက္အထိ လွမ္းဖို႔ ရည္႐ြယ္လဲ ဘယ္ေလာက္ က်ယ္က်ယ္ျပန႔္ျပန႔္ ခ်ိတ္ဆက္ စဥ္းစားမလဲ ဆိုတဲ့ အခ်က္ကို ေစာင့္ၾကည့္ဖို႔ လိုအပ္တယ္လို႔ မွတ္ခ်က္ျပဳၾကပါတယ္။

"ဥပမာ ဦးေနဝင္းေခတ္ကလည္း မူးယစ္ေဆး တိုက္ဖ်က္ေရး လုပ္ျပၿပီး အေနာက္ႏိုင္ငံေတြဆီက အကူအညီ ယူတယ္၊ ရဟတ္ယာဥ္ စစ္လက္နက္ကပစၥည္းေတြအပါအဝင္ေပါ့ေလ။ ေနာက္ မူးယစ္တိုက္ဖ်က္ေရး နည္းနည္း တိုင္းရင္းသားလက္နက္ကိုင္ေတြကို တိုက္တဲ့ ေနရာတို႔ ျဖတ္ ၄ ျဖတ္တို႔မွာ အဲဒီ လက္နက္ေတြကို သုံးခဲ့တယ္။ တကယ္လည္း လက္ေတြ႕မွာ မူးယစ္တိုက္ဖ်က္ေရးက မေအာင္ျမင္ဘူး" လို႔ တိုင္းရင္းသားအေရး ေလ့လာသုံးသပ္သူ စိုင္းထြန္းေအာင္လြင္က ေထာက္ျပပါတယ္။

"တကယ္တမ္း မူးယစ္ေဆးဝါးလည္း ပေပ်ာက္ေစခ်င္တယ္၊ ၿငိမ္းခ်မ္းေရးလည္း ရေစခ်င္တယ္၊ နယ္ေျမတည္ၿငိမ္ခ်င္တယ္ဆိုရင္ ဒီလို တေနရာတည္းကို ကြက္ၿပီး လုပ္တာမ်ိဳးမဟုတ္ဘဲ အကုန္လုံးကို ႏိုင္ငံေရးအရေရာ ၿငိမ္းခ်မ္းေရးအရာေရာ လုပ္ေစခ်င္တယ္" လို႔ စိုင္းထြန္းေအာင္လြင္က ေျပာပါတယ္။

ကုလသမဂၢ႐ုံးကေတာ့ ကြတ္ခိုင္ေဒသတဝိုက္က ရွမ္းေျမာက္ စစ္ဆင္ေရးအတြင္း မက္သာအဖက္တမင္းေဆးျပား သန္း ၂၀၀ နီးပါး အပါအဝင္ မူးယစ္ေဆးဝါး အေျမာက္အျမား ဖမ္းမိတာဟာ ေဒသတြင္း အႀကီးမားဆုံးနဲ႔ အေအာင္ျမင္ဆုံး မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး စစ္ဆင္ေရးေတြထဲက တခုျဖစ္တယ္လို႔ ထုတ္ျပန္ပါတယ္။

ရွမ္းေျမာက္က မူးယစ္ကြန္ရက္

ဖမ္းမိမႈေတြအတြင္း မူးယစ္ေဆးဝါး ထုတ္လုပ္မႈေတြမွာ အဆင့္ျမင့္ ဓာတ္ခြဲခန္းေတြ၊ မူးယစ္ေဆးဝါး ထုတ္လုပ္တဲ့ ပစၥည္းကိရိယာေတြ၊ ဓာတုပစၥည္းေတြ အမ်ိဳးအမည္ ၃၉ မ်ိဳးကို ၃ လတာ စစ္ဆင္ေရးအတြင္း ရမိခဲ့တယ္လို႔ UNODC ရဲ႕ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

ဖမ္းမိရထားတဲ့ မူးယစ္ေဆးဝါးေတြထဲမွာ ဖန္တယ္လင္း (fentanyl) ဆိုတဲ့ ေဆးဝါးအရည္က ဘိန္းျဖဴထက္ အဆ ၅၀ ပိုျပင္းထန္ၿပီး ေမာ္ဖင္းထက္ အဆ ၁၀၀ စြမ္းအားပိုျပည့္တယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ေမးရာမွာေတာ့ "အိုက္စ္ေတြကို ဆိုလိုျခင္း ျဖစ္မယ္လို႔ ထင္ပါတယ္၊ တခ်ိဳ႕ WY ေဆးျပားေတြကလည္း အဲ့ဒီထက္ ျပင္းတယ္ေပါ့ေလ၊ ဘိန္းျဖဴထက္ ပိုျပင္းတယ္ဆိုတာမ်ိဳးက်ေတာ့ ကြၽန္ေတာ္လည္း မေဝဖန္တတ္ဘူး၊ ပညာရွင္ရဲ႕ သုံးသပ္ခ်က္ေပါ့၊ အိုက္စ္တို႔ WY တို႔က်ေတာ့ ဓာတုပစၥည္းေတြကတဆင့္ ထုတ္တာဆိုေတာ့ ဒီေလာက္ လြယ္လြယ္ကူကူ ရေနတာေပါ့" လို႔ ေျပာပါတယ္။
 ေကာင္းခါးမွာ ဖမ္းမိခဲ့တဲ့ မူးယစ္ေဆးဝါးေတြကို တပ္မေတာ္က မတ္လ ၆ ရက္ေန႔တုန္းက ျပသခဲ့စဥ္
UNODC ရဲ႕ ထုတ္ျပန္ခ်က္ကေတာ့ ေဒသတြင္း ဘိန္းစိုက္ပ်ိဳးမႈ က်ဆင္းလာေပမယ့္ အမ်ိဳးအစားစုံစုံလင္လင္ ရေနတဲ့ မူးယစ္ေဆးဝါ ေဈးကြက္က က်ယ္ျပန႔္ေနၿပီး ေ႐ႊႀတိဂံနဲ႔ အေရွ႕ေတာင္အာရွတို႔ဟာ ကမာၻ႔အျခားေနရာေတြထက္ ဓာတုမူးယစ္ေဆးဝါးေတြ ပစ္မွတ္ထား အႀကီးအက်ယ္ထုတ္လုပ္ရာ ရင္းျမစ္ေနရာေတြ ျဖစ္လာေနတယ္လို႔ ေဖာ္ျပပါတယ္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ရွမ္းေျမာက္ေဒသမွာ အခုလို မူးယစ္ေဆးဝါးေတြ အမ်ားအျပားမိေနတာက သမိုင္းတေလွ်ာက္ အဆက္ဆက္ လက္နက္ကိုင္အဖြဲ႕ေတြက စၿပီး လုပ္ခဲ့လို႔ ျဖစ္ရတာ လို႔ ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
-----------------------------------
(Unicode)⤵⤵⤵
မူးယစ်ဆေးကြောင့် ပျက်ခဲ့ရတဲ့ ကောင်းခါးပြည်သူ့စစ်

ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်ရဲ့ ၃ လ ကြာ မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း ကောင်းခါးပြည်သူ့စစ်က အလယ်အလတ်အဆင့်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို ဖမ်းမိခဲ့ပြီးတဲ့နောက် ကောင်းခါးပြည်သူ့စစ် တဖွဲ့လုံးကို ဖျက်သိမ်းလိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင်တော့ အခုလို အဖွဲ့အစည်းအလိုက် အရေးယူတာမျိုး အရင်တုန်းက မရှိပါဘူး၊ တစ်ဦးချင်းလောက်ကိုပဲ အရေးယူခဲ့ရတာပါ၊ အခုက ကျယ်ကျယ်ပြန့်ပြန့်မိ၊ အဖွဲ့အစည်းအလိုက်လည်း ပါဝင်ပတ်သက်နေတာကြောင့် ကောင်းခါးပြည်သူ့စစ်ကို ဖျက်သိမ်းရတာဖြစ်တယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"လက်နက်တွေ ဘာတွေလည်း အကုန်လုံးသိမ်းပြီးသွားပါပြီ၊ အလယ်အလတ်အဆင့်ရှိတဲ့ ခေါင်းဆောင် ၂ ဦးနဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူထားပါတယ်၊ အားလုံး ၁၀ ဦးထက်တော့ မပိုပါဘူး" လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရှမ်းမြောက်က မူးယစ်စစ်ဆင်ရေး

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခမ်ကျေးရွာတဝိုက် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့အထိ ၃ လ ကြာ မူးယစ်ဆေးဝါးစစ်ဆင်ရေးအတွင်း ယာဘဆေးပြား သန်း ၂၀၀ နီးပါးအပါအဝင် ဆက်စပ် မူးယစ်ဆေးဝါးတွေ၊ မူးယစ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံး UNODC က မေလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပထမဆုံး စစ်ဆင်ရေးကို တပ်မတော်က ဖေဖော်ဝါရီ ၂၀ ရက်ဝန်းတုန်းက ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာရဲ့ မြောက်ဘက် တောအုပ်ထဲမှာ မြေတိုက်ခန်းလုပ်ပြီး သိမ်းထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ၇ သောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၅၆၇ သိန်းဖိုးကို စမိခဲ့ပါတယ်။

ဒီနောက်တော့ လွယ်ခမ်ကျေးရွာတဝိုက်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့ အင်အား ၃၀၀ ကျော်နဲ့ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့အထိ မူးယစ်ဆေးဝါး ၄၄ ကြိမ် ဖော်ထုတ်ရခဲ့ပါတယ်။

ဖမ်းမိမှုတွေအတွင်း စိတ်ကြွဆေးပြားပေါင်း သိန်းပေါင်း ၁၄၈၀ ကျော်၊ ဘိန်းဖြူ ၂၆၀ ကီလိုဂရမ်၊ အိုက်စ် ၅၀၀ ကီလိုဂရမ်၊ ဘိန်းခဲ၊ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးထုတ်ရာမှာ သုံးတဲ့ ကာလတန်ဖိုးပေါင်း ကျပ်ငွေ ၃၉၃ ဘီလီယံကျော် မိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနောက်တော့ မူးယစ်ဆေးဝါးတွေမှာ ကောင်းခါးပြည်သူ့စစ် ပါနေတာကို တပ်မတော်က တရားဝင် ထုတ်ပြောလာခဲ့ပါတယ်။

မူးယစ်ဆေးနဲ့ ကောင်းခါးပြည်သူ့စစ်

ကောင်းခါးကျေးရွာတဝိုက် မူးယစ်ဆေးဝါးတွေ ၃ ကြိမ် ဖမ်းမိမှုမှာ ကောင်းခါးပြည်သူ့စစ်အဖွဲ့က တာဝန်ရှိသူတချို့နဲ့ ပတ်သက်ဆက်စပ်နေတယ်လို့ တပ်မတော်က မတ်လ ၂၈ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆင်ရေးတွေ အပြီးမှာတော့ ကောင်းခါးပြည်သူ့စစ်အဖွဲ့က တပ်မတော်ကို လက်နက်တွေ အပ်နှံတာကို မတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့နဲ့ ဧပြီလ ၁ ရက်နေ့တွေမှာ လက်နက်မျိုးစုံ ၄၈ လက် ထပ်မံ အပ်နှံခဲ့ပြီး လက်နက်ပေါင်း ၂ ထောင်နီးပါး အပ်နှံထားပြီး ဖြစ်တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးအတွင်း လွယ်ခမ် ကျေးရွာကနေ နေအိမ် ၃၈ လုံးကနေ လက်နက်ပေါင်း ၇၃ လက် နဲ့ တရားခံ ၃၂ ယောက်ကို ဖမ်းမိခဲ့ပါတယ်။

"အရေးယူတာကတော့ လက်နက်မှု ၁ မှု၊ မူးယစ်ဆေးဝါးမှု ၅၂ မှု၊ တရားခံ ၃၂ ဦး (ကျား ၂၈၊ မ ၄ ဦး) ဖမ်းမိတယ်၊ တရားခံပြေးက ကျား ၃၈ ဦး၊ မ ၂ ဦး၊ စုံစမ်းဆဲ ၈ ဦး ရှိတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဲ့ဒီထဲမှာ ကောင်းခါးပြည်သူ့စစ်က အလယ်အလတ်အဆင့်ရှိတဲ့ ခေါင်းဆောင်တချို့နဲ့ တပ်ဖွဲ့ဝင်တွေလည်းပါတာ ဖြစ်ပါတယ်။ ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ ဘယ်လို အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတာမျိုးတွေ စစ်ဆေးတွေ့ရပါလား ဘီဘီစီရဲ့ အမေးကိုတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "လက်ရှိလူတွေနဲ့ပဲ ပတ်သက်ပါတယ်ဗျာ၊ တခြား ပတ်သက်တာတွေတော့ မတွေ့ပါဘူး၊ အကြီးပိုင်းကြီးတွေနဲ့ ပတ်သက်တာ မရှိပါဘူး" လို့ ပြန်ဖြေပါတယ်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်ကတော့ "ကောင်းခါးပြည်သူစစ်ဆိုရင် ကချင်တွေလည်းရှိတယ်ပေါ့၊ တချို့ ကိုးကန်တို့ ဘာတို့လည်း သူတို့နဲ့ နီးစပ်တဲ့ ရွာတွေဘက်မှာ ရှိတယ်၊ အဲ့ဒီပြည်သူ့စစ်တွေက အကုန်လုံး လက်နက်ချတဲ့ အထဲမှာ ပါသလား မပါလားဆိုတာတော့ မသိဘူး၊ တချို့က တိုင်းရင်းသားအဖွဲ့တွေနဲ့ သွားပေါင်းတယ်ပေါ့၊ အဲ့ဒီလို အသံထွက်လာတာတွေလည်း ရှိပါတယ်" ပြောပါတယ်။

အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် မူးယစ်ဆေးဝါးမှာ မပတ်သက်သူတွေရဲ့ စားဝတ် နေထိုင်ရေးကိုတော့ ပြန်ပြီး စောင့်ရှောက်ပေးနေတယ်လို့ တပ်မတော်က ပြောပါတယ်။

"ကျွန်တော်တို့ ကိုယ်တိုင်ကလည်း တရားဝင် ထောက်ပံ့ပေးနေတာ အခုချိန်အထိ ဆက်လုပ်နေပါတယ်၊ သူတို့ ကိုယ်တိုင်ကလည်း တရားဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်မယ်၊ ဒေသအတွင်းမှာ ဆက်လက်နေထိုင် သွားပါလိမ့်မယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကောင်းခါးပြည်သူ့စစ်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှာ အခြေစိုက်တဲ့ ကောင်းခါးပြည်သူ့စစ်ကို ကချင်အထူးဒေသ ၅ ကချင်အမျိုးသား တိုးတက်ရေးနဲ့ လုံခြံရေး တပ်မတော် (Kachin Defence Army - KDA) အဖြစ်လည်း လူသိများကြပါတယ်။

ကောင်းခါး ပြည်သူ့စစ်အဖွဲ့ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုက ခွဲထွက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တုန်းက အရှေ့မြောက်တိုင်း စစ်ဌာချုပ် ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့က ဦးမထုနော် ခေါင်းဆောင်တဲ့ KIA တပ်မဟာ (၄) အဖွဲ့ကို လားရှိုးမှာ တွေ့ဆုံခဲ့ပြီးနောက် တပ်မတော်နဲ့ ထာဝရ ငြိမ်ချမ်းရေး ရယူခဲ့တာလို့ တပ်မတော်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ခွဲထွက်လာတဲ့ အဖွဲ့မှာ လူ ၂ ထောင်၊ လက်နက်မျိုးစုံ ၂၀၀၉ လက် ပါခဲ့ပြီး တပ်မဟာ ၄ အင်အားစုကို ကချင်အမျိုးသား တိုးတက်ရေးနဲ့ လုံခြံရေး တပ်မတော် (Kachin Defence Army - KDA) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

"သောင်းကျန်းသူ နှိမ်နင်းဖို့အတွက် ပြည်သူ့စစ်အဖြစ် တရားဝင် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်ကွပ်ကဲမှုက တာဝန်ရှိသူကတော့ တပ်မတော်ပါပဲ" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တကယ်တော့ ကောင်းခါးပြည်သူ့စစ်ဟာ ရှမ်းမြောက်မှာဆိုရင် အကြီးဆုံး ပြည်သူ့စစ်အဖွဲ့တွေထဲက တစ်ခုဖြစ်ပြီး အဖွဲ့ဝင် အင်အားကလည်း ထောင်ဂဏန်းချီ ရှိပါတယ်။

မူးယစ်ဆေးအပြင် ကျောက်စိမ်း၊ ရွှေ စတဲ့ လုပ်ငန်းတွေမှာလည်း ပါဝင်ပတ်သက်နေသလို ကုမ္ပဏီတွေဆီက အခွန်အခ ကောက်ခံတာမျိုးပြီး စီးပွားရှာတာမျိုးတွေလည်း ရှိပါတယ်။

အမည်မဖော်လိုတဲ့ ကွတ်ခိုင်ဒေသခံတစ်ဦးကတော့ "ဒီလို တရားမဝင် စီးပွားရှာတော့ သူတို့က ဒေသတွင်း ဖွံ့ဖြိုးရေး၊ ဘာသာရေး ကိစ္စတွေမှာ ငွေကြေး လှူဒါန်းတာတွေတော့ လုပ်တယ်၊ ဒါပေမဲ့ တဖက်က မူးယစ်ဆေးဝါး လုပ်တယ်၊ တရားမဝင် အလုပ်တွေ လုပ်တာတော့ လက်မခံနိုင်ဘူး" လို့ ပြောပါတယ်။

တပ်မတော်ကတော့ ရှမ်းမြောက်ဒေသဟာ မူးယစ်ဆေးဝါး ထွက်ရာ အဓိက နေရာလို ဖြစ်နေပြီး အဲ့ဒီက လက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးနဲ့ မကင်းနိုင်ကြဘူးလို့ ပြောပါတယ်။

လေ့လာသူတွေရဲ့ အဆိုအရ တပ်မတော်ကိုယ်တိုင်က မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းတွေ ဆောင်ရွက်လာတာက ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပေမယ့် ဒီခြေလှမ်းက ဘယ်လောက်အထိ လှမ်းဖို့ ရည်ရွယ်လဲ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက် စဉ်းစားမလဲ ဆိုတဲ့ အချက်ကို စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။

"ဥပမာ ဦးနေဝင်းခေတ်ကလည်း မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ပြပြီး အနောက်နိုင်ငံတွေဆီက အကူအညီ ယူတယ်၊ ရဟတ်ယာဉ် စစ်လက်နက်ကပစ္စည်းတွေအပါအဝင်ပေါ့လေ။ နောက် မူးယစ်တိုက်ဖျက်ရေး နည်းနည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်တဲ့ နေရာတို့ ဖြတ် ၄ ဖြတ်တို့မှာ အဲဒီ လက်နက်တွေကို သုံးခဲ့တယ်။ တကယ်လည်း လက်တွေ့မှာ မူးယစ်တိုက်ဖျက်ရေးက မအောင်မြင်ဘူး" လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က ထောက်ပြပါတယ်။

"တကယ်တမ်း မူးယစ်ဆေးဝါးလည်း ပပျောက်စေချင်တယ်၊ ငြိမ်းချမ်းရေးလည်း ရစေချင်တယ်၊ နယ်မြေတည်ငြိမ်ချင်တယ်ဆိုရင် ဒီလို တနေရာတည်းကို ကွက်ပြီး လုပ်တာမျိုးမဟုတ်ဘဲ အကုန်လုံးကို နိုင်ငံရေးအရရော ငြိမ်းချမ်းရေးအရာရော လုပ်စေချင်တယ်" လို့ စိုင်းထွန်းအောင်လွင်က ပြောပါတယ်။

ကုလသမဂ္ဂရုံးကတော့ ကွတ်ခိုင်ဒေသတဝိုက်က ရှမ်းမြောက် စစ်ဆင်ရေးအတွင်း မက်သာအဖက်တမင်းဆေးပြား သန်း ၂၀၀ နီးပါး အပါအဝင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းမိတာဟာ ဒေသတွင်း အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးတွေထဲက တခုဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်က မူးယစ်ကွန်ရက်

ဖမ်းမိမှုတွေအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေမှာ အဆင့်မြင့် ဓာတ်ခွဲခန်းတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ဓာတုပစ္စည်းတွေ အမျိုးအမည် ၃၉ မျိုးကို ၃ လတာ စစ်ဆင်ရေးအတွင်း ရမိခဲ့တယ်လို့ UNODC ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖမ်းမိရထားတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဖန်တယ်လင်း (fentanyl) ဆိုတဲ့ ဆေးဝါးအရည်က ဘိန်းဖြူထက် အဆ ၅၀ ပိုပြင်းထန်ပြီး မော်ဖင်းထက် အဆ ၁၀၀ စွမ်းအားပိုပြည့်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးရာမှာတော့ "အိုက်စ်တွေကို ဆိုလိုခြင်း ဖြစ်မယ်လို့ ထင်ပါတယ်၊ တချို့ WY ဆေးပြားတွေကလည်း အဲ့ဒီထက် ပြင်းတယ်ပေါ့လေ၊ ဘိန်းဖြူထက် ပိုပြင်းတယ်ဆိုတာမျိုးကျတော့ ကျွန်တော်လည်း မဝေဖန်တတ်ဘူး၊ ပညာရှင်ရဲ့ သုံးသပ်ချက်ပေါ့၊ အိုက်စ်တို့ WY တို့ကျတော့ ဓာတုပစ္စည်းတွေကတဆင့် ထုတ်တာဆိုတော့ ဒီလောက် လွယ်လွယ်ကူကူ ရနေတာပေါ့" လို့ ပြောပါတယ်။

UNODC ရဲ့ ထုတ်ပြန်ချက်ကတော့ ဒေသတွင်း ဘိန်းစိုက်ပျိုးမှု ကျဆင်းလာပေမယ့် အမျိုးအစားစုံစုံလင်လင် ရနေတဲ့ မူးယစ်ဆေးဝါ ဈေးကွက်က ကျယ်ပြန့်နေပြီး ရွှေတြိဂံနဲ့ အရှေ့တောင်အာရှတို့ဟာ ကမ္ဘာ့အခြားနေရာတွေထက် ဓာတုမူးယစ်ဆေးဝါးတွေ ပစ်မှတ်ထား အကြီးအကျယ်ထုတ်လုပ်ရာ ရင်းမြစ်နေရာတွေ ဖြစ်လာနေတယ်လို့ ဖော်ပြပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရှမ်းမြောက်ဒေသမှာ အခုလို မူးယစ်ဆေးဝါးတွေ အများအပြားမိနေတာက သမိုင်းတလျှောက် အဆက်ဆက် လက်နက်ကိုင်အဖွဲ့တွေက စပြီး လုပ်ခဲ့လို့ ဖြစ်ရတာ လို့ ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52722610
မူးယစ္ေဆးေၾကာင့္ ပ်က္ခဲ့ရတဲ့ ေကာင္းခါးျပည္သူ႔စစ္ မူးယစ္ေဆးေၾကာင့္ ပ်က္ခဲ့ရတဲ့ ေကာင္းခါးျပည္သူ႔စစ္ Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.