ေတာင္ကုတ္႐ြာသား ငါးဦးကို မိုင္းခြဲမႈနဲ႔ အမႈေျပာင္းဖြင့္


(Zawgyi)⤵⤵⤵
 ရခိုင္တပ္ေတာ္ AA နဲ႔ ဆက္သြယ္တယ္ဆိုၿပီး ဖမ္းဆီးထားတဲ့ ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕ ေဒသခံ ငါးဦးကို ေတာင္ကုတ္ၿမိဳ႕နယ္မွာ ရဲတပ္ဖြဲ႕ မိုင္းခြဲတိုက္ခိုက္မႈနဲ႔ အမႈေျပာင္းၿပီး ဖြင့္လိုက္ပါတယ္။

ေတာင္ကုတ္ၿမိဳ႕ ဆားျပင္ေက်း႐ြာက ဦးၿပဳံးခ်ိဳ အပါအဝင္ ငါးဦးကို AA အဖြဲ႕ကို ဆက္သြယ္တယ္ဆိုၿပီး အေၾကာင္းျပခ်က္နဲ႔ ဧၿပီလဆန္းပိုင္းမွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး လမ္းမူရဲစခန္းမွာ အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီအမႈအတြက္ အခ်ဳပ္ရမန္ယူထားတာ ၂ႏွစ္ႀကိမ္ျပည့္သြားတဲ့ဒီေန႔မွာ တရားစြဲတင္ဖို႔အတြက္ AA အဖြဲ႕နဲ႔ ဆက္သြယ္တဲ့ ခိုင္လုံတဲ့ အေထာက္အထား မျပႏိုင္တာေၾကာင့္ ေတာင္ကုတ္ၿမိဳ႕နယ္ တရား႐ုံးက ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၇၀ ပုဒ္မခြဲ ၁ လႊတ္ေပးခဲ့ၿပီး ရဲတပ္ဖြဲ႕က မိုင္းေဖာက္ခြဲမႈနဲ႔ ထပ္မံအမႈဖြင့္ခဲ့ေၾကာင္း ဖမ္းဆီးခံရသူေတြရဲ႕ ေရွ႕ေနဦးတင္ညိဳက ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ ဆားျပင္ေက်း႐ြာ အလြန္ ငွက္ေပ်ာေခ်ာင္းတံတားအနီးမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက သံတြဲ ခ႐ိုင္ရဲမႉးနဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္ရဲမႉးတို႔ စီးနင္းလာတဲ့ ကားတန္း မိုင္းဆြဲ တိုက္ခိုက္မႈနဲ႔ မအီရဲစခန္းက အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၀ နဲ႔ အမႈဖြင့္ ရမန္ယူထပ္ယူလိုက္တာပါ။

အဲဒီအမႈအတြက္ အခ်ဳပ္ရမန္ကို တရား႐ုံးက ေမလ ၁၁ ရက္ေန႔အထိ ၄ ရက္ ေပးလိုက္ပါတယ္။

RFA Burmese
-----------------------------------
(Unicode)⤵⤵⤵
တောင်ကုတ်ရွာသား ငါးဦးကို မိုင်းခွဲမှုနဲ့ အမှုပြောင်းဖွင့်

 ရခိုင်တပ်တော် AA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ဒေသခံ ငါးဦးကို တောင်ကုတ်မြို့နယ်မှာ ရဲတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်မှုနဲ့ အမှုပြောင်းပြီး ဖွင့်လိုက်ပါတယ်။

တောင်ကုတ်မြို့ ဆားပြင်ကျေးရွာက ဦးပြုံးချို အပါအဝင် ငါးဦးကို AA အဖွဲ့ကို ဆက်သွယ်တယ်ဆိုပြီး အကြောင်းပြချက်နဲ့ ဧပြီလဆန်းပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လမ်းမူရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုအတွက် အချုပ်ရမန်ယူထားတာ ၂နှစ်ကြိမ်ပြည့်သွားတဲ့ဒီနေ့မှာ တရားစွဲတင်ဖို့အတွက် AA အဖွဲ့နဲ့ ဆက်သွယ်တဲ့ ခိုင်လုံတဲ့ အထောက်အထား မပြနိုင်တာကြောင့် တောင်ကုတ်မြို့နယ် တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၇၀ ပုဒ်မခွဲ ၁ လွှတ်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က မိုင်းဖောက်ခွဲမှုနဲ့ ထပ်မံအမှုဖွင့်ခဲ့ကြောင်း ဖမ်းဆီးခံရသူတွေရဲ့ ရှေ့နေဦးတင်ညိုက ပြောပါတယ်။

တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာ အလွန် ငှက်ပျောချောင်းတံတားအနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သံတွဲ ခရိုင်ရဲမှူးနဲ့ တောင်ကုတ်မြို့နယ်ရဲမှူးတို့ စီးနင်းလာတဲ့ ကားတန်း မိုင်းဆွဲ တိုက်ခိုက်မှုနဲ့ မအီရဲစခန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ နဲ့ အမှုဖွင့် ရမန်ယူထပ်ယူလိုက်တာပါ။

အဲဒီအမှုအတွက် အချုပ်ရမန်ကို တရားရုံးက မေလ ၁၁ ရက်နေ့အထိ ၄ ရက် ပေးလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ေတာင္ကုတ္႐ြာသား ငါးဦးကို မိုင္းခြဲမႈနဲ႔ အမႈေျပာင္းဖြင့္ ေတာင္ကုတ္႐ြာသား ငါးဦးကို မိုင္းခြဲမႈနဲ႔ အမႈေျပာင္းဖြင့္ Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.