ကိုရိုနာ ကြားက ဟောင်ကောင်ဆန္ဒပြပွဲ

ရဲတွေက မျက်ရည်ယိုဗုံးနဲ့ ပစ်လို့ ဆန္ဒပြသူတွေက ထွက်ပြေး
(Unicode)⤵⤵⤵
ဟောင်ကောင်မှာ တရုတ်ရဲ့ လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းဖို့ စီစဉ် တာကို ကန့်ကွက်မှုတွေ ပေါ်ပေါက်နေပြီး၊ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ အဓိကရုဏ်းတွေ ဖြစ်ပေါ်နေပါတယ်။

သောင်းနဲ့ချီတဲ့ လူတွေဟာ စီတန်းပြီး မြို့လယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ရုံးခန်းကို သွားရောက်နေကြပြီး၊ ဆန္ဒပြပွဲကို ရဲတွေက တားဆီးဖို့ ကြိုးစားရာမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အစောပိုင်းတုန်းက တရုတ်ရဲ့ လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းမယ့် အစီအစဉ် ကိုကမ္ဘာ တဝန်းမှာ ရှိတဲ့ ထိပ်တန်း နိုင်ငံရေးသမား ၂၀၀ လောက်က ပေါင်းစည်းပြီး ကန့်ကွက်ချက်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ တရုတ်ဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားဥပဒေ စိုးမိုးရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို အကြီးအကျယ် တိုက်ခိုက်လိုက်တာပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တရုတ် အနေနဲ့ ဟောင်ကောင်မှာ လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းပြီး တိုင်းပြည်ကို သစ္စာဖောက်မှုတွေ၊ ခွဲထွက်ရေး ကြိုးပမ်းမှုတွေ၊ အကြည်ညိုပျက်အောင် လုပ်ဆောင်မှုတွေ၊ အဖျက်အမှောက် လုပ်ရပ်တွေ ရှိလာရင် အရေးယူနိုင်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ဒီဥပဒေပြဋ္ဌာန်းလိုက်ရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကို ထိခိုက်မယ်၊ ဟောင်ကောင်ရဲ့ အရေးကြီးတဲ့ ငွေကြေး လုပ်ငန်းတွေကို ထိခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို တရုတ်ကတော့ ငြင်းပယ်ပါတယ်။ ဒါတွေက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး ကို နှောင့်ယှက်မှုတွေသာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ပါတယ်။

တရုတ်လိုလားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်း ကလည်း လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းမှု ကို အပြည့်အဝ ထောက်ခံထားပါတယ်။ ဟောင်ကောင် ရဲ့ လွတ်လပ်မှုတွေကတော့ အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေ ဟာ အစိုးရဆန့်ကျင်ရေး စာတန်းတွေ၊ ကြွေးကြော်သံတွေ နဲ့ ချီတက်ခဲ့
ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာမှု အခြေအနေ။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ကော့စ်ဝေး ကမ်းခြေနဲ့ ဝမ်ချိုင်း ခရိုင်ကနေပြီး ဆန္ဒပြမှုတွေစတင်ခဲ့ပြီး၊ အစိုးရဆန့်ကျင်ရေး စာတန်းတွေ၊ ကြွေးကြော်သံတွေ နဲ့ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလုံခြုံရေး ဥပဒေကြမ်းကြောင့် အစိုးရကို ဆန့်ကျင်တဲ့ ပြောဆိုမှုတွေနဲ့ ပုံနှိပ်ဖော်ပြမှုတွေကြောင့် လူတွေဟာ ရာဇဝတ်သားတွေ ဖြစ်သွား နိုင်တယ်လို့ အသက် ၂၅ နှစ် အရွယ် ဗင်းဆင့်က AFP သတင်းဌာနကို ပြောဆို ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို စိုးရိမ်တဲ့ ဆန္ဒပြသူတွေဟာ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြပြီး၊ ဒီလူအုပ်ထဲကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။

လူအချင်းချင်း ခပ်ခွာခွာ နေရမယ် ဆိုတဲ့ စည်းကမ်းတွေကို ထုတ်ပြန်ထားတဲ့ အချိန်မှာပဲ ဆန္ဒပြပွဲက ပေါ်ပေါက်လာတာပါ။

အခု ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့ ဒီမိုကရေစီ အရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲနဲ့ အလား သဏ္ဍန်တူပြီး၊ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေလည်း ရှိပါတယ်။ ဆန္ဒပြသူတချို့က ရဲတွေထံကို အရာဝတ္ထုတွေနဲ့ ပစ်တာ၊ ထီးတွေနဲ့ ပစ်တာ တွေကိုလည်း လုပ်ကြပါတယ်။
ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ ကရေပိုက်နဲထိုးဖြိုခွင်း
တရုတ် ရဲ့ လုံခြုံရေး ဥပဒေကြမ်းထဲမှာ ပါဝင်တဲ့အချက်တွေ။

တရုတ် ကွန်မြူနစ်ပါတီက အတည်မပြုရသေးတဲ့ ဥပဒေကြမ်းထဲမှာ ဟောင်ကောင်ရဲ့ လုံခြုံရေး အခြေအနေ ကို တိုးမြှင့်ဖို့ဆိုတဲ့ အပိုဒ်ခွဲ တစ်ရပ်ပါဝင်ပါတယ်။

ဒီအထဲမှာ ဟောင်ကောင်မှာ လိုအပ်ရင်တရုတ်အစိုးရရဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ ရုံးခန်းဖွင့်လှစ်ပြီး ဥပဒေအရ နိုင်ငံတော် လုံခြုံရေး တာဝန်ကို ထမ်းဆောင် နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ တရုတ်ရဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ ဟောင်ကောင်မှာ အခြေစိုက်ခွင့်ရှိသွားမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ နဂိုရှိပြီးသား ရဲတပ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ တွဲဖက်နိုင်ခွင့်လည်း ရှိသွားပါပြီ။

ဒီတပတ် အစောပိုင်းတုန်းကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက ဟောင်ကောင် လုံခြုံရေး ဥပဒေကြမ်းဟာ ကိုယ့်သေတွင်းကိုယ်တူး တာပဲလို့ ပြောဆိုခဲ့ဖူးပါတယ်။ ယူကေ၊ သြစတြေးလျ နဲ့ ကနေဒါ တို့ကလည်း ဒီအပေါ်မှာ စိုးရိမ်ကြောင်း အသီးသီး ပြောဆို ကြပါတယ်။

ဟောင်ကောင် ချောက်ထဲကျတော့မယ်လို့ တရုတ်ပြော

တရုတ်နဲ့ အမေရိကန်တို့ကြားမှာ ကိုရိုနာဗိုင်းရပ်စ် အရေး၊ ကုန်သွယ်ရေး အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အစွန်းအထင်းတွေက ရှိပြီးသားပါ။

ဟောင်ကောင်ကို ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အထူးအခွင့်အရေးတွေ ဆက်ပေးမလား ဆိုတာကိုလည်း အမေရိကန်တို့ဘက်က စဉ်းစားနေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကလည်း ဒီဥပဒေကြမ်း ကို အတည်ပြုခဲ့မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဒီကနေ့ တနင်္ဂနွေနေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်လီ က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး အမေရိကန် ရဲ့ နိုင်ငံရေး အဖွဲ့အစည်း တချို့ဟာ ၂ နိုင်ငံအကြားမှာ စစ်အေး တိုက်ပွဲ ဖြစ်ပွားအောင် တွန်းပို့နေတယ်လို့ ပြောဆိုပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိခိုက် နိုင်သလို၊ အမေရိကန်နဲ့ တရုတ် အကြား က ဆယ်စုနှစ်ကြာ ပူးပေါင်း လုပ်ဆောင်နေမှုတွေကို ထိခိုက်နိုင်တဲ့ အန္တရာယ် ရှိတဲ့ လုပ်ငန်းစဉ် တွေ ဖြစ်တယ်လို့လည်း သူက ပြောဆို ခဲ့ပါတယ်။
ကိုရိုနာ ကြားက ဟောင်ကောင်ဆန္ဒပြပွဲ
ကမ္ဘာ့ နိုင်ငံရေး သမားတွေရဲ့ ကြေငြာချက်ထဲမှာ ဘာတွ ပါဝင်သလဲ။

ဟောင်ကောင် အရေးနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးမှူးဟောင်း ခရစ္စတိုဖာ ပတ်တန်၊ ယူကေ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မဲလ်ကွန် ရစ်ဖ်ကင် တို့က ဦးဆောင်ပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံက နိုင်ငံရေးသမား ၁၈၆ ယောက်က လက်မှတ်ရေးထိုးပြီး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ရဲ့ လုပ်ရပ်ဟာ ၁၉၉၇ ခုနှစ်တုန်းက ဟောင်ကောင်ကို ပြန်လည် လွှဲပြောင်းခဲ့စဉ် တရုတ် နဲ့ ဗြိတိန် တို့ အကြားက ပူးတွဲကြေညာချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

ဟောင်ကောင်အရေး နဲ့ ပတ်သက်လို့ တရုတ်အစိုးရ ကို မယုံကြည်ရဘူး ဆိုရင် တခြား အရေး ကိစ္စတွေမှာလည်း တရုတ်ရဲ့ စကားကို လက်ခံဖို့ ခဲယဉ်း လိမ့်မယ် ဆိုပြီးတော့ နိုင်ငံရေး သမားတွေနဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကြေငြာချက်ကို ပါဝင် လက်မှတ် ရေးထိုးခဲ့သူတွေထဲမှာ အမေရိကန် အထက်လွှတ်တော် အမတ် ၁၇ ယောက်နဲ့ ယူကေ က လွှတ်တော် အမတ်၄၄ ယောက်တို့လည်း ပါဝင်ပါတယ်။

ဟောင်ကောင်မှာ လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းလိုတဲ့ တရုတ်ရဲ့ ရည်ရွယ်ချက်

စီးပွားရေး အရ အရေးပါပြီး၊ တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဗြိတိသျှ တို့ဆီကနေ လွှဲပြောင်း ယူခဲ့ချိန်က စပြီး ဒီလို ဥပဒေမျိုး ပြဋ္ဌာန်းဖို့ တရုတ်ဘက်က လိုလားခဲ့တာပါ။ ဒါပေမယ့် ဟောင်ကောင်လူထုအကြားမှာ ရေပန်းမစားလို့ တစ်ခါမှ အတည်ပြုနိုင်ခဲ့ခြင်း မရှိပါဘူး။

၂၀၀၃ ခုနှစ်တုန်း ကလည်း တရုတ် အစိုးရ က ကြိုးစား ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဟောင်ကောင်က လမ်းမ တွေပေါ်မှာ လူငါးသိန်းလောက်က ဆန့်ကျင် ကန့်ကွက်မှုတွေ လုပ်ခဲ့လို့ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

အဓိကရုဏ်းတွေကြားက ဟောင်ကောင်

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း တရုတ်ကို တရားခံလွှဲအပ်ရေး ဥပဒေ ပြဋ္ဌာန်းဖို့ ကြိုးစားတော့ ဟောင်ကောင်မှာ လနဲ့ချီတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

နောင်အခါမှာ ဒီလိုဆန္ဒပြပွဲတွေကို တားဆီးနိုင်အောင်၊ ရပ်တန့်နိုင်အောင်၊ အပြစ်ပေးနိုင်အောင် လုံခြုံရေး ဥပဒေ လိုအပ်တယ်လို့ တရုတ်အစိုးက ခုခံပြောဆိုထားပါသေးတယ်။

နောက်ပြီး အခု စက်တင်ဘာလမှာ ကျင်းပမယ့် ဟောင်ကောင် ဥပဒေပြု အမတ်ရွေးကောက်ပွဲမှာ အရင် နှစ်က အတိုင်း ဒီမိုကရေစီ လိုလားတဲ့ အမတ်အများစု အနိုင်ရခဲ့မယ်ဆိုရင် တရုတ်ရဲ့ ဥပဒေကြမ်းတွေကို ကန့်ကွက်မှု တွေ ပိုများလာမှာ ကို ဘေဂျင်း ဘက်က စိုးရိမ်နေတာပါ။

ဒီလုံခြုံရေး ဥပဒေကြမ်းကို ဟောင်ကောင်ရဲ့ အခြေခံဥပဒေထဲမှာ ထည့်သွင်းဖို့ တရုတ်က လွှတ်တော်ကနေ အတည်ပြုတဲ့နည်း ဒါမှမဟုတ် အမိန့်ဒီဂရီနဲ့ ကြိုးစားလာနိုင်ပါတယ်။

တရုတ်မှာ ကွန်မြူနစ် ပါတီ ညီလာခံ ကျင်းပနေပြီး လာမယ့်မေလ ၂၉ ရက်နေ့မှာ ဒီကိစ္စကို မဲပေးကြဖို့လည်း ရှိပါတယ်။ မဲပေးပြီးရင် ပါတီ ဗဟိုကော်မတီ က နောက်ဆုံး အတည်ပြု ဆုံးဖြတ်ပြီးရင်တော့ ဇွန်လ ကုန်ပိုင်းမှာ ဥပဒေ အဖြစ် ပြဋ္ဌာန်းသွားနိုင်မှာလည်း ဖြစ်ပါတယ်။

BBC Burmese
---------------------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာ ၾကားက ေဟာင္ေကာင္ဆႏၵျပပြဲ

ေဟာင္ေကာင္မွာ တ႐ုတ္ရဲ႕ လုံၿခဳံေရး ဥပေဒ ျပ႒ာန္းဖို႔ စီစဥ္ တာကို ကန္႔ကြက္မႈေတြ ေပၚေပါက္ေနၿပီး၊ ဆႏၵျပသူေတြနဲ႔ ရဲေတြၾကားမွာ အဓိက႐ုဏ္းေတြ ျဖစ္ေပၚေနပါတယ္။

ေသာင္းနဲ႔ခ်ီတဲ့ လူေတြဟာ စီတန္းၿပီး ၿမိဳ႕လယ္မွာရွိတဲ့ အုပ္ခ်ဳပ္ေရးမႉး ႐ုံးခန္းကို သြားေရာက္ေနၾကၿပီး၊ ဆႏၵျပပြဲကို ရဲေတြက တားဆီးဖို႔ ႀကိဳးစားရာမွာ အျပန္အလွန္ တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့တာပါ။

အေစာပိုင္းတုန္းက တ႐ုတ္ရဲ႕ လုံၿခဳံေရး ဥပေဒ ျပ႒ာန္းမယ့္ အစီအစဥ္ ကိုကမာၻ တဝန္းမွာ ရွိတဲ့ ထိပ္တန္း ႏိုင္ငံေရးသမား ၂၀၀ ေလာက္က ေပါင္းစည္းၿပီး ကန္႔ကြက္ခ်က္ကို ထုတ္ျပန္ခဲ့ပါေသးတယ္။

အဲဒီ ထုတ္ျပန္ခ်က္ထဲမွာ တ႐ုတ္ဟာ ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ တရားဥပေဒ စိုးမိုးေရးနဲ႔ အေျခခံ လြတ္လပ္ခြင့္ေတြကို အႀကီးအက်ယ္ တိုက္ခိုက္လိုက္တာပဲ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

တ႐ုတ္ အေနနဲ႔ ေဟာင္ေကာင္မွာ လုံၿခဳံေရး ဥပေဒ ျပ႒ာန္းၿပီး တိုင္းျပည္ကို သစၥာေဖာက္မႈေတြ၊ ခြဲထြက္ေရး ႀကိဳးပမ္းမႈေတြ၊ အၾကည္ညိဳပ်က္ေအာင္ လုပ္ေဆာင္မႈေတြ၊ အဖ်က္အေမွာက္ လုပ္ရပ္ေတြ ရွိလာရင္ အေရးယူႏိုင္ဖို႔ စီစဥ္လာတာ ျဖစ္ပါတယ္။

ဒီဥပေဒျပ႒ာန္းလိုက္ရင္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ကို ထိခိုက္မယ္၊ ေဟာင္ေကာင္ရဲ႕ အေရးႀကီးတဲ့ ေငြေၾကး လုပ္ငန္းေတြကို ထိခိုက္မယ္ဆိုတဲ့ စိုးရိမ္မႈေတြကို တ႐ုတ္ကေတာ့ ျငင္းပယ္ပါတယ္။ ဒါေတြက တျခားႏိုင္ငံေတြရဲ႕ ျပည္တြင္းေရး ကို ေႏွာင့္ယွက္မႈေတြသာ ျဖစ္တယ္လို႔ ျပန္လည္ တုံ႔ျပန္ပါတယ္။

တ႐ုတ္လိုလားတဲ့ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉး ကယ္ရီ လမ္း ကလည္း လုံၿခဳံေရး ဥပေဒ ျပ႒ာန္းမႈ ကို အျပည့္အဝ ေထာက္ခံထားပါတယ္။ ေဟာင္ေကာင္ ရဲ႕ လြတ္လပ္မႈေတြကေတာ့ အေျပာင္းအလဲ ရွိမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဆႏၵျပပြဲေတြ ျဖစ္ေပၚလာမႈ အေျခအေန။

ဒီကေန႔ တနဂၤေႏြေန႔မွာ ေကာ့စ္ေဝး ကမ္းေျခနဲ႔ ဝမ္ခ်ိဳင္း ခ႐ိုင္ကေနၿပီး ဆႏၵျပမႈေတြစတင္ခဲ့ၿပီး၊ အစိုးရဆန္႔က်င္ေရး စာတန္းေတြ၊ ေႂကြးေၾကာ္သံေတြ နဲ႔ ခ်ီတက္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီလုံၿခဳံေရး ဥပေဒၾကမ္းေၾကာင့္ အစိုးရကို ဆန္႔က်င္တဲ့ ေျပာဆိုမႈေတြနဲ႔ ပုံႏွိပ္ေဖာ္ျပမႈေတြေၾကာင့္ လူေတြဟာ ရာဇဝတ္သားေတြ ျဖစ္သြား ႏိုင္တယ္လို႔ အသက္ ၂၅ ႏွစ္ အ႐ြယ္ ဗင္းဆင့္က AFP သတင္းဌာနကို ေျပာဆို ပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေတြကို စိုးရိမ္တဲ့ ဆႏၵျပသူေတြဟာ ႏွာေခါင္းစည္းေတြ ဝတ္ဆင္ထားၾကၿပီး၊ ဒီလူအုပ္ထဲကို ရဲေတြက မ်က္ရည္ယိုဗုံးေတြနဲ႔ ပစ္ခတ္မႈေတြ လုပ္ခဲ့ပါတယ္။

လူအခ်င္းခ်င္း ခပ္ခြာခြာ ေနရမယ္ ဆိုတဲ့ စည္းကမ္းေတြကို ထုတ္ျပန္ထားတဲ့ အခ်ိန္မွာပဲ ဆႏၵျပပြဲက ေပၚေပါက္လာတာပါ။

အခု ျဖစ္ေပၚေနတဲ့ ဆႏၵျပပြဲဟာ ၿပီးခဲ့တဲ့ ႏွစ္က ျဖစ္ခဲ့တဲ့ ဒီမိုကေရစီ အေရး ေတာင္းဆိုတဲ့ ဆႏၵျပပြဲနဲ႔ အလား သ႑န္တူၿပီး၊ ရဲေတြနဲ႔ ဆႏၵျပသူေတြအၾကား အျပန္အလွန္ တိုက္ခိုက္မႈေတြလည္း ရွိပါတယ္။ ဆႏၵျပသူတခ်ိဳ႕က ရဲေတြထံကို အရာဝတၳဳေတြနဲ႔ ပစ္တာ၊ ထီးေတြနဲ႔ ပစ္တာ ေတြကိုလည္း လုပ္ၾကပါတယ္။

တ႐ုတ္ ရဲ႕ လုံၿခဳံေရး ဥပေဒၾကမ္းထဲမွာ ပါဝင္တဲ့အခ်က္ေတြ။

တ႐ုတ္ ကြန္ျမဴနစ္ပါတီက အတည္မျပဳရေသးတဲ့ ဥပေဒၾကမ္းထဲမွာ ေဟာင္ေကာင္ရဲ႕ လုံၿခဳံေရး အေျခအေန ကို တိုးျမႇင့္ဖို႔ဆိုတဲ့ အပိုဒ္ခြဲ တစ္ရပ္ပါဝင္ပါတယ္။

ဒီအထဲမွာ ေဟာင္ေကာင္မွာ လိုအပ္ရင္တ႐ုတ္အစိုးရရဲ႕ လုံၿခဳံေရး အဖြဲ႕အစည္းေတြ ႐ုံးခန္းဖြင့္လွစ္ၿပီး ဥပေဒအရ ႏိုင္ငံေတာ္ လုံၿခဳံေရး တာဝန္ကို ထမ္းေဆာင္ ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါဟာ တ႐ုတ္ရဲ႕ လုံၿခဳံေရး အဖြဲ႕အစည္းေတြ ေဟာင္ေကာင္မွာ အေျခစိုက္ခြင့္ရွိသြားမွာ ျဖစ္ပါတယ္။ ေဟာင္ေကာင္ရဲ႕ နဂိုရွိၿပီးသား ရဲတပ္ဖြဲ႕အဖြဲ႕အစည္းေတြနဲ႔ တြဲဖက္ႏိုင္ခြင့္လည္း ရွိသြားပါၿပီ။

ဒီတပတ္ အေစာပိုင္းတုန္းကေတာ့ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ပြန္ပီယိုက ေဟာင္ေကာင္ လုံၿခဳံေရး ဥပေဒၾကမ္းဟာ ကိုယ့္ေသတြင္းကိုယ္တူး တာပဲလို႔ ေျပာဆိုခဲ့ဖူးပါတယ္။ ယူေက၊ ၾသစေၾတးလ် နဲ႔ ကေနဒါ တို႔ကလည္း ဒီအေပၚမွာ စိုးရိမ္ေၾကာင္း အသီးသီး ေျပာဆို ၾကပါတယ္။

ေဟာင္ေကာင္ ေခ်ာက္ထဲက်ေတာ့မယ္လို႔ တ႐ုတ္ေျပာ

တ႐ုတ္နဲ႔ အေမရိကန္တို႔ၾကားမွာ ကို႐ိုနာဗိုင္းရပ္စ္ အေရး၊ ကုန္သြယ္ေရး အေရးကိစၥေတြနဲ႔ ပတ္သက္လို႔ အစြန္းအထင္းေတြက ရွိၿပီးသားပါ။

ေဟာင္ေကာင္ကို ကုန္သြယ္ေရး နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြမွာ အထူးအခြင့္အေရးေတြ ဆက္ေပးမလား ဆိုတာကိုလည္း အေမရိကန္တို႔ဘက္က စဥ္းစားေနပါတယ္။ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ ကလည္း ဒီဥပေဒၾကမ္း ကို အတည္ျပဳခဲ့မယ္ဆိုရင္ ျပင္းျပင္းထန္ထန္ တုံ႔ျပန္မယ္လို႔ ေျပာေပမယ့္ အေသးစိတ္ကိုေတာ့ ထုတ္မေျပာပါဘူး။

ဒီကေန႔ တနဂၤေႏြေန႔မွာ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္လီ က သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့ၿပီး အေမရိကန္ ရဲ႕ ႏိုင္ငံေရး အဖြဲ႕အစည္း တခ်ိဳ႕ဟာ ၂ ႏိုင္ငံအၾကားမွာ စစ္ေအး တိုက္ပြဲ ျဖစ္ပြားေအာင္ တြန္းပို႔ေနတယ္လို႔ ေျပာဆိုပါတယ္။

ဒီလိုလုပ္ရပ္ေတြဟာ ကမာၻ႔ ၿငိမ္းခ်မ္းေရးကို ထိခိုက္ ႏိုင္သလို၊ အေမရိကန္နဲ႔ တ႐ုတ္ အၾကား က ဆယ္စုႏွစ္ၾကာ ပူးေပါင္း လုပ္ေဆာင္ေနမႈေတြကို ထိခိုက္ႏိုင္တဲ့ အႏၲရာယ္ ရွိတဲ့ လုပ္ငန္းစဥ္ ေတြ ျဖစ္တယ္လို႔လည္း သူက ေျပာဆို ခဲ့ပါတယ္။

ကမာၻ႔ ႏိုင္ငံေရး သမားေတြရဲ႕ ေၾကျငာခ်က္ထဲမွာ ဘာတြ ပါဝင္သလဲ။

ေဟာင္ေကာင္ အေရးနဲ႔ ပတ္သက္လို႔ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ခရစၥတိုဖာ ပတ္တန္၊ ယူေက ႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္း မဲလ္ကြန္ ရစ္ဖ္ကင္ တို႔က ဦးေဆာင္ၿပီး ႏိုင္ငံေပါင္း ၂၃ ႏိုင္ငံက ႏိုင္ငံေရးသမား ၁၈၆ ေယာက္က လက္မွတ္ေရးထိုးၿပီး ပူးတြဲေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ပါတယ္။

တ႐ုတ္ရဲ႕ လုပ္ရပ္ဟာ ၁၉၉၇ ခုႏွစ္တုန္းက ေဟာင္ေကာင္ကို ျပန္လည္ လႊဲေျပာင္းခဲ့စဥ္ တ႐ုတ္ နဲ႔ ၿဗိတိန္ တို႔ အၾကားက ပူးတြဲေၾကညာခ်က္ကို ခ်ိဳးေဖာက္တာ ျဖစ္တယ္လို႔ ႏိုင္ငံေရးသမားေတြက ေျပာပါတယ္။

ေဟာင္ေကာင္အေရး နဲ႔ ပတ္သက္လို႔ တ႐ုတ္အစိုးရ ကို မယုံၾကည္ရဘူး ဆိုရင္ တျခား အေရး ကိစၥေတြမွာလည္း တ႐ုတ္ရဲ႕ စကားကို လက္ခံဖို႔ ခဲယဥ္း လိမ့္မယ္ ဆိုၿပီးေတာ့ ႏိုင္ငံေရး သမားေတြနဲ႔ ေၾကျငာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒီေၾကျငာခ်က္ကို ပါဝင္ လက္မွတ္ ေရးထိုးခဲ့သူေတြထဲမွာ အေမရိကန္ အထက္လႊတ္ေတာ္ အမတ္ ၁၇ ေယာက္နဲ႔ ယူေက က လႊတ္ေတာ္ အမတ္၄၄ ေယာက္တို႔လည္း ပါဝင္ပါတယ္။

ေဟာင္ေကာင္မွာ လုံၿခဳံေရး ဥပေဒ ျပ႒ာန္းလိုတဲ့ တ႐ုတ္ရဲ႕ ရည္႐ြယ္ခ်က္

စီးပြားေရး အရ အေရးပါၿပီး၊ တစိတ္တပိုင္း ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတဲ့ ေဟာင္ေကာင္ကို ၁၉၉၇ ခုႏွစ္ ၿဗိတိသွ် တို႔ဆီကေန လႊဲေျပာင္း ယူခဲ့ခ်ိန္က စၿပီး ဒီလို ဥပေဒမ်ိဳး ျပ႒ာန္းဖို႔ တ႐ုတ္ဘက္က လိုလားခဲ့တာပါ။ ဒါေပမယ့္ ေဟာင္ေကာင္လူထုအၾကားမွာ ေရပန္းမစားလို႔ တစ္ခါမွ အတည္ျပဳႏိုင္ခဲ့ျခင္း မရွိပါဘူး။

၂၀၀၃ ခုႏွစ္တုန္း ကလည္း တ႐ုတ္ အစိုးရ က ႀကိဳးစား ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ေဟာင္ေကာင္က လမ္းမ ေတြေပၚမွာ လူငါးသိန္းေလာက္က ဆန္႔က်င္ ကန္႔ကြက္မႈေတြ လုပ္ခဲ့လို႔ မေအာင္မျမင္ ျဖစ္ခဲ့ရပါတယ္။

အဓိက႐ုဏ္းေတြၾကားက ေဟာင္ေကာင္

ၿပီးခဲ့တဲ့ ႏွစ္တုန္းကလည္း တ႐ုတ္ကို တရားခံလႊဲအပ္ေရး ဥပေဒ ျပ႒ာန္းဖို႔ ႀကိဳးစားေတာ့ ေဟာင္ေကာင္မွာ လနဲ႔ခ်ီတဲ့ ဆႏၵျပပြဲေတြ ျဖစ္ေပၚခဲ့ပါေသးတယ္။

ေနာင္အခါမွာ ဒီလိုဆႏၵျပပြဲေတြကို တားဆီးႏိုင္ေအာင္၊ ရပ္တန္႔ႏိုင္ေအာင္၊ အျပစ္ေပးႏိုင္ေအာင္ လုံၿခဳံေရး ဥပေဒ လိုအပ္တယ္လို႔ တ႐ုတ္အစိုးက ခုခံေျပာဆိုထားပါေသးတယ္။

ေနာက္ၿပီး အခု စက္တင္ဘာလမွာ က်င္းပမယ့္ ေဟာင္ေကာင္ ဥပေဒျပဳ အမတ္ေ႐ြးေကာက္ပြဲမွာ အရင္ ႏွစ္က အတိုင္း ဒီမိုကေရစီ လိုလားတဲ့ အမတ္အမ်ားစု အႏိုင္ရခဲ့မယ္ဆိုရင္ တ႐ုတ္ရဲ႕ ဥပေဒၾကမ္းေတြကို ကန္႔ကြက္မႈ ေတြ ပိုမ်ားလာမွာ ကို ေဘဂ်င္း ဘက္က စိုးရိမ္ေနတာပါ။

ဒီလုံၿခဳံေရး ဥပေဒၾကမ္းကို ေဟာင္ေကာင္ရဲ႕ အေျခခံဥပေဒထဲမွာ ထည့္သြင္းဖို႔ တ႐ုတ္က လႊတ္ေတာ္ကေန အတည္ျပဳတဲ့နည္း ဒါမွမဟုတ္ အမိန္႔ဒီဂရီနဲ႔ ႀကိဳးစားလာႏိုင္ပါတယ္။

တ႐ုတ္မွာ ကြန္ျမဴနစ္ ပါတီ ညီလာခံ က်င္းပေနၿပီး လာမယ့္ေမလ ၂၉ ရက္ေန႔မွာ ဒီကိစၥကို မဲေပးၾကဖို႔လည္း ရွိပါတယ္။ မဲေပးၿပီးရင္ ပါတီ ဗဟိုေကာ္မတီ က ေနာက္ဆုံး အတည္ျပဳ ဆုံးျဖတ္ၿပီးရင္ေတာ့ ဇြန္လ ကုန္ပိုင္းမွာ ဥပေဒ အျဖစ္ ျပ႒ာန္းသြားႏိုင္မွာလည္း ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52790310
ကိုရိုနာ ကြားက ဟောင်ကောင်ဆန္ဒပြပွဲ ကိုရိုနာ ကြားက ဟောင်ကောင်ဆန္ဒပြပွဲ Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.