ရေသ့ေတာင္ ငေတာက္တူေခ်ေက်း႐ြာ မီးေလာင္

 လြန္ခဲ့တဲ့ ၆ လေလာက္က ႐ြာအနီးတိုက္ပြဲေတြ ျဖစ္ပြားလို႔ ႐ြာသားေတြ မေနေတာ့တဲ့ ေက်း႐ြာ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္အတြင္းက တိုက္ပြဲေတြျဖစ္ပြားရာ ၿမိဳ႕နယ္တစ္ခုျဖစ္တဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ ငေတာက္တူေခ်ေက်း႐ြာမွာ ေမလ ၄ ရက္ ညေန ၆ နာရီေက်ာ္က စတင္ၿပီး မီးေလာင္မႈ ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြဆီကေန သိရပါတယ္။

မီးေလာင္မႈျဖစ္ပြားခဲ့တဲ့ ငေတာက္တူေခ်ေက်း႐ြာဟာ အိမ္ေျခ ၁၅၀ ခန႔္ရွိၿပီး လြန္ခဲ့တဲ့ ၆ လေလာက္ကတည္းက ေက်း႐ြာအနီးတိုက္ပြဲေတြ ျဖစ္ပြားခဲ့တဲ့အတြက္ ေက်း႐ြာသားေတြဟာ ႐ြာမွာ ဆက္မေနရဲၾကတာေၾကာင့္ ရေသ့ေတာင္ၿမိဳ႕ေပၚနဲ႔ ေဘးလြတ္ရာေက်း႐ြာေတြကို ႐ြာလုံးကြၽတ္ ထြက္ေျပးေနၾကတာ ျဖစ္ပါတယ္။

ေမလ ၄ ရက္ ညေနပိုင္းမွာ အျပန္အလွန္ တိုက္ပြဲမရွိဘဲ ပစ္ခတ္သံေတြ ထြက္ေပၚလာခဲ့ၿပီးတဲ့ ေနာက္မွာ ေက်း႐ြာအတြင္းက မီးခိုးေတြ ထြက္လာတာကို ေတြ႕ျမင္ၾကရၿပီး ေနာက္ပိုင္းမွာ ေက်း႐ြာက ေနအိမ္ေတြ မီးေလာင္ေနတာကို သိရတာျဖစ္တယ္လို႔ ငေတာက္တူေခ် ေက်း႐ြာသားတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ငေတာက္တူေခ်ေက်း႐ြာဟာ ရေသ့ေတာင္ၿမိဳ႕ရဲ႕ ေျမာက္ဘက္ ႏွစ္မိုင္ခန႔္အကြာ ခမရ ၅၃၈ တပ္ရင္းနဲ႔ ေခ်ာင္းတစ္ဖက္ကမ္းမွာ တည္ရွိၿပီး ေတာင္လွေမာ္ေက်း႐ြာနဲ႔ အနီးဆုံးေက်း႐ြာျဖစ္ကာ အဲ့ဒီေက်း႐ြာအတြင္းမွာ တပ္မေတာ္စစ္ေၾကာင္းေတြ ေရာက္ရွိေနတယ္လို႔ အမည္မေဖာ္လိုတဲ့ ငေတာက္တူေခ် ေက်း႐ြာသားတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ေက်း႐ြာအနီး တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ တပ္မေတာ္ဘက္ကို ဘီဘီစီက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္ မရရွိခဲ့ပါဘူး။

"ျဖစ္စဥ္က အမ်ိဳးသမီးႏွစ္ေယာက္နဲ႔ ကေလးေတြပါတဲ့ စက္ေလွတစ္စီးဟာ ေဈးဝယ္ၿပီးအျပန္မွာ ႐ြာထဲကေန လက္နက္ေတြနဲ႔ ပစ္တယ္။ စက္ေလွကိုရပ္ၿပီး ထြက္ေျပးသြားခဲ့ၾကတယ္။ သူတို႔ကို ပစ္ၿပီးတာနဲ႔ အဲ့ဒီ႐ြာထဲက မီးေလာင္တာပဲ"လို႔ အမည္မေဖာ္လိုတဲ့ ေက်း႐ြာသားက ေျပာပါတယ္။

အဲ့ဒီစက္ေလွနဲ႔ေဈးလာဝယ္ၾကတဲ့မိသားစုဟာ ငေတာက္တူေခ်ေက်း႐ြာကျဖစ္ၿပီး ႐ြာကထြက္ေျပးလာခဲ့တဲ့အခ်ိန္ ႏြားေတြကို ေစာင့္ေရွာက္ရင္းနဲ႔ ဘကၠားကြၽန္းမွာ ေနထိုင္ေနၾကတာျဖစ္တယ္လို႔ သိရပါတယ္။

စက္ေလွေပၚမွာ အသက္ႏွစ္ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး၊ ၁၀ ႏွစ္အ႐ြယ္ ကေလးႏွစ္ဦး၊ ၃၀ ခန႔္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ ၅၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦးတို႔ လိုက္ပါလာၾကၿပီး ေသနတ္ပစ္ခတ္ခံရတာေၾကာင့္ စက္ေလွကိုစြန႔္ပစ္ကာ ထြက္ေျပးလာခဲ့ၾကရတဲ့အတြက္ ဝယ္ယူလာခဲ့တဲ့ ရိကၡာေတြနဲ႔အတူ ဖုန္းသုံးလုံးနဲ႔ ေငြက်ပ္ တစ္သိန္းေက်ာ္ စက္ေလွေပၚမွာက်န္ေနခဲ့ၿပီး လူေတြကေတာ့ လြတ္ေျမာက္လာခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီ႐ြာမွာ ေမလ ၄ ရက္ ညေန ၆ နာရီေလာက္က စမီးေလာင္ခဲ့ၿပီး ည ၉ နာရီေလာက္ထိ မီးဆက္လက္ ေလာင္ကြၽမ္းေနဆဲျဖစ္ တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွေက်း႐ြာအပါအဝင္ ေက်း႐ြာတခ်ိဳ႕ တိုက္ပြဲေတြ အတြင္း မီးေလာင္မႈျဖစ္ပြားခဲ့ဖူးၿပီး မီးေလာင္ခဲ့တဲ့ေက်း႐ြာေတြမွာ ႐ြာသားေတြ ထြက္ေျပးေနၾကရတဲ့ေက်း႐ြာေတြ ျဖစ္ၾကပါတယ္။

"ဒီေန႔မနက္ပိုင္းမွာ ကြၽန္ေတာ္တို႔ နယ္ေျမခံအဖြဲ႕ေတြ သြားၿပီးသတင္းယူေတာ့ ငေတာက္တူေခ်႐ြာသစ္က ၆ ေဆာင္၊ ႐ြာေဟာင္းက ၂ ေဆာင္ ေနအိမ္ ၈ ေဆာင္နဲ႔ စပါးႀကိတ္စက္ႏွစ္လုံး မီးရႈိ႕ခံလိုက္ရတယ္လို႔ သတင္းရပါတယ္။ မီးရႈိ႕ခံလိုက္ရတဲ့ မိသားစုေတြနဲ႔လည္း ကြၽန္ေတာ္တို႔နဲ႔ အဆက္အသြယ္ရထားပါတယ္"လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC ရဲ႕ အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာ အခုလိုမ်ိဳး မီးေလာင္မႈျဖစ္ပြားခဲ့တဲ့ ေက်း႐ြာေပါင္း ၈ ႐ြာခန႔္ရွိၿပီး ေနအိမ္ေပါင္း ၆၀ နဲ႔ ၇၀ အၾကားရွိကာ အမ်ားဆုံး ေလာင္ကြၽမ္းခဲ့တဲ့ ေက်း႐ြာေတြကေတာ့ ေက်ာက္တန္း၊ သမီးလွနဲ႔ အမ်က္ေတာင္ေက်း႐ြာတို႔ ျဖစ္ပါတယ္။

ရခိုင္တျပည္နယ္လုံး အတိုင္းအတာမွာေတာ့ မီးေလာင္မႈျဖစ္ပြားခဲ့တဲ့ ေက်း႐ြာေပါင္း ၃၁ ႐ြာထိရွိလာေနၿပီ ျဖစ္တယ္လို႔ REC ရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ အေရအတြက္ အမ်ားဆုံး မီးေလာင္မႈျဖစ္ပြားၿပီး ေက်း႐ြာေတြ မီးေလာင္မႈျဖစ္စဥ္ စာရင္းေကာက္ယူတဲ့အခါမွာ ပုံစံအမ်ိဳးမ်ိဳးေတြ႕ရတယ္ဆိုတာနဲ႔ ႐ြာသားေတြထြက္ေျပးေနၾကၿပီး လူမရွိေတာ့တဲ့ေက်း႐ြာအမ်ားစု မီးရႈိ႕ခံလိုက္ရတာေတြကို ေတြ႕ရွိခဲ့ရတယ္လို႔ REC အဖြဲ႕က ထုတ္ျပန္ေျပာဆိုခ်က္ေတြအရ သိရပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
ရသေ့တောင် ငတောက်တူချေကျေးရွာ မီးလောင်

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားရာ မြို့နယ်တစ်ခုဖြစ်တဲ့ ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာမှာ မေလ ၄ ရက် ညနေ ၆ နာရီကျော်က စတင်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ငတောက်တူချေကျေးရွာဟာ အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ကျေးရွာအနီးတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသားတွေဟာ ရွာမှာ ဆက်မနေရဲကြတာကြောင့် ရသေ့တောင်မြို့ပေါ်နဲ့ ဘေးလွတ်ရာကျေးရွာတွေကို ရွာလုံးကျွတ် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

မေလ ၄ ရက် ညနေပိုင်းမှာ အပြန်အလှန် တိုက်ပွဲမရှိဘဲ ပစ်ခတ်သံတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့ နောက်မှာ ကျေးရွာအတွင်းက မီးခိုးတွေ ထွက်လာတာကို တွေ့မြင်ကြရပြီး နောက်ပိုင်းမှာ ကျေးရွာက နေအိမ်တွေ မီးလောင်နေတာကို သိရတာဖြစ်တယ်လို့ ငတောက်တူချေ ကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ငတောက်တူချေကျေးရွာဟာ ရသေ့တောင်မြို့ရဲ့ မြောက်ဘက် နှစ်မိုင်ခန့်အကွာ ခမရ ၅၃၈ တပ်ရင်းနဲ့ ချောင်းတစ်ဖက်ကမ်းမှာ တည်ရှိပြီး တောင်လှမော်ကျေးရွာနဲ့ အနီးဆုံးကျေးရွာဖြစ်ကာ အဲ့ဒီကျေးရွာအတွင်းမှာ တပ်မတော်စစ်ကြောင်းတွေ ရောက်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ငတောက်တူချေ ကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကျေးရွာအနီး တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

"ဖြစ်စဉ်က အမျိုးသမီးနှစ်ယောက်နဲ့ ကလေးတွေပါတဲ့ စက်လှေတစ်စီးဟာ ဈေးဝယ်ပြီးအပြန်မှာ ရွာထဲကနေ လက်နက်တွေနဲ့ ပစ်တယ်။ စက်လှေကိုရပ်ပြီး ထွက်ပြေးသွားခဲ့ကြတယ်။ သူတို့ကို ပစ်ပြီးတာနဲ့ အဲ့ဒီရွာထဲက မီးလောင်တာပဲ"လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားက ပြောပါတယ်။

အဲ့ဒီစက်လှေနဲ့ဈေးလာဝယ်ကြတဲ့မိသားစုဟာ ငတောက်တူချေကျေးရွာကဖြစ်ပြီး ရွာကထွက်ပြေးလာခဲ့တဲ့အချိန် နွားတွေကို စောင့်ရှောက်ရင်းနဲ့ ဘက္ကားကျွန်းမှာ နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

စက်လှေပေါ်မှာ အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၁၀ နှစ်အရွယ် ကလေးနှစ်ဦး၊ ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးတို့ လိုက်ပါလာကြပြီး သေနတ်ပစ်ခတ်ခံရတာကြောင့် စက်လှေကိုစွန့်ပစ်ကာ ထွက်ပြေးလာခဲ့ကြရတဲ့အတွက် ဝယ်ယူလာခဲ့တဲ့ ရိက္ခာတွေနဲ့အတူ ဖုန်းသုံးလုံးနဲ့ ငွေကျပ် တစ်သိန်းကျော် စက်လှေပေါ်မှာကျန်နေခဲ့ပြီး လူတွေကတော့ လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာမှာ မေလ ၄ ရက် ညနေ ၆ နာရီလောက်က စမီးလောင်ခဲ့ပြီး ည ၉ နာရီလောက်ထိ မီးဆက်လက် လောင်ကျွမ်းနေဆဲဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအပါအဝင် ကျေးရွာတချို့ တိုက်ပွဲတွေ အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ဖူးပြီး မီးလောင်ခဲ့တဲ့ကျေးရွာတွေမှာ ရွာသားတွေ ထွက်ပြေးနေကြရတဲ့ကျေးရွာတွေ ဖြစ်ကြပါတယ်။

"ဒီနေ့မနက်ပိုင်းမှာ ကျွန်တော်တို့ နယ်မြေခံအဖွဲ့တွေ သွားပြီးသတင်းယူတော့ ငတောက်တူချေရွာသစ်က ၆ ဆောင်၊ ရွာဟောင်းက ၂ ဆောင် နေအိမ် ၈ ဆောင်နဲ့ စပါးကြိတ်စက်နှစ်လုံး မီးရှို့ခံလိုက်ရတယ်လို့ သတင်းရပါတယ်။ မီးရှို့ခံလိုက်ရတဲ့ မိသားစုတွေနဲ့လည်း ကျွန်တော်တို့နဲ့ အဆက်အသွယ်ရထားပါတယ်"လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ အခုလိုမျိုး မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကျေးရွာပေါင်း ၈ ရွာခန့်ရှိပြီး နေအိမ်ပေါင်း ၆၀ နဲ့ ၇၀ အကြားရှိကာ အများဆုံး လောင်ကျွမ်းခဲ့တဲ့ ကျေးရွာတွေကတော့ ကျောက်တန်း၊ သမီးလှနဲ့ အမျက်တောင်ကျေးရွာတို့ ဖြစ်ပါတယ်။

ရခိုင်တပြည်နယ်လုံး အတိုင်းအတာမှာတော့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကျေးရွာပေါင်း ၃၁ ရွာထိရှိလာနေပြီ ဖြစ်တယ်လို့ REC ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကျောက်တော်မြို့နယ်မှာ အရေအတွက် အများဆုံး မီးလောင်မှုဖြစ်ပွားပြီး ကျေးရွာတွေ မီးလောင်မှုဖြစ်စဉ် စာရင်းကောက်ယူတဲ့အခါမှာ ပုံစံအမျိုးမျိုးတွေ့ရတယ်ဆိုတာနဲ့ ရွာသားတွေထွက်ပြေးနေကြပြီး လူမရှိတော့တဲ့ကျေးရွာအများစု မီးရှို့ခံလိုက်ရတာတွေကို တွေ့ရှိခဲ့ရတယ်လို့ REC အဖွဲ့က ထုတ်ပြန်ပြောဆိုချက်တွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52545321
ရေသ့ေတာင္ ငေတာက္တူေခ်ေက်း႐ြာ မီးေလာင္ ရေသ့ေတာင္ ငေတာက္တူေခ်ေက်း႐ြာ မီးေလာင္ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.