သီပေါမြို့တွင် ဖခင်အရင်းက အသက် ၁၃နှစ် အရွယ်သမီးကို မုဒိမ်းကျင့်


(Unicode)⤵⤵⤵
သျှမ်းပြည် မြောက်ပိုင်းသီပေါမြို့နယ် ကျေးလက်တခုတွင် အသက် ၁၃နှစ် အရွယ် မိန်းကလေးငယ်ကို ဖခင်အရင်း နှင့် အသက် ၂၀ကျော် အမျိုးသားတဦးတို့က မုဒိမ်းပြုကျင့်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ သီပေါမြို့နယ်ရွာသစ်ကျေးရွာအုပ်စုနေ အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ်သည် အကျင့်စာရိတ္တပျက်ပြားသည် ဟုဆိုပြီး ၎င်းမိသားစုနှင့်နီးစပ်သည့် သီပေါမြို့ အမျိုးသမီးအရေး တက်ကြွဆောင်ရွက်သူ အမျိုးသမီးတဦး က မေ ၂၄ ရက်က သူမ အားကျေးရွာသို့သွားရောက် ခေါ်ဆောင်ကာ လူမှုဝန်ထမ်းဦးစီးဌာန ပို့ဆောင်ရန် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်နေစဉ် မိန်းခလေးအား စစ်ဆေးမေးမြန်းရာ ၎င်းသည် မူးယစ်ဆေးသုံးစွဲသည့် ဖခင် နှင့် အကိုဖြစ်သူအား ရှာဖွေကျွေး မွေးနေရကြောင်း ပြောသည် ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

“ အစကတော့ သူ့ကို လူမှုဝန်ထမ်း ကျောင်းပို့ဖို့ ခေါ်လာတာ။နောက်ပိုင်း မေးမြန်းတော့ သမီးလေးက သူ မုဒိမ်းကျင့်ခံရတာတွေကို ပြောပြလာတယ်။အစကမယုံဘူး။ နောက် ဆေးသွားစစ်တော့ ဆေးစစ်ချက်ကလည်း မုဒိမ်းကျင့်ခံရတဲ့ လက္ခဏာရှိတယ်။အဲ့ဒါနဲ့တိုင်ချက်ဖွင့်လိုက်ကြတာ” ဟု မိန်းကလေးအား ကူညီပေးနေသည့် ၎င်း အမျိုးသမီး က ပြောပြသည်။

အသက် ၁၃နှစ် အရွယ် အဆိုပါမိန်းကလေးငယ်ကို မေ ၂၄ ရက်က သီပေါမြို့ပြည်သူ့ဆေးရုံမှ ဆေးစစ်ပေးရာတွင်လည်း သက်ငယ်မုဒိမ်းပြုကျင့်ခံထားရသည့် လက္ခဏာရှိကြောင်း ဆေးရုံက အတည်ပြုခဲ့သည်။

မေ ၁၇ ရက်ကမှ ဖခင်ဖြစ်သူသည် သူမကို မုဒိမ်းတကြိမ်ကျင့်ခဲ့ပြီး၊ မေ ၂၀ ရက်တွင် အကို ဖြစ်သူ၏ သူငယ်ချင်း အသက် ၂၀အရွယ် မင်းခန့် ဆိုသူကလည်း တကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း သီပေါမြို့မ ရဲစခန်း တိုင်ကြားစာတွင် ရေးသားထားသည်။

သမီးအရင်းဖြစ်သူအား သက်ငယ်မုဒိမ်းကျင့်သည့် ဖခင် နှင့် အသက် ၂၀ကျော်ရှိ အမျိုးသားကို သီပေါမြို့မ ရဲစခန်းမှ ဖမ်းဆီးထားပြီး ၊ ထိုသူ ၂ဦးကို (ပ) ၄၃။၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
----------------------------------------------
(Zawgyi)⤵⤵⤵
သီေပါၿမိဳ႕တြင္ ဖခင္အရင္းက အသက္ ၁၃ႏွစ္ အ႐ြယ္သမီးကို မုဒိမ္းက်င့္

သွ်မ္းျပည္ ေျမာက္ပိုင္းသီေပါၿမိဳ႕နယ္ ေက်းလက္တခုတြင္ အသက္ ၁၃ႏွစ္ အ႐ြယ္ မိန္းကေလးငယ္ကို ဖခင္အရင္း ႏွင့္ အသက္ ၂၀ေက်ာ္ အမ်ိဳးသားတဦးတို႔က မုဒိမ္းျပဳက်င့္ခဲ့ေၾကာင္း စုံစမ္းသိရသည္။

ျဖစ္စဥ္မွာ သီေပါၿမိဳ႕နယ္႐ြာသစ္ေက်း႐ြာအုပ္စုေန အသက္ ၁၃ ႏွစ္ အ႐ြယ္ မိန္းကေလးငယ္သည္ အက်င့္စာရိတၱပ်က္ျပားသည္ ဟုဆိုၿပီး ၎မိသားစုႏွင့္နီးစပ္သည့္ သီေပါၿမိဳ႕ အမ်ိဳးသမီးအေရး တက္ႂကြေဆာင္႐ြက္သူ အမ်ိဳးသမီးတဦး က ေမ ၂၄ ရက္က သူမ အားေက်း႐ြာသို႔သြားေရာက္ ေခၚေဆာင္ကာ လူမႈဝန္ထမ္းဦးစီးဌာန ပို႔ေဆာင္ရန္ ျပဳလုပ္ခဲ့သည္။

ထိုသို႔ေဆာင္႐ြက္ေနစဥ္ မိန္းခေလးအား စစ္ေဆးေမးျမန္းရာ ၎သည္ မူးယစ္ေဆးသုံးစြဲသည့္ ဖခင္ ႏွင့္ အကိုျဖစ္သူအား ရွာေဖြေကြၽး ေမြးေနရေၾကာင္း ေျပာသည္ ဟု အဆိုပါ အမ်ိဳးသမီးက ေျပာသည္။

“ အစကေတာ့ သူ႔ကို လူမႈဝန္ထမ္း ေက်ာင္းပို႔ဖို႔ ေခၚလာတာ။ေနာက္ပိုင္း ေမးျမန္းေတာ့ သမီးေလးက သူ မုဒိမ္းက်င့္ခံရတာေတြကို ေျပာျပလာတယ္။အစကမယုံဘူး။ ေနာက္ ေဆးသြားစစ္ေတာ့ ေဆးစစ္ခ်က္ကလည္း မုဒိမ္းက်င့္ခံရတဲ့ လကၡဏာရွိတယ္။အဲ့ဒါနဲ႔တိုင္ခ်က္ဖြင့္လိုက္ၾကတာ” ဟု မိန္းကေလးအား ကူညီေပးေနသည့္ ၎ အမ်ိဳးသမီး က ေျပာျပသည္။

အသက္ ၁၃ႏွစ္ အ႐ြယ္ အဆိုပါမိန္းကေလးငယ္ကို ေမ ၂၄ ရက္က သီေပါၿမိဳ႕ျပည္သူ႔ေဆး႐ုံမွ ေဆးစစ္ေပးရာတြင္လည္း သက္ငယ္မုဒိမ္းျပဳက်င့္ခံထားရသည့္ လကၡဏာရွိေၾကာင္း ေဆး႐ုံက အတည္ျပဳခဲ့သည္။

ေမ ၁၇ ရက္ကမွ ဖခင္ျဖစ္သူသည္ သူမကို မုဒိမ္းတႀကိမ္က်င့္ခဲ့ၿပီး၊ ေမ ၂၀ ရက္တြင္ အကို ျဖစ္သူ၏ သူငယ္ခ်င္း အသက္ ၂၀အ႐ြယ္ မင္းခန႔္ ဆိုသူကလည္း တႀကိမ္အဓမၼျပဳက်င့္ခဲ့ေၾကာင္း သီေပါၿမိဳ႕မ ရဲစခန္း တိုင္ၾကားစာတြင္ ေရးသားထားသည္။

သမီးအရင္းျဖစ္သူအား သက္ငယ္မုဒိမ္းက်င့္သည့္ ဖခင္ ႏွင့္ အသက္ ၂၀ေက်ာ္ရွိ အမ်ိဳးသားကို သီေပါၿမိဳ႕မ ရဲစခန္းမွ ဖမ္းဆီးထားၿပီး ၊ ထိုသူ ၂ဦးကို (ပ) ၄၃။၂၀၂၀ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/16855
သီပေါမြို့တွင် ဖခင်အရင်းက အသက် ၁၃နှစ် အရွယ်သမီးကို မုဒိမ်းကျင့် သီပေါမြို့တွင် ဖခင်အရင်းက အသက် ၁၃နှစ် အရွယ်သမီးကို မုဒိမ်းကျင့် Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.