ရေသ့ေတာင္မွာ ေက်ာင္းဆရာမတစ္ဦး မိုင္းထိလို႔ ဒဏ္ရာရ


ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်က္ေတာင္ေက်း႐ြာ မူလတန္းလြန္ေက်ာင္းက ဆရာမ ေဒၚခ်ိဳဇင္ေအာင္ ေမလ ၃ ရက္ေန႔ မနက္ပိုင္းက မိုင္းထိသြားတဲ့အတြက္ စစ္ေတြၿမိဳ႕က အမွတ္ ၁၇ ကုတင္ ၁၀၀ စစ္ေဆး႐ုံမွာ ပို႔ေဆာင္ကုသေနရတယ္လို႔ သိရပါတယ္။

ဆရာမဟာ ရေသ့ေတာင္ၿမိဳ႕နယ္က ခမရ ၅၃၆ တပ္ထဲမွာေနထိုင္သူျဖစ္ၿပီး ေမာ္ေတာ္ဆိုင္ကယ္နဲ႔ မိခင္ျဖစ္သူ အတြက္ ႏြားႏို႔ထြက္ဝယ္စဥ္မွာ အခုလိုျဖစ္တာလို႔သိရပါတယ္။

ျဖစ္စဥ္မွန္ကန္ေၾကာင္းနဲ႔ ေျခေထာက္တစ္ဖက္ထိခိုက္သြားလို႔ ရန္ကုန္မဂၤလာဒုံစစ္ေဆး႐ုံကိုကိုပို႔ေဆာင္ ကုသမယ္လို႔ သတင္းၾကားတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ပညာေရးလုပ္သားသမဂၢအဖြဲ႕ဝင္ ကိုစိုးလင္းဦး က RFA ကိုေျပာပါတယ္။

"က်ေနာ္လည္း အတိအက်ေတာ့ မသိေသးဘူး၊ ဆရာမေတာ့ ဆရာမဟုတ္တယ္၊ ေက်ာင္းက မူလြန္ ေရမ်က္ ေတာင္၊ အသက္ ၃၀ ေက်ာ္ေလာက္ေတာ့ရွိတယ္၊ ဟုတ္တယ္ ဆရာမေဒၚခ်ိဳဇင္ေအာင္ ဟုတ္တယ္၊ ၅၃၆ တပ္ထဲ မွာေနတာ၊ သူ႔အေဖကလည္း တပ္ထဲကပဲ၊ ေဆး႐ုံတင္ထားရတယ္တဲ့ စစ္ေတြမွာ၊ အသက္အႏၲရယ္ေတာ့ မစိုးရိမ္ရဘူး၊ ဒါေပမဲ့ ေျခေထာက္ေတာ့ ျဖတ္ရမလားမသိဘူး ေသေတာ့မေသခ်ာေသးဘူး ျဖတ္ခ်င္မွျဖတ္ရမွာ၊ ဒဏ္ရာအေျခအေနေၾကာင့္ ရန္ကုန္လာမယ္ထင္တယ္၊ မဂၤလာဒုံစစ္ေဆး႐ုံျဖစ္မယ္။"

ANP ပါတီရဲ႕ ရေသ့ေတာင္ၿမိဳ႕နယ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကေတာ့ ဒီျဖစ္စဥ္ကိုမသိရေသးေၾကာင္း ေျပာပါတယ္။ ရေသ့ေတာင္ကို ညေနမွ ခရီးကျပန္ေရာက္မွာျဖစ္လို႔ ျဖစ္စဥ္ကို စုံစမ္းမယ္လို႔ ေျပာပါတယ္။

ဒီသတင္းကိုသိရွိထားတဲ့ စစ္ေတြၿမိဳ႕က အမည္မေဖာ္လိုတဲ့ ေဒသခံတဦးကေတာ့ စစ္ေတြ ကုတင္ ၁၀၀ စစ္ေဆး႐ုံမွာ တက္ေရာက္ေနတာၾကားလို႔ သြားေတြ႕ဖို႔အတြက္ သြားေပမယ့္ အစစ္အေဆးေတြမ်ားလို႔ လွည့္ျပန္လာတယ္လို႔ RFA ကို ဒီကေန႔ေျပာပါတယ္။

"ဟုတ္ကဲ့ ကုတင္ ၁၀၀ မွာလို႔ ၾကားတယ္ခင္ဗ်ာ၊ အမွတ္ ၁၇ ေလ၊ ကြၽန္ေတာ္ၾကားမိတာ ၃ ရက္ေန႔ ညေနဘက္ ကတည္းကၾကားတာ၊ သတင္းက သိပ္မခိုင္လုံေသးေတာ့ ဟုတ္မ်ားဟုတ္ပါ့မလားဆိုၿပီး ေသခ်ာျပန္ေလ့လာ ၾကည့္ေသးတယ္၊ ကြၽန္ေတာ့ အသိဆရာမေလးတစ္ေယာက္ကလည္း စစ္တပ္ထဲမွာေနတာ၊ အဲမွာသူ႔ကို ေမးၾကည့္ ေတာ့ ဟုတ္ပါတယ္၊ တကယ္မွန္ပါတယ္၊ ကုတင္ ၁၀၀ ယူသြားၿပီဆိုေတာ့၊ ကြၽန္ေတာ္မနက္ကေတာင္ ေမးေသး တယ္၊ လာသြားေတြ႕လို႔ရမလားဆိုေတာ့  အဆင္ေျပပါတယ္လို႔ေျပာတယ္၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔သြားေတာ့ လမ္းမွာ အစစ္ေဆးေတြ တစ္လမ္းလုံးပဲ အရမ္းမ်ားတာ၊ အဲတာေၾကာင့္ အတြင္းထဲအထိမဝင္ဘဲနဲ႔ ျပန္လွည့္ လာတာ"

တခ်ိန္ထဲမွာလည္း တပ္မေတာ္နဲ႔ AA အၾကား စစ္ေရးတင္းမာမႈေတြရွိေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ငေတာက္တူေခ် ႐ြာေဟာင္းနဲ႔ ႐ြာသစ္ ႏွစ္႐ြာလုံး မီးေလာင္ေနၿပီး တစုံတေယာက္က ရႈိ႕တဲ့ မီးေတြလို႔ ေဒသခံေတြက ေျပာၾကပါတယ္။

မီးေလာင္ေနတယ္ဆိုတာကိုလွမ္းျမင္ရတဲ့ ႐ြာသားအခ်ိဳ႕လွမ္းေျပာလို႔ သိရေပမယ့္ ဘယ္လို အေၾကာင္း ေၾကာင္းေၾကာင့္ ေလာင္ေနသလဲဆိုတာေတာ့ အေသအခ်ာ မသိရေသးဘူးလို႔ ANP ပါတီရဲ႕ ရေသ့ေတာင္ၿမိဳ႕နယ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ RFA ကိုေျပာပါတယ္။

"ၾကားတယ္ၾကားတယ္၊ တခ်ိဳ႕ကေတာ့ ဆရာမတို႔ဆီဖုန္းဆက္တယ္၊ ရေသ့ေတာင္ဘက္ေန မီးခိုးေတြျမင္ေနရ တာေလာက္ပဲ ေျပာၾကတယ္၊ ဘယ္ေလာက္အတိုင္းအတာအထိ ရႈိ႕တယ္ဆိုေတာ့ ဘယ္သူမွမေျပာႏိုင္ဘူး၊ ရႈိ႕တယ္ဆိုတာေလးပဲ မီးေလာင္ေနတယ္ဆိုတာေလးပဲ သိရတယ္၊ ႐ြာသားေတြကလည္း ထြက္ေျပးေနရေတာ့ ဖုန္းမကိုင္တာေတြရွိေနတယ္၊ ေသခ်ာသိရင္ေျပာပါ့မယ္။"

အဲဒီ႐ြာႏွစ္႐ြာဟာ ရေသ့ေတာင္ၿမိဳ႕နယ္ရဲ႕  ေျမာက္ဘက္ တစ္မိုင္ေလာက္အကြာ အစိုးရတပ္မေတာ္ ခမရ ၅၃၈ ရဲ႕ ေခ်ာင္းတစ္ဖက္မွာရွိတာျဖစ္ၿပီး ႏွစ္႐ြာေပါင္း အိမ္ေျခ ၁၀၀ ေက်ာ္နဲ႔ လူဦးေရ ၇၀၀ ေက်ာ္ရွိတယ္လို႔သိရ ပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရသူ ခိုင္သုခကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့  ရေသ့ေတာင္ဘက္မွာ တိုက္ပြဲျဖစ္ပြားတာမရွိေၾကာင္း၊ ႐ြာႏွစ္႐ြာ မီးရႈိ႕ခံရတယ္ဆိုတာ ဟုတ္မွန္ၿပီး တပ္မေတာ္ဘက္က တပ္နဲ႔ နီးလို႔ ရည္႐ြယ္ခ်က္ရွိရွိ တမင္႐ြာေတြကို မီးရႈိ႕တာျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီစြပ္စြဲခ်က္နဲ႔ပတ္သက္ၿပီး RFA က သီးျခား အတည္ျပဳႏိုင္ျခင္းေတာ့ မရွိပါဘူး။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို RFA ကဆက္သြယ္ေမးျမန္းရာမွာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အေနနဲ႔ ဘာမွ သတင္းမရေသးေၾကာင္း RFA ကို ဒီညေနက ေျဖၾကားပါတယ္။

ရခိုင္လူမ်ိဳးေတြနဲ႔ ေက်း႐ြာသားေတြအေပၚမွာ တပ္မေတာ္က တမင္ရည္႐ြယ္ခ်က္ရွိရွိ ရာဇဝတ္မႈေတြ က်ဴးလြန္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္လို႔ေတာ့ တပ္မေတာ္အေနနဲ႔ အရပ္သားျပည္သူေတြအေပၚ တမင္သက္သက္ တိုက္ခိုက္တာမ်ိဳးမရွိေၾကာင္း၊ ေက်း႐ြာေတြကို အေျချပဳၿပီး တိုက္ပြဲေဖာ္ေဆာင္တာ ေရွာင္ရွားဖို႔နဲ႔ အရပ္သားေတြကို အကာကြယ္ယူ တိုက္ခိုက္တာမ်ိဳး AA အေနနဲ႔ ေရွာင္ရွားဖို႔လိုေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက အရင္က RFA ကို မၾကာခဏ ေျဖၾကားထားပါတယ္။

RFA Burmese
---------------------------------
ရသေ့တောင်မှာ ကျောင်းဆရာမတစ်ဦး မိုင်းထိလို့ ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာ မူလတန်းလွန်ကျောင်းက ဆရာမ ဒေါ်ချိုဇင်အောင် မေလ ၃ ရက်နေ့ မနက်ပိုင်းက မိုင်းထိသွားတဲ့အတွက် စစ်တွေမြို့က အမှတ် ၁၇ ကုတင် ၁၀၀ စစ်ဆေးရုံမှာ ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။

ဆရာမဟာ ရသေ့တောင်မြို့နယ်က ခမရ ၅၃၆ တပ်ထဲမှာနေထိုင်သူဖြစ်ပြီး မော်တော်ဆိုင်ကယ်နဲ့ မိခင်ဖြစ်သူ အတွက် နွားနို့ထွက်ဝယ်စဉ်မှာ အခုလိုဖြစ်တာလို့သိရပါတယ်။

ဖြစ်စဉ်မှန်ကန်ကြောင်းနဲ့ ခြေထောက်တစ်ဖက်ထိခိုက်သွားလို့ ရန်ကုန်မင်္ဂလာဒုံစစ်ဆေးရုံကိုကိုပို့ဆောင် ကုသမယ်လို့ သတင်းကြားတယ်လို့ ရသေ့တောင်မြို့နယ် ပညာရေးလုပ်သားသမဂ္ဂအဖွဲ့ဝင် ကိုစိုးလင်းဦး က RFA ကိုပြောပါတယ်။

"ကျနော်လည်း အတိအကျတော့ မသိသေးဘူး၊ ဆရာမတော့ ဆရာမဟုတ်တယ်၊ ကျောင်းက မူလွန် ရေမျက် တောင်၊ အသက် ၃၀ ကျော်လောက်တော့ရှိတယ်၊ ဟုတ်တယ် ဆရာမဒေါ်ချိုဇင်အောင် ဟုတ်တယ်၊ ၅၃၆ တပ်ထဲ မှာနေတာ၊ သူ့အဖေကလည်း တပ်ထဲကပဲ၊ ဆေးရုံတင်ထားရတယ်တဲ့ စစ်တွေမှာ၊ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး၊ ဒါပေမဲ့ ခြေထောက်တော့ ဖြတ်ရမလားမသိဘူး သေတော့မသေချာသေးဘူး ဖြတ်ချင်မှဖြတ်ရမှာ၊ ဒဏ်ရာအခြေအနေကြောင့် ရန်ကုန်လာမယ်ထင်တယ်၊ မင်္ဂလာဒုံစစ်ဆေးရုံဖြစ်မယ်။"

ANP ပါတီရဲ့ ရသေ့တောင်မြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ ဒီဖြစ်စဉ်ကိုမသိရသေးကြောင်း ပြောပါတယ်။ ရသေ့တောင်ကို ညနေမှ ခရီးကပြန်ရောက်မှာဖြစ်လို့ ဖြစ်စဉ်ကို စုံစမ်းမယ်လို့ ပြောပါတယ်။

ဒီသတင်းကိုသိရှိထားတဲ့ စစ်တွေမြို့က အမည်မဖော်လိုတဲ့ ဒေသခံတဦးကတော့ စစ်တွေ ကုတင် ၁၀၀ စစ်ဆေးရုံမှာ တက်ရောက်နေတာကြားလို့ သွားတွေ့ဖို့အတွက် သွားပေမယ့် အစစ်အဆေးတွေများလို့ လှည့်ပြန်လာတယ်လို့ RFA ကို ဒီကနေ့ပြောပါတယ်။

"ဟုတ်ကဲ့ ကုတင် ၁၀၀ မှာလို့ ကြားတယ်ခင်ဗျာ၊ အမှတ် ၁၇ လေ၊ ကျွန်တော်ကြားမိတာ ၃ ရက်နေ့ ညနေဘက် ကတည်းကကြားတာ၊ သတင်းက သိပ်မခိုင်လုံသေးတော့ ဟုတ်များဟုတ်ပါ့မလားဆိုပြီး သေချာပြန်လေ့လာ ကြည့်သေးတယ်၊ ကျွန်တော့ အသိဆရာမလေးတစ်ယောက်ကလည်း စစ်တပ်ထဲမှာနေတာ၊ အဲမှာသူ့ကို မေးကြည့် တော့ ဟုတ်ပါတယ်၊ တကယ်မှန်ပါတယ်၊ ကုတင် ၁၀၀ ယူသွားပြီဆိုတော့၊ ကျွန်တော်မနက်ကတောင် မေးသေး တယ်၊ လာသွားတွေ့လို့ရမလားဆိုတော့  အဆင်ပြေပါတယ်လို့ပြောတယ်၊ ဒါပေမဲ့ ကျွန်တော်တို့သွားတော့ လမ်းမှာ အစစ်ဆေးတွေ တစ်လမ်းလုံးပဲ အရမ်းများတာ၊ အဲတာကြောင့် အတွင်းထဲအထိမဝင်ဘဲနဲ့ ပြန်လှည့် လာတာ"

တချိန်ထဲမှာလည်း တပ်မတော်နဲ့ AA အကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရသေ့တောင်မြို့နယ်ထဲက ငတောက်တူချေ ရွာဟောင်းနဲ့ ရွာသစ် နှစ်ရွာလုံး မီးလောင်နေပြီး တစုံတယောက်က ရှို့တဲ့ မီးတွေလို့ ဒေသခံတွေက ပြောကြပါတယ်။

မီးလောင်နေတယ်ဆိုတာကိုလှမ်းမြင်ရတဲ့ ရွာသားအချို့လှမ်းပြောလို့ သိရပေမယ့် ဘယ်လို အကြောင်း ကြောင်းကြောင့် လောင်နေသလဲဆိုတာတော့ အသေအချာ မသိရသေးဘူးလို့ ANP ပါတီရဲ့ ရသေ့တောင်မြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ RFA ကိုပြောပါတယ်။

"ကြားတယ်ကြားတယ်၊ တချို့ကတော့ ဆရာမတို့ဆီဖုန်းဆက်တယ်၊ ရသေ့တောင်ဘက်နေ မီးခိုးတွေမြင်နေရ တာလောက်ပဲ ပြောကြတယ်၊ ဘယ်လောက်အတိုင်းအတာအထိ ရှို့တယ်ဆိုတော့ ဘယ်သူမှမပြောနိုင်ဘူး၊ ရှို့တယ်ဆိုတာလေးပဲ မီးလောင်နေတယ်ဆိုတာလေးပဲ သိရတယ်၊ ရွာသားတွေကလည်း ထွက်ပြေးနေရတော့ ဖုန်းမကိုင်တာတွေရှိနေတယ်၊ သေချာသိရင်ပြောပါ့မယ်။"

အဲဒီရွာနှစ်ရွာဟာ ရသေ့တောင်မြို့နယ်ရဲ့  မြောက်ဘက် တစ်မိုင်လောက်အကွာ အစိုးရတပ်မတော် ခမရ ၅၃၈ ရဲ့ ချောင်းတစ်ဖက်မှာရှိတာဖြစ်ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၇၀၀ ကျော်ရှိတယ်လို့သိရ ပါတယ်။

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့  ရသေ့တောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း၊ ရွာနှစ်ရွာ မီးရှို့ခံရတယ်ဆိုတာ ဟုတ်မှန်ပြီး တပ်မတော်ဘက်က တပ်နဲ့ နီးလို့ ရည်ရွယ်ချက်ရှိရှိ တမင်ရွာတွေကို မီးရှို့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA ကဆက်သွယ်မေးမြန်းရာမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့ ဘာမှ သတင်းမရသေးကြောင်း RFA ကို ဒီညနေက ဖြေကြားပါတယ်။

ရခိုင်လူမျိုးတွေနဲ့ ကျေးရွာသားတွေအပေါ်မှာ တပ်မတော်က တမင်ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့တော့ တပ်မတော်အနေနဲ့ အရပ်သားပြည်သူတွေအပေါ် တမင်သက်သက် တိုက်ခိုက်တာမျိုးမရှိကြောင်း၊ ကျေးရွာတွေကို အခြေပြုပြီး တိုက်ပွဲဖော်ဆောင်တာ ရှောင်ရှားဖို့နဲ့ အရပ်သားတွေကို အကာကွယ်ယူ တိုက်ခိုက်တာမျိုး AA အနေနဲ့ ရှောင်ရှားဖို့လိုကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အရင်က RFA ကို မကြာခဏ ဖြေကြားထားပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/yathaetaung-mine-one-teacher-wound-05052020081003.html
ရေသ့ေတာင္မွာ ေက်ာင္းဆရာမတစ္ဦး မိုင္းထိလို႔ ဒဏ္ရာရ ရေသ့ေတာင္မွာ ေက်ာင္းဆရာမတစ္ဦး မိုင္းထိလို႔ ဒဏ္ရာရ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.