ျမန္မာ့လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလအထူးကိုယ္စားလွယ္သစ္ တာဝန္စတင္

ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္၊ အေမရိကန္လႊတ္ေတာ္အမတ္ေဟာင္း Thomas H. Andrews (ဓာတ္ပံု - UNHCR's Screen Shot)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္အျဖစ္ အေမရိကန္လႊတ္ေတာ္အမတ္ေဟာင္း Thomas H. Andrews ကို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက တာဝန္ေပးထားပါတယ္။

မၾကာခင္က တာဝန္သက္တမ္းၿပီးဆံုးသြားတဲ့ ပါေမာကၡ Yanghee Lee ရဲ႕ ေနရာမွာ သူ႔ကို တာဝန္ေပးလိုက္တာပါ။ အေမရိကန္ျပည္ေထာင္စု ေအာက္လႊတ္ေတာ္မွာ Maine ျပည္နယ္ကိုယ္စားျပဳအမတ္အျဖစ္ ၁၉၉၁ ခုႏွစ္ကေန ၁၉၉၅ ခုႏွစ္အထိ တာဝန္ထမ္းခဲ့သူ Thomas H. Andrews ဟာ Andrews Strategic Services ဆိုတဲ့ ဝါ႐ွင္တန္ၿမိဳ႕ေတာ္အေျခစိုက္ အတုိင္ပင္ခံလုပ္ငန္း လုပ္ကိုင္ေနသူျဖစ္ပါတယ္။
ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္၊ အေမရိကန္လႊတ္ေတာ္အမတ္ေဟာင္း Thomas H. Andrews

ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြမွာ ဒီမိုကေရစီစနစ္ ခိုင္မာအားေကာင္းေစေရး ေဆာင္႐ြက္တဲ့ National Democratic Institute (NDI) အဖဲြ႔အစည္းအတြက္ Cambodia, Indonesia, Algeria, Croatia, Serbia, Ukraine နဲ႔ Yemen ႏိုင္ငံတို႔အပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက လႊတ္ေတာ္အမတ္ေတြ၊ NGO ေတြ၊ ႏိုင္ငံေရးပါတီေတြနဲ႔ အလုပ္လုပ္ကိုင္ခဲ့ဖူးတယ္လို႔ ကုလသမဂၢထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ “The Nobel Peace Laureate Campaign for Aung San Suu Kyi and the People of Burma” ႏိုဘယ္ၿငိမ္းေရးဆုရွင္မ်ားရဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ျမန္မာျပည္သူမ်ားအေရး စုေပါင္းလႈပ္႐ွားမႈအဖြဲ႔မွာ ၂၀၀၁ ခုႏွစ္က အေထြေထြအတြင္းေရးမွဴးအျဖစ္ ေဆာင္႐ြက္ခဲ့ပါတယ္။ အေဝးေရာက္ၫႊန္႔ေပါင္းအစုိးရ NCGUB နဲ႔ Euro-Burma Network ကြန္ယက္အဖဲြ႔ေတြအတြက္လည္း အၾကံေပးအျဖစ္ ေဆာင္႐ြက္ခဲ့ဖူးပါတယ္။

Win Without War နဲ႔ United to End Genocide စတဲ့ NGO အဖဲြ႔ေတြမွာလည္း တက္တက္ၾကြၾကြ လႈပ္႐ွားခဲ့သူျဖစ္ပါတယ္။

ဧၿပီလ ၃၀ ရက္ေန႔က တာဝန္သက္တမ္းၿပီးဆံုးသြားတဲ့ အထူးကုိယ္စားလွယ္ေဟာင္း Yanghee Lee ရဲ႕ေနရာမွာ အထူးကုိယ္စားလွယ္သစ္အျဖစ္ Thomas H. Andrews တာဝန္ စတင္ထမ္းေဆာင္ေနၿပီျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------
[Unicode Version]

မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် တာဝန်စတင်

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားပါတယ်။

မကြာခင်က တာဝန်သက်တမ်းပြီးဆုံးသွားတဲ့ ပါမောက္ခ Yanghee Lee ရဲ့ နေရာမှာ သူ့ကို တာဝန်ပေးလိုက်တာပါ။ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ Maine ပြည်နယ်ကိုယ်စားပြုအမတ်အဖြစ် ၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ တာဝန်ထမ်းခဲ့သူ Thomas H. Andrews ဟာ Andrews Strategic Services ဆိုတဲ့ ဝါရှင်တန်မြို့တော်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး ဆောင်ရွက်တဲ့ National Democratic Institute (NDI) အဖွဲ့အစည်းအတွက် Cambodia, Indonesia, Algeria, Croatia, Serbia, Ukraine နဲ့ Yemen နိုင်ငံတို့အပါအဝင် နိုင်ငံတော်တော်များများက လွှတ်တော်အမတ်တွေ၊ NGO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အလုပ်လုပ်ကိုင်ခဲ့ဖူးတယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် “The Nobel Peace Laureate Campaign for Aung San Suu Kyi and the People of Burma” နိုဘယ်ငြိမ်းရေးဆုရှင်များရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာပြည်သူများအရေး စုပေါင်းလှုပ်ရှားမှုအဖွဲ့မှာ ၂၀၀၁ ခုနှစ်က အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဝေးရောက်ညွှန့်ပေါင်းအစိုးရ NCGUB နဲ့ Euro-Burma Network ကွန်ယက်အဖွဲ့တွေအတွက်လည်း အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

Win Without War နဲ့ United to End Genocide စတဲ့ NGO အဖွဲ့တွေမှာလည်း တက်တက်ကြွကြွ လှုပ်ရှားခဲ့သူဖြစ်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့က တာဝန်သက်တမ်းပြီးဆုံးသွားတဲ့ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee ရဲ့နေရာမှာ အထူးကိုယ်စားလှယ်သစ်အဖြစ် Thomas H. Andrews တာဝန် စတင်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-new-un-human-rights/5411346.html
ျမန္မာ့လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလအထူးကိုယ္စားလွယ္သစ္ တာဝန္စတင္ ျမန္မာ့လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလအထူးကိုယ္စားလွယ္သစ္ တာဝန္စတင္ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.