လူစုလူဝေး လုပ်သလား ရန်ကုန်တိုင်းအစိုးရကို သမ္မတရုံး ဖြေရှင်းချက်တောင်း


(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကာလမှာ လူစုလူဝေး လုပ်ခဲ့သလားဆိုတာနဲ့ ပတ်သက်လို့ သမ္မတရုံးက ရန်ကုန်တိုင်းအစိုးရကို ဖြေရှင်းချက် တောင်းခံလိုက်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရကို ကိုဗစ်-၁၉ ကူးစက်မှု ကာလအတွင်း ဗိုလ်တထောင်ဆိပ်ကမ်းမှာ လူစုလူဝေး လုပ်ခဲ့သလားဆိုတာ ဖြေရှင်းချက်ပေးဖို့ တောင်းထားတဲ့အကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သမ္မတရုံးရဲ့ ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မေလ ၂၄ ရက်မှာ ဗိုလ်တထောင် ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တ ဖောင်တော် ရေချ မင်္ဂလာနဲ့ ဗိုလ်တထောင်ဘုရား ဘက်စုံ ပြုပြင်မွမ်းမံမှု၊ အစ်မတော် မြနန်းနွယ် ကျောင်းဆောင်ပြုပြင်မွမ်းမံရာမှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် လူ ၅ ဦးထက် မစုဖို့ ကျန်းမာရေးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးအပါအဝင် အစိုးရအဖွဲ့ဝင် တချို့ဟာ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တရေမျှောပွဲလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆောလျင်စွာ ဖြေရှင်းဖို့ တောင်းခံထားတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖြေရှင်းတင်ပြချက်ကို မူတည်ပြီး လူကြီးတွေက စီမံဆောင်ရွက်မယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ကိုဗစ် ၁၉ ကူးစက်မှုကာလမှာ ဘာသာရေးပွဲတော် ရိုးရာပွဲတော် မလုပ်ဖို့ ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေ ထုတ်ထားဆဲ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

အိန္ဒိယမှာ ဘာသာရေးအခမ်းအနားတက်တဲ့ မြန်မာတွေ အဖမ်းခံရမှု

ဒါ့အပြင် အိန္ဒိယမှာ အစ္စလာမ် ဘာသာရေးအခမ်းအနားတစ်ခုကို တက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂၂ ယောက်ဟာလည်း ဂါယာမှာ ပုဒ်မ ၃ နဲ့ အမှု ရင်ဆိုင်နေရ ပြီး သူတို့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကိစ္စကို မြန်မာ သံရုံးအနေနဲ့ စောင့်ကြည့်နေတယ်လို့ မီဒီယာတွေကို ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

ဒီလူတွေဟာ ကူးစက်ရောဂါ အက်ဥပဒေ ၊ သဘာဝဘေးဆိုင်ရာ ဥပဒေ ၊ နိုင်ငံခြားသား ဥပဒေတို့နဲ့ အရေးယူခံထားရတယ်လို့ ဆိုပါတယ်။

"မနေ့က အထိ ၂၂ ယောက်ကို ဂါယာမှာ ရှိတဲ့ ဟိုတယ်တစ်ခုမှာ ထိန်းသိမ်းထားတယ်။ ပြီးရင် နယူးဒေလီကို ပို့မယ်ဆိုတာ သိရတယ်"လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဗစ်တိုးရီးယားအမှုက ရဲအရာရှိတွေကို အရေးယူ

ဒါ့အပြင် နေပြည်တော်က အသက်မပြည့်သေးတဲ့ ကလေးငယ် ဗစ်တိုးရီးယားရဲ့ အမှုမှာ အဓိက တာဝန်ရှိတဲ့ ရဲအရာရှိကြီး ၃ ဦးကို ရာထူးတိုးမြှင့်ခြင်း ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်နဲ့ အရေးယူထားတယ်လို့လည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလေးနဲ့ ကလေးမိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာ ရှိပါတယ်။

BBC Burmese
------------------------------------
(Zawgyi)⤵⤵⤵
လူစုလူေဝး လုပ္သလား ရန္ကုန္တိုင္းအစိုးရကို သမၼတ႐ုံး ေျဖရွင္းခ်က္ေတာင္း

ကိုဗစ္-၁၉ ကာလမွာ လူစုလူေဝး လုပ္ခဲ့သလားဆိုတာနဲ႔ ပတ္သက္လို႔ သမၼတ႐ုံးက ရန္ကုန္တိုင္းအစိုးရကို ေျဖရွင္းခ်က္ ေတာင္းခံလိုက္ပါတယ္။

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ တိုင္းအစိုးရကို ကိုဗစ္-၁၉ ကူးစက္မႈ ကာလအတြင္း ဗိုလ္တေထာင္ဆိပ္ကမ္းမွာ လူစုလူေဝး လုပ္ခဲ့သလားဆိုတာ ေျဖရွင္းခ်က္ေပးဖို႔ ေတာင္းထားတဲ့အေၾကာင္း သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက သမၼတ႐ုံးရဲ႕ ဒီကေန႔ သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။

ေမလ ၂၄ ရက္မွာ ဗိုလ္တေထာင္ ဆိပ္ကမ္းမွာ ရွင္ဥပဂုတၱ ေဖာင္ေတာ္ ေရခ် မဂၤလာနဲ႔ ဗိုလ္တေထာင္ဘုရား ဘက္စုံ ျပဳျပင္မြမ္းမံမႈ၊ အစ္မေတာ္ ျမနန္းႏြယ္ ေက်ာင္းေဆာင္ျပဳျပင္မြမ္းမံရာမွာ လူစုလူေဝး ျဖစ္ေပၚခဲ့တယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တာပါ။

ကိုဗစ္-၁၉ ကူးစက္မႈေတြေၾကာင့္ လူ ၅ ဦးထက္ မစုဖို႔ က်န္းမာေရးဌာနက ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားခ်ိန္မွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ ဇနီးအပါအဝင္ အစိုးရအဖြဲ႕ဝင္ တခ်ိဳ႕ဟာ ဗိုလ္တေထာင္ဆိပ္ကမ္းမွာ ရွင္ဥပဂုတၱေရေမွ်ာပြဲလုပ္ခဲ့တာနဲ႔ ပတ္သက္ၿပီး ေဆာလ်င္စြာ ေျဖရွင္းဖို႔ ေတာင္းခံထားတယ္လို႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေျဖရွင္းတင္ျပခ်က္ကို မူတည္ၿပီး လူႀကီးေတြက စီမံေဆာင္႐ြက္မယ္လို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

ကိုဗစ္ ၁၉ ကူးစက္မႈကာလမွာ ဘာသာေရးပြဲေတာ္ ႐ိုးရာပြဲေတာ္ မလုပ္ဖို႔ က်န္းမာေရးဌာနက ၫႊန္ၾကားခ်က္ေတြ ထုတ္ထားဆဲ ျဖစ္တယ္လို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

အိႏၵိယမွာ ဘာသာေရးအခမ္းအနားတက္တဲ့ ျမန္မာေတြ အဖမ္းခံရမႈ

ဒါ့အျပင္ အိႏၵိယမွာ အစၥလာမ္ ဘာသာေရးအခမ္းအနားတစ္ခုကို တက္ခဲ့တဲ့ ျမန္မာႏိုင္ငံသား ၂၂ ေယာက္ဟာလည္း ဂါယာမွာ ပုဒ္မ ၃ နဲ႔ အမႈ ရင္ဆိုင္ေနရ ၿပီး သူတို႔ ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ ကိစၥကို ျမန္မာ သံ႐ုံးအေနနဲ႔ ေစာင့္ၾကည့္ေနတယ္လို႔ မီဒီယာေတြကို ဦးေဇာ္ေဌးက ေျပာခဲ့ပါတယ္။

ဒီလူေတြဟာ ကူးစက္ေရာဂါ အက္ဥပေဒ ၊ သဘာဝေဘးဆိုင္ရာ ဥပေဒ ၊ ႏိုင္ငံျခားသား ဥပေဒတို႔နဲ႔ အေရးယူခံထားရတယ္လို႔ ဆိုပါတယ္။

"မေန႔က အထိ ၂၂ ေယာက္ကို ဂါယာမွာ ရွိတဲ့ ဟိုတယ္တစ္ခုမွာ ထိန္းသိမ္းထားတယ္။ ၿပီးရင္ နယူးေဒလီကို ပို႔မယ္ဆိုတာ သိရတယ္"လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဗစ္တိုးရီးယားအမႈက ရဲအရာရွိေတြကို အေရးယူ

ဒါ့အျပင္ ေနျပည္ေတာ္က အသက္မျပည့္ေသးတဲ့ ကေလးငယ္ ဗစ္တိုးရီးယားရဲ႕ အမႈမွာ အဓိက တာဝန္ရွိတဲ့ ရဲအရာရွိႀကီး ၃ ဦးကို ရာထူးတိုးျမႇင့္ျခင္း ရပ္ဆိုင္းတဲ့ ျပစ္ဒဏ္နဲ႔ အေရးယူထားတယ္လို႔လည္း ဦးေဇာ္ေဌးက သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကေလးနဲ႔ ကေလးမိသားစုနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာ ရွိပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52861165
လူစုလူဝေး လုပ်သလား ရန်ကုန်တိုင်းအစိုးရကို သမ္မတရုံး ဖြေရှင်းချက်တောင်း လူစုလူဝေး လုပ်သလား ရန်ကုန်တိုင်းအစိုးရကို သမ္မတရုံး ဖြေရှင်းချက်တောင်း Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.