တပ်ကဖမ်းထားတဲ့ အမ်းမြို့ဒေသခံ ၂၆ ဦး ပြန်လွတ်လာ


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုမှာ တပ်မတော်က ထိန်းသိမ်းထားတဲ့ ဒေသခံ ၂၆ ဦးကို မေလ ၂၃ ရက်နေ့ညက ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေဟာ ဒလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာက ၁၅ ဦးနဲ့ ဇရပ်ကွင်း၊ အနောက်ရွာ၊ ရှမ်းကုန်း၊ လိပ်ကုန်းစတဲ့ကျေးရွာတွေက လူ ၁၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က အလယ်ကျွန်းကျေးရွာမှာ လှေနဲ့ငါးရှာရင်း ဖမ်းဆီးခံထားရတဲ့ ငပျော့ (ခေါ်) ကိုမျိုးလှိုင်ကို နောက်တစ်နေ့မှာ သွားရှာတဲ့ ရွာသား ၁၄ ဦးပါ ထပ်မံထိန်းသိမ်းခံရတာဖြစ်သလို အခြားလူတွေလည်း သွားရင်းလာရင်း ထိန်းသိမ်းခံရတာပါ။

သူတို့ကို ရခိုင်တပ်တော် AA အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ရက်အနည်းငယ်ကြာ မေးမြန်းပြီးနောက် မနေ့ညနေက ပြန်လွှတ်ပေးလိုက်တာလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

အလယ်ကျွန်းကျေးရွာက လူ ၄ ဦးကို ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပေမယ့် ညနေပိုင်းမှာ တပ်မတော်က ပြန်လည်ခေါ်ယူခဲ့ပြီးနောက် မနေ့ကတော့ အားလုံးကိုတပေါင်းတည်း ပြန်လွှတ်ပေးလိုက်တာလို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒလက်ချောင်းအုပ်စုက ဒေသခံတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အကြောင်းကို RFA က ပြီးခဲ့တဲ့မေလ ၂၀ ရက်နေ့က သတင်းထုတ်လွှင့်ခဲ့ပါတယ်။

RFA Burmese
-------------------------------------
(Zawgyi)⤵⤵⤵
တပ္ကဖမ္းထားတဲ့ အမ္းၿမိဳ႕ေဒသခံ ၂၆ ဦး ျပန္လြတ္လာ

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းအုပ္စုမွာ တပ္မေတာ္က ထိန္းသိမ္းထားတဲ့ ေဒသခံ ၂၆ ဦးကို ေမလ ၂၃ ရက္ေန႔ညက ျပန္လႊတ္ေပးလိုက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ျပန္လႊတ္ေပးလိုက္သူေတြဟာ ဒလက္ေခ်ာင္းအုပ္စု အလယ္ကြၽန္းေက်း႐ြာက ၁၅ ဦးနဲ႔ ဇရပ္ကြင္း၊ အေနာက္႐ြာ၊ ရွမ္းကုန္း၊ လိပ္ကုန္းစတဲ့ေက်း႐ြာေတြက လူ ၁၁ ဦး ျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၁၇ ရက္ေန႔က အလယ္ကြၽန္းေက်း႐ြာမွာ ေလွနဲ႔ငါးရွာရင္း ဖမ္းဆီးခံထားရတဲ့ ငေပ်ာ့ (ေခၚ) ကိုမ်ိဳးလႈိင္ကို ေနာက္တစ္ေန႔မွာ သြားရွာတဲ့ ႐ြာသား ၁၄ ဦးပါ ထပ္မံထိန္းသိမ္းခံရတာျဖစ္သလို အျခားလူေတြလည္း သြားရင္းလာရင္း ထိန္းသိမ္းခံရတာပါ။

သူတို႔ကို ရခိုင္တပ္ေတာ္ AA အဖြဲ႕ရဲ႕ လႈပ္ရွားမႈေတြကို ရက္အနည္းငယ္ၾကာ ေမးျမန္းၿပီးေနာက္ မေန႔ညေနက ျပန္လႊတ္ေပးလိုက္တာလို႔လည္း ေဒသခံတစ္ဦးက ေျပာပါတယ္။

အလယ္ကြၽန္းေက်း႐ြာက လူ ၄ ဦးကို ၿပီးခဲ့တဲ့ ေမလ ၂၁ ရက္ေန႔က ျပန္လႊတ္ေပးခဲ့ေပမယ့္ ညေနပိုင္းမွာ တပ္မေတာ္က ျပန္လည္ေခၚယူခဲ့ၿပီးေနာက္ မေန႔ကေတာ့ အားလုံးကိုတေပါင္းတည္း ျပန္လႊတ္ေပးလိုက္တာလို႔လည္း သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဒလက္ေခ်ာင္းအုပ္စုက ေဒသခံေတြ ဖမ္းဆီးထိန္းသိမ္းခံရတဲ့အေၾကာင္းကို RFA က ၿပီးခဲ့တဲ့ေမလ ၂၀ ရက္ေန႔က သတင္းထုတ္လႊင့္ခဲ့ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
တပ်ကဖမ်းထားတဲ့ အမ်းမြို့ဒေသခံ ၂၆ ဦး ပြန်လွတ်လာ တပ်ကဖမ်းထားတဲ့ အမ်းမြို့ဒေသခံ ၂၆ ဦး ပြန်လွတ်လာ Reviewed by THITHTOOLWIN on 04:45 Rating: 5
Powered by Blogger.