လူမှုကွန်ယက်ကုမ္ပဏီတွေအပေါ် တင်းကျပ်မယ့်အမိန့် သမ္မတထရမ့်ပ် ထုတ်ပြန်


(Unicode)⤵⤵⤵
လူမှုကွန်ယက်ကုမ္ပဏီတွေအပေါ် စည်းကမ်းတင်းကျပ်မယ့်အမိန့် တရပ်ကို အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအမေရိကန်မှာ ပြဌာန်းထားတဲ့ ၁၉၉၆ ခုနှစ် ဆက်သွယ်ရေးဆိုင်ရာဥပဒေ၊ ပုဒ်မခွဲ ၂၃၀ အရ လူမှုကွန်ယက်တွေပေါ်မှာ ရေးတင်နေကြတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ Facebook, Twitter, YouTube စတဲ့ လူမှုကွန်ယက်ကုမ္ပဏီတွေအနေနဲ့ တာဝန်ခံစရာမလိုဘူးဆိုပြီး ဥပဒေအရ အကာအကွယ်ပေးထားပါတယ်။

ဒါပေမဲ့ အသုံးပြုသူရေးတင်တဲ့ အကြောင်းအရာကို လူမှုကွန်ယက်ကုမ္ပဏီက ဆင်ဆာဖြတ်တောက်ရင် ဥပဒေအရ အကာအကွယ်မပေးသင့်ဘူးလို့ သမ္မတအမိန့်မှာ ထောက်ပြပြီး အဲဒီ ပုဒ်မခွဲ ၂၃၀ ကို လွှတ်တော်က ဖယ်ရှား ဒါမှမဟုတ် ပြင်ဆင်ဖို့လည်း သမ္မတအမိန့်မှာ တောင်းဆိုထားပါတယ်။

Twitter လူမှုကွန်ယက်ပေါ်မှာ သမ္မတ Trump ရေးတင်နေတဲ့ အကြောင်းအရာတချို့ကို ဖတ်သူတွေအနေနဲ့ အချက်အလက် မှန် မမှန်စစ်နိုင်မယ့် Website link တွေ Twitter က ပထမဆုံးတွဲဖော်ပြခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ခုလို သမ္မတအမိန့်ကို လက်မှတ်ထိုး ထုတ်ပြန်လိုက်တာပါ။

အမေရိကန်ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးကို ကာကွယ်ဖို့ ဒီအမိန့်ထုတ်ရတာလို့ သမ္မတ Trump က ကြာသပတေးနေ့က အမိန့်ကိုလက်မှတ်ထိုးစဉ် ပြောကြားခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒီအမိန့်အပေါ် ဥပဒေကြောင်းကနေ စိန်ခေါ်၊ မေးခွန်းထုတ်မှုတွေ ရှိလာလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
လူမႈကြန္ယက္ကုမၸဏီေတြအေပၚ တင္းက်ပ္မယ့္အမိန႔္ သမၼတထရမ့္ပ္ ထုတ္ျပန္

လူမႈကြန္ယက္ကုမၸဏီေတြအေပၚ စည္းကမ္းတင္းက်ပ္မယ့္အမိန႔္ တရပ္ကို အေမရိကန္သမၼတ Donald Trump က လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ပါတယ္။ လက္ရွိအေမရိကန္မွာ ျပဌာန္းထားတဲ့ ၁၉၉၆ ခုႏွစ္ ဆက္သြယ္ေရးဆိုင္ရာဥပေဒ၊ ပုဒ္မခြဲ ၂၃၀ အရ လူမႈကြန္ယက္ေတြေပၚမွာ ေရးတင္ေနၾကတဲ့ အေၾကာင္းအရာေတြနဲ႔ပတ္သက္လို႔ Facebook, Twitter, YouTube စတဲ့ လူမႈကြန္ယက္ကုမၸဏီေတြအေနနဲ႔ တာဝန္ခံစရာမလိုဘူးဆိုၿပီး ဥပေဒအရ အကာအကြယ္ေပးထားပါတယ္။

ဒါေပမဲ့ အသုံးျပဳသူေရးတင္တဲ့ အေၾကာင္းအရာကို လူမႈကြန္ယက္ကုမၸဏီက ဆင္ဆာျဖတ္ေတာက္ရင္ ဥပေဒအရ အကာအကြယ္မေပးသင့္ဘူးလို႔ သမၼတအမိန႔္မွာ ေထာက္ျပၿပီး အဲဒီ ပုဒ္မခြဲ ၂၃၀ ကို လႊတ္ေတာ္က ဖယ္ရွား ဒါမွမဟုတ္ ျပင္ဆင္ဖို႔လည္း သမၼတအမိန႔္မွာ ေတာင္းဆိုထားပါတယ္။

Twitter လူမႈကြန္ယက္ေပၚမွာ သမၼတ Trump ေရးတင္ေနတဲ့ အေၾကာင္းအရာတခ်ိဳ႕ကို ဖတ္သူေတြအေနနဲ႔ အခ်က္အလက္ မွန္ မမွန္စစ္ႏိုင္မယ့္ Website link ေတြ Twitter က ပထမဆုံးတြဲေဖာ္ျပခဲ့ၿပီး ရက္ပိုင္းအၾကာမွာပဲ ခုလို သမၼတအမိန႔္ကို လက္မွတ္ထိုး ထုတ္ျပန္လိုက္တာပါ။

အေမရိကန္ျပည္သူေတြရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ အခြင့္အေရးကို ကာကြယ္ဖို႔ ဒီအမိန႔္ထုတ္ရတာလို႔ သမၼတ Trump က ၾကာသပေတးေန႔က အမိန႔္ကိုလက္မွတ္ထိုးစဥ္ ေျပာၾကားခဲ့ပါတယ္။ ေလ့လာသူေတြကေတာ့ ဒီအမိန႔္အေပၚ ဥပေဒေၾကာင္းကေန စိန္ေခၚ၊ ေမးခြန္းထုတ္မႈေတြ ရွိလာလိမ့္မယ္လို႔ သုံးသပ္ေနၾကပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/trump-social/5440680.html
လူမှုကွန်ယက်ကုမ္ပဏီတွေအပေါ် တင်းကျပ်မယ့်အမိန့် သမ္မတထရမ့်ပ် ထုတ်ပြန် လူမှုကွန်ယက်ကုမ္ပဏီတွေအပေါ် တင်းကျပ်မယ့်အမိန့် သမ္မတထရမ့်ပ် ထုတ်ပြန် Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.