ကိုဗစ္-၁၉ ဟာ ျမန္မာျပည္သူေတြနဲ႔ စီးပြားေရးအေပၚ အခ်ိန္ၾကာၾကာ လႊမ္းမိုးေနဦးမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ျမန္မာျပည္သူေတြဟာ သမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ မျမင္ရတဲ့အႏၲရာယ္ကို ရင္ဆိုင္ေနရတယ္လို႔ အတိုင္ပင္ခံက ေျပာပါတယ္။
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကပ္ေရာဂါဟာ ျမန္မာႏိုင္ငံ၊ ျမန္မာ့စီးပြားေရးနဲ႔ ျပည္သူေတြအေပၚမွာ အခ်ိန္ခပ္ၾကာၾကာ အရိပ္လႊမ္းမိုးေနဦးမယ္လို႔ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ကိုဗစ္-၁၉ စီးပြားေရးကုစားမႈအစီအစဥ္(အားလုံးတစ္ေပါင္းတည္းေက်ာ္လႊားျခင္း) အစီရင္ခံစာ မိတ္ဆက္မွာ အတိုင္ပင္ခံက ခုလို ေရးသားေျပာၾကားထားပါတယ္။

ဒါေၾကာင့္ အခုကစၿပီး ျပတ္ျပတ္သားသားေဆာင္႐ြက္ျခင္းနဲ႔ လူတိုင္း၊ အိမ္ေထာင္စုတိုင္း ရင္ဆိုင္ေနရတဲ့ စီးပြားေရးဆိုင္ရာ ဝန္ထုပ္ဝန္ပိုးကို ေျဖေလွ်ာ့ႏိုင္မွာျဖစ္သလို ေရွ႕တန္းက သူရဲေကာင္းက်န္းမာေရးလုပ္သားေတြကို ခြန္အားရွိေစမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ကိုဗစ္-၁၉ စီးပြားေရးကုစားမႈအစီအစဥ္ဟာ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွမက်န္ခဲ့ေစဘဲ ပါဝင္သူအားလုံးရဲ႕ လိုအပ္ခ်က္ေတြကို အတတ္ႏိုင္ဆုံး ျဖည့္ဆည္းေပးမယ္လို႔လည္း ဆိုပါတယ္။ ကိုဗစ္ေၾကာင့္ ထင္သာျမင္သာရွိတဲ့အခ်က္ကေတာ့ ႀကိဳတင္ခန႔္မွန္းထားတဲ့ အခြန္ေငြ မရရွိႏိုင္တာျဖစ္ၿပီး အခြန္ေလ်ာ့က်မႈေၾကာင့္ အစိုးရရဲ႕ ခြဲေဝခ်ထားတဲ့ အသုံးစရိတ္ေတြကို ေလွ်ာ့ခ်ဖို႔လိုလာတယ္လို႔ အတိုင္ပင္ခံကေျပာပါတယ္။

အဲဒီအသုံးစရိတ္ေတြကိုေလွ်ာ့ခ်ၿပီး ကိုဗစ္နဲ႔ ဆက္စပ္တဲ့အသုံးစရိတ္ေတြအျဖစ္ ျပန္လည္ခြဲေဝေပးဖို႔လိုအပ္လာတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံဟာ ကိုဗစ္ေၾကာင့္ က်န္းမာေရးနဲ႔စီးပြားေရးမွာ မႀကဳံစဖူး စိန္ေခၚမႈေတြကို ႀကဳံလာရဦးမွာျဖစ္ၿပီး ျမန္မာႏိုင္ငံက ဘယ္လိုစီးပြားေရးလုပ္ငန္းမ်ိဳးကမွ ဒီအေျခအေနကို ေတာင့္ခံႏိုင္လိမ့္မယ္မထင္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆိုပါတယ္။

ကိုဗစ္နဲ႔ပတ္သက္ၿပီး အတိတ္တုန္းက အေသးစိတ္အစီအစဥ္ေတြခ်ခဲ့တာမရွိေပမယ့္လည္း ဒီစိန္ေခၚမႈကိုတိုက္ဖ်က္ဖို႔အတူတကြရင္ဆိုင္ဖို႔လိုေၾကာင္းနဲ႔ အခု စီးပြားေရးကုစားမႈအစီအစဥ္ဟာ ကိုဗစ္ေၾကာင့္ ႀကဳံရမယ့္ စီးပြားေရးသက္ေရာက္မႈေတြကို ကုစားႏိုင္မွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဧၿပီ ၂၇ ရက္က အစိုးရေန ထုတ္ျပန္လိုက္တဲ့အစီရင္ခံစာမွာ ကိုဗစ္-၁၉ ေၾကာင့္ သက္ေရာက္မႈရွိႏိုင္မယ့္ စီးပြားေရးလုပ္ငန္းေတြကို ေခ်းေငြထပ္ခ်ေပးဖို႔အပါအဝင္ ဆင္းရဲႏြမ္းပါးသူေတြကို ေထာက္ပံ့ေငြေပးတဲ့အစီအစဥ္မ်ိဳးေတြထိ ပါဝင္ထားပါတယ္။

BBC Burmese
--------------------------------
(Unicode)⤵⤵⤵

 ကိုဗစ်-၁၉ ဟာ မြန်မာပြည်သူတွေနဲ့ စီးပွားရေးအပေါ် အချိန်ကြာကြာ လွှမ်းမိုးနေဦးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ်-၁၉ ကပ်ရောဂါဟာ မြန်မာနိုင်ငံ၊ မြန်မာ့စီးပွားရေးနဲ့ ပြည်သူတွေအပေါ်မှာ အချိန်ခပ်ကြာကြာ အရိပ်လွှမ်းမိုးနေဦးမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း) အစီရင်ခံစာ မိတ်ဆက်မှာ အတိုင်ပင်ခံက ခုလို ရေးသားပြောကြားထားပါတယ်။

ဒါကြောင့် အခုကစပြီး ပြတ်ပြတ်သားသားဆောင်ရွက်ခြင်းနဲ့ လူတိုင်း၊ အိမ်ထောင်စုတိုင်း ရင်ဆိုင်နေရတဲ့ စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့နိုင်မှာဖြစ်သလို ရှေ့တန်းက သူရဲကောင်းကျန်းမာရေးလုပ်သားတွေကို ခွန်အားရှိစေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမကျန်ခဲ့စေဘဲ ပါဝင်သူအားလုံးရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်ကြောင့် ထင်သာမြင်သာရှိတဲ့အချက်ကတော့ ကြိုတင်ခန့်မှန်းထားတဲ့ အခွန်ငွေ မရရှိနိုင်တာဖြစ်ပြီး အခွန်လျော့ကျမှုကြောင့် အစိုးရရဲ့ ခွဲဝေချထားတဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့လိုလာတယ်လို့ အတိုင်ပင်ခံကပြောပါတယ်။

အဲဒီအသုံးစရိတ်တွေကိုလျှော့ချပြီး ကိုဗစ်နဲ့ ဆက်စပ်တဲ့အသုံးစရိတ်တွေအဖြစ် ပြန်လည်ခွဲဝေပေးဖို့လိုအပ်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကိုဗစ်ကြောင့် ကျန်းမာရေးနဲ့စီးပွားရေးမှာ မကြုံစဖူး စိန်ခေါ်မှုတွေကို ကြုံလာရဦးမှာဖြစ်ပြီး မြန်မာနိုင်ငံက ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးကမှ ဒီအခြေအနေကို တောင့်ခံနိုင်လိမ့်မယ်မထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ကိုဗစ်နဲ့ပတ်သက်ပြီး အတိတ်တုန်းက အသေးစိတ်အစီအစဉ်တွေချခဲ့တာမရှိပေမယ့်လည်း ဒီစိန်ခေါ်မှုကိုတိုက်ဖျက်ဖို့အတူတကွရင်ဆိုင်ဖို့လိုကြောင်းနဲ့ အခု စီးပွားရေးကုစားမှုအစီအစဉ်ဟာ ကိုဗစ်ကြောင့် ကြုံရမယ့် စီးပွားရေးသက်ရောက်မှုတွေကို ကုစားနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဧပြီ ၂၇ ရက်က အစိုးရနေ ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာ ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုရှိနိုင်မယ့် စီးပွားရေးလုပ်ငန်းတွေကို ချေးငွေထပ်ချပေးဖို့အပါအဝင် ဆင်းရဲနွမ်းပါးသူတွေကို ထောက်ပံ့ငွေပေးတဲ့အစီအစဉ်မျိုးတွေထိ ပါဝင်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52518408
ကိုဗစ္-၁၉ ဟာ ျမန္မာျပည္သူေတြနဲ႔ စီးပြားေရးအေပၚ အခ်ိန္ၾကာၾကာ လႊမ္းမိုးေနဦးမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ ကိုဗစ္-၁၉ ဟာ ျမန္မာျပည္သူေတြနဲ႔ စီးပြားေရးအေပၚ အခ်ိန္ၾကာၾကာ လႊမ္းမိုးေနဦးမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.