ပါကစ္စတန် လေယာဉ်ပျက်ကျမှု ၂ ဦးရှင်၊ ၉၇ ဦး သေဆုံး

ပျက်ကျလေယာဉ် အပျက်အစီးတွေကြား အသက်ရှင်ကျန်ရစ်သူ ရှာဖွေနေသူများ။ (မေ ၂၂၊ ၂၀၂၀)
ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့မှာ ပျက်ကျသွားတဲ့ လေယာဉ်ကနေ သေဆုံးသူ ၉၇ ဦးရှိပြီး ၂ ဦး အသက်ရှင်ကျန်ရစ်ကြောင်း နောက်ဆုံးဝင်လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သောကြာနေ့ နေ့လယ်က အိမ်ခြေထူထပ်တဲ့ ရပ်ကွက်ပေါ်ကို လေယာဉ်ပျက်ကျတာ ဖြစ်ပေမယ့် မြေပြင်ပေါ်ကလူတွေ ထိခိုက်သေဆုံးမှုသတင်း မကြားရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပါကစ္စတန် နိုင်ငံတကာလေကြောင်းပိုင် လေယာဉ်အမှတ် PK 8303 Airbus A320 လေယာဉ်ဟာ Lahore မြို့ကနေ ပျံသန်းလာတာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူ ၉၉ ဦး လိုက်ပါလာတာပါ။

ခရီးလမ်းဆုံး ကရာချိလေဆိပ် ရောက်တဲ့အချိန် လေယာဉ်ဆင်းသက်ဖို့ ကြိုးစားတာ ပထမအကြိမ် မအောင်မြင်ဘဲ ဒုတိယတခေါက် ဆင်းသက်ဖို့လုပ်တဲ့ အချိန်မှာ ပျက်ကျတာပါ။ ဒီကနေ့ထိတော့ ကယ်ဆယ်ရှင်းလင်းရေးတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

လေယာဉ်ပျက်မကျခင်လေးမှာပဲ လေယာဉ်ရဲ့ အင်ဂျင်စက်နှစ်ခုလုံး ပျက်သွားပြီဆိုတာ လေယာဉ်မှူးက ထိန်းချုပ်မျှော်စင်ကို လှမ်းပြောတယ်လို့ လေကြောင်းစောင့်ကြည့်ရေးဝက်ဘ်ဆိုက် liveact.net မှာ ပြောထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာသွားပြီး အဖွဲ့ဝင် ၄ ဦးနဲ့ အထူးအဖွဲ့ကို တာဝန်ပေးလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာတဝန်းလုံး ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကပ်ဘေးကြောင့် ပါကစ္စတန်က လေကြောင်းခရီးစဉ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ပြန်စတင်တာပါ။

အခုလေယာဉ်က ခရီးသည် ၁၆၀ ဆန့်ပေမယ့်လည်း ရောဂါကူးစက်မှု တားဆီးရေးအတွက် ခရီးသည်အရေအတွက် လျှော့ထားတာဖြစ်ပါတယ်။

အခု လေယာဉ်ခရီးသည် အများစုကတော့ မကြာခင်ကျရောက်မယ့် အစ်ဒ်ပွဲတေ်ာအတွက် အိမ်ပြန်လာကြသူတွေ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
ပါကစၥတန္ ေလယာဥ္ပ်က္က်မႈ ၂ ဦးရွင္၊ ၉၇ ဦး ေသဆံုး

ပ်က္က်ေလယာဥ္ အပ်က္အစီးေတြၾကား အသက္ရွင္က်န္ရစ္သူ ရွာေဖြေနသူမ်ား။ (ေမ ၂၂၊ ၂၀၂၀)

ပါကစၥတန္ႏိုင္ငံ ေတာင္ပိုင္း ကရာခ်ိၿမဳိ႕မွာ ပ်က္က်သြားတဲ့ ေလယာဥ္ကေန ေသဆံုးသူ ၉၇ ဦးရွိၿပီး ၂ ဦး အသက္ရွင္က်န္ရစ္ေၾကာင္း ေနာက္ဆံုးဝင္လာတဲ့ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ေသာၾကာေန႔ ေန႔လယ္က အိမ္ေျခထူထပ္တဲ့ ရပ္ကြက္ေပၚကို ေလယာဥ္ပ်က္က်တာ ျဖစ္ေပမယ့္ ေျမျပင္ေပၚကလူေတြ ထိခိုက္ေသဆံုးမႈသတင္း မၾကားရဘူးလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ပါကစၥတန္ ႏိုင္ငံတကာေလေၾကာင္းပိုင္ ေလယာဥ္အမွတ္ PK 8303 Airbus A320 ေလယာဥ္ဟာ Lahore ၿမိဳ႕ကေန ပ်ံသန္းလာတာျဖစ္ၿပီး ေလယာဥ္ေပၚမွာ လူ ၉၉ ဦး လိုက္ပါလာတာပါ။

ခရီးလမ္းဆံုး ကရာခ်ိေလဆိပ္ ေရာက္တဲ့အခ်ိန္ ေလယာဥ္ဆင္းသက္ဖို႔ ႀကဳိးစားတာ ပထမအႀကိမ္ မေအာင္ျမင္ဘဲ ဒုတိယတေခါက္ ဆင္းသက္ဖို႔လုပ္တဲ့ အခ်ိန္မွာ ပ်က္က်တာပါ။ ဒီကေန႔ထိေတာ့ ကယ္ဆယ္ရွင္းလင္းေရးေတြ လုပ္ေဆာင္ေနရဆဲ ျဖစ္ပါတယ္။

ေလယာဥ္ပ်က္မက်ခင္ေလးမွာပဲ ေလယာဥ္ရဲ႕ အင္ဂ်င္စက္ႏွစ္ခုလံုး ပ်က္သြားၿပီဆိုတာ ေလယာဥ္မွဴးက ထိန္းခ်ဳပ္ေမွ်ာ္စင္ကို လွမ္းေျပာတယ္လို႔ ေလေၾကာင္းေစာင့္ၾကည့္ေရးဝက္ဘ္ဆုိက္ liveact.net မွာ ေျပာထားပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စံုစမ္းမႈေတြ လုပ္သြားမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေၾကညာသြားၿပီး အဖြဲ႔ဝင္ ၄ ဦးနဲ႔ အထူးအဖြဲ႔ကို တာဝန္ေပးလိုက္ေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ကမာၻတဝန္းလံုး ႀကဳံေတြ႔ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ကပ္ေဘးေၾကာင့္ ပါကစၥတန္က ေလေၾကာင္းခရီးစဥ္ေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္ကမွ ျပန္စတင္တာပါ။

အခုေလယာဥ္က ခရီးသည္ ၁၆၀ ဆန္႔ေပမယ့္လည္း ေရာဂါကူးစက္မႈ တားဆီးေရးအတြက္ ခရီးသည္အေရအတြက္ ေလွ်ာ့ထားတာျဖစ္ပါတယ္။

အခု ေလယာဥ္ခရီးသည္ အမ်ားစုကေတာ့ မၾကာခင္က်ေရာက္မယ့္ အစ္ဒ္ပြဲေတ္ာအတြက္ အိမ္ျပန္လာၾကသူေတြ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/pakistan-plane-crashed/5432794.html
ပါကစ္စတန် လေယာဉ်ပျက်ကျမှု ၂ ဦးရှင်၊ ၉၇ ဦး သေဆုံး ပါကစ္စတန် လေယာဉ်ပျက်ကျမှု ၂ ဦးရှင်၊ ၉၇ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.