မိတၳီလာၿမိဳ႕မွာ ဘာသာေရးအေျခခံ လူစုလူေ၀းျဖစ္

မိတၳီလာၿမိဳ႕ရွိ ကိုးန၀င္းေက်ာင္းမွာ သံဃာေတာ္ေတြကို လာေရာက္ေတာင္းပန္ေနတဲ့ ျမင္ကြင္း (ဓာတ္ပံု - Khin Ko Latt's Facebook)
(Zawgyi/Unicode)

ဘာသာေရးအကဲဆပ္တဲ့ မိတၱီလာၿမိဳ႕မွာေတာ့ လူမႈကြန္ယက္ေပၚမွာ သံဃာေတာ္ေတြကို ေဝဖန္ဆဲဆိုသူ တဦးကို အေရးယူေပးဖို႔ ေတာင္းဆိုရာကေန လူစုလူေဝးနဲ႔ ထိန္းရခက္တဲ့ အေျခအေနျဖစ္ခဲ့တာကို ေျပာျပခ်င္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေမက သတင္းေပးပို႔ထားပါတယ္။

၂၀၂၀- ၂၀၂၁ စာသင္ႏွစ္အတြက္ အေျခခံပညာသင္႐ိုးေတြထဲမွာ မ်ိဳးဆက္ပြား က်န္းမာေရး သင္႐ိုးအသစ္ထည့္ သြင္းဖို႔ ပညာေရးဝန္ႀကီးဌာနက စီစဥ္ထားမႈအေပၚ ေဝဖန္ေရးသားတဲ့ သံဃာေတာ္ေတြကို ျပန္လည္ ေဝဖန္ရႉတ္ခ်အေရးအသားေတြ တင္ခဲ့သူနဲ႔ ပတ္သက္လို႔ မိတီၳလာၿမိဳ႕မွာ လူစုလူေဝးျဖစ္ပြားခဲ့ရတာပါ။

လူစုလူေဝးျဖစ္ပြားခဲ့တဲ့ ေနရာက မႏၲေလးတိုင္း၊ မိတၳီလာၿမိဳ႕နယ္၊ ေအာင္ေဇယ်ာရပ္ကြက္ရွိ ကိုးနဝင္းေက်ာင္းတိုက္တြင္းမွာ ျဖစ္ပါတယ္။

ဒီကေန႔ မနက္ပိုင္းက လူမႈကြန္ယက္မွာေရးသားခဲ့တဲ့ အေကာင့္ပိုင္ရွင္ဘက္က ဝန္ခ်ေတာင္းပန္ပြဲျပဳလုပ္ေနခ်ိန္ ေက်ာင္းတိုက္အတြင္းမွာ ၿမိဳ႕ခံလူထုေတြ လူစုလူေဝးနဲ႔ ေရာက္ရွိလာၿပီး ေက်နပ္မႈမရွိေၾကာင္း၊ အေရးယူေပးရန္ ေအာ္ဟစ္ေတာင္းဆိုရာမွ စတင္ကာ လူစုလူေဝး ျဖစ္ပြားခဲ့ရတာလို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံၿဖိဳးေရးပါတီက မိတီၳလာ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုးသန္း VOA ကို ေျပာပါတယ္။

"ဒီေန႔မနက္ခင္း ၉ နာရီကို ကာယကံရွင္ကိုယ္တိုင္ ေတာင္းပန္မယ္ဆိုၿပီးေတာ့ စီစဥ္ၾကတယ္။ စီစဥ္ၾကေတာ့ အဲ့ကိုးန၀င္းေက်ာင္းမွာပဲ တၿမိဳ႕လုံးက လာၿပီးေတာ့ နားေထာင္ၾကတာေပါ့၊ လာၾကည့္ၾကတာေပါ့။ လာတဲ့ ပရိတ္သတ္ေတြက ေတာင္းပန္ရံုနဲ႔ေတာ့ မေက်နပ္ႏိုင္ဘူး။ တႀကိမ္တခါလည္း မဟုတ္ဘူး၊ နည္းမ်ိဳးစုံနဲ႔ ေရးတာမို႔လို႔ မေက်နပ္ႏိုင္ပါဘူး။ ဆိုၿပီးျဖစ္တဲဲ့အခါက်ေတာ့ ေနာက္ဆုံးက်ေတာ့ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးသမားေတြ၊ အာဏာပိုင္ေတြနဲ႔ သာသနာေရးနဲ႔ ပိုၿပီးေတာ့ ဒီထက္ ႀကီးထြားလာမွာစိုးလို႔ အဲ့ဒီ ေဒါက္တာ ေက်ာ္၀င္းသန္႔ကို မိတီၱလာရဲစခန္းထဲမွာ ေခတၱခဏ ထိန္းသိမ္းထားတယ္။ ပူပူေႏြးေႏြးျဖစ္တဲ့အခါက်ေတာ့ ရဲစခန္းသြားတယ္ဆို ရဲစခန္းလိုက္ၾကတာေပါ့ ၿမိဳ႕က လူေတြက။ ဒီထက္ပိုၿပီး မႏိုင္မနင္းေတြျဖစ္လာမွာ စိုးရိမ္တဲ့အတြက္ အာဏာပိုင္ေတြနဲ႔ တိုင္ပင္ၿပီးေတာ့မွ မႏၱေလးကို ေခတၱခဏ လဲႊေျပာင္းထိန္းသိမ္းထားတယ္။"

လူမႈကြန္ရက္မွာ သံဃာေတာ္ေတြကုိ ပုတ္ခတ္ေျပာဆုိခဲ့သူ သူဟာ အသက္ ၃၁ ႏွစ္အရြယ္ မိတၳီလာၿမိဳ႕ခံ ဆရာ၀န္တဦးျဖစ္ၿပီး Facebook မွာ ေက်ာ္၀င္းသန္႔ဆုိတဲ့ နာမည္နဲ႔အေကာင့္ဖြင့္ထားသူျဖစ္ၿပီး၊ ဗုဒၶဘာသာ၀င္ တဦးျဖစ္တယ္လုိ႔လည္း ဆုိပါတယ္။

မေန႔က ေမ ၁၈ ရက္ေန႔တုန္းကလည္း အေကာင့္ပိုင္ရွင္မိဘေတြက ကိုးနဝင္းေက်ာင္းကိုလာၿပီး ၿမိဳ႕မိ၊ ၿမိဳ႕ဖအခ်ိဳ႕ကို လာေရာက္ေတာင္းပန္ေပမဲ့ ေတာင္းပန္ေနခ်ိန္ ကာယကံရွင္ကိုယ္တိုင္က မပါဝင္ခဲ့တဲ့အျပင္ အဲဒီလိုေတာင္းပန္ေနခ်ိန္အတြင္း ကာယကံရွင္ဘက္က ထပ္မံၿပီး ဘာသာေရးထိပါးတဲ့ စာသားေတြ တင္လာတဲ့ အတြက္ ဒီကေန႔ ကာယကံရွင္ကိုပါေခၚလာၿပီး လာေရာက္ေတာင္းပန္ဖို႔ ၿမိဳ႕မိ၊ ၿမိဳ႕ဖေတြက ထပ္မံေစခိုင္းတာ ျဖစ္တယ္လို႔ မိတၳီလာၿမိဳ႕က တက္ႂကြလႈပ္ရွားသူ တဦးျဖစ္တဲ့ ဦးခင္ကိုလတ္ကေျပာပါတယ္။

"လူတဘက္သားရဲ႕ဘာသာ သာသနာကို မဟုတ္မမွန္ စြပ္စြဲၿပီးေတာ့ တမင္ေရးသားတာေပါ့ေနာ္။ တမင္ ေရးသားတာ အြန္လိုင္းေပၚမွာ။ သူကိုယ္တိုင္ကလည္း ဝန္ခံပါတယ္။ က်ေနာ္ဆီမွာ ဗီြဒီယို ဖိုင္ေတြ၊ ၀န္ခံတဲ့ဟာေတြလည္း ရိွပါတယ္။ သူက မူးလို႔ေရးတာပါေပါ့ေလ အမ်ားႀကီးေပါ့ေနာ္။ ဒါေပမဲ့လည္း wall ထဲမွာ ရွာၾကည့္ေတာ့လည္း ရည္႐ြယ္ခ်က္ရွိရွိ ေရးသားတာေတြလည္း ေတြ႕ရွိရတဲ့အတြက္ လူထုကို နာၾကည္းတဲ့စိတ္ ျဖစ္ေပၚေအာင္ ေရးသားတာသည္ ဒီ ႏိုင္ငံေရးလႈပ္ရွားသူေတြရဲ႕ ဘာသာေရးကို စ်ာန္သြင္းခံရၿပီးေတာ့မွ ပိုၿပီးေတာ့မွ ဘာသာေရးအဓိက႐ုဏ္း ျဖစ္သြားမွာကိုပဲ က်ေနာ္တို႔က စိုးရိမ္တာ။ ဒါပါပဲ။ အခုလိုမ်ိဳး လူထုကေနၿပီးေတာ့ နာၾကည္းစိတ္မျဖစ္ေအာင္၊ ေက်နပ္ေအာင္လို႔ တရားစဲြဆိုလိုက္တာျဖစ္ပါတယ္။ က်ေနာ္ကေတာ့ အဲလိုပဲ သုံးသပ္တယ္ဗ်။"

အေကာင့္ပိုင္ရွင္ျဖစ္သူ ေတာင္းပန္တဲ့ အေပၚ သံဃာေတာ္ေတြဘက္က ခြင့္လႊတ္ခဲ့သလို သူ႔အေနနဲ႔ အရက္ေၾကာင့္ အခုလို စိတ္လြတ္ခါ ေရးသားမိခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့တယ္လို႔ ဦးခင္ကိုလတ္က ဆိုပါတယ္။ ဒီလို တဘက္နဲ႔တဘက္ ေက်နပ္ခဲ့ေပမဲ့ အခ်ိဳ႕ေသာ ၿမိဳ႕ခံေတြဘက္က အေရးယူဖို႔ေတာင္း ဆိုခဲ့တာေတြ ရွိခဲ့ရာက ခုလို လူစုလူေဝးျဖစ္ခဲ့တာျဖစ္ၿပီး အေကာင့္ပိုင္ရွင္ကို အေရးယူႏိုင္ရန္အတြက္ ရဲတပ္ဖြဲ႕ဝင္ေတြက ေခၚေဆာင္ခဲ့ခ်ိန္အဲဒီ လူအုပ္စုက ခဲနဲ႔ဝိုင္းေပါက္​ခဲ့တယ္လို႔ သူကဆိုပါတယ္။
မိတၳီလာၿမိဳ႕ရွိ ကိုးန၀င္းေက်ာင္းမွာ သံဃာေတာ္ေတြကို လာေရာက္ေတာင္းပန္ေနတဲ့ ျမင္ကြင္း (ဓာတ္ပံု - Khin Ko Latt's Facebook)
သံဃာေတာ္ေတြနဲ႔ လုံၿခဳံေရးတာဝန္ရွိသူေတြ ဘက္က အဓိက႐ုဏ္း မျဖစ္ေအာင္ ထိန္းသိမ္းေပးခဲ့ရၿပီး အဲ့ဒီလိုျဖစ္စဥ္ေၾကာင့္ တာဝန္ရွိသူအခ်ိဳ႕ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ကာ အေကာင့္ပိုင္ရွင္ ျဖစ္သူကို အေရးယူ ေဆာင္႐ြက္ႏိုင္ဖို႔ လုံၿခဳံေရးမ်ားနဲ႔ မႏၲေလးကို ပို႔ေဆာင္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေနေပမဲ့ ဗြီအိုေအ အေနနဲ႔ သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

ၿမိဳ႕နယ္ သာသနာေရးအဖြဲ႕က ဦးကိုကိုေအာင္ကေတာ့ အေကာင့္ပိုင္ရွင္ကို သာသနာကို ညႇိဳးႏြမ္းေစမႈနဲ႔ အေရးယူဖို႔ ျပင္ဆင္ေနတယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။

"က်ေနာ့္ အပိုင္းက တရားစြဲဆိုဖို႔ပဲ ရွိတာကိုး။ က်န္တဲ့ဟာေတာ့ က်ေနာ္မသိဘူး။ က်ေနာ့္အပိုင္းကေတာ့ ဒီ သာသနာ ညႇိဳးႏြမ္းေစမႈနဲ႔ ၂၉၅-က နဲ႔ေပါ့ေနာ္။ ၂၉၅- ကနဲ႔ ဆြဲတာပဲ ရွိပါတယ္။"

ၿပီးခဲ့တဲ့၂၀၁၃ မတ္လက မိတၳီလာမွာ ဘာသာေရးအဓိက႐ုဏ္း တခု ျဖစ္ပြားခဲ့ဖူးၿပီး အဲဒီတုန္းက အစိုးရရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရ ဒဏ္ရာရတဲ့ လူေပါင္း အေယာက္ ၄၀ နီးပါးရွိခဲ့သလို ဘာသာေရးအေဆာက္အအုံ ၁၅ လုံးနီးပါးနဲ႔ ေနအိမ္အလုံးေပါင္း ၁၃၀ ေလာက္ ပ်က္စီးခဲ့ရပါတယ္။ ဒီလို အေျခအေနေတြ ႀကဳံခဲ့တာေၾကာင့္ ေနာက္ ထပ္ျပႆနာေတြ ထပ္မျဖစ္ဖို႔ ၿမိဳ႕ခံေတြက လိုလားေနၾကပါတယ္ ရွင္။

ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------
[Unicode Version]

မိတ္ထီလာမြို့မှာ ဘာသာရေးအခြေခံ လူစုလူဝေးဖြစ်

ဘာသာရေးအကဲဆပ်တဲ့ မိတ္တီလာမြို့မှာတော့ လူမှုကွန်ယက်ပေါ်မှာ သံဃာတော်တွေကို ဝေဖန်ဆဲဆိုသူ တဦးကို အရေးယူပေးဖို့ တောင်းဆိုရာကနေ လူစုလူဝေးနဲ့ ထိန်းရခက်တဲ့ အခြေအနေဖြစ်ခဲ့တာကို ပြောပြချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေက သတင်းပေးပို့ထားပါတယ်။

၂၀၂၀- ၂၀၂၁ စာသင်နှစ်အတွက် အခြေခံပညာသင်ရိုးတွေထဲမှာ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးအသစ်ထည့် သွင်းဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်ထားမှုအပေါ် ဝေဖန်ရေးသားတဲ့ သံဃာတော်တွေကို ပြန်လည် ဝေဖန်ရှူတ်ချအရေးအသားတွေ တင်ခဲ့သူနဲ့ ပတ်သက်လို့ မိတ္ထီလာမြို့မှာ လူစုလူဝေးဖြစ်ပွားခဲ့ရတာပါ။

လူစုလူဝေးဖြစ်ပွားခဲ့တဲ့ နေရာက မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အောင်ဇေယျာရပ်ကွက်ရှိ ကိုးနဝင်းကျောင်းတိုက်တွင်းမှာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက လူမှုကွန်ယက်မှာရေးသားခဲ့တဲ့ အကောင့်ပိုင်ရှင်ဘက်က ဝန်ချတောင်းပန်ပွဲပြုလုပ်နေချိန် ကျောင်းတိုက်အတွင်းမှာ မြို့ခံလူထုတွေ လူစုလူဝေးနဲ့ ရောက်ရှိလာပြီး ကျေနပ်မှုမရှိကြောင်း၊ အရေးယူပေးရန် အော်ဟစ်တောင်းဆိုရာမှ စတင်ကာ လူစုလူဝေး ဖြစ်ပွားခဲ့ရတာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက မိတ္ထီလာ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်း VOA ကို ပြောပါတယ်။

"ဒီနေ့မနက်ခင်း ၉ နာရီကို ကာယကံရှင်ကိုယ်တိုင် တောင်းပန်မယ်ဆိုပြီးတော့ စီစဉ်ကြတယ်။ စီစဉ်ကြတော့ အဲ့ကိုးနဝင်းကျောင်းမှာပဲ တမြို့လုံးက လာပြီးတော့ နားထောင်ကြတာပေါ့၊ လာကြည့်ကြတာပေါ့။ လာတဲ့ ပရိတ်သတ်တွေက တောင်းပန်ရုံနဲ့တော့ မကျေနပ်နိုင်ဘူး။ တကြိမ်တခါလည်း မဟုတ်ဘူး၊ နည်းမျိုးစုံနဲ့ ရေးတာမို့လို့ မကျေနပ်နိုင်ပါဘူး။ ဆိုပြီးဖြစ်တဲ့အခါကျတော့ နောက်ဆုံးကျတော့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးသမားတွေ၊ အာဏာပိုင်တွေနဲ့ သာသနာရေးနဲ့ ပိုပြီးတော့ ဒီထက် ကြီးထွားလာမှာစိုးလို့ အဲ့ဒီ ဒေါက်တာ ကျော်ဝင်းသန့်ကို မိတ္တီလာရဲစခန်းထဲမှာ ခေတ္တခဏ ထိန်းသိမ်းထားတယ်။ ပူပူနွေးနွေးဖြစ်တဲ့အခါကျတော့ ရဲစခန်းသွားတယ်ဆို ရဲစခန်းလိုက်ကြတာပေါ့ မြို့က လူတွေက။ ဒီထက်ပိုပြီး မနိုင်မနင်းတွေဖြစ်လာမှာ စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေနဲ့ တိုင်ပင်ပြီးတော့မှ မန္တလေးကို ခေတ္တခဏ လွဲှပြောင်းထိန်းသိမ်းထားတယ်။"

လူမှုကွန်ရက်မှာ သံဃာတော်တွေကို ပုတ်ခတ်ပြောဆိုခဲ့သူ သူဟာ အသက် ၃၁ နှစ်အရွယ် မိတ္ထီလာမြို့ခံ ဆရာဝန်တဦးဖြစ်ပြီး Facebook မှာ ကျော်ဝင်းသန့်ဆိုတဲ့ နာမည်နဲ့အကောင့်ဖွင့်ထားသူဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင် တဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

မနေ့က မေ ၁၈ ရက်နေ့တုန်းကလည်း အကောင့်ပိုင်ရှင်မိဘတွေက ကိုးနဝင်းကျောင်းကိုလာပြီး မြို့မိ၊ မြို့ဖအချို့ကို လာရောက်တောင်းပန်ပေမဲ့ တောင်းပန်နေချိန် ကာယကံရှင်ကိုယ်တိုင်က မပါဝင်ခဲ့တဲ့အပြင် အဲဒီလိုတောင်းပန်နေချိန်အတွင်း ကာယကံရှင်ဘက်က ထပ်မံပြီး ဘာသာရေးထိပါးတဲ့ စာသားတွေ တင်လာတဲ့ အတွက် ဒီကနေ့ ကာယကံရှင်ကိုပါခေါ်လာပြီး လာရောက်တောင်းပန်ဖို့ မြို့မိ၊ မြို့ဖတွေက ထပ်မံစေခိုင်းတာ ဖြစ်တယ်လို့ မိတ္ထီလာမြို့က တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးခင်ကိုလတ်ကပြောပါတယ်။

"လူတဘက်သားရဲ့ဘာသာ သာသနာကို မဟုတ်မမှန် စွပ်စွဲပြီးတော့ တမင်ရေးသားတာပေါ့နော်။ တမင် ရေးသားတာ အွန်လိုင်းပေါ်မှာ။ သူကိုယ်တိုင်ကလည်း ဝန်ခံပါတယ်။ ကျနော်ဆီမှာ ဗွီဒီယို ဖိုင်တွေ၊ ဝန်ခံတဲ့ဟာတွေလည်း ရှိပါတယ်။ သူက မူးလို့ရေးတာပါပေါ့လေ အများကြီးပေါ့နော်။ ဒါပေမဲ့လည်း wall ထဲမှာ ရှာကြည့်တော့လည်း ရည်ရွယ်ချက်ရှိရှိ ရေးသားတာတွေလည်း တွေ့ရှိရတဲ့အတွက် လူထုကို နာကြည်းတဲ့စိတ် ဖြစ်ပေါ်အောင် ရေးသားတာသည် ဒီ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ဘာသာရေးကို ဈာန်သွင်းခံရပြီးတော့မှ ပိုပြီးတော့မှ ဘာသာရေးအဓိကရုဏ်း ဖြစ်သွားမှာကိုပဲ ကျနော်တို့က စိုးရိမ်တာ။ ဒါပါပဲ။ အခုလိုမျိုး လူထုကနေပြီးတော့ နာကြည်းစိတ်မဖြစ်အောင်၊ ကျေနပ်အောင်လို့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ကျနော်ကတော့ အဲလိုပဲ သုံးသပ်တယ်ဗျ။"

အကောင့်ပိုင်ရှင်ဖြစ်သူ တောင်းပန်တဲ့ အပေါ် သံဃာတော်တွေဘက်က ခွင့်လွှတ်ခဲ့သလို သူ့အနေနဲ့ အရက်ကြောင့် အခုလို စိတ်လွတ်ခါ ရေးသားမိခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့တယ်လို့ ဦးခင်ကိုလတ်က ဆိုပါတယ်။ ဒီလို တဘက်နဲ့တဘက် ကျေနပ်ခဲ့ပေမဲ့ အချို့သော မြို့ခံတွေဘက်က အရေးယူဖို့တောင်း ဆိုခဲ့တာတွေ ရှိခဲ့ရာက ခုလို လူစုလူဝေးဖြစ်ခဲ့တာဖြစ်ပြီး အကောင့်ပိုင်ရှင်ကို အရေးယူနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်ခဲ့ချိန်အဲဒီ လူအုပ်စုက ခဲနဲ့ဝိုင်းပေါက်ခဲ့တယ်လို့ သူကဆိုပါတယ်။

သံဃာတော်တွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ဘက်က အဓိကရုဏ်း မဖြစ်အောင် ထိန်းသိမ်းပေးခဲ့ရပြီး အဲ့ဒီလိုဖြစ်စဉ်ကြောင့် တာဝန်ရှိသူအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အကောင့်ပိုင်ရှင် ဖြစ်သူကို အရေးယူ ဆောင်ရွက်နိုင်ဖို့ လုံခြုံရေးများနဲ့ မန္တလေးကို ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်နေပေမဲ့ ဗွီအိုအေ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြို့နယ် သာသနာရေးအဖွဲ့က ဦးကိုကိုအောင်ကတော့ အကောင့်ပိုင်ရှင်ကို သာသနာကို ညှိုးနွမ်းစေမှုနဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"ကျနော့် အပိုင်းက တရားစွဲဆိုဖို့ပဲ ရှိတာကိုး။ ကျန်တဲ့ဟာတော့ ကျနော်မသိဘူး။ ကျနော့်အပိုင်းကတော့ ဒီ သာသနာ ညှိုးနွမ်းစေမှုနဲ့ ၂၉၅-က နဲ့ပေါ့နော်။ ၂၉၅- ကနဲ့ ဆွဲတာပဲ ရှိပါတယ်။"

ပြီးခဲ့တဲ့၂၀၁၃ မတ်လက မိတ္ထီလာမှာ ဘာသာရေးအဓိကရုဏ်း တခု ဖြစ်ပွားခဲ့ဖူးပြီး အဲဒီတုန်းက အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ဒဏ်ရာရတဲ့ လူပေါင်း အယောက် ၄၀ နီးပါးရှိခဲ့သလို ဘာသာရေးအဆောက်အအုံ ၁၅ လုံးနီးပါးနဲ့ နေအိမ်အလုံးပေါင်း ၁၃၀ လောက် ပျက်စီးခဲ့ရပါတယ်။ ဒီလို အခြေအနေတွေ ကြုံခဲ့တာကြောင့် နောက် ထပ်ပြဿနာတွေ ထပ်မဖြစ်ဖို့ မြို့ခံတွေက လိုလားနေကြပါတယ် ရှင်။

မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/meikhtila-buddhist-organization/5426276.html
မိတၳီလာၿမိဳ႕မွာ ဘာသာေရးအေျခခံ လူစုလူေ၀းျဖစ္ မိတၳီလာၿမိဳ႕မွာ ဘာသာေရးအေျခခံ လူစုလူေ၀းျဖစ္ Reviewed by THITHTOOLWIN on 23:01 Rating: 5
Powered by Blogger.