ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ သေဘၤာသားမ်ား အိမ္မျပန္ႏိုင္

(Zawgyi)⤵⤵⤵
အခုကို႐ိုနာဗိုင္းရပ္စ္ကာလမွာ ႏိုင္ငံဝင္ေပါက္ ထြက္ေပါက္ေတြ ေလဆိပ္ေတြပိတ္ထားေၾကာင့္ ႏိုင္ငံတကာကသေဘၤာသားေတြ သေဘၤာတစ္စီးနဲ႔တစ္စီးကူးေျပာင္းေရးအတြက္ အေတာ္ေလးအခက္ႀကဳံေနရပါတယ္။

လက္ရွိေလေၾကာင္းလိုင္းေတြ ပိတ္ထားေၾကာင့္ ကိုသူရိန္လင္းဟာ အိမ္ျပန္မရဘဲ သူအလုပ္လုပ္တဲ့ သေဘၤာေပၚမွာ ပိတ္မိေနတာပါ။ အိမ္ျပန္ခ်င္တဲ့အေၾကာင္း တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းဆိပ္ကမ္းမွာ သေဘၤာ ကမ္းခဏကပ္တုန္း RFA ကိုဆက္သြယ္ေျပာဆိုလာပါတယ္။

"က်ေနာ္ဆိုရင္ ဆိပ္ကမ္းက မဆင္းရတာေျခာက္လေလာက္ရွိၿပီ။ဆိပ္ကမ္းကပ္ရင္လည္း ကမ္းေပၚဆင္းလို႔မရဘူး၊ ဆိပ္ကမ္းကပ္တုန္း ဘယ္အခ်ိန္အကူးခံရမလဲဆိုတာလည္းမသိဘူး"

ၿပီးခဲ့တဲ့ မတ္လကတည္းက အိႏၵိယ၊ စင္ကာပူႏိုင္ငံတို႔မွာ သေဘၤာေပၚကဆင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဲ့ဒီႏိုင္ငံေတြမွာလည္း Lockdown ခ်လိုက္တာေၾကာင့္ ဒီသေဘၤာေပၚက ကိုသူရိန္ မဆင္းခဲ့ရပါဘူး။ စာခ်ဳပ္သက္တမ္းျပည့္သြားၿပီ ျဖစ္ေပမယ့္ အိမ္ျပန္မရတာေၾကာင့္ ဒီသေဘၤာေပၚမွာပဲ ဆက္အလုပ္လုပ္ေနရတာ ၂ လေက်ာ္သြားပါၿပီ။

"စာခ်ဳပ္ျပည့္ၿပီး ျပန္ခ်င္တဲ့ သေဘၤာသားေတြကို ဆိုက္ေရာက္မယ့္ႏိုင္ငံမွာ က်ေနာတို႔ရဲ႕ Agent ေတြ ကုမၸဏီေတြနဲ႔ခ်ိတ္ဆက္ၿပီး relief flight ေတြနဲ႔ ျပန္လို႔ရေအာင္ကူညီေပးေစခ်င္တယ္"

အခု ကိုသူရိန္လင္းလိုက္တာတဲ့ သေဘၤာဟာ ယူေအအီး၊ပါကစၥတန္၊ကူဝိတ္စတဲ့ႏိုင္ငံေတြကိုခရီးဆက္မွာပါ။အလုပ္လုပ္တဲ့ ျမန္မာ ၁၉ ေယာက္ပါပါတယ္။ ကိုမင္းခန႔္ႏိုင္ဟာလည္း ကိုသူရိန္လင္းလိုပဲ အဲ့ဒီသေဘၤာေပၚမွာ ပိတ္မိေနသူတစ္ေယာက္ပါ။
"Relief Flight ေတြနဲ႔ျပန္ဖို႔ဆိုတာကလည္း အဲ့ႏိုင္ငံကိုေရာက္ဦးမွေလ။ Flight မရွိတဲ့ႏိုင္ငံဆိုရင္က ျပန္ဖို႔အဆင္မေျပျပန္ဘူး"

ဒီလို စာခ်ဳပ္ျပည့္ေပမယ့္ သေဘၤာေပၚမွာ အလုပ္လုပ္ေနရတာ အိမ္မျပန္ႏိုင္ေသးတာဟာ သူတို႔ေတြပဲေတာ့ မဟုတ္ပါဘူး။ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ႏိုင္ငံတကာမွာ အဝင္အထြက္ဂိတ္ေတြ ပိတ္လိုက္တာေၾကာင့္ သေဘၤာေပၚမွာ ပိတ္မိၿပီး စာခ်ဳပ္သက္တမ္းကုန္တာေတာင္ အလုပ္ဆက္လုပ္ေနရတဲ့သူ တကမာၻလုံးမွာ လူေပါင္း တစ္သိန္းခြဲနီးပါးရွိေနတာပါ။ ျမန္မာႏိုင္ငံသား သေဘၤာသား တစ္ေသာင္းေလာက္ဟာလည္း အိမ္ျပန္မရဘဲ သေဘၤာေတြေပၚမွာ ပိတ္မိေနတယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံ Texas မွာေနထိုင္တဲ့ ႏိုင္ငံတကာသေဘၤာသားမ်ားသမဂၢ အလုပ္သမားစစ္ေဆးေရးအရာရွိတစ္ဦးျဖစ္တဲ့ ဦးေ႐ႊေမာင္ထြန္းက သူတို႔ သမဂၢကို အခုတေလာ တိုင္ၾကားတဲ့အမႈေတြထဲမွာ အိမ္ျပန္ခ်င္လို႔ တိုင္ၾကားတဲ့အမႈေတြ မ်ားေနတယ္လို႔ေျပာပါတယ္။

"အရင္ကဆို ပိုက္ဆံကိစၥ ျပႆနာတက္လို႔ တိုင္ၾကတာမ်ားတယ္။ အခုက အိမ္ျပန္ခ်င္လို႔တိုင္ၾကတာ။ မိဘစိတ္ပူတာ၊ စာခ်ဳပ္ျပည့္လို႔ျပန္ခ်င္တာအစုံေပါ့။ တခ်ိဳ႕ဆို ႐ူးသြားတဲ့သူေတြေတာင္ရွိတယ္။ သေဘၤာေပၚမွာ ပိတ္ထားရတဲ့ထိေတာင္ ရွိတယ္"

သေဘၤာသားေတြဟာ သေဘၤာလိုက္တဲ့ ကုမၸဏီေပၚ မူတည္ၿပီးေတာ့ အနည္းဆုံးရွစ္လ သေဘၤာေပၚမွာ စာခ်ဳပ္နဲ႔ လုပ္ကိုင္ရတာပါ။ အဲ့ဒီရွစ္လၿပီးရင္ လူစားထိုး သေဘၤာတက္မယ့္သူ ေရာက္လာတာနဲ႔ အိမ္ျပန္ခြင့္ရွိပါတယ္။

ဒါေပမယ့္ အခုကာလမွာ လူစားထိုးသေဘၤာျပန္တက္ဖို႔ စီစဥ္ထားတဲ့သူေတြလည္း ေလေၾကာင္းလိုင္းေတြပိတ္ထားတာေၾကာင့္ သေဘၤာတက္ရမယ့္ေနရာကို ဘယ္လိုမွျပန္မသြားႏိုင္ၾကတာပါ။ရန္ကုန္ၿမိဳ႕မွာေနထိုင္တဲ့ ကိုရဲလင္းထိုက္ကေတာ့ ပုံမွန္ေျမျပင္မွာ ၂ လေလာက္ပဲနားၿပီး သေဘၤာျပန္တက္ေလ့ရွိေပမယ့္ အခုေတာ့ သေဘၤာျပန္တက္ဖို႔ ေစာင့္ေနတာ ငါးလေလာက္ရွိပါၿပီ။

"သေဘၤာသားဆိုေတာ့ ေအာက္မွာေနေတာ့ လစာမရွိဘူး။ ရွိတာေလးေတြ ထိုင္သုံးလာေတာ့ ၾကာလာေတာ့ ခက္ခဲလာၿပီေပါ့။ေလေၾကာင္းလိုင္းတစ္ခုခုကအဆင္ေျပတယ္ဆိုရင္ေတာ့ ျပန္တက္ခ်င္တဲ့သူေရာ သေဘၤာေပၚက ဆင္းခ်င္တဲ့သူေရာ အဆင္ေျပတာေပါ့။"

ႏိုင္ငံဝင္ေပါက္ ထြက္ေပါက္ေတြ ေလဆိပ္ေတြ ပိတ္ထားေၾကာင့္ သေဘၤာေပၚက လူကလည္း ဆင္းလို႔မရသလို သေဘၤာတက္မယ့္သူေတြလည္း တက္လို႔မရျဖစ္ေနတာပါ။ ေရေၾကာင္းပို႔ေဆာင္ေရးဟာ ကမာၻ႔ကုန္သြယ္ေရးလုပ္ငန္းမွာ အလြန္အေရးပါပါတယ္။ ကမာၻကုန္သြယ္ေရးရဲ႕ ၉၀ ရာခိုင္ႏႈန္းဟာ ေရေၾကာင္းပို႔ေဆာင္ေရးကို မွီခိုအားထားေနရတာပါ။ အခုလိုကာလမွာ တကမာၻလုံး ကုန္စည္စီးဆင္းမႈရပ္တန႔္မသြားေအာင္ ေရေၾကာင္းလုပ္သားေတြအတြက္ အစိုးရေတြက အထူးစီမံခ်က္ေတြလုပ္ေပးဖို႔ လိုတယ္လို႔ ႏိုင္ငံတကာသေဘၤာသားမ်ားသမဂၢ အလုပ္သမားစစ္ေဆးေရးအရာရွိတစ္ဦးျဖစ္တဲ့ ဦးေ႐ႊေမာင္ထြန္းက သုံးသပ္ပါတယ္။

"သူတို႔ေၾကာင့္မို႔လို႔ ကိုဗစ္ကာလမွာ အစားအေသာက္ အသုံးအေဆာင္ေတြ ခုထိမျပတ္ဘဲ သုံးစြဲေနရတာ။ သူတို႔က ေရွ႕တန္းကေန ပါဝင္ေနၾကတာ။ကိုဗစ္ကင္းရွင္းေၾကာင္း ေထာက္ခံစာေတြလိုလည္း လိုလာရင္ ျမန္မာျပည္က သေဘၤာသားေတြအတြက္ အခ်ိန္မွီမလုပ္ေပးႏိုင္မွာေတာ့ စိုးရိမ္တယ္"

ျမန္မာႏိုင္ငံအစိုးရက တကမာၻလုံးမွာရွိတဲ့ ေနရပ္ျပန္ခ်င္တဲသူေတြကို အထူးေလယာဥ္ေတြစီစဥ္ၿပီး ျပန္ေခၚေနေပမယ့္လည္း အိမ္ျပန္ခ်င္တဲ့ သေဘၤာသားေတြအတြက္ေတာ့ ေလယာဥ္ပ်ံသန္းမယ့္ႏိုင္ငံကို ေရာက္ဖို႔ေတာင္ မနည္းႀကိဳးစားေနရတဲ့ အေနအထားျဖစ္ေနပါတယ္။ ႏိုင္ငံတကာေရေၾကာင္းအဖြဲ႕ IMO ကေတာ့ အခုလိုကာလမွာ ကမာၻ႔ႏိုင္ငံတိုင္းကို ကုန္စည္စီးဆင္းႏိုင္ဖို႔ မရွိမျဖစ္လိုအပ္ေနတဲ့ သေဘၤာသားေတြအတြက္ အစိုးရေတြ၊ေလေၾကာင္းလိုင္းေတြ၊ သေဘၤာလိုင္းကုမၸဏီေတြပူးေပါင္းၿပီး အထူးစီမံခ်က္ေတြေဆာင္႐ြက္ေပးၾကဖို႔၊ သေဘၤာသားေတြကို ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ရွိ၊မရွိ စစ္ေဆးေပးဖို႔ေတြ တိုက္တြန္းထားပါတယ္။

ေစာဖိုးခြား / RFA Burmese
----------------------------------

(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သင်္ဘောသားများ အိမ်မပြန်နိုင်

အခုကိုရိုနာဗိုင်းရပ်စ်ကာလမှာ နိုင်ငံဝင်ပေါက် ထွက်ပေါက်တွေ လေဆိပ်တွေပိတ်ထားကြောင့် နိုင်ငံတကာကသင်္ဘောသားတွေ သင်္ဘောတစ်စီးနဲ့တစ်စီးကူးပြောင်းရေးအတွက် အတော်လေးအခက်ကြုံနေရပါတယ်။

လက်ရှိလေကြောင်းလိုင်းတွေ ပိတ်ထားကြောင့် ကိုသူရိန်လင်းဟာ အိမ်ပြန်မရဘဲ သူအလုပ်လုပ်တဲ့ သင်္ဘောပေါ်မှာ ပိတ်မိနေတာပါ။ အိမ်ပြန်ချင်တဲ့အကြောင်း တရုတ်နိုင်ငံ ရှန်ဟိုင်းဆိပ်ကမ်းမှာ သင်္ဘော ကမ်းခဏကပ်တုန်း RFA ကိုဆက်သွယ်ပြောဆိုလာပါတယ်။

"ကျနော်ဆိုရင် ဆိပ်ကမ်းက မဆင်းရတာခြောက်လလောက်ရှိပြီ။ဆိပ်ကမ်းကပ်ရင်လည်း ကမ်းပေါ်ဆင်းလို့မရဘူး၊ ဆိပ်ကမ်းကပ်တုန်း ဘယ်အချိန်အကူးခံရမလဲဆိုတာလည်းမသိဘူး"

ပြီးခဲ့တဲ့ မတ်လကတည်းက အိန္ဒိယ၊ စင်ကာပူနိုင်ငံတို့မှာ သင်္ဘောပေါ်ကဆင်းဖို့ ကြိုးစားခဲ့ပေမယ့် အဲ့ဒီနိုင်ငံတွေမှာလည်း Lockdown ချလိုက်တာကြောင့် ဒီသင်္ဘောပေါ်က ကိုသူရိန် မဆင်းခဲ့ရပါဘူး။ စာချုပ်သက်တမ်းပြည့်သွားပြီ ဖြစ်ပေမယ့် အိမ်ပြန်မရတာကြောင့် ဒီသင်္ဘောပေါ်မှာပဲ ဆက်အလုပ်လုပ်နေရတာ ၂ လကျော်သွားပါပြီ။

"စာချုပ်ပြည့်ပြီး ပြန်ချင်တဲ့ သင်္ဘောသားတွေကို ဆိုက်ရောက်မယ့်နိုင်ငံမှာ ကျနောတို့ရဲ့ Agent တွေ ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီး relief flight တွေနဲ့ ပြန်လို့ရအောင်ကူညီပေးစေချင်တယ်"

အခု ကိုသူရိန်လင်းလိုက်တာတဲ့ သင်္ဘောဟာ ယူအေအီး၊ပါကစ္စတန်၊ကူဝိတ်စတဲ့နိုင်ငံတွေကိုခရီးဆက်မှာပါ။အလုပ်လုပ်တဲ့ မြန်မာ ၁၉ ယောက်ပါပါတယ်။ ကိုမင်းခန့်နိုင်ဟာလည်း ကိုသူရိန်လင်းလိုပဲ အဲ့ဒီသင်္ဘောပေါ်မှာ ပိတ်မိနေသူတစ်ယောက်ပါ။
"Relief Flight တွေနဲ့ပြန်ဖို့ဆိုတာကလည်း အဲ့နိုင်ငံကိုရောက်ဦးမှလေ။ Flight မရှိတဲ့နိုင်ငံဆိုရင်က ပြန်ဖို့အဆင်မပြေပြန်ဘူး"

ဒီလို စာချုပ်ပြည့်ပေမယ့် သင်္ဘောပေါ်မှာ အလုပ်လုပ်နေရတာ အိမ်မပြန်နိုင်သေးတာဟာ သူတို့တွေပဲတော့ မဟုတ်ပါဘူး။ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နိုင်ငံတကာမှာ အဝင်အထွက်ဂိတ်တွေ ပိတ်လိုက်တာကြောင့် သင်္ဘောပေါ်မှာ ပိတ်မိပြီး စာချုပ်သက်တမ်းကုန်တာတောင် အလုပ်ဆက်လုပ်နေရတဲ့သူ တကမ္ဘာလုံးမှာ လူပေါင်း တစ်သိန်းခွဲနီးပါးရှိနေတာပါ။ မြန်မာနိုင်ငံသား သင်္ဘောသား တစ်သောင်းလောက်ဟာလည်း အိမ်ပြန်မရဘဲ သင်္ဘောတွေပေါ်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ Texas မှာနေထိုင်တဲ့ နိုင်ငံတကာသင်္ဘောသားများသမဂ္ဂ အလုပ်သမားစစ်ဆေးရေးအရာရှိတစ်ဦးဖြစ်တဲ့ ဦးရွှေမောင်ထွန်းက သူတို့ သမဂ္ဂကို အခုတလော တိုင်ကြားတဲ့အမှုတွေထဲမှာ အိမ်ပြန်ချင်လို့ တိုင်ကြားတဲ့အမှုတွေ များနေတယ်လို့ပြောပါတယ်။

"အရင်ကဆို ပိုက်ဆံကိစ္စ ပြဿနာတက်လို့ တိုင်ကြတာများတယ်။ အခုက အိမ်ပြန်ချင်လို့တိုင်ကြတာ။ မိဘစိတ်ပူတာ၊ စာချုပ်ပြည့်လို့ပြန်ချင်တာအစုံပေါ့။ တချို့ဆို ရူးသွားတဲ့သူတွေတောင်ရှိတယ်။ သင်္ဘောပေါ်မှာ ပိတ်ထားရတဲ့ထိတောင် ရှိတယ်"

သင်္ဘောသားတွေဟာ သင်္ဘောလိုက်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီးတော့ အနည်းဆုံးရှစ်လ သင်္ဘောပေါ်မှာ စာချုပ်နဲ့ လုပ်ကိုင်ရတာပါ။ အဲ့ဒီရှစ်လပြီးရင် လူစားထိုး သင်္ဘောတက်မယ့်သူ ရောက်လာတာနဲ့ အိမ်ပြန်ခွင့်ရှိပါတယ်။

ဒါပေမယ့် အခုကာလမှာ လူစားထိုးသင်္ဘောပြန်တက်ဖို့ စီစဉ်ထားတဲ့သူတွေလည်း လေကြောင်းလိုင်းတွေပိတ်ထားတာကြောင့် သင်္ဘောတက်ရမယ့်နေရာကို ဘယ်လိုမှပြန်မသွားနိုင်ကြတာပါ။ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုရဲလင်းထိုက်ကတော့ ပုံမှန်မြေပြင်မှာ ၂ လလောက်ပဲနားပြီး သင်္ဘောပြန်တက်လေ့ရှိပေမယ့် အခုတော့ သင်္ဘောပြန်တက်ဖို့ စောင့်နေတာ ငါးလလောက်ရှိပါပြီ။

"သင်္ဘောသားဆိုတော့ အောက်မှာနေတော့ လစာမရှိဘူး။ ရှိတာလေးတွေ ထိုင်သုံးလာတော့ ကြာလာတော့ ခက်ခဲလာပြီပေါ့။လေကြောင်းလိုင်းတစ်ခုခုကအဆင်ပြေတယ်ဆိုရင်တော့ ပြန်တက်ချင်တဲ့သူရော သင်္ဘောပေါ်က ဆင်းချင်တဲ့သူရော အဆင်ပြေတာပေါ့။"

နိုင်ငံဝင်ပေါက် ထွက်ပေါက်တွေ လေဆိပ်တွေ ပိတ်ထားကြောင့် သင်္ဘောပေါ်က လူကလည်း ဆင်းလို့မရသလို သင်္ဘောတက်မယ့်သူတွေလည်း တက်လို့မရဖြစ်နေတာပါ။ ရေကြောင်းပို့ဆောင်ရေးဟာ ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းမှာ အလွန်အရေးပါပါတယ်။ ကမ္ဘာကုန်သွယ်ရေးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရေကြောင်းပို့ဆောင်ရေးကို မှီခိုအားထားနေရတာပါ။ အခုလိုကာလမှာ တကမ္ဘာလုံး ကုန်စည်စီးဆင်းမှုရပ်တန့်မသွားအောင် ရေကြောင်းလုပ်သားတွေအတွက် အစိုးရတွေက အထူးစီမံချက်တွေလုပ်ပေးဖို့ လိုတယ်လို့ နိုင်ငံတကာသင်္ဘောသားများသမဂ္ဂ အလုပ်သမားစစ်ဆေးရေးအရာရှိတစ်ဦးဖြစ်တဲ့ ဦးရွှေမောင်ထွန်းက သုံးသပ်ပါတယ်။

"သူတို့ကြောင့်မို့လို့ ကိုဗစ်ကာလမှာ အစားအသောက် အသုံးအဆောင်တွေ ခုထိမပြတ်ဘဲ သုံးစွဲနေရတာ။ သူတို့က ရှေ့တန်းကနေ ပါဝင်နေကြတာ။ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာတွေလိုလည်း လိုလာရင် မြန်မာပြည်က သင်္ဘောသားတွေအတွက် အချိန်မှီမလုပ်ပေးနိုင်မှာတော့ စိုးရိမ်တယ်"

မြန်မာနိုင်ငံအစိုးရက တကမ္ဘာလုံးမှာရှိတဲ့ နေရပ်ပြန်ချင်တဲသူတွေကို အထူးလေယာဉ်တွေစီစဉ်ပြီး ပြန်ခေါ်နေပေမယ့်လည်း အိမ်ပြန်ချင်တဲ့ သင်္ဘောသားတွေအတွက်တော့ လေယာဉ်ပျံသန်းမယ့်နိုင်ငံကို ရောက်ဖို့တောင် မနည်းကြိုးစားနေရတဲ့ အနေအထားဖြစ်နေပါတယ်။ နိုင်ငံတကာရေကြောင်းအဖွဲ့ IMO ကတော့ အခုလိုကာလမှာ ကမ္ဘာ့နိုင်ငံတိုင်းကို ကုန်စည်စီးဆင်းနိုင်ဖို့ မရှိမဖြစ်လိုအပ်နေတဲ့ သင်္ဘောသားတွေအတွက် အစိုးရတွေ၊လေကြောင်းလိုင်းတွေ၊ သင်္ဘောလိုင်းကုမ္ပဏီတွေပူးပေါင်းပြီး အထူးစီမံချက်တွေဆောင်ရွက်ပေးကြဖို့၊ သင်္ဘောသားတွေကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးဖို့တွေ တိုက်တွန်းထားပါတယ်။

စောဖိုးခွား / RFA Burmese
https://www.rfa.org/burmese/news/myanmar-seafarers-facing-hard-times-during-pandemic-05122020203657.html
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ သေဘၤာသားမ်ား အိမ္မျပန္ႏိုင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ သေဘၤာသားမ်ား အိမ္မျပန္ႏိုင္ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.