မေလးမွာ ျပစ္ဒဏ္က်ခံေနရသူ ၄၀၀ နီးပါး ျမန္မာႏုိင္ငံ ျပန္ပုိ႔ခံရ

မေလးမွာ ျပစ္ဒဏ္က်ခံေနရသူ ၄၀၀ နီးပါး ျမန္မာႏုိင္ငံ ျပန္ပုိ႔ခံရ (Photo-ျမန္မာႏို္င္ငံျခားေရး၀န္ႀကီးဌာန)
(Zawgyi/Unicode)

မေလးရွားႏိုင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ့ ျပစ္ဒဏ္က်ခံရတဲ့ ျမန္မာ ႏိုင္ငံသား ၄၀၀နီးပါးကို မေလးရွားအစိုးရအစီစဥ္နဲ႕ ေမလ ၁၁ရက္ေန႔ မွာ ေနရပ္ျပန္ပို႔ ခဲ့ပါတယ္။ ဒီသတင္းကို မေအးေအးမာ တင္ဆက္ေပးမွာပါ။

မေလးရွားႏိုင္ငံရဲ ့လ၀က ထိန္းသိမ္းေရးစခန္း ၁၂ခုမွာ ထိန္းသိမ္းခံထားရတဲ့ျမန္မာႏိုင္ငံသား (၃၉၁) ဦးကုိ မေလးရွားအစုိးရရဲ႕ ေရာဂါထိန္းခ်ဳပ္ေရးအမိန္႔ MCO ကာလမွာပဲ မေလးရွားအစိုးရက အစီအစဥ္နဲ႔ ေနရပ္ကိုျပန္ပို႔ ေပးခဲ့ပါတယ္။ ဒါဟာ ကုိဗစ္ ၁၉ အေရးေပၚကာလမွာ ထိန္းသိမ္းစခန္းေတြကို ရွင္းလင္းလိုက္တဲ့ သေဘာျဖစ္တယ္လို႔ ျမန္မာအလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းက ေျပာျပပါတယ္။

“ဒီေန႔ က်ေနာ္တို႔ ျမန္မာႏိုင္ငံကုိ ေလယာဥ္ နဲ႔ ထိန္းသိမ္းေရးစခန္းက ျမန္မာႏိုင္ငံသား ၃၉၁ဦးကုိ ျပန္ပုိ႕ပါတယ္။ သိရသေလာက္ကေတာ့ ထိန္းသိမ္းေရး စခန္းအားလံုးက ျမန္မာအလုပ္သမားေတြကိုျပန္ပုိ႔တာလို႔ သိရပါတယ္။ သံရံုးကေျပာတာကေတာ့ အားလံုးကုိေခၚတာလို့ေျပာပါတယ္။ ေနာက္ထပ္လည္း ထပ္၀င္တာလည္း ရွိႏိုင္ပါတယ္။ အခုကအဖမ္းအဆီးေတြ မ်ားေနတာရယ္ေၾကာင့္ စခန္း(camp)ကုိ ရွင္းလင္းတဲ့ သေဘာျဖစ္ႏုိင္ပါတယ္။ ေနာက္ထပ္ေတာ့ထပ္ေတာ့ ၀င္ေနမွာပဲ။”

ျမန္မာႏိုင္ငံသား (၃၉၁) ဦးကုိ မေလးရွားအစိုးရရဲ ့အစီအစဥ္နဲ့ Malaysia Airlines စင္းလုံးငွားအထူးေလယာဥ္ (၂) စီးနဲ႔ ျပန္ပို႔ေပးလိုက္တာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံျခားေရး၀န္ႀကီးဌာနကလည္း ေၾကညာပါတယ္။

ဒီအတြက္ အက်ဥ္းက်ေနတဲ့ျမန္မာႏိုင္ငံသားေတြထံကလည္း ကုန္က်စရိတ္ေကာက္ခံတာမရွိခဲ့တဲ့အေၾကာင္း ဦးေအာင္ေဇာ္မင္းက ေျပာျပပါတယ္။

“အခုဟာက မေလးရွားအစိုးရနဲ႔ ညွိၿပီးအလုပ္သမားကုိ ျပန္ပို႕ေပးလိုက္တာပါ ။ သံရံုးဘက္ကေတာ့ ကုန္က်စရိတ္ေကာက္ခံတာ အလုပ္သမားေတြကုိေလယာဥ္စရိတ္ေကာက္ခံတာမ်ိဳးေတြလည္း မရွိပါဘူး။”

စခန္း၁၂ခုထဲမွာ ရွိတဲ့ စစ္ေဆးၿပီးသား အေထာက္အထားထုတ္ေပးျပီးသား အက်ဥ္းသားေတြကုိသာ ျပန္ပို႕ေပးလိုက္တာျဖစ္ေၾကာင္း ထိန္းသိမ္းေရးစခန္းက ျမန္မာေတြကုိ ျမန္မာသံရံုးကုိယ္စားျပဳ အကူညီေပးေနတဲ့ ဦးသီဟေမာင္ေမာင္ကေျပာပါတယ္။

“စခန္းေပါင္း အကုန္လံုးထဲကရွိတဲ့ ျမန္မာႏိုင္ငံသားေတြထဲမွာ ပတ္စပို႔လက္၀ယ္ရွိသူေတြရယ္ တခ်ိဳ႕ကက်ေနာ္တို႔က သြားၿပီးစီအုိင္ ( မည္သူမည္၀ါျဖစ္ေၾကာင္း အေထာက္အထားစာအုပ္)ရွိျပီးသား လူေတြကို ျပန္လည္စီစစ္ျပီး မေလးရွားအစိုးရက ပုိ႔ေပးတာ၊ ၃၉၁ ေယာက္ဆိုတာက စခန္းေပါင္း ၁၂ခုေပါ့ တခုထပ္တိုးသြားတယ္။ ပါဟန္းျပည္နယ္မွာရွိတဲ့ ကမာရမ္းဆုိတဲ့ ထိန္းသိမ္းေရးစခန္းတခု ထပ္တိုးတယ္ဒီႏွစ္ထဲမွာပဲ ထပ္တုိးတာပါ။ ျမန္မာႏုိင္ငံသားေတြထဲက အေထာက္အထား ပတ္စပို႔ ရွိတဲ့သူေတြရယ္ အေရးေပၚအမိန္႕ မထုတ္ျပန္ခင္က သြာစစ္ျပီးသားလူေတြရယ္ စီအုိင္ရွိတဲ့သူေတြပါသြားတယ္။ လူကလည္းမ်ားေတာ့ အထဲမွာ လူမ်ားသထက္မ်ားလာရင္ သူတို႔ အတြက္လည္းလံုျခံဳမူမရိွတာေၾကာင့္ မေလးရွားအစုိးရရယ္ ျမန္မာအစိုးရရယ္ မေလးရွားမွာရွိတဲ့ ျမန္မာသံရံုးရယ္ေပါင္းၿပီး ပို႔ေဆာင္ေပးလိုက္တာပါ။”

ျမန္မာႏို္င္ငံကုိျပန္ေရာက္သြားတဲ့ ျမန္မာအလုပ္သမားေတြကုိေတာ့ သက္ဆုိင္ရာ တိုင္းနဲ႔ ျပည္နယ္အသီးသီးက Community Based Facility quarantine ရပ္ရြာ အေျချပဳ ေစာင့္ၾကည့္ ေနရာမ်ားမွာ (၂၁) ရက္ ေစာင့္ၾကည့္ထားရွိသြားမွာ ျဖစ္တယ္လို႔ဆိုပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------

မလေးမှာ ပြစ်ဒဏ်ကျခံနေရသူ ၄၀၀ နီးပါး မြန်မာနိုင်ငံ ပြန်ပို့ခံရ

(Unicode)

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရတဲ့ မြန်မာ နိုင်ငံသား ၄၀၀နီးပါးကို မလေးရှားအစိုးရအစီစဉ်နဲ့ မေလ ၁၁ရက်နေ့ မှာ နေရပ်ပြန်ပို့ ခဲ့ပါတယ်။ ဒီသတင်းကို မအေးအေးမာ တင်ဆက်ပေးမှာပါ။

မလေးရှားနိုင်ငံရဲ့လဝက ထိန်းသိမ်းရေးစခန်း ၁၂ခုမှာ ထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံသား (၃၉၁) ဦးကို မလေးရှားအစိုးရရဲ့ ရောဂါထိန်းချုပ်ရေးအမိန့် MCO ကာလမှာပဲ မလေးရှားအစိုးရက အစီအစဉ်နဲ့ နေရပ်ကိုပြန်ပို့ ပေးခဲ့ပါတယ်။ ဒါဟာ ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ ထိန်းသိမ်းစခန်းတွေကို ရှင်းလင်းလိုက်တဲ့ သဘောဖြစ်တယ်လို့ မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ပြောပြပါတယ်။

“ဒီနေ့ ကျနော်တို့ မြန်မာနိုင်ငံကို လေယာဉ် နဲ့ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၃၉၁ဦးကို ပြန်ပို့ပါတယ်။ သိရသလောက်ကတော့ ထိန်းသိမ်းရေး စခန်းအားလုံးက မြန်မာအလုပ်သမားတွေကိုပြန်ပို့တာလို့ သိရပါတယ်။ သံရုံးကပြောတာကတော့ အားလုံးကိုခေါ်တာလို့ပြောပါတယ်။ နောက်ထပ်လည်း ထပ်ဝင်တာလည်း ရှိနိုင်ပါတယ်။ အခုကအဖမ်းအဆီးတွေ များနေတာရယ်ကြောင့် စခန်း(camp)ကို ရှင်းလင်းတဲ့ သဘောဖြစ်နိုင်ပါတယ်။ နောက်ထပ်တော့ထပ်တော့ ဝင်နေမှာပဲ။”

မြန်မာနိုင်ငံသား (၃၉၁) ဦးကို မလေးရှားအစိုးရရဲ့အစီအစဉ်နဲ့ Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် (၂) စီးနဲ့ ပြန်ပို့ပေးလိုက်တာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာပါတယ်။

ဒီအတွက် အကျဉ်းကျနေတဲ့မြန်မာနိုင်ငံသားတွေထံကလည်း ကုန်ကျစရိတ်ကောက်ခံတာမရှိခဲ့တဲ့အကြောင်း ဦးအောင်ဇော်မင်းက ပြောပြပါတယ်။

“အခုဟာက မလေးရှားအစိုးရနဲ့ ညှိပြီးအလုပ်သမားကို ပြန်ပို့ပေးလိုက်တာပါ ။ သံရုံးဘက်ကတော့ ကုန်ကျစရိတ်ကောက်ခံတာ အလုပ်သမားတွေကိုလေယာဉ်စရိတ်ကောက်ခံတာမျိုးတွေလည်း မရှိပါဘူး။”

စခန်း၁၂ခုထဲမှာ ရှိတဲ့ စစ်ဆေးပြီးသား အထောက်အထားထုတ်ပေးပြီးသား အကျဉ်းသားတွေကိုသာ ပြန်ပို့ပေးလိုက်တာဖြစ်ကြောင်း ထိန်းသိမ်းရေးစခန်းက မြန်မာတွေကို မြန်မာသံရုံးကိုယ်စားပြု အကူညီပေးနေတဲ့ ဦးသီဟမောင်မောင်ကပြောပါတယ်။

“စခန်းပေါင်း အကုန်လုံးထဲကရှိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ပတ်စပို့လက်ဝယ်ရှိသူတွေရယ် တချို့ကကျနော်တို့က သွားပြီးစီအိုင် ( မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ်)ရှိပြီးသား လူတွေကို ပြန်လည်စီစစ်ပြီး မလေးရှားအစိုးရက ပို့ပေးတာ၊ ၃၉၁ ယောက်ဆိုတာက စခန်းပေါင်း ၁၂ခုပေါ့ တခုထပ်တိုးသွားတယ်။ ပါဟန်းပြည်နယ်မှာရှိတဲ့ ကမာရမ်းဆိုတဲ့ ထိန်းသိမ်းရေးစခန်းတခု ထပ်တိုးတယ်ဒီနှစ်ထဲမှာပဲ ထပ်တိုးတာပါ။ မြန်မာနိုင်ငံသားတွေထဲက အထောက်အထား ပတ်စပို့ ရှိတဲ့သူတွေရယ် အရေးပေါ်အမိန့် မထုတ်ပြန်ခင်က သွာစစ်ပြီးသားလူတွေရယ် စီအိုင်ရှိတဲ့သူတွေပါသွားတယ်။ လူကလည်းများတော့ အထဲမှာ လူများသထက်များလာရင် သူတို့ အတွက်လည်းလုံခြုံမူမရှိတာကြောင့် မလေးရှားအစိုးရရယ် မြန်မာအစိုးရရယ် မလေးရှားမှာရှိတဲ့ မြန်မာသံရုံးရယ်ပေါင်းပြီး ပို့ဆောင်ပေးလိုက်တာပါ။”

မြန်မာနိုင်ငံကိုပြန်ရောက်သွားတဲ့ မြန်မာအလုပ်သမားတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အသီးသီးက Community Based Facility quarantine ရပ်ရွာ အခြေပြု စောင့်ကြည့် နေရာများမှာ (၂၁) ရက် စောင့်ကြည့်ထားရှိသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/malaysia-myanmar-deportation-/5415196.html
မေလးမွာ ျပစ္ဒဏ္က်ခံေနရသူ ၄၀၀ နီးပါး ျမန္မာႏုိင္ငံ ျပန္ပုိ႔ခံရ မေလးမွာ ျပစ္ဒဏ္က်ခံေနရသူ ၄၀၀ နီးပါး ျမန္မာႏုိင္ငံ ျပန္ပုိ႔ခံရ Reviewed by THITHTOOLWIN on 03:31 Rating: 5
Powered by Blogger.