ဖြေလျှော့မှုတချို့ရှိတဲ့နောက် ပြည်တွင်းစက်သုံးဆီဈေး ပြန်တက်လာ

အတည်ပြုလူနာတွထဲမှာ ရာဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူက ၆၂ ရာခိုင်နှုန်းရှိ

(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ဂယက်ကြောင့် တစ်လကျော်ကြာ ဈေးကျဆင်းခဲ့တဲ့ ပြည်တွင်း စက်သုံးဆီဈေး ဒီရက်ပိုင်း ပြန်တက်လာပါတယ်။

မေ ၁၅ ရက်နောက်ပိုင်း အိမ်မှာနေထိုင်ဖို့ ကန့်သတ်ချက်အပါအဝင် စည်းကမ်းတချို့ကို အစိုးရက ဖြေလျှော့ပေးပြီးတဲ့နောက် တစ်ပတ်ကျော်အတွင်း ခုလို စက်သုံးဆီဈေးတွေပြန်တက်လာတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာစတွေ့ခဲ့တဲ့ မတ်လ ၂၃ ရက်နောက်ပိုင်း ဧပြီလကုန်အထိ စက်သုံးဆီဈေး ဆက်တိုက်ကျဆင်းခဲ့ပြီး ၉၅ တစ်လီတာကို ၄၁၀ ဝန်းကျင်၊ ၉၂ တစ်လီတာကို ကျပ် ၃၀၀ ကျော်ဝန်းကျင်အထိ ကျဆင်းခဲ့ပါတယ်။

အခုအခါ ဖြေလျှော့မှုတချို့ရှိလာခဲ့ပြီး လုပ်ငန်းတချို့ ခပ်ခွာခွာအနေအထားနဲ့ ပြန်ဖွင့်လာတာ၊ စားသောက်ဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေ စည်းကမ်း ချက်နဲ့အညီ ပြန်ဖွင့်လာတဲ့ဒီသတင်းပတ်မှာတော့ ရန်ကုန်မှာ ကားလမ်းတွေလည်း ပြန်ကြပ်လာသလို စက်သုံးဆီဈေးလည်း ပြန်တက်လာခဲ့ပါတယ်။

မေလ ၂၄ ရက်မနက်ထိ ၉၅ တစ်လီတာကို ကျပ် ၅၅၀ နဲ့ ၉၂ တစ်လီတာကို ကျပ် ၄၀၀ ကျော်ဝန်းကျင် ရှိနေပါတယ်။

ဒေါ်လာဈေးဟာလည်း ကိုဗစ် ၁၉ စဖြစ်တဲ့ချိန်တည်းက ကျဆင်းခဲ့ပြီး တစ်ဒေါ်လာကို ကျပ် ၁၃၀၀ အောက်ထိရောက်ခဲ့တာပါ။

ခုတော့ တစ်ဒေါ်လာကို ကျပ် ၁၄၁၀ ဝန်းကျင်မှာ ရှိနေပါတယ်။

ရောဂါထိန်းချုပ်နိုင်ရေး ကိုဗစ်၁၉ ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့အမိန့်တွေညွှန်ကြားချက်တွေကို မေလကုန်အထိ သက်တမ်း တိုးထားပေမယ့် စက်ရုံ၊ အလုပ်ရုံတွေ၊ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်စတဲ့ လုပ်ငန်းတွေကို စည်းကမ်းနဲ့အညီ ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။

BBC Burmese 
------------------------------------
(Zawgyi)⤵⤵⤵
ေျဖေလွ်ာ့မႈတခ်ိဳ႕ရွိတဲ့ေနာက္ ျပည္တြင္းစက္သုံးဆီေဈး ျပန္တက္လာ

ကိုဗစ္-၁၉ ဂယက္ေၾကာင့္ တစ္လေက်ာ္ၾကာ ေဈးက်ဆင္းခဲ့တဲ့ ျပည္တြင္း စက္သုံးဆီေဈး ဒီရက္ပိုင္း ျပန္တက္လာပါတယ္။

ေမ ၁၅ ရက္ေနာက္ပိုင္း အိမ္မွာေနထိုင္ဖို႔ ကန႔္သတ္ခ်က္အပါအဝင္ စည္းကမ္းတခ်ိဳ႕ကို အစိုးရက ေျဖေလွ်ာ့ေပးၿပီးတဲ့ေနာက္ တစ္ပတ္ေက်ာ္အတြင္း ခုလို စက္သုံးဆီေဈးေတြျပန္တက္လာတာျဖစ္ပါတယ္။

ကိုဗစ္-၁၉ အတည္ျပဳလူနာစေတြ႕ခဲ့တဲ့ မတ္လ ၂၃ ရက္ေနာက္ပိုင္း ဧၿပီလကုန္အထိ စက္သုံးဆီေဈး ဆက္တိုက္က်ဆင္းခဲ့ၿပီး ၉၅ တစ္လီတာကို ၄၁၀ ဝန္းက်င္၊ ၉၂ တစ္လီတာကို က်ပ္ ၃၀၀ ေက်ာ္ဝန္းက်င္အထိ က်ဆင္းခဲ့ပါတယ္။

အခုအခါ ေျဖေလွ်ာ့မႈတခ်ိဳ႕ရွိလာခဲ့ၿပီး လုပ္ငန္းတခ်ိဳ႕ ခပ္ခြာခြာအေနအထားနဲ႔ ျပန္ဖြင့္လာတာ၊ စားေသာက္ဆိုင္ေတြ၊ လဘက္ရည္ဆိုင္ေတြ စည္းကမ္း ခ်က္နဲ႔အညီ ျပန္ဖြင့္လာတဲ့ဒီသတင္းပတ္မွာေတာ့ ရန္ကုန္မွာ ကားလမ္းေတြလည္း ျပန္ၾကပ္လာသလို စက္သုံးဆီေဈးလည္း ျပန္တက္လာခဲ့ပါတယ္။

ေမလ ၂၄ ရက္မနက္ထိ ၉၅ တစ္လီတာကို က်ပ္ ၅၅၀ နဲ႔ ၉၂ တစ္လီတာကို က်ပ္ ၄၀၀ ေက်ာ္ဝန္းက်င္ ရွိေနပါတယ္။

ေဒၚလာေဈးဟာလည္း ကိုဗစ္ ၁၉ စျဖစ္တဲ့ခ်ိန္တည္းက က်ဆင္းခဲ့ၿပီး တစ္ေဒၚလာကို က်ပ္ ၁၃၀၀ ေအာက္ထိေရာက္ခဲ့တာပါ။

ခုေတာ့ တစ္ေဒၚလာကို က်ပ္ ၁၄၁၀ ဝန္းက်င္မွာ ရွိေနပါတယ္။

ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး ကိုဗစ္၁၉ ထိန္းခ်ဳပ္ေရးဗဟိုေကာ္မတီက ထုတ္ျပန္ထားတဲ့အမိန႔္ေတြၫႊန္ၾကားခ်က္ေတြကို ေမလကုန္အထိ သက္တမ္း တိုးထားေပမယ့္ စက္႐ုံ၊ အလုပ္႐ုံေတြ၊ စားေသာက္ဆိုင္၊ လဘက္ရည္ဆိုင္စတဲ့ လုပ္ငန္းေတြကို စည္းကမ္းနဲ႔အညီ ျပန္ဖြင့္ခြင့္ျပဳခဲ့ပါတယ္။

BBC Burmese 
https://www.bbc.com/burmese/burma-52787017
ဖြေလျှော့မှုတချို့ရှိတဲ့နောက် ပြည်တွင်းစက်သုံးဆီဈေး ပြန်တက်လာ ဖြေလျှော့မှုတချို့ရှိတဲ့နောက် ပြည်တွင်းစက်သုံးဆီဈေး ပြန်တက်လာ Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.