အေရးေပၚအမိန႔္ ေဖာက္ဖ်က္မႈ အေရးယူမႈ ျပစ္ဒဏ္ မညီမွ်မႈမ်ား ေဝဖန္ခံေနရ

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ုံးကို ၂၀၂၀၊ ဧၿပီ ၉ ရက္ေန႔က ျမင္ေတြ႕ရစဥ္ / ဓာတ္ပုံ - ေခမဏီဝင္း/ RFA
မႏၲေလးတိုင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္က အစၥလာမ္ဘာသာဝင္တစ္ခ်ိဳ႕ဟာ ေနအိမ္မွာ လူစုၿပီး ဘာသာေရး ဝတ္ျပဳဆုေတာင္းပြဲ ျပဳလုပ္ခဲ့လို႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၃၀ (က) နဲ႔ ေမလ ၇ ရက္ မေန႔က ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ုံးက အလုပ္နဲ႔ ေထာင္ဒဏ္ သုံးလစီ ခ်မွတ္ခဲ့ပါတယ္။

လူ ၁၄ ေယာက္ စုေဝးၿပီး ဘာသာေရး ဝတ္ျပဳဆုေတာင္းခဲ့တာျဖစ္ေပမယ့္ ၁၂ ေယာက္ကိုသာ ေထာင္ဒဏ္ သုံးလ ျပစ္ဒဏ္ခ်မွတ္ခဲ့တာပါ။ က်န္တဲ့ ၂ ေယာက္ကေတာ့ အသက္မျပည့္ေသးတဲ့အတြက္ ကေလးသူငယ္တရား႐ုံးမွာ သီးျခားတရားစြဲဆိုထားပါတယ္။

ဒီျဖစ္စဥ္ဟာ ဧၿပီလ ၁၀ ရက္ေန႔က ျဖစ္ပြားခဲ့ၿပီး မေန႔က တရား႐ုံးမွာ တရားစြဲတင္ၿပီး ေန႔ခ်င္းၿပီး အမိန႔္ခ်ခဲ့တာလို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံး တရားသူႀကီး တရား႐ုံးျပန္ၾကားေရးအရာရွိ ဦးေက်ာ္စြာလင္းက ေျပာပါတယ္။

“သၾကၤန္မတိုင္ခင္မွာ ျဖစ္တယ္။ ရဲက အမႈတည္ေဆာက္တယ္။ ၿမိဳ႕နယ္ ဥပေဒ႐ုံးရဲ႕ အႀကံျပဳခ်က္နဲ႔အညီ ၇ ရက္ေန႔က တရားစြဲတင္ပို႔တယ္။ အဲဒီေန႔မွာပဲ အဓိကက်တဲ့သူေတြကို စစ္တယ္။ ညႇိစြန္းမႈရွိတာ ေတြ႕ရလို႔ စြဲခ်က္တင္တယ္။ စြပ္စြဲခံရသူေတြက ဝန္ခံတယ္။ အမိန႔္ခ်လိုက္တယ္"

လူစုလူေဝးျပဳလုပ္ေနတာကို သတင္းရရွိတဲ့အတြက္ သြားေရာက္စစ္ေဆးခဲ့တာျဖစ္ၿပီး  ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက တရားလိုလုပ္ခဲ့တာပါ။

ဒီကာလမွာ လူစုလူေဝးေတြ မလုပ္ဖို႔၊ ညမထြက္ဖို႔ ဆိုတဲ့ ေဒသႏၲရအမိန႔္ေတြ ထုတ္ျပန္ထားၿပီး မလိုက္နာသူေတြကို အမႈဖြင့္တရားစြဲဆိုတာေတြ၊ ေထာင္ဒဏ္ခ်မွတ္တာေတြ ရွိပါတယ္။

လူစုလူေဝးမလုပ္ဖို႔ တားျမစ္ထားတဲ့ကာလမွာ အခုလို အေရးယူ ျပစ္ဒဏ္ခ်မွတ္မႈေတြမွာ တစ္ေျပးညီ မျဖစ္ဘဲ ေထာင္ဒဏ္ ၃ လ၊ ၆ လ ခ်မွတ္သလို ေငြဒဏ္နဲ႔ ၿပီးဆုံးသြားတာေတြလည္း ရွိပါတယ္။

ဒီေန႔ ေမ ၈ ရက္ မနက္အထိ ကို႐ိုနာဗိုင္းရပ္စ္ပိုး အတည္ျပဳလူနာ ၁၇၆ေယာက္ထဲမွာ လူနာ ၁၀၀ ဝန္းက်င္ဟာ ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္က လူစုလူေဝးနဲ႔ ဘာသာေရးဆုေတာင္းပြဲ တစ္ခုေၾကာင့္ပါ။ အဲဒီဆုေတာင္းပြဲေၾကာင့္ ရန္ကုန္က သင္းအုပ္ဆရာ၊ အမႈေတာ္ေဆာင္နဲ႔ တရားေဟာဆရာေတြကို သက္ဆိုင္ရာ ရဲစခန္းေတြက အမႈဖြင့္ထားေပမယ့္ ဘာေတြ ဆက္လက္လုပ္ေဆာင္ေနလဲဆိုတာကို အသိေပးေျပာဆိုတာမ်ိဳး မရွိတဲ့အတြက္ ေဝဖန္ေနပါတယ္။

အလားတူ စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္က အမ်ိဳးသားတစ္ဦးဟာ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြ မလိုက္နာလို႔ ေထာင္ဒဏ္ ၆ လ ခ်မွတ္ခံခဲ့ရေပမယ့္ ၿမိတ္ၿမိဳ႕မွာ ေဒသႏၲရအမိန႔္ကို မလိုက္နာဘဲ ဖြင့္လွစ္ခဲ့တဲ့ KTV ဆိုင္ပိုင္ရွင္ေတြကိုေတာ့ ေငြဒဏ္ပဲခ်မွတ္ခဲ့တဲ့အေပၚ  ေဝဖန္မႈေတြ ျမင့္တက္ခဲ့ပါတယ္။

ေဒသႏၲရအမိန႔္ ေဖာက္ဖ်က္လို႔ အေရးယူအျပစ္ေပးတာေတြဟာ သက္ဆိုင္ရာ ေဒသအလိုက္ ေပးခ်င္သလို ေပးေနတာေတြ ေတြ႕ရၿပီး အဲဒီလို အျပစ္ေပးတဲ့ပုံစံ မတူညီတာဟာ လူအခြင့္အေရး ခ်ိဳးေဖာက္မႈျဖစ္တယ္လို႔ Fortify Rights အဖြဲ႕ရဲ႕  ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ နစ္ကီဒိုင္းမြန္းက ေျပာပါတယ္။

“အစိုးရက ဒီ ကိုဗစ္အေျခအေနကို အေၾကာင္းျပဳၿပီးေတာ့ လူေတြကို ပိုၿပီးဖိႏွိပ္လာတာမ်ိဳးေတြ ပိုၿပီးေတြ႕လာရတယ္။ ဥပေဒကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ လူေတြကို အျပစ္ေပးတဲ့ေနရာမွာ ေနရာေဒသအလိုက္ အျပစ္ေပးခ်င္သလို ေပးေနတာေတြ႕ရတယ္။ တခ်ိဳ႕က် ဒဏ္႐ိုက္တာနဲ႔ ၿပီးသြားၿပီးေတာ့ တခ်ိဳ႕က်ေတာ့လည္း ေထာင္ သုံးလ ခ်တယ္ဆိုတာမ်ိဳးေတြ လုပ္တယ္ေပါ့။ ဥပေဒကို လက္တစ္လုံးျခား လုပ္ၿပီးေတာ့ အေရးယူခ်င္သလို အေရးယူမယ္၊ ခြဲျခားဆက္ဆံမႈေတြ ရွိေနမယ္ဆိုရင္ ဒီဟာက တရားဥပေဒ စိုးမိုးေရးအတြက္ အေထာက္အကူ လုံဝမျဖစ္ဘူး။ လူ႔အခြင့္အေရး ရႈေထာင့္ကၾကည့္မယ္ဆိုရင္လည္း အျပစ္ေပးတဲ့ပုံစံ မတူညီတာကိုက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈျဖစ္တယ္။”

ဒီလို ျပစ္ဒဏ္မညီမွ်တာဟာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒရဲ႕ အားနည္းခ်က္ေၾကာင့္ ျဖစ္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က သုံးသပ္ပါတယ္။

“တရား႐ုံးရဲ႕ ဆင္ျခင္တုံတရား ဆိုတာက ခံေနတယ္ဗ်။ အနည္းဆုံး ဘယ္ေလာက္ မခ်မေနရဆိုတာ မပါတဲ့အတြက္ေၾကာင့္ အဲလိုေတြျဖစ္ေနတာဗ်။ အဲဒါက ဥပေဒရဲ႕ အားနည္းခ်က္ပဲဗ်။ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒဆိုရင္ ၁၀ ႏွစ္ မခ်မေနရ အဲဒါေတြပါတယ္။ အခုဥပေဒမွာ အဲဒါေတြမပါေတာ့ အဲဒီလိုေတြ ျဖစ္ေနတာ ဥပေဒရဲ႕ အားနည္းခ်က္ပါ ခင္ဗ်။”

သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒေတြကို ေဖာက္ဖ်က္က်ဴးလြန္တယ္လို႔ တရား႐ုံးက ဆုံးျဖတ္ရင္ ဒဏ္ေငြျဖစ္ေစ၊ အမ်ားဆုံး ေထာင္ဒဏ္ တစ္ႏွစ္ျဖစ္ေစ ျပစ္ဒဏ္ ႏွစ္ခုလုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ ျပ႒ာန္းထားေပမယ့္ အနည္းဆုံးျပစ္ဒဏ္ အတိအက် ေဖာ္ျပမထားတဲ့အတြက္ သက္ဆိုင္ရာ တရားသူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာ မူတည္ေနတာျဖစ္ပါတယ္။

ေနမ်ိဳးထြန္း၊ ေခမဏီဝင္း / RFA Burmese
--------------------------------------------
အရေးပေါ်အမိန့် ဖောက်ဖျက်မှု အရေးယူမှု ပြစ်ဒဏ် မညီမျှမှုများ ဝေဖန်ခံနေရ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် တရားရုံးကို ၂၀၂၀၊ ဧပြီ ၉ ရက်နေ့က မြင်တွေ့ရစဉ် / ဓာတ်ပုံ - ခေမဏီဝင်း/ RFA

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က အစ္စလာမ်ဘာသာဝင်တစ်ချို့ဟာ နေအိမ်မှာ လူစုပြီး ဘာသာရေး ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) နဲ့ မေလ ၇ ရက် မနေ့က ချမ်းမြသာစည်မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ပါတယ်။

လူ ၁၄ ယောက် စုဝေးပြီး ဘာသာရေး ဝတ်ပြုဆုတောင်းခဲ့တာဖြစ်ပေမယ့် ၁၂ ယောက်ကိုသာ ထောင်ဒဏ် သုံးလ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ကျန်တဲ့ ၂ ယောက်ကတော့ အသက်မပြည့်သေးတဲ့အတွက် ကလေးသူငယ်တရားရုံးမှာ သီးခြားတရားစွဲဆိုထားပါတယ်။

ဒီဖြစ်စဉ်ဟာ ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ပြီး မနေ့က တရားရုံးမှာ တရားစွဲတင်ပြီး နေ့ချင်းပြီး အမိန့်ချခဲ့တာလို့ ချမ်းမြသာစည်မြို့နယ်တရားရုံး တရားသူကြီး တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောပါတယ်။

“သင်္ကြန်မတိုင်ခင်မှာ ဖြစ်တယ်။ ရဲက အမှုတည်ဆောက်တယ်။ မြို့နယ် ဥပဒေရုံးရဲ့ အကြံပြုချက်နဲ့အညီ ၇ ရက်နေ့က တရားစွဲတင်ပို့တယ်။ အဲဒီနေ့မှာပဲ အဓိကကျတဲ့သူတွေကို စစ်တယ်။ ညှိစွန်းမှုရှိတာ တွေ့ရလို့ စွဲချက်တင်တယ်။ စွပ်စွဲခံရသူတွေက ဝန်ခံတယ်။ အမိန့်ချလိုက်တယ်"

လူစုလူဝေးပြုလုပ်နေတာကို သတင်းရရှိတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီး  ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ခဲ့တာပါ။

ဒီကာလမှာ လူစုလူဝေးတွေ မလုပ်ဖို့၊ ညမထွက်ဖို့ ဆိုတဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားပြီး မလိုက်နာသူတွေကို အမှုဖွင့်တရားစွဲဆိုတာတွေ၊ ထောင်ဒဏ်ချမှတ်တာတွေ ရှိပါတယ်။

လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားတဲ့ကာလမှာ အခုလို အရေးယူ ပြစ်ဒဏ်ချမှတ်မှုတွေမှာ တစ်ပြေးညီ မဖြစ်ဘဲ ထောင်ဒဏ် ၃ လ၊ ၆ လ ချမှတ်သလို ငွေဒဏ်နဲ့ ပြီးဆုံးသွားတာတွေလည်း ရှိပါတယ်။

ဒီနေ့ မေ ၈ ရက် မနက်အထိ ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာ ၁၇၆ယောက်ထဲမှာ လူနာ ၁၀၀ ဝန်းကျင်ဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က လူစုလူဝေးနဲ့ ဘာသာရေးဆုတောင်းပွဲ တစ်ခုကြောင့်ပါ။ အဲဒီဆုတောင်းပွဲကြောင့် ရန်ကုန်က သင်းအုပ်ဆရာ၊ အမှုတော်ဆောင်နဲ့ တရားဟောဆရာတွေကို သက်ဆိုင်ရာ ရဲစခန်းတွေက အမှုဖွင့်ထားပေမယ့် ဘာတွေ ဆက်လက်လုပ်ဆောင်နေလဲဆိုတာကို အသိပေးပြောဆိုတာမျိုး မရှိတဲ့အတွက် ဝေဖန်နေပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က အမျိုးသားတစ်ဦးဟာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာလို့ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပေမယ့် မြိတ်မြို့မှာ ဒေသန္တရအမိန့်ကို မလိုက်နာဘဲ ဖွင့်လှစ်ခဲ့တဲ့ KTV ဆိုင်ပိုင်ရှင်တွေကိုတော့ ငွေဒဏ်ပဲချမှတ်ခဲ့တဲ့အပေါ်  ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒေသန္တရအမိန့် ဖောက်ဖျက်လို့ အရေးယူအပြစ်ပေးတာတွေဟာ သက်ဆိုင်ရာ ဒေသအလိုက် ပေးချင်သလို ပေးနေတာတွေ တွေ့ရပြီး အဲဒီလို အပြစ်ပေးတဲ့ပုံစံ မတူညီတာဟာ လူအခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ Fortify Rights အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“အစိုးရက ဒီ ကိုဗစ်အခြေအနေကို အကြောင်းပြုပြီးတော့ လူတွေကို ပိုပြီးဖိနှိပ်လာတာမျိုးတွေ ပိုပြီးတွေ့လာရတယ်။ ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ လူတွေကို အပြစ်ပေးတဲ့နေရာမှာ နေရာဒေသအလိုက် အပြစ်ပေးချင်သလို ပေးနေတာတွေ့ရတယ်။ တချို့ကျ ဒဏ်ရိုက်တာနဲ့ ပြီးသွားပြီးတော့ တချို့ကျတော့လည်း ထောင် သုံးလ ချတယ်ဆိုတာမျိုးတွေ လုပ်တယ်ပေါ့။ ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီးတော့ အရေးယူချင်သလို အရေးယူမယ်၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေမယ်ဆိုရင် ဒီဟာက တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူ လုံဝမဖြစ်ဘူး။ လူ့အခွင့်အရေး ရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အပြစ်ပေးတဲ့ပုံစံ မတူညီတာကိုက လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။”

ဒီလို ပြစ်ဒဏ်မညီမျှတာဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“တရားရုံးရဲ့ ဆင်ခြင်တုံတရား ဆိုတာက ခံနေတယ်ဗျ။ အနည်းဆုံး ဘယ်လောက် မချမနေရဆိုတာ မပါတဲ့အတွက်ကြောင့် အဲလိုတွေဖြစ်နေတာဗျ။ အဲဒါက ဥပဒေရဲ့ အားနည်းချက်ပဲဗျ။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဆိုရင် ၁၀ နှစ် မချမနေရ အဲဒါတွေပါတယ်။ အခုဥပဒေမှာ အဲဒါတွေမပါတော့ အဲဒီလိုတွေ ဖြစ်နေတာ ဥပဒေရဲ့ အားနည်းချက်ပါ ခင်ဗျ။”

သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ဒဏ်ငွေဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်ဖြစ်စေ ပြစ်ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် အနည်းဆုံးပြစ်ဒဏ် အတိအကျ ဖော်ပြမထားတဲ့အတွက် သက်ဆိုင်ရာ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

နေမျိုးထွန်း၊ ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/program_2/arbitrary-legal-punishments-on-emergency-order-during-outbreak-05082020051207.html
အေရးေပၚအမိန႔္ ေဖာက္ဖ်က္မႈ အေရးယူမႈ ျပစ္ဒဏ္ မညီမွ်မႈမ်ား ေဝဖန္ခံေနရ အေရးေပၚအမိန႔္ ေဖာက္ဖ်က္မႈ အေရးယူမႈ ျပစ္ဒဏ္ မညီမွ်မႈမ်ား ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.