ကိုလ္ကတၱားၿမိဳ႕ကို အမ္ဖန္မုန္တိုင္း ဝင္ေရာက္နင္းေခ်

ကိုလ္ကတၱားေလဆိပ္ကို မုန္တိုင္းဝင္သြားအၿပီး
(Zawgyi)⤵⤵⤵
အိႏၵိယအေရွ႕ပိုင္းက ကိုလ္ကတၱားၿမိဳ႕ကို အင္အားျပင္း အမ္ဖန္ဆိုင္ကလုန္းမုန္တိုင္း ဝင္ေရာက္ဖ်က္ဆီးသြားခဲ့ပါၿပီ။

ဗုဒၶဟူးေန႔က ကမ္း႐ိုးတန္းေဒသကို အမ္ဖန္မုန္တိုင္း ဝင္ေရာက္ၿပီး မိုးႀကီး၊ ေလျပင္းတိုက္ခဲ့ပါတယ္။

အိႏၵိယအေရွ႕ပိုင္းနဲ႔ ဘဂၤလားေဒ့ရွ္တို႔မွာ ေလျပင္းနဲ႔ မိုးႀကီးေျမၿပိဳမႈေၾကာင့္ လူ ၈၄ ေယာက္ေသဆုံးခဲ့ပါတယ္။

အိႏၵိယႏိုင္ငံက အေနာက္ဘဂၤလားျပည္နယ္မွာလူ ၇၂ ေယာက္နဲ႔ ဘဂၤလားေဒ့ရွ္မွာ ၁၂ ေယာက္ ေသဆုံးခဲ့ပါတယ္။

လူဦးေရ ၁၄ သန္းရွိတဲ့ ကိုလ္ကတၱားၿမိဳ႕မွာ လွ်ပ္စစ္မီးျပတ္ေနသလို အဆက္အသြယ္ေတြလည္း ျပတ္ေတာက္ေနပါတယ္။
မုန္တိုင္းတိုက္စဥ္ ေရဖုံးလႊမ္းသြားတဲ့ ေလယာဥ္ကြင္း
မုန္တိုင္းဖ်က္ဆီးမႈဟာ ကိုဗစ္-၁၉ ထက္ ပိုဆိုးတယ္လို႔ အေနာက္ဘဂၤလားျပည္နယ္ ဝန္ႀကီးခ်ဳပ္ မာမတာဘနာဂ်ီးက ဆိုပါတယ္။ အေနာက္ဘဂၤလားျပည္နယ္ ၿမိဳ႕ေတာ္ ကိုလ္ကတၱားမွာ ကို႐ိုနာကူးစက္ခံရသူ ၃၁၀၃ ေယာက္ အတည္ျပဳထားပါတယ္။

“တေနရာၿပီးတေနရာ အဖ်က္ဆီးခံလိုက္ရပါတယ္။ ဒီေန႔ျမင္ရတာက စစ္ေျမျပင္တခုလိုပါပဲ”လို႔ မစၥဘနာဂ်ီးက ေျပာေၾကာင္း Press Trust of India မွာ ေဖာ္ျပထားပါတယ္။

ေတာင္ ၂၄ ပါဂါနာခ႐ိုင္၊ ေျမာက္ ၂၄ ပါဂါနာခ႐ိုင္နဲ႔ အေရွ႕မစ္နာပူး သုံးေနရာမွာ အဆိုးဆုံးလို႔လည္း ဆိုပါတယ္။

ကိုလ္ကတၱားအေျခစိုက္ ဘီဘီစီ သတင္းေထာက္ အမီတဘားဘတၱာဆာလီက ကိုလ္ကတၱားနဲ႔ အနီးအနားၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ လွ်ပ္စစ္မီးမရတာ ၁၇ နာရီၾကာသြားၿပီလို႔ ဆိုပါတယ္။

မုန္တိုင္း အဆိုးဆုံးတိုက္ခတ္ခံရတဲ့ေနရာေတြမွာ မိုဘိုင္းဖုန္း ကြန္ရက္လည္း အလုပ္မလုပ္ဘူးလို႔ ဘီဘီစီသတင္းေထာက္က သတင္းေပးပို႔ပါတယ္။

ၿမိဳ႕သူၿမိဳ႕သားေတြ လူမႈကြန္ရက္မွာတင္ထားတဲ့ စိတ္လႈပ္ရွားဖြယ္ ဗီဒီယိုတခုထဲမွာေတာ့ မုန္တိုင္းဒဏ္သင့္ ကိုလ္ကတၱား အနီးအနားက စည္ကားတဲ့ ၿမိဳ႕တၿမိဳ႕မွာ လွ်ပ္စစ္ ထရန္ေဖာ္မွာ ေပါက္ကြဲတဲ့ပုံကို ေတြ႕ရပါတယ္။

“ဘုရားဘုရား၊ ကံေကာင္းလို႔ ဘာမွမျဖစ္တာပါလား”လို႔ မွတ္ခ်က္ေပးၿပီး ရွယ္ထားတဲ့ဗီဒီယိုတခုထဲမွာေတာ့ အုတ္ႂကြပ္မိုးေတြ ေလထဲလြင့္ပါလာတာကိုေတြ႕ရပါတယ္။

အျမစ္ကြၽတ္ထြက္ၿပိဳလဲေနတဲ့ သစ္ပင္ေတြ၊ ၿပိဳလဲေနတဲ့ ဓာတ္မီးတိုင္ေတြ၊ ၿပိဳလဲေနတဲ့ မီးပြိဳင့္ေတြကိုလည္းေဒသတြင္းသတင္းေတြမွာ ျမင္ေတြ႕ရပါတယ္။ ေရအျပည့္ဖုံးလႊမ္းေနတဲ့လမ္းေတြ၊ သစ္ပင္ၿပိဳလဲၿပီး ပိက်ခံရတဲ့ ကားေတြ၊ က်ိဳးေနတဲ့ တံတားေတြကိုလည္း အမ်ားအျပားေတြ႕ရပါတယ္။

သတင္းေထာက္ေတြဟာ ကိုဗစ္ကာကြယ္ဖို႔ အတြက္ ႏွာေခါင္းစြပ္ေတြ တပ္ဆင္ၿပီး မုန္တိုင္းၾကားကေန ခက္ခက္ခဲခဲ သတင္းေပးပို႔ေနၾကတာကိုလည္း ေတြ႕ရပါတယ္။

“အျပင္ဘက္မွာ ငရဲျပည္ေရာက္ေနသလိုပဲ”လို႔ ကဂ်ာဘာစု ဆိုသူက ေဖ့စ္ဘုတ္မွာမုန္တိုင္းဝင္စက ေရးသားခဲ့ပါတယ္။
မစၥတာဘာစုဟာ ၁၂ ထပ္ျမင့္ အေဆာက္အအုံမွာ ေနထိုင္သူျဖစ္ၿပီး သူ႔အေဆာက္အအုံဟာ ငလ်င္လႈပ္သလို ဘယ္ညာယိမ္းေနတယ္လို႔ဆိုပါတယ္။

“သြပ္ေတြမွန္ေတြ ကြဲတဲ့က်ိဳးတဲ့အသံေတြၾကားရတယ္။ အုန္းပင္ေတြ အျမစ္က ကြၽတ္ထြက္ကုန္တယ္။ ဓာတ္ႀကိဳးေတြ ေပါက္ၿပဲၿပီး မီးပြားေတြ လြင့္စင္ေနတာကို အနီးအနားမွာ ၃ ေနရာေလာက္ေတြ႕ရတယ္”လို႔လည္း သူက ေရးထားပါတယ္။

ကို႐ိုနာေၾကာင့္ ေလာ့ေဒါင္းခ်ထားခ်ိန္ျဖစ္လို႔ လူအမ်ားစုဟာ မုန္တိုင္းဝင္ခ်ိန္ အိမ္မွာရွိေနၾကပါတယ္။

တာဝန္ရွိသူေတြကေတာ့ ဆိုင္ကလုန္းမုန္တိုင္း လာေတာ့မယ္ဆိုတာသိလို႔ ၿပီးခဲ့ရက္ပိုင္းကတည္းက ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ခဲ့ပါတယ္။
ခန္႔မွန္းမုန္တိုင္းလမ္းေၾကာင္း
“သစ္ပင္ေတြ ကြၽတ္ထြက္ကုန္တယ္။ မီးေတြလည္းပ်က္ၿပီး ဓာတ္တိုင္ေတြလည္း လဲကုန္တယ္။ ျပတင္းမွန္ေတြလည္းကြဲကုန္တယ္။ အင္တာနက္လည္းျပတ္သြားၿပီ။ ကေလးေတြ ေအာ္ငိုေနၾကတယ္”လို႔ ေဒသခံတေယာက္က ဘီဘီစီကို ေျပာျပပါတယ္။

“တံခါးေတြ အကုန္လုံး ပိတ္ထားတာေတာင္ အျပင္ဘက္က အသံေတြနဲ႔ တအိမ္လုံးဆူညံေနတာပါပဲ။ ၄၅ မိနစ္အတြင္း လမ္းေတြေပၚ ေရလွ်ံတက္လာတယ္။အိမ္ေအာက္ထပ္ေတြ ေရျမဳပ္ကုန္တယ္” လို႔လည္း သူကဆိုပါတယ္။

“မုန္တိုင္းစဲလို႔ မီးျပန္လာေတာ့ ကြၽန္ေတာ္တို႔ ကေလးဘဝက မီးခဏခဏပ်က္လို႔ မီးျပန္လာရင္ ဝမ္းသာအားရ ေအာ္သလိုမ်ိဳး အနီးအနားက ကေလးေတြက ဝမ္းသာအားရ သံၿပိဳင္ေအာ္ၾကပါတယ္။”
ၾသရိႆကမ္းေျခကို တစ္နာရီ ေလတိုက္ႏႈန္း ၁၁၅ မိုင္နဲ႔ ဝင္ခဲ့
အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ဖို႔ အတြက္ ကို႐ိုနာစည္းကမ္းတင္းက်ပ္မႈ တခ်ိဳ႕ကို ေလွ်ာ့ခ်ေပးထားပါတယ္။

ကိုဗစ္-၁၉ ရဲ႕ လူမႈအလွမ္းခြာေရး စည္းကမ္းေၾကာင့္ ေ႐ႊ႕ေျပာင္းေရး၊ ကယ္ဆယ္ေရးလုပ္ငန္းေတြအျပည့္အ၀ ေဆာင္႐ြက္ဖို႔ အခက္အခဲရွိပါတယ္။

၁၉၉၉ ခုေနာက္ပိုင္းမွာ ဒါဟာ ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ပြားတဲ့ ပထမဆုံး စူပါဆိုင္ကလုန္းျဖစ္ပါတယ္။ အခုအခါ မုန္တိုင္းဟာ အားေပ်ာ့လာၿပီျဖစ္ေပမယ့္ အလြန္အားေကာင္းတဲ့မုန္တိုင္းအဆင့္အျဖစ္ သတ္မွတ္ထားဆဲ ျဖစ္ပါတယ္။
 ကားေတြေပၚ သစ္ပင္လဲၿပိဳပိက်
BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
ကိုလ်ကတ္တားမြို့ကို အမ်ဖန်မုန်တိုင်း ဝင်ရောက်နင်းချေ

အိန္ဒိယအရှေ့ပိုင်းက ကိုလ်ကတ္တားမြို့ကို အင်အားပြင်း အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ဖျက်ဆီးသွားခဲ့ပါပြီ။

ဗုဒ္ဓဟူးနေ့က ကမ်းရိုးတန်းဒေသကို အမ်ဖန်မုန်တိုင်း ဝင်ရောက်ပြီး မိုးကြီး၊ လေပြင်းတိုက်ခဲ့ပါတယ်။

အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ လေပြင်းနဲ့ မိုးကြီးမြေပြိုမှုကြောင့် လူ ၈၄ ယောက်သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက အနောက်ဘင်္ဂလားပြည်နယ်မှာလူ ၇၂ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

လူဦးရေ ၁၄ သန်းရှိတဲ့ ကိုလ်ကတ္တားမြို့မှာ လျှပ်စစ်မီးပြတ်နေသလို အဆက်အသွယ်တွေလည်း ပြတ်တောက်နေပါတယ်။

မုန်တိုင်းဖျက်ဆီးမှုဟာ ကိုဗစ်-၁၉ ထက် ပိုဆိုးတယ်လို့ အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် မာမတာဘနာဂျီးက ဆိုပါတယ်။ အနောက်ဘင်္ဂလားပြည်နယ် မြို့တော် ကိုလ်ကတ္တားမှာ ကိုရိုနာကူးစက်ခံရသူ ၃၁၀၃ ယောက် အတည်ပြုထားပါတယ်။

“တနေရာပြီးတနေရာ အဖျက်ဆီးခံလိုက်ရပါတယ်။ ဒီနေ့မြင်ရတာက စစ်မြေပြင်တခုလိုပါပဲ”လို့ မစ္စဘနာဂျီးက ပြောကြောင်း Press Trust of India မှာ ဖော်ပြထားပါတယ်။

တောင် ၂၄ ပါဂါနာခရိုင်၊ မြောက် ၂၄ ပါဂါနာခရိုင်နဲ့ အရှေ့မစ်နာပူး သုံးနေရာမှာ အဆိုးဆုံးလို့လည်း ဆိုပါတယ်။

ကိုလ်ကတ္တားအခြေစိုက် ဘီဘီစီ သတင်းထောက် အမီတဘားဘတ္တာဆာလီက ကိုလ်ကတ္တားနဲ့ အနီးအနားမြို့တော်တော်များများမှာ လျှပ်စစ်မီးမရတာ ၁၇ နာရီကြာသွားပြီလို့ ဆိုပါတယ်။

မုန်တိုင်း အဆိုးဆုံးတိုက်ခတ်ခံရတဲ့နေရာတွေမှာ မိုဘိုင်းဖုန်း ကွန်ရက်လည်း အလုပ်မလုပ်ဘူးလို့ ဘီဘီစီသတင်းထောက်က သတင်းပေးပို့ပါတယ်။

မြို့သူမြို့သားတွေ လူမှုကွန်ရက်မှာတင်ထားတဲ့ စိတ်လှုပ်ရှားဖွယ် ဗီဒီယိုတခုထဲမှာတော့ မုန်တိုင်းဒဏ်သင့် ကိုလ်ကတ္တား အနီးအနားက စည်ကားတဲ့ မြို့တမြို့မှာ လျှပ်စစ် ထရန်ဖော်မှာ ပေါက်ကွဲတဲ့ပုံကို တွေ့ရပါတယ်။

“ဘုရားဘုရား၊ ကံကောင်းလို့ ဘာမှမဖြစ်တာပါလား”လို့ မှတ်ချက်ပေးပြီး ရှယ်ထားတဲ့ဗီဒီယိုတခုထဲမှာတော့ အုတ်ကြွပ်မိုးတွေ လေထဲလွင့်ပါလာတာကိုတွေ့ရပါတယ်။

အမြစ်ကျွတ်ထွက်ပြိုလဲနေတဲ့ သစ်ပင်တွေ၊ ပြိုလဲနေတဲ့ ဓာတ်မီးတိုင်တွေ၊ ပြိုလဲနေတဲ့ မီးပွိုင့်တွေကိုလည်းဒေသတွင်းသတင်းတွေမှာ မြင်တွေ့ရပါတယ်။ ရေအပြည့်ဖုံးလွှမ်းနေတဲ့လမ်းတွေ၊ သစ်ပင်ပြိုလဲပြီး ပိကျခံရတဲ့ ကားတွေ၊ ကျိုးနေတဲ့ တံတားတွေကိုလည်း အများအပြားတွေ့ရပါတယ်။

သတင်းထောက်တွေဟာ ကိုဗစ်ကာကွယ်ဖို့ အတွက် နှာခေါင်းစွပ်တွေ တပ်ဆင်ပြီး မုန်တိုင်းကြားကနေ ခက်ခက်ခဲခဲ သတင်းပေးပို့နေကြတာကိုလည်း တွေ့ရပါတယ်။

“အပြင်ဘက်မှာ ငရဲပြည်ရောက်နေသလိုပဲ”လို့ ကဂျာဘာစု ဆိုသူက ဖေ့စ်ဘုတ်မှာမုန်တိုင်းဝင်စက ရေးသားခဲ့ပါတယ်။

မစ္စတာဘာစုဟာ ၁၂ ထပ်မြင့် အဆောက်အအုံမှာ နေထိုင်သူဖြစ်ပြီး သူ့အဆောက်အအုံဟာ ငလျင်လှုပ်သလို ဘယ်ညာယိမ်းနေတယ်လို့ဆိုပါတယ်။

“သွပ်တွေမှန်တွေ ကွဲတဲ့ကျိုးတဲ့အသံတွေကြားရတယ်။ အုန်းပင်တွေ အမြစ်က ကျွတ်ထွက်ကုန်တယ်။ ဓာတ်ကြိုးတွေ ပေါက်ပြဲပြီး မီးပွားတွေ လွင့်စင်နေတာကို အနီးအနားမှာ ၃ နေရာလောက်တွေ့ရတယ်”လို့လည်း သူက ရေးထားပါတယ်။

ကိုရိုနာကြောင့် လော့ဒေါင်းချထားချိန်ဖြစ်လို့ လူအများစုဟာ မုန်တိုင်းဝင်ချိန် အိမ်မှာရှိနေကြပါတယ်။

တာဝန်ရှိသူတွေကတော့ ဆိုင်ကလုန်းမုန်တိုင်း လာတော့မယ်ဆိုတာသိလို့ ပြီးခဲ့ရက်ပိုင်းကတည်းက ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။

“သစ်ပင်တွေ ကျွတ်ထွက်ကုန်တယ်။ မီးတွေလည်းပျက်ပြီး ဓာတ်တိုင်တွေလည်း လဲကုန်တယ်။ ပြတင်းမှန်တွေလည်းကွဲကုန်တယ်။ အင်တာနက်လည်းပြတ်သွားပြီ။ ကလေးတွေ အော်ငိုနေကြတယ်”လို့ ဒေသခံတယောက်က ဘီဘီစီကို ပြောပြပါတယ်။

“တံခါးတွေ အကုန်လုံး ပိတ်ထားတာတောင် အပြင်ဘက်က အသံတွေနဲ့ တအိမ်လုံးဆူညံနေတာပါပဲ။ ၄၅ မိနစ်အတွင်း လမ်းတွေပေါ် ရေလျှံတက်လာတယ်။အိမ်အောက်ထပ်တွေ ရေမြုပ်ကုန်တယ်” လို့လည်း သူကဆိုပါတယ်။

“မုန်တိုင်းစဲလို့ မီးပြန်လာတော့ ကျွန်တော်တို့ ကလေးဘဝက မီးခဏခဏပျက်လို့ မီးပြန်လာရင် ဝမ်းသာအားရ အော်သလိုမျိုး အနီးအနားက ကလေးတွေက ဝမ်းသာအားရ သံပြိုင်အော်ကြပါတယ်။”

အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အတွက် ကိုရိုနာစည်းကမ်းတင်းကျပ်မှု တချို့ကို လျှော့ချပေးထားပါတယ်။

ကိုဗစ်-၁၉ ရဲ့ လူမှုအလှမ်းခွာရေး စည်းကမ်းကြောင့် ရွှေ့ပြောင်းရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအပြည့်အ၀ ဆောင်ရွက်ဖို့ အခက်အခဲရှိပါတယ်။

၁၉၉၉ ခုနောက်ပိုင်းမှာ ဒါဟာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားတဲ့ ပထမဆုံး စူပါဆိုင်ကလုန်းဖြစ်ပါတယ်။ အခုအခါ မုန်တိုင်းဟာ အားပျော့လာပြီဖြစ်ပေမယ့် အလွန်အားကောင်းတဲ့မုန်တိုင်းအဆင့်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52760510
ကိုလ္ကတၱားၿမိဳ႕ကို အမ္ဖန္မုန္တိုင္း ဝင္ေရာက္နင္းေခ် ကိုလ္ကတၱားၿမိဳ႕ကို အမ္ဖန္မုန္တိုင္း ဝင္ေရာက္နင္းေခ် Reviewed by THITHTOOLWIN on 06:07 Rating: 5
Powered by Blogger.