ေမွာင္ခိုပစၥည္း သယ္ေဆာင္မႈနဲ႔ ျမန္မာသေဘၤာသား ၇ ဦး ရွန္ဟိုင္းမွာ အဖမ္းခံရ

တ႐ုတ္ႏိုင္ငံ Zhejiang ေက်ာ့က်န္းခ႐ိုင္ထဲက တ႐ုတ္ေရပိုင္နက္ထဲ သြားလာေနတဲ့ ကုန္တင္သေဘၤာတစ္စင္းကို ၂၀၂၀ ခုႏွစ္ ဧၿပီလ ၇ ရက္ေန႔က ျမင္ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းမွာ ျမန္မာသေဘၤာသား ၇ ဦးကို တရားမဝင္ ေမွာင္ခို ကုန္ပစၥည္းေတြ သယ္ေဆာင္ေရာင္းဝယ္တဲ့ ျပစ္မႈက်ဴးလြန္ျခင္းဆိုင္ရာ မသကၤာမႈေၾကာင့္ ရွန္ဟိုင္းရဲဌာန (Shanghai Police Bureau) က ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ ေဘဂ်င္းမွာရွိတဲ့ ျမန္မာသံ႐ုံးက ေမလ ၅ ရက္ေန႔က ထုတ္ျပန္ပါတယ္။

သေဘၤာသား ၇ ဦးဟာ ရွန္ဟိုင္းၿမိဳ႕ဆိပ္ကမ္းအနီးမွာရွိတဲ့ Hong Yi သေဘၤာေပၚက ျဖစ္ၿပီး သူတို႔ေတြကို ဧၿပီ ၂၈ ရက္ေန႔ကတည္းက ယာယီထိန္းသိမ္းထားၿပီး ရွန္ဟိုင္းၿမိဳ႕ အခ်ဳပ္စခန္းမွာ ထားရွိထားတယ္လို႔ ျမန္မာသံ႐ုံး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ေရေၾကာင္းပို႔ေဆာင္ေရးဦးစီးဌာနကေတာ့ ျမန္မာသေဘၤာသားေတြကို တရားမဝင္ သေဘၤာေတြေပၚ မေစလႊတ္ဖို႔ တားျမစ္ထားတယ္လို႔ ေျပာပါတယ္။

"တားျမစ္ခ်က္ကို မလိုက္နာရင္ လိုင္းပိတ္တဲ့အထိ အေရးယူပါတယ္၊ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း ကုမၸဏီ ၁၄ ခုေလာက္ အေရးယူခဲ့ၿပီးပါၿပီ" လို႔ ေရေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႉးဦးစီးဌာန၊ သေဘၤာသားဌာနခြဲက ၫႊန္ၾကားေရးမႉး ဦးဟိန္းထက္စိုးက ေျပာပါတယ္။

အခု ရွန္ဟိုင္းမွာ အဖမ္းခံထားရတဲ့ ျမန္မာသေဘၤာသား ၇ ဦးနဲ႔ ပတ္သက္လို႔ေတာ့ စုံစမ္းေနဆဲပဲ ျဖစ္တယ္လို႔ ဦးဟိန္းထက္စိုးက ေျပာပါတယ္။

တားျမစ္ကုန္ေတြ သယ္ေဆာင္တဲ့ သေဘၤာေတြဟာ တ႐ုတ္ျပည္ထဲ ဝင္ထြက္ေနတာ အမ်ားစု ျဖစ္ၿပီး ျမန္မာသေဘၤာသားတခ်ိဳ႕ဟာလည္း တရားမဝင္ေမွာင္ခိုကုန္ေတြ သယ္လို႔ ဖမ္းဆီးခံရတာ၊ ျပစ္ဒဏ္က်ခံရတဲ့ အျဖစ္မ်ိဳးေတြက အရင္က ရွိခဲ့ဖူးပါတယ္။

"သေဘၤာလိုင္းေတြကို စိစစ္ရတာ ခက္ပါတယ္၊ ကုမၸဏီေတြကို တည္ေထာင္ခြင့္ ေပးထားတယ္၊ ကြၽန္ေတာ္တို႔ဆီမွာ ေစလႊတ္မယ့္ သေဘၤာေတြကို မွတ္ပုံတင္ထားတယ္၊ အဲ့ဒီ သေဘၤာကို သြားမယ္ဆိုၿပီးေတာ့ ေျပာတယ္၊ တကယ္တမ္းက်ေတာ့ တခ်ိဳ႕ ကုမၸဏီေတြက အဲ့ဒီသေဘၤာကို မေလွ်ာက္ခိုင္းဘဲနဲ႔ ေမွာင္ခို သေဘၤာေတြကို လႊတ္လိုက္တာ ရွိတယ္" လို႔ သေဘၤာသားဌာနခြဲက ၫႊန္ၾကားေရးမႉး ဦးဟိန္းထက္စိုးက ေျပာပါတယ္။

"ဥပမာေျပာရရင္ တ႐ုတ္မွာက သၾကားကို ေမွာင္ခိုပစၥည္းလို႔ သတ္မွတ္ထားတယ္၊ ကြၽန္ေတာ္တို႔ဆီမွာက သၾကား သယ္တာက သာမာန္ပဲ၊ ဒါမ်ိဳးေတြက်ေတာ့လည္း တ႐ုတ္ဖက္က တားျမစ္ကုန္ဆိုေတာ့ သူတို႔မသိတာလည္း ျဖစ္ႏိုင္တာေပါ့" လို႔ ဦးဟိန္းထက္စိုးက ေျပာပါတယ္။

သေဘၤာလိုင္းေတြ၊ သေဘၤာကုမၸဏီေတြ တရားဝင္မွတ္ပုံတင္တာေတြကို ေရေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႉးဦးစီးဌာနက စိစစ္ၿပီး ခြင့္ျပဳေပးေနတာ ျဖစ္ပါတယ္။

"သေဘၤာထြက္တယ္ဆို ကြၽန္ေတာ္တို႔ဆီက ထြက္စာ ယူရပါတယ္၊ အဲ့ဒီထြက္စာမွာ ပါတဲ့သေဘၤာနဲ႔ သူတို႔တကယ္ လိုက္မယ့္သေဘၤာနဲ႔ မွန္ရဲ႕လား ဆိုတာ စိစစ္ဖို႔ လိုပါတယ္၊ သေဘၤာအေၾကာင္းကို အေသအခ်ာ စုံစမ္းၿပီးမွ သြားသင့္ပါတယ္" လို႔ ဦးဟိန္းထက္စိုးက ဆက္ေျပာပါတယ္။

တကယ္တမ္းမွာေတာ့ သေဘၤာသားေတြဟာ ကိုယ္လိုက္မယ့္ သေဘၤာက ဘယ္လို ပစၥည္းသယ္တယ္ဆိုတာ ကုမၸဏီကို ေမးဖို႔က မလြယ္ကူလွပါဘူး။ ကုမၸဏီတခ်ိဳ႕က ဒီလို အခ်က္အလက္မ်ိဳးေတြကို ေပးသိေလ့ မရွိဘူးလို႔ သေဘၤာသားအေရးလႈပ္ရွားေနသူေတြက ေျပာပါတယ္။

အခု အဖမ္းခံထားရတဲ့ သေဘၤာသား ၇ ဦးဟာ ဘယ္သူဘယ္ဝါေတြ ျဖစ္တယ္ဆိုတာနဲ႔ သူတို႔ရဲ႕ ရာထူးအဆင့္ေတြကို သံ႐ုံးထုတ္ျပန္ခ်က္မွာ မေဖာ္ျပထားေပမယ့္ သူတို႔ရဲ႕ မိသားစုဝင္ေတြကိုေတာ့ ဆက္သြယ္ေနတယ္လို႔ ဆိုပါတယ္။

အဖမ္းခံထားရတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ေတာ့ ျမန္မာသံ႐ုံးအေနနဲ႔ တ႐ုတ္အာဏာပိုင္ေတြနဲ႔ ဆက္သြယ္ညႇိႏႈိင္းၿပီး လိုအပ္တာေတြကို ကူညီေပးေနတယ္လို႔ ထုတ္ျပန္ပါတယ္။

BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
မှောင်ခိုပစ္စည်း သယ်ဆောင်မှုနဲ့ မြန်မာသင်္ဘောသား ၇ ဦး ရှန်ဟိုင်းမှာ အဖမ်းခံရ

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ မြန်မာသင်္ဘောသား ၇ ဦးကို တရားမဝင် မှောင်ခို ကုန်ပစ္စည်းတွေ သယ်ဆောင်ရောင်းဝယ်တဲ့ ပြစ်မှုကျူးလွန်ခြင်းဆိုင်ရာ မသင်္ကာမှုကြောင့် ရှန်ဟိုင်းရဲဌာန (Shanghai Police Bureau) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံးက မေလ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

သင်္ဘောသား ၇ ဦးဟာ ရှန်ဟိုင်းမြို့ဆိပ်ကမ်းအနီးမှာရှိတဲ့ Hong Yi သင်္ဘောပေါ်က ဖြစ်ပြီး သူတို့တွေကို ဧပြီ ၂၈ ရက်နေ့ကတည်းက ယာယီထိန်းသိမ်းထားပြီး ရှန်ဟိုင်းမြို့ အချုပ်စခန်းမှာ ထားရှိထားတယ်လို့ မြန်မာသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနကတော့ မြန်မာသင်္ဘောသားတွေကို တရားမဝင် သင်္ဘောတွေပေါ် မစေလွှတ်ဖို့ တားမြစ်ထားတယ်လို့ ပြောပါတယ်။

"တားမြစ်ချက်ကို မလိုက်နာရင် လိုင်းပိတ်တဲ့အထိ အရေးယူပါတယ်၊ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကုမ္ပဏီ ၁၄ ခုလောက် အရေးယူခဲ့ပြီးပါပြီ" လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးက ပြောပါတယ်။

အခု ရှန်ဟိုင်းမှာ အဖမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၇ ဦးနဲ့ ပတ်သက်လို့တော့ စုံစမ်းနေဆဲပဲ ဖြစ်တယ်လို့ ဦးဟိန်းထက်စိုးက ပြောပါတယ်။

တားမြစ်ကုန်တွေ သယ်ဆောင်တဲ့ သင်္ဘောတွေဟာ တရုတ်ပြည်ထဲ ဝင်ထွက်နေတာ အများစု ဖြစ်ပြီး မြန်မာသင်္ဘောသားတချို့ဟာလည်း တရားမဝင်မှောင်ခိုကုန်တွေ သယ်လို့ ဖမ်းဆီးခံရတာ၊ ပြစ်ဒဏ်ကျခံရတဲ့ အဖြစ်မျိုးတွေက အရင်က ရှိခဲ့ဖူးပါတယ်။

"သင်္ဘောလိုင်းတွေကို စိစစ်ရတာ ခက်ပါတယ်၊ ကုမ္ပဏီတွေကို တည်ထောင်ခွင့် ပေးထားတယ်၊ ကျွန်တော်တို့ဆီမှာ စေလွှတ်မယ့် သင်္ဘောတွေကို မှတ်ပုံတင်ထားတယ်၊ အဲ့ဒီ သင်္ဘောကို သွားမယ်ဆိုပြီးတော့ ပြောတယ်၊ တကယ်တမ်းကျတော့ တချို့ ကုမ္ပဏီတွေက အဲ့ဒီသင်္ဘောကို မလျှောက်ခိုင်းဘဲနဲ့ မှောင်ခို သင်္ဘောတွေကို လွှတ်လိုက်တာ ရှိတယ်" လို့ သင်္ဘောသားဌာနခွဲက ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးက ပြောပါတယ်။

"ဥပမာပြောရရင် တရုတ်မှာက သကြားကို မှောင်ခိုပစ္စည်းလို့ သတ်မှတ်ထားတယ်၊ ကျွန်တော်တို့ဆီမှာက သကြား သယ်တာက သာမာန်ပဲ၊ ဒါမျိုးတွေကျတော့လည်း တရုတ်ဖက်က တားမြစ်ကုန်ဆိုတော့ သူတို့မသိတာလည်း ဖြစ်နိုင်တာပေါ့" လို့ ဦးဟိန်းထက်စိုးက ပြောပါတယ်။

သင်္ဘောလိုင်းတွေ၊ သင်္ဘောကုမ္ပဏီတွေ တရားဝင်မှတ်ပုံတင်တာတွေကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာနက စိစစ်ပြီး ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။

"သင်္ဘောထွက်တယ်ဆို ကျွန်တော်တို့ဆီက ထွက်စာ ယူရပါတယ်၊ အဲ့ဒီထွက်စာမှာ ပါတဲ့သင်္ဘောနဲ့ သူတို့တကယ် လိုက်မယ့်သင်္ဘောနဲ့ မှန်ရဲ့လား ဆိုတာ စိစစ်ဖို့ လိုပါတယ်၊ သင်္ဘောအကြောင်းကို အသေအချာ စုံစမ်းပြီးမှ သွားသင့်ပါတယ်" လို့ ဦးဟိန်းထက်စိုးက ဆက်ပြောပါတယ်။

တကယ်တမ်းမှာတော့ သင်္ဘောသားတွေဟာ ကိုယ်လိုက်မယ့် သင်္ဘောက ဘယ်လို ပစ္စည်းသယ်တယ်ဆိုတာ ကုမ္ပဏီကို မေးဖို့က မလွယ်ကူလှပါဘူး။ ကုမ္ပဏီတချို့က ဒီလို အချက်အလက်မျိုးတွေကို ပေးသိလေ့ မရှိဘူးလို့ သင်္ဘောသားအရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

အခု အဖမ်းခံထားရတဲ့ သင်္ဘောသား ၇ ဦးဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာနဲ့ သူတို့ရဲ့ ရာထူးအဆင့်တွေကို သံရုံးထုတ်ပြန်ချက်မှာ မဖော်ပြထားပေမယ့် သူတို့ရဲ့ မိသားစုဝင်တွေကိုတော့ ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ မြန်မာသံရုံးအနေနဲ့ တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ညှိနှိုင်းပြီး လိုအပ်တာတွေကို ကူညီပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52558712
ေမွာင္ခိုပစၥည္း သယ္ေဆာင္မႈနဲ႔ ျမန္မာသေဘၤာသား ၇ ဦး ရွန္ဟိုင္းမွာ အဖမ္းခံရ ေမွာင္ခိုပစၥည္း သယ္ေဆာင္မႈနဲ႔ ျမန္မာသေဘၤာသား ၇ ဦး ရွန္ဟိုင္းမွာ အဖမ္းခံရ Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.