ကုိဗစ္ဒဏ္သင့္ ျမန္မာ့စီးပြားေရးအတြက္ ကမာၻ႔ဘဏ္ရဲ႕ အစီအစဥ္


(Zawgyi/Unicode)

COVID ေရာဂါ အၾကပ္အတည္းကာလအၿပီး စီးပြားေရး ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကေန ျမန္မာႏိုင္ငံကို ျပန္ၿပီး ထူေထာင္ေပးႏိုင္ဖို႔ ကမာၻ႔ဘဏ္မွာ ပံ့ပိုးေရး အစီအစဥ္ေတြ ရွိေနတယ္ဆိုတဲ့ သတင္းကို တင္ဆက္ေပးမွာပါ။ ဒီအေၾကာင္းဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

ေလး၊ ငါးႏွစ္အတြင္း ဦးေမာ့လာခဲ့တဲ့ ျမန္မာ့စီးပြားေရးဟာ ကမာၻလုံးဆိုင္ရာ ေရာဂါအၾကပ္အတည္းေၾကာင့္ အခုႏွစ္ထဲမွာ က်သြားႏိုင္တယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းထားပါတယ္။ ဒါေၾကာင့္လည္း ျမန္မာအစိုးရနဲ႔ ပူးတြဲအေကာင္အထည္ေဖာ္ေနတဲ့ ဖြံ႕ၿဖိဳးေရးစီမံကိန္းေတြမွာ ဘယ္အပိုင္းက ေငြေၾကးပံ့ပိုးေပးႏိုင္မလဲ ဆိုတာ အစိုးရနဲ႔ ကမာၻ႔ဘဏ္ၾကား ညႇိႏႈိင္းတာေတြရွိေၾကာင္း ကမာၻ႔ဘဏ္ျမန္မာရဲ႕ ေျပာဆိုခြင့္ရွိသူ ဦးေက်ာ္စိုးလင္းက ေျပာပါတယ္။

ျမန္မာအစိုးရနဲ႔ ကမာၻ႔ဘဏ္ ပူးတြဲေဆာင္႐ြက္ေနတဲ့ က်န္းမာေရး၊ စြမ္းအင္၊ စိုက္ပ်ိဳးေရး၊ ပညာေရး၊ ေက်းလက္ဖြံ႕ၿဖိဳးေရး ဒီလိုက႑ေတြမွာသုံးဖို႔ လ်ာထားတဲ့ ဘ႑ာေငြေတြကို COVID ေၾကာင့္ ထိခိုက္သြားတဲ့ စီးပြားေရးလုပ္ငန္းေတြမွာ အေရးေပၚ သုံးစြဲဖို႔ ႏွစ္ဘက္ေဆြးေႏြး ေျဖရွင္းႏိုင္တဲ့ နည္းလမ္းရွိေၾကာင္း သူကေျပာပါတယ္။

“စီးပြားေရး ျပန္လည္ထူေထာင္ဖို႔အတြက္ကို ရန္ပုံေငြရဖို႔ေပါ့ေနာ္။ ဘ႑ာေငြေတြက ဘယ္ကေန ရႏိုင္ေသးလဲဆိုေတာ့ ကမာၻ႔ဘဏ္ကေန သက္ဆိုင္ရာ ဝန္ႀကီးဌာနအသီးသီးနဲ႔ ေဆာင္႐ြက္ေနနဲ႔ စီမံကိန္းေတြ ရွိတယ္ေပါ့၊ အဲဒီ ပေရာ့ဂ်က္ေတြကေန အေရးေပၚအေျခအေနျဖစ္ရင္ ခြဲေဝသုံးစြဲလို႔ရေအာင္ဆိုၿပီးေတာ့ အပိုင္းက႑ာတခုအေနနဲ႔ ထည့္ထားတာရွိတယ္ဆိုေတာ့ အဲဒီက႑ကေန ဘယ္လိုသုံးမလဲေပါ့၊ ဘယ္ေလာက္အထိ ခြဲေဝမလဲဆိုတာ ဒီအပိုင္းေတြကေတာ့ သက္ဆိုင္ရာဌာနနဲ႔ က်ေနာ္တို႔ ေဆြးေႏြးေနတာရွိပါတယ္။”

COVID ကပ္ေရာဂါ အေရးေပၚတုံ႔ျပန္ေရး အစီအစဥ္နဲ႔ ကမာၻ႔ဘဏ္က ေခ်းေငြ အေမရိကန္ေဒၚလာ သန္း ၅၀ ျမန္မာႏိုင္ငံကို ေပးထားပါတယ္။ ၿပီးေတာ့ ကမာၻ႔ဘဏ္ရဲ႕ ကပ္ေရာဂါ အေရးေပၚပံ့ပိုးမႈ အစီအစဥ္ကေန ျမန္မာႏိုင္ငံက ကန္ေဒၚလာ ၈ သန္းကို ခြဲတမ္းအေနနဲ႔ ရရွိဦးမွာပါ။

COVID အလြန္မွာ စီးပြားေရးျပန္ဦးေမာ့လာေအာင္ ျမန္ျမန္ဆန္ဆန္ အက်ိဳးျဖစ္မယ့္ လုပ္ငန္းေတြ၊ က႑ေတြမွာ အစိုးရက ရင္းႏွီးျမႇဳပ္ႏွံဖို႔၊ ႏိုင္ငံတကာ ေငြေၾကးအေထာက္ပံ့ေတြကိုလည္း ဒီက႑ေတြမွာ သုံးစြဲဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအႀကံေပး ဦးေဇာ္ေဖဝင္း က အႀကံျပဳပါတယ္။

“ျမန္ျမန္ထပ္ထပ္လည္း အေကာင္အထည္ ေဖာ္ႏိုင္မယ္၊ လူအမ်ားစု အက်ိဳးျဖစ္ထြန္းႏိုင္မယ္ဆိုတဲ့ ဥစၥာမ်ိဳးေတြကို ဦးစားေပးၿပီးေတာ့ လုပ္ရမယ္ေပါ့။ Tourist လုပ္ငန္းက် အစိုးရလည္းလုပ္ထားတယ္။ သူက အေတာ္ေလး ထိခိုက္သြားတာ မွန္တယ္။ သို႔ေသာ္ သူက ျမန္ျမန္အက်ိဳးအျမတ္ ျပန္မေပၚႏိုင္ဘူး။ ဘာျဖစ္လို႔ဆို ႏိုင္ငံျခား တိုင္းျပည္ေတြမွာပါ ဒီ COVID ကအေတာ္ေလး ဆိုးေနတာကိုး။ ကိုယ့္အတြက္ ေစ်းကြက္ျဖစ္လာမယ့္ ဥစၥာမ်ိဳးကို ဦးစားေပးၿပီးေတာ့ လုပ္ရမယ္။”

COVID-19 ကပ္ေရာဂါဒဏ္ ခံခဲ့ရတဲ့ ႏိုင္ငံေတြက ႏြမ္းပါးသူေတြကိုပံ့ပိုးဖို႔၊ စီးပြားေရးလုပ္ငန္းေတြ ျပန္ထူေထာင္ေပးဖို႔ ကမၻာဘဏ္အေနနဲ႔ လာမယ့္ ၁၅ လအတြင္းမွာ အေမရိကန္ေဒၚလာ ၁၆၀ ဘီလီယံေလာက္သုံးဖို႔ လ်ာထားပါတယ္။ ၿပီးေတာ့ အတိုးႏႈန္းနည္းနည္းနဲ႔ ေခ်းေငြေပးဖို႔ ေဒၚလာ ၅၀ ဘီလီယံ လ်ာထားတာလည္း ရွိပါတယ္။

ကမာၻ႔ဘဏ္ရဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ ၂၀၀၅ - ၂၀၁၇ ဆယ္ႏွစ္ေက်ာ္အတြင္း ျမန္မာႏိုင္ငံရဲ႕ ဆင္းရဲႏြမ္းပါးမႈႏႈန္းက ထက္ဝက္ေလာက္က်သြားတယ္လို႔ ဆိုေပမဲ့ ပဋိပကၡျဖစ္တဲ့ေဒသေတြရွိေနတာက တိုးတက္ဖို႔ ႀကီးမားတဲ့ အဟန႔္အတားလို႔ ေျပာပါတယ္။ ၂၀၁၈- ၂၀၁၉ မွာ ျမန္မာ့စီးပြားေရးတိုးတက္ႏႈန္းက ၆.၃ ကေန COVID ေရာဂါအၾကပ္အတည္းေၾကာင့္ အခုႏွစ္ထဲ ၂ ရာခိုင္ႏႈန္း ထိုးက်သြားႏိုင္တယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းထားတာပါ။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------
[Unicode Version]

ကိုဗစ်ဒဏ်သင့် မြန်မာ့စီးပွားရေးအတွက် ကမ္ဘာ့ဘဏ်ရဲ့ အစီအစဉ်

COVID ရောဂါ အကြပ်အတည်းကာလအပြီး စီးပွားရေး နောက်ဆက်တွဲ ဆိုးကျိုးတွေကနေ မြန်မာနိုင်ငံကို ပြန်ပြီး ထူထောင်ပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်မှာ ပံ့ပိုးရေး အစီအစဉ်တွေ ရှိနေတယ်ဆိုတဲ့ သတင်းကို တင်ဆက်ပေးမှာပါ။ ဒီအကြောင်းဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

လေး၊ ငါးနှစ်အတွင်း ဦးမော့လာခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ ကမ္ဘာလုံးဆိုင်ရာ ရောဂါအကြပ်အတည်းကြောင့် အခုနှစ်ထဲမှာ ကျသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒါကြောင့်လည်း မြန်မာအစိုးရနဲ့ ပူးတွဲအကောင်အထည်ဖော်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ဘယ်အပိုင်းက ငွေကြေးပံ့ပိုးပေးနိုင်မလဲ ဆိုတာ အစိုးရနဲ့ ကမ္ဘာ့ဘဏ်ကြား ညှိနှိုင်းတာတွေရှိကြောင်း ကမ္ဘာ့ဘဏ်မြန်မာရဲ့ ပြောဆိုခွင့်ရှိသူ ဦးကျော်စိုးလင်းက ပြောပါတယ်။

မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ် ပူးတွဲဆောင်ရွက်နေတဲ့ ကျန်းမာရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျေးလက်ဖွံ့ဖြိုးရေး ဒီလိုကဏ္ဍတွေမှာသုံးဖို့ လျာထားတဲ့ ဘဏ္ဍာငွေတွေကို COVID ကြောင့် ထိခိုက်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အရေးပေါ် သုံးစွဲဖို့ နှစ်ဘက်ဆွေးနွေး ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိကြောင်း သူကပြောပါတယ်။

“စီးပွားရေး ပြန်လည်ထူထောင်ဖို့အတွက်ကို ရန်ပုံငွေရဖို့ပေါ့နော်။ ဘဏ္ဍာငွေတွေက ဘယ်ကနေ ရနိုင်သေးလဲဆိုတော့ ကမ္ဘာ့ဘဏ်ကနေ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးနဲ့ ဆောင်ရွက်နေနဲ့ စီမံကိန်းတွေ ရှိတယ်ပေါ့၊ အဲဒီ ပရော့ဂျက်တွေကနေ အရေးပေါ်အခြေအနေဖြစ်ရင် ခွဲဝေသုံးစွဲလို့ရအောင်ဆိုပြီးတော့ အပိုင်းကဏ္ဍာတခုအနေနဲ့ ထည့်ထားတာရှိတယ်ဆိုတော့ အဲဒီကဏ္ဍကနေ ဘယ်လိုသုံးမလဲပေါ့၊ ဘယ်လောက်အထိ ခွဲဝေမလဲဆိုတာ ဒီအပိုင်းတွေကတော့ သက်ဆိုင်ရာဌာနနဲ့ ကျနော်တို့ ဆွေးနွေးနေတာရှိပါတယ်။”

COVID ကပ်ရောဂါ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်နဲ့ ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ မြန်မာနိုင်ငံကို ပေးထားပါတယ်။ ပြီးတော့ ကမ္ဘာ့ဘဏ်ရဲ့ ကပ်ရောဂါ အရေးပေါ်ပံ့ပိုးမှု အစီအစဉ်ကနေ မြန်မာနိုင်ငံက ကန်ဒေါ်လာ ၈ သန်းကို ခွဲတမ်းအနေနဲ့ ရရှိဦးမှာပါ။

COVID အလွန်မှာ စီးပွားရေးပြန်ဦးမော့လာအောင် မြန်မြန်ဆန်ဆန် အကျိုးဖြစ်မယ့် လုပ်ငန်းတွေ၊ ကဏ္ဍတွေမှာ အစိုးရက ရင်းနှီးမြှုပ်နှံဖို့၊ နိုင်ငံတကာ ငွေကြေးအထောက်ပံ့တွေကိုလည်း ဒီကဏ္ဍတွေမှာ သုံးစွဲဖို့ ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်း က အကြံပြုပါတယ်။

“မြန်မြန်ထပ်ထပ်လည်း အကောင်အထည် ဖော်နိုင်မယ်၊ လူအများစု အကျိုးဖြစ်ထွန်းနိုင်မယ်ဆိုတဲ့ ဥစ္စာမျိုးတွေကို ဦးစားပေးပြီးတော့ လုပ်ရမယ်ပေါ့။ Tourist လုပ်ငန်းကျ အစိုးရလည်းလုပ်ထားတယ်။ သူက အတော်လေး ထိခိုက်သွားတာ မှန်တယ်။ သို့သော် သူက မြန်မြန်အကျိုးအမြတ် ပြန်မပေါ်နိုင်ဘူး။ ဘာဖြစ်လို့ဆို နိုင်ငံခြား တိုင်းပြည်တွေမှာပါ ဒီ COVID ကအတော်လေး ဆိုးနေတာကိုး။ ကိုယ့်အတွက် ဈေးကွက်ဖြစ်လာမယ့် ဥစ္စာမျိုးကို ဦးစားပေးပြီးတော့ လုပ်ရမယ်။”

COVID-19 ကပ်ရောဂါဒဏ် ခံခဲ့ရတဲ့ နိုင်ငံတွေက နွမ်းပါးသူတွေကိုပံ့ပိုးဖို့၊ စီးပွားရေးလုပ်ငန်းတွေ ပြန်ထူထောင်ပေးဖို့ ကမ္ဘာဘဏ်အနေနဲ့ လာမယ့် ၁၅ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံလောက်သုံးဖို့ လျာထားပါတယ်။ ပြီးတော့ အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေပေးဖို့ ဒေါ်လာ ၅၀ ဘီလီယံ လျာထားတာလည်း ရှိပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၀၅ - ၂၀၁၇ ဆယ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက ထက်ဝက်လောက်ကျသွားတယ်လို့ ဆိုပေမဲ့ ပဋိပက္ခဖြစ်တဲ့ဒေသတွေရှိနေတာက တိုးတက်ဖို့ ကြီးမားတဲ့ အဟန့်အတားလို့ ပြောပါတယ်။ ၂၀၁၈- ၂၀၁၉ မှာ မြန်မာ့စီးပွားရေးတိုးတက်နှုန်းက ၆.၃ ကနေ COVID ရောဂါအကြပ်အတည်းကြောင့် အခုနှစ်ထဲ ၂ ရာခိုင်နှုန်း ထိုးကျသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာပါ။

ဇော်ထက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-world-bank/5426004.html
ကုိဗစ္ဒဏ္သင့္ ျမန္မာ့စီးပြားေရးအတြက္ ကမာၻ႔ဘဏ္ရဲ႕ အစီအစဥ္ ကုိဗစ္ဒဏ္သင့္ ျမန္မာ့စီးပြားေရးအတြက္ ကမာၻ႔ဘဏ္ရဲ႕ အစီအစဥ္ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.