ကို႐ိုနာဗိုင္းရပ္စ္- ျမန္မာမွာ ကိုဗစ္-၁၉ အုပ္စုလိုက္ ကူးစက္မႈေတြ ဘယ္လိုစျဖစ္ခဲ့တာလဲ

 အုပ္စုလိုက္ကူးစက္မႈေနာက္တစ္ခု ထပ္ျဖစ္လာတဲ့ အင္းစိန္၊ ခဝဲၿခံ ၂ လမ္းကို အသြားအလာကန႔္သတ္ထား
(Zawgyi)⤵⤵⤵
ျမန္မာမွာ ေမလ ၁၁ ရက္ ညအထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၁၈၀ ရွိပါၿပီ။ အဲဒီထဲက ထက္ဝက္ေက်ာ္ဟာ အုပ္စုလိုက္ကူးစက္မႈ ေတြျဖစ္ပါတယ္။

အထင္ရွားဆုံးနဲ႔ ကူးစက္မႈအမ်ားဆုံး ျဖစ္စဥ္ကေတာ့ ဘာသာေရးပြဲတစ္ခုက အစျပဳပါတယ္။

အဲဒီဘာသာေရးပြဲကတစ္ဆင့္ တိုက္႐ိုက္နဲ႔တစ္ဆင့္ခံကူးစက္သူဟာ ေမလ ၁၁ ရက္အထိဆို ၇၀ ေက်ာ္ သြားပါၿပီ။

ဒီဘာသာေရးပြဲတက္ေရာက္ခဲ့သူတခ်ိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတာကို သိခဲ့ရတဲ့ေနာက္ အာဏာပိုင္ေတြက သူတို႔နဲ႔ ထိေတြ႕သူေတြကို ေနာက္ေၾကာင္းျပန္ေျခရာခံ ေဖာ္ထုတ္ရာကေန တစ္ေန႔တည္း ပိုးေတြ႕လူနာဟာ ၂၁ ဦးထိ စံခ်ိန္တင္ေတြ႕ခဲ့ရပါတယ္။

ဘာသာေရးပြဲကို ဘယ္လိုက်င္းပခဲ့ၾကလဲ

အစိုးရက ဘာသာေရးအခမ္းအနားလို႔ ထုတ္ျပန္ခဲ့တဲ့အဲဒီ ဝတ္ျပဳဆုေတာင္းပြဲကို ရန္ကုန္ၿမိဳ႕၊ ၈ မိုင္က ညီအစ္ကိုေတာ္မ်ားအသင္းေတာ္ ၿခံဝင္းထဲက အေဆာက္အဦတစ္ခုမွာ မတ္ ၁၆ ရက္ကေန ဧၿပီ ၆ ရက္ထိ က်င္းပခဲ့တာပါ။

မူလက လူေထာင္ေက်ာ္နဲ႔ က်င္းပဖို႔ စီစဥ္ထားေပမယ့္ မတ္ ၁၃ မွာ အစိုးရက လူစုလူေဝးမလုပ္ဖို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့တဲ့အတြက္ လူ ၂၀ ေလာက္နဲ႔အက်ဥ္းခ်ဳံး က်င္းပခဲ့ပါတယ္။

ဒီပြဲကို တရားေဟာဆရာ ေဒးဗစ္လားနဲ႔ ေတးသံသြင္းပိုင္ရွင္ ဦးေဝထြန္းတို႔က ဦးေဆာင္က်င္းပခဲ့တာလို႔ မရမ္းကုန္းၿမိဳ႕မရဲစခန္းရဲ႕ ပထမသတင္းေပးတိုင္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အက်ဥ္းခ်ဳံးက်င္းပတာျဖစ္လို႔ တစ္ကမာၻလုံးက ဘာသာဝင္ေတြ ၾကည့္ႏိုင္ဖို႔ လူမႈကြန္ရက္ကေန live ျပန္လႊင့္ခဲ့ပါတယ္။

ဒီဝတ္ျပဳဆုေတာင္းပြဲကို ရန္ကုန္မွာ ပုံမွန္လာတတ္တဲ့သူရွိသလို ရက္ျခားသြားတဲ့သူေတြလည္း ရွိခဲ့ပါတယ္။

ဘယ္လိုစတင္ကူးစက္ခဲ့တာလဲ

အစိုးရထုတ္ျပန္ခ်က္အရ ဒီဘာသာေရးပြဲကိုတက္ခဲ့တဲ့ လူနာနံပါတ္ ၂၄ ကေန အုပ္စုလိုက္ ကူးစက္မႈေတြစတင္တယ္လို႔ ဆိုပါတယ္။

အဲဒီေတာ့ လူနာ နံပါတ္ ၂၄ က ဘယ္သူပါလဲ။

သူဟာ အသက္ ၃၂ ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသားျဖစ္ၿပီး စင္ကာပူမွာ အလုပ္လုပ္ကိုင္သူျဖစ္ပါတယ္။

မရမ္းကုန္းမွာေနထိုင္ၿပီး မတ္ ၁၉ မွာ ျမန္မာႏိုင္ငံကို ျပန္လာခဲ့ပါတယ္။

ဧၿပီ ၁ ရက္မွာ စတင္ဖ်ားနာလာေပမယ့္ ေဆး႐ုံေဆးခန္းမသြားဘဲ သက္သာခဲ့ပါတယ္။

ဧၿပီ ၆ ရက္မွာ လည္ေခ်ာင္းနာေခ်ာင္းဆိုးတာေၾကာင့္ ဧၿပီ ၈ ရက္မွာ မရမ္းကုန္းေဒသႏၲရက်န္းမာေရးဌာနကို သြားေရာက္ျပသပါတယ္။

အဲဒီကေန ေျမာက္ဥကၠလာပေဆး႐ုံႀကီးကို သံသယလူနာအျဖစ္ ၫႊန္းပို႔ခဲ့ၿပီးတဲ့ေနာက္ ဧၿပီ ၁၀ မွာ အတည္ျပဳလူနာျဖစ္လာပါတယ္။

သူ႔ကို အတည္ျပဳလူနာအျဖစ္ ထုတ္ျပန္စဥ္က ဘာသာေရးအခမ္းအနားနဲ႔ပတ္သက္တာမပါခဲ့ပါဘူး။

ဒါေပမဲ့ ဧၿပီ ၁၃ ရက္မွာ အတည္ျပဳလူနာတခ်ိဳ႕ကို ထုတ္ျပန္တဲ့အခါ လူနာနံပါတ္ ၂၄ ဟာ ဘာသာေရး အခမ္းအနားတက္ခဲ့တဲ့ရာဇဝင္ရွိတယ္လို႔ စတင္ေဖာ္ျပလာပါတယ္။

အဲဒီေနာက္ပိုင္း အစိုးရအစရင္ခံစာေတြမွာ သူ႔ကို မူတည္ၿပီး ကူးစက္သူေတြကို စတင္ေဖာ္ျပလာပါတယ္။

သူကေန တိုက္႐ိုက္နဲ႔ တစ္ဆင့္ခံ ကူးစက္သူေတြကိ ၈ မိုင္နဲ႔ အင္းစိန္အုပ္စုလို႔ ခြဲျခားေဖာ္ျပခဲ့ပါတယ္။
၈ မိုင္နဲ႔ အင္းစိန္ အုပ္စုလိုက္ကူးစက္မႈကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ေမ ၁ ရက္ထုတ္အစီရင္ခံစာေပၚအေျခခံၿပီး ေဖာ္ျပထားတာပါ။

၈ မိုင္အုပ္စု

၈ မိုင္အုပ္စုေအာက္မွာေတာ့ ဘာသာေရးပြဲ တက္ေရာက္ခဲ့သူေတြ အမ်ားစုပါဝင္ၿပီး အဲဒီထဲကေန ထပ္ဆင့္ ကူးစက္ခံရသူတခ်ိဳ႕ရွိခဲ့ပါတယ္။

လူနာနံပါတ္ ၂၄ ကေန တိုက္႐ိုက္ ကူးစက္ခံရသူေတြထဲမွာ အထင္ရွားဆုံးက လူနာနံပါတ္ ၄၂ ကေန ၅၂ ထိ ၁၁ ဦးအုပ္စုျဖစ္ပါတယ္။ ဒီထဲမွာ အဆိုေတာ္မ်ိဳးႀကီး၊ အင္ပါယာတီးဝိုင္းရဲ႕ နာမည္ေက်ာ္ဒရမ္းတီးခတ္သူေဟာင္း ေဝထြန္းနဲ႔ တရားေဟာဆရာေဒးဗစ္လားတို႔ လို လူသိမ်ားသူတခ်ိဳ႕ပါဝင္ေနတာပါ။ ဒါ့အျပင္ လူနာနံပါတ္ ၈၄ ျဖစ္တဲ့ အဆိုေတာ္ နီတာဟာလည္း ၂၄ကေန တိုက္႐ိုက္ကူးစက္ခံရသူျဖစ္ပါတယ္။

ဒီလူနာေတြနဲ႔ အနီးကပ္ထိေတြ႕ခဲ့တဲ့အထဲက အဆိုေတာ္ ေဇာ္ဝင္းထြဋ္၊ ဟစ္ေဟာ့ပ္အဆိုေတာ္ေဂ်မီ၊ သ႐ုပ္ေဆာင္သီရိရွင္းသန႔္တို႔လည္း အသြားအလာကန႔္သတ္ေစာင့္ၾကည့္ခံယူခဲ့ၿပီး သူတို႔အားလုံးမွာေတာ့ ေရာဂါပိုးမရွိအေျဖထြက္ခဲ့ပါတယ္။

ေမလ ၁ ရက္ေန႔ အစိုးရရဲ႕ အစီရင္ခံစာေပၚမူတည္ၿပီး ဘီဘီစီက ေရးဆြဲထားတဲ့ ကူးစက္မႈျပဇယားမွာဆိုရင္ ၈ မိုင္အုပ္စုဘက္မွာ လူနာနံပါတ္ ၂၄ ကေန တိုက္႐ိုက္နဲ႔ တစ္ဆင့္ခံကူးစက္သူေပါင္း ၅၀ ဦးထိရွိေနပါတယ္။

ေသဆုံးသူက ႏွစ္ဦးရွိၿပီး လူနာနံပါတ္ ၈၆ နဲ႔ ၁၁၀ ျဖစ္ပါတယ္။ လူနာနံပါတ္ ၈၆ ဟာ လူနာနံပါတ္ ၁၀၅ ရဲ႕ ခင္ပြန္းျဖစ္ၿပီး သူ႔မွာ ေသြးတိုးနဲ႔ ဆီးခ်ိဳ ေရာဂါအခံေတြရွိထားတယ္လို႔ ဆိုပါတယ္။

လူနာနံပါတ္ ၁၁၀ ကေတာ့ ဘာသာေရးပြဲကို တက္ေရာက္ခဲ့တာမရွိေပမယ့္ အတူေနမိသားစုဝင္ဟာ ဘာသာေရးပြဲကို တက္ေရာက္ထားသူျဖစ္ၿပီး သူကေန တစ္ဆင့္ ထိေတြ႕ကူးစက္ခံရတာျဖစ္ပါတယ္။ သူ႔မွာလည္း ေသြးတိုး၊ ဆီးခ်ိဳနဲ႔ ေက်ာက္ကပ္လို ေရာဂါအခံေတြရွိၿပီး ေသဆုံးရတဲ့အေၾကာင္းက ႐ုတ္တရက္ အသက္ရႉလမ္းေၾကာင္းျပင္းထန္တဲ့ေဝဒနာေၾကာင့္လို႔ ဆိုပါတယ္။

၈ မိုင္အုပ္စုမွာ တရားေဟာဆရာ ေဒးဗစ္လား၊ ၊ မ်ိဳးႀကီး တို႔ အပါဝင္ ျပန္သက္သာလာသူေတြရွိပါတယ္။

အင္းစိန္အုပ္စု

ေနာက္ထပ္ အုပ္စုလိုက္ ကူးစက္မႈက အင္းစိန္ကပါ။ အင္းစိန္မွာ တကယ္ေတာ့ ဘာသာေရးအခမ္းအနား က်င္းပခဲ့တာမ်ိဳးမရွိပါဘူး။ ၈ မိုင္မွာပဲ ဘာသာေရးအခမ္းအနားက်င္းပခဲ့တာပါ။

ဒီလိုဆို အင္းစိန္ဘက္က လူအုပ္စုလိုက္ဟာ ၈ မိုင္ဘာသာေရးပြဲကေန ဘယ္လိုဆက္ႏြယ္ကူးစက္ခဲ့တာလဲ။

တကယ္ေတာ့ ဒီအုပ္စုႏွစ္ခုၾကား အဓိကက်တဲ့သူက လူနာနံပါတ္ ၄၁ ျဖစ္ပါတယ္။

၄၁ ဟာ ဧၿပီ ၃၊ ၄ ၊ ၅ ရက္ထိ သုံးရက္ၾကာ ၈ မိုင္ညီအစ္ကိုမ်ားအသင္းေတာ္မွာ ျပဳလုပ္တဲ့ဘာသာေရးဆုေတာင္းပြဲကို သုံးႀကိမ္သြားခဲ့တယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

သူဟာ ဧၿပီ ၁၃ ရက္မွာ ကိုဗစ္ဓာတ္ခြဲအတည္ျပဳလူနာျဖစ္လာပါတယ္။

သူကေနမွ ကူးစက္မႈအစကို ေလ့လာတဲ့အခါ အခုလိုေတြ႕ပါတယ္။

အင္းစိန္ၿမိဳ႕နယ္၊ အေရွ႕ႀကိဳ႕ကုန္းရပ္ကြက္၊ က်မ္းစာသင္ေက်ာင္းလမ္းထဲက တစ္အိမ္တည္း အတူေန သူ ေလးဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေၾကာင္း ဧၿပီ ၁၂ မွာ ေတြ႕ရွိခဲ့ပါတယ္။ အဲဒီေလးဦးကေတာ့ လူနာနံပါတ္ ၃၄၊ ၃၅၊ ၃၆၊ ၃၇ တို႔ျဖစ္ပါတယ္။

သူတို႔ေလးဦးလုံးဟာ လူနာနံပါတ္ ၄၁ နဲ႔ ထိေတြ႕သူေတြထဲ ပါဝင္ေနတာ ေတြ႕ရပါတယ္။

ဒီေလးဦးက တစ္ဆင့္ အင္းစိန္ဘက္မွာ ဆက္လက္ ကူးစက္သူ ၁၇ ဦးထိရွိလာၿပီး အဲဒီထဲမွာ အသက္အငယ္ဆုံး ၇ ႏွစ္သမီးငယ္တစ္ဦး ပါဝင္ပါတယ္။

ဒီအုပ္စုထဲမွာေတာ့ ေသဆုံးသူ မရွိေသးဘဲ ျပန္လည္သက္သာလာလို႔ ေဆး႐ုံကဆင္းခြင့္ရသူေတြရွိထားၿပီး အဲဒီထဲမွာ ၇ ႏွစ္သမီးအ႐ြယ္လူနာနံပါတ္ ၅၄ လည္းပါဝင္ပါတယ္။

ဒီဘာသာေရးပြဲကေန ဆက္ႏႊယ္ကူးစက္သူေတြထဲမွာ အသက္အငယ္ဆုံး ၇ ကေန အသက္အႀကီးဆုံး ၇၈ ႏွစ္အထိ ပါဝင္ေနပါတယ္။

က်ားမအခ်ိဳးအစားကေတာ့ အမ်ိဳးသား ၃၆ ဦးနဲ႔ အမ်ိဳးသမီး ၃၁ ဦးျဖစ္ပါတယ္။

ကူးစက္သူအမ်ားစုရဲ႕ အသက္အပိုင္းအျခားကေတာ့ အသက္ ၃၀ ကေန ၅၅ ႏွစ္ၾကားျဖစ္ပါတယ္။

အင္းစိန္က ေနာက္ထပ္ကူးစက္မႈတစ္ခု

အခုေတာ့ အင္းစိန္မွာေနာက္ထပ္အုပ္စုလိုက္ ကူးစက္မႈတစ္ခု ထပ္ရွိလာပါတယ္။

အင္းစိန္ၿမိဳ႕နယ္၊ ခဝဲၿခံ ၂ လမ္းထဲက ေနအိမ္ႏွစ္လုံးကေန ကိုဗစ္အတည္ျပဳလူနာဟာ ေမ ၁၁ ရက္ညပိုင္းအထိ ၂၀ ဦး ရွိေနပါတယ္။

တစ္အိမ္ဟာ မိသားစုဝင္ ၁၆ ဦးေနထိုင္ၿပီး ခုခ်ိန္ထိအဲဒီအိမ္က မိသားစုဝင္ ၁၅ ဦးမွာ ဗိုင္းရပ္စ္ ကူးစက္ခံထားရပါတယ္။

ေနာက္တစ္အိမ္ကေတာ့ သူနာျပဳဆရာမေလးဦး၊ ေက်ာင္းဆရာမတစ္ဦး ေနထိုင္တဲ့ အေဆာင္ျဖစ္ၿပီး အဲဒီငါးဦးလုံးဟာလည္း ကိုဗစ္အတည္ျပဳလူနာေတြျဖစ္ပါတယ္။

အဲဒီထဲက သူနာျပဳဆရာမေလးဦးဟာ မိသားစုဝင္ ၁၅ ဦးကူးစက္ခံရတဲ့အိမ္ကိုအဝင္အထြက္ရွိထားပါတယ္။

ဒီကူးစက္မႈကို ဘယ္လိုစသိတာလဲ

သူနာျပဳေတြေနထိုင္ရာအေဆာင္ေနအိမ္ကေန လူနာနံပါတ္ ၁၅၁ ဟာ အရင္ဆုံး ကိုဗစ္ေရာဂါလကၡဏာကိုခံစားရပါတယ္။

ဒါေၾကာင့္အင္းစိန္ ဖ်ားနာကုေဆးခန္းကို သြားေရာက္ျပသရာကေန ေစာင့္ၾကည့္လူနာျဖစ္ၿပီးေဆးစစ္တဲ့အခါ ကိုဗစ္ ၁၉ အတည္ျပဳလူနာျဖစ္လာပါတယ္။

အဲဒါေၾကာင့္ သူနဲ႔ထိေတြ႕သူေတြကို လိုက္လံေဖာ္ထုတ္ၿပီးအသြားအလာကန႔္သတ္ေစာင့္ၾကည့္တဲ့အခါ အတူေနအခန္းေဖာ္အပါအဝင္ ကြယ္ကေဘာေဆး႐ုံက သူနာျပဳေလးဦးနဲ႔ အဝင္အထြက္ရွိထားတဲ့ မိသားစုဝင္ ၁၆ ဦးေနအိမ္ကိုအသြားအလာကန႔္သတ္ၿပီး ေဆးစစ္ခဲ့ပါတယ္။

အဲဒီေနာက္ သူနာျပဳေလးဦးမွာေရာ မိသားစုဝင္ ၁၆ ဦးအနက္ ၁၅ ဦးမွာ ကိုဗစ္-၁၉ ေရာဂါေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီအုပ္စုလိုက္ကူးစက္မႈမွာ လူနာနံပါတ္ ၁၅၁ အပါအဝင္ စုစု ေပါင္း ကူးစက္သူ ၂၀ ဦးထိ ရွိထားပါတယ္။

လူနာနံပါတ္ ၁၅၁ ဟာ ျပည္ပခရီးသြားရာဇဝင္မရွိ၊ အတည္ျပဳလူနာနဲ႔ထိေတြ႕မႈမရွိဘူးလို႔ အစိုးရကထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္ ဒီအုပ္စုလိုက္ကူးစက္မႈဟာ ေနာက္ေၾကာင္းျပန္လိုက္ရမယ့္အေျခအေနျဖစ္ေနတယ္လို႔အာဏာပိုင္ေတြကေျပာပါတယ္။

မိသားစုဝင္ ၁၆ ဦးေနထိုင္တဲ့အိမ္ဟာ လူမႈေရးလုပ္ငန္းလုပ္ကိုင္တာျဖစ္ၿပီး ဒီအိမ္ကိုအဝင္အထြက္ အထိေတြ႕ ရွိထားသူေတြကို အာဏာပိုင္ေတြက ဆက္လက္စုံစမ္းေဖာ္ထုတ္ေနပါတယ္။

ခဝဲၿခံ ၂ လမ္းကိုေတာ့ အခုအခါ အသြားအလာကန႔္သတ္တားျမစ္ထားပါတယ္။

အင္းစိန္တစ္ၿမိဳ႕နယ္တည္းမွာ ကိုဗစ္အတည္ျပဳလူနာ ၄၄ ဦးထိ ရွိေနၿပီး တစ္ႏိုင္ငံလုံးမွာ လူနာအမ်ားဆုံးၿမိဳ႕နယ္လည္း ျဖစ္ပါတယ္။

BBC Burmese
-------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်- မြန်မာမှာ ကိုဗစ်-၁၉ အုပ်စုလိုက် ကူးစက်မှုတွေ ဘယ်လိုစဖြစ်ခဲ့တာလဲ

မြန်မာမှာ မေလ ၁၁ ရက် ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၀ ရှိပါပြီ။ အဲဒီထဲက ထက်ဝက်ကျော်ဟာ အုပ်စုလိုက်ကူးစက်မှု တွေဖြစ်ပါတယ်။

အထင်ရှားဆုံးနဲ့ ကူးစက်မှုအများဆုံး ဖြစ်စဉ်ကတော့ ဘာသာရေးပွဲတစ်ခုက အစပြုပါတယ်။

အဲဒီဘာသာရေးပွဲကတစ်ဆင့် တိုက်ရိုက်နဲ့တစ်ဆင့်ခံကူးစက်သူဟာ မေလ ၁၁ ရက်အထိဆို ၇၀ ကျော် သွားပါပြီ။

ဒီဘာသာရေးပွဲတက်ရောက်ခဲ့သူတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို သိခဲ့ရတဲ့နောက် အာဏာပိုင်တွေက သူတို့နဲ့ ထိတွေ့သူတွေကို နောက်ကြောင်းပြန်ခြေရာခံ ဖော်ထုတ်ရာကနေ တစ်နေ့တည်း ပိုးတွေ့လူနာဟာ ၂၁ ဦးထိ စံချိန်တင်တွေ့ခဲ့ရပါတယ်။

ဘာသာရေးပွဲကို ဘယ်လိုကျင်းပခဲ့ကြလဲ

အစိုးရက ဘာသာရေးအခမ်းအနားလို့ ထုတ်ပြန်ခဲ့တဲ့အဲဒီ ဝတ်ပြုဆုတောင်းပွဲကို ရန်ကုန်မြို့၊ ၈ မိုင်က ညီအစ်ကိုတော်များအသင်းတော် ခြံဝင်းထဲက အဆောက်အဦတစ်ခုမှာ မတ် ၁၆ ရက်ကနေ ဧပြီ ၆ ရက်ထိ ကျင်းပခဲ့တာပါ။

မူလက လူထောင်ကျော်နဲ့ ကျင်းပဖို့ စီစဉ်ထားပေမယ့် မတ် ၁၃ မှာ အစိုးရက လူစုလူဝေးမလုပ်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် လူ ၂၀ လောက်နဲ့အကျဉ်းချုံး ကျင်းပခဲ့ပါတယ်။

ဒီပွဲကို တရားဟောဆရာ ဒေးဗစ်လားနဲ့ တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့က ဦးဆောင်ကျင်းပခဲ့တာလို့ မရမ်းကုန်းမြို့မရဲစခန်းရဲ့ ပထမသတင်းပေးတိုင်ချက်မှာ ဖော်ပြထားပါတယ်။

အကျဉ်းချုံးကျင်းပတာဖြစ်လို့ တစ်ကမ္ဘာလုံးက ဘာသာဝင်တွေ ကြည့်နိုင်ဖို့ လူမှုကွန်ရက်ကနေ live ပြန်လွှင့်ခဲ့ပါတယ်။

ဒီဝတ်ပြုဆုတောင်းပွဲကို ရန်ကုန်မှာ ပုံမှန်လာတတ်တဲ့သူရှိသလို ရက်ခြားသွားတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ဘယ်လိုစတင်ကူးစက်ခဲ့တာလဲ

အစိုးရထုတ်ပြန်ချက်အရ ဒီဘာသာရေးပွဲကိုတက်ခဲ့တဲ့ လူနာနံပါတ် ၂၄ ကနေ အုပ်စုလိုက် ကူးစက်မှုတွေစတင်တယ်လို့ ဆိုပါတယ်။

အဲဒီတော့ လူနာ နံပါတ် ၂၄ က ဘယ်သူပါလဲ။

သူဟာ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး စင်ကာပူမှာ အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။

မရမ်းကုန်းမှာနေထိုင်ပြီး မတ် ၁၉ မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။

ဧပြီ ၁ ရက်မှာ စတင်ဖျားနာလာပေမယ့် ဆေးရုံဆေးခန်းမသွားဘဲ သက်သာခဲ့ပါတယ်။

ဧပြီ ၆ ရက်မှာ လည်ချောင်းနာချောင်းဆိုးတာကြောင့် ဧပြီ ၈ ရက်မှာ မရမ်းကုန်းဒေသန္တရကျန်းမာရေးဌာနကို သွားရောက်ပြသပါတယ်။

အဲဒီကနေ မြောက်ဥက္ကလာပဆေးရုံကြီးကို သံသယလူနာအဖြစ် ညွှန်းပို့ခဲ့ပြီးတဲ့နောက် ဧပြီ ၁၀ မှာ အတည်ပြုလူနာဖြစ်လာပါတယ်။

သူ့ကို အတည်ပြုလူနာအဖြစ် ထုတ်ပြန်စဉ်က ဘာသာရေးအခမ်းအနားနဲ့ပတ်သက်တာမပါခဲ့ပါဘူး။

ဒါပေမဲ့ ဧပြီ ၁၃ ရက်မှာ အတည်ပြုလူနာတချို့ကို ထုတ်ပြန်တဲ့အခါ လူနာနံပါတ် ၂၄ ဟာ ဘာသာရေး အခမ်းအနားတက်ခဲ့တဲ့ရာဇဝင်ရှိတယ်လို့ စတင်ဖော်ပြလာပါတယ်။

အဲဒီနောက်ပိုင်း အစိုးရအစရင်ခံစာတွေမှာ သူ့ကို မူတည်ပြီး ကူးစက်သူတွေကို စတင်ဖော်ပြလာပါတယ်။

သူကနေ တိုက်ရိုက်နဲ့ တစ်ဆင့်ခံ ကူးစက်သူတွေကိ ၈ မိုင်နဲ့ အင်းစိန်အုပ်စုလို့ ခွဲခြားဖော်ပြခဲ့ပါတယ်။

၈ မိုင်အုပ်စု

၈ မိုင်အုပ်စုအောက်မှာတော့ ဘာသာရေးပွဲ တက်ရောက်ခဲ့သူတွေ အများစုပါဝင်ပြီး အဲဒီထဲကနေ ထပ်ဆင့် ကူးစက်ခံရသူတချို့ရှိခဲ့ပါတယ်။

လူနာနံပါတ် ၂၄ ကနေ တိုက်ရိုက် ကူးစက်ခံရသူတွေထဲမှာ အထင်ရှားဆုံးက လူနာနံပါတ် ၄၂ ကနေ ၅၂ ထိ ၁၁ ဦးအုပ်စုဖြစ်ပါတယ်။ ဒီထဲမှာ အဆိုတော်မျိုးကြီး၊ အင်ပါယာတီးဝိုင်းရဲ့ နာမည်ကျော်ဒရမ်းတီးခတ်သူဟောင်း ဝေထွန်းနဲ့ တရားဟောဆရာဒေးဗစ်လားတို့ လို လူသိများသူတချို့ပါဝင်နေတာပါ။ ဒါ့အပြင် လူနာနံပါတ် ၈၄ ဖြစ်တဲ့ အဆိုတော် နီတာဟာလည်း ၂၄ကနေ တိုက်ရိုက်ကူးစက်ခံရသူဖြစ်ပါတယ်။

ဒီလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့အထဲက အဆိုတော် ဇော်ဝင်းထွဋ်၊ ဟစ်ဟော့ပ်အဆိုတော်ဂျေမီ၊ သရုပ်ဆောင်သီရိရှင်းသန့်တို့လည်း အသွားအလာကန့်သတ်စောင့်ကြည့်ခံယူခဲ့ပြီး သူတို့အားလုံးမှာတော့ ရောဂါပိုးမရှိအဖြေထွက်ခဲ့ပါတယ်။

မေလ ၁ ရက်နေ့ အစိုးရရဲ့ အစီရင်ခံစာပေါ်မူတည်ပြီး ဘီဘီစီက ရေးဆွဲထားတဲ့ ကူးစက်မှုပြဇယားမှာဆိုရင် ၈ မိုင်အုပ်စုဘက်မှာ လူနာနံပါတ် ၂၄ ကနေ တိုက်ရိုက်နဲ့ တစ်ဆင့်ခံကူးစက်သူပေါင်း ၅၀ ဦးထိရှိနေပါတယ်။

သေဆုံးသူက နှစ်ဦးရှိပြီး လူနာနံပါတ် ၈၆ နဲ့ ၁၁၀ ဖြစ်ပါတယ်။ လူနာနံပါတ် ၈၆ ဟာ လူနာနံပါတ် ၁၀၅ ရဲ့ ခင်ပွန်းဖြစ်ပြီး သူ့မှာ သွေးတိုးနဲ့ ဆီးချို ရောဂါအခံတွေရှိထားတယ်လို့ ဆိုပါတယ်။

လူနာနံပါတ် ၁၁၀ ကတော့ ဘာသာရေးပွဲကို တက်ရောက်ခဲ့တာမရှိပေမယ့် အတူနေမိသားစုဝင်ဟာ ဘာသာရေးပွဲကို တက်ရောက်ထားသူဖြစ်ပြီး သူကနေ တစ်ဆင့် ထိတွေ့ကူးစက်ခံရတာဖြစ်ပါတယ်။ သူ့မှာလည်း သွေးတိုး၊ ဆီးချိုနဲ့ ကျောက်ကပ်လို ရောဂါအခံတွေရှိပြီး သေဆုံးရတဲ့အကြောင်းက ရုတ်တရက် အသက်ရှူလမ်းကြောင်းပြင်းထန်တဲ့ဝေဒနာကြောင့်လို့ ဆိုပါတယ်။

၈ မိုင်အုပ်စုမှာ တရားဟောဆရာ ဒေးဗစ်လား၊ ၊ မျိုးကြီး တို့ အပါဝင် ပြန်သက်သာလာသူတွေရှိပါတယ်။

အင်းစိန်အုပ်စု

နောက်ထပ် အုပ်စုလိုက် ကူးစက်မှုက အင်းစိန်ကပါ။ အင်းစိန်မှာ တကယ်တော့ ဘာသာရေးအခမ်းအနား ကျင်းပခဲ့တာမျိုးမရှိပါဘူး။ ၈ မိုင်မှာပဲ ဘာသာရေးအခမ်းအနားကျင်းပခဲ့တာပါ။

ဒီလိုဆို အင်းစိန်ဘက်က လူအုပ်စုလိုက်ဟာ ၈ မိုင်ဘာသာရေးပွဲကနေ ဘယ်လိုဆက်နွယ်ကူးစက်ခဲ့တာလဲ။

တကယ်တော့ ဒီအုပ်စုနှစ်ခုကြား အဓိကကျတဲ့သူက လူနာနံပါတ် ၄၁ ဖြစ်ပါတယ်။

၄၁ ဟာ ဧပြီ ၃၊ ၄ ၊ ၅ ရက်ထိ သုံးရက်ကြာ ၈ မိုင်ညီအစ်ကိုများအသင်းတော်မှာ ပြုလုပ်တဲ့ဘာသာရေးဆုတောင်းပွဲကို သုံးကြိမ်သွားခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

သူဟာ ဧပြီ ၁၃ ရက်မှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာဖြစ်လာပါတယ်။

သူကနေမှ ကူးစက်မှုအစကို လေ့လာတဲ့အခါ အခုလိုတွေ့ပါတယ်။

အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ ကျမ်းစာသင်ကျောင်းလမ်းထဲက တစ်အိမ်တည်း အတူနေ သူ လေးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း ဧပြီ ၁၂ မှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီလေးဦးကတော့ လူနာနံပါတ် ၃၄၊ ၃၅၊ ၃၆၊ ၃၇ တို့ဖြစ်ပါတယ်။

သူတို့လေးဦးလုံးဟာ လူနာနံပါတ် ၄၁ နဲ့ ထိတွေ့သူတွေထဲ ပါဝင်နေတာ တွေ့ရပါတယ်။

ဒီလေးဦးက တစ်ဆင့် အင်းစိန်ဘက်မှာ ဆက်လက် ကူးစက်သူ ၁၇ ဦးထိရှိလာပြီး အဲဒီထဲမှာ အသက်အငယ်ဆုံး ၇ နှစ်သမီးငယ်တစ်ဦး ပါဝင်ပါတယ်။

ဒီအုပ်စုထဲမှာတော့ သေဆုံးသူ မရှိသေးဘဲ ပြန်လည်သက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူတွေရှိထားပြီး အဲဒီထဲမှာ ၇ နှစ်သမီးအရွယ်လူနာနံပါတ် ၅၄ လည်းပါဝင်ပါတယ်။

ဒီဘာသာရေးပွဲကနေ ဆက်နွှယ်ကူးစက်သူတွေထဲမှာ အသက်အငယ်ဆုံး ၇ ကနေ အသက်အကြီးဆုံး ၇၈ နှစ်အထိ ပါဝင်နေပါတယ်။

ကျားမအချိုးအစားကတော့ အမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ၃၁ ဦးဖြစ်ပါတယ်။

ကူးစက်သူအများစုရဲ့ အသက်အပိုင်းအခြားကတော့ အသက် ၃၀ ကနေ ၅၅ နှစ်ကြားဖြစ်ပါတယ်။

အင်းစိန်က နောက်ထပ်ကူးစက်မှုတစ်ခု

အခုတော့ အင်းစိန်မှာနောက်ထပ်အုပ်စုလိုက် ကူးစက်မှုတစ်ခု ထပ်ရှိလာပါတယ်။

အင်းစိန်မြို့နယ်၊ ခဝဲခြံ ၂ လမ်းထဲက နေအိမ်နှစ်လုံးကနေ ကိုဗစ်အတည်ပြုလူနာဟာ မေ ၁၁ ရက်ညပိုင်းအထိ ၂၀ ဦး ရှိနေပါတယ်။

တစ်အိမ်ဟာ မိသားစုဝင် ၁၆ ဦးနေထိုင်ပြီး ခုချိန်ထိအဲဒီအိမ်က မိသားစုဝင် ၁၅ ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

နောက်တစ်အိမ်ကတော့ သူနာပြုဆရာမလေးဦး၊ ကျောင်းဆရာမတစ်ဦး နေထိုင်တဲ့ အဆောင်ဖြစ်ပြီး အဲဒီငါးဦးလုံးဟာလည်း ကိုဗစ်အတည်ပြုလူနာတွေဖြစ်ပါတယ်။

အဲဒီထဲက သူနာပြုဆရာမလေးဦးဟာ မိသားစုဝင် ၁၅ ဦးကူးစက်ခံရတဲ့အိမ်ကိုအဝင်အထွက်ရှိထားပါတယ်။

ဒီကူးစက်မှုကို ဘယ်လိုစသိတာလဲ

သူနာပြုတွေနေထိုင်ရာအဆောင်နေအိမ်ကနေ လူနာနံပါတ် ၁၅၁ ဟာ အရင်ဆုံး ကိုဗစ်ရောဂါလက္ခဏာကိုခံစားရပါတယ်။

ဒါကြောင့်အင်းစိန် ဖျားနာကုဆေးခန်းကို သွားရောက်ပြသရာကနေ စောင့်ကြည့်လူနာဖြစ်ပြီးဆေးစစ်တဲ့အခါ ကိုဗစ် ၁၉ အတည်ပြုလူနာဖြစ်လာပါတယ်။

အဲဒါကြောင့် သူနဲ့ထိတွေ့သူတွေကို လိုက်လံဖော်ထုတ်ပြီးအသွားအလာကန့်သတ်စောင့်ကြည့်တဲ့အခါ အတူနေအခန်းဖော်အပါအဝင် ကွယ်ကဘောဆေးရုံက သူနာပြုလေးဦးနဲ့ အဝင်အထွက်ရှိထားတဲ့ မိသားစုဝင် ၁၆ ဦးနေအိမ်ကိုအသွားအလာကန့်သတ်ပြီး ဆေးစစ်ခဲ့ပါတယ်။

အဲဒီနောက် သူနာပြုလေးဦးမှာရော မိသားစုဝင် ၁၆ ဦးအနက် ၁၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒီအုပ်စုလိုက်ကူးစက်မှုမှာ လူနာနံပါတ် ၁၅၁ အပါအဝင် စုစု ပေါင်း ကူးစက်သူ ၂၀ ဦးထိ ရှိထားပါတယ်။

လူနာနံပါတ် ၁၅၁ ဟာ ပြည်ပခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိဘူးလို့ အစိုးရကထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီအုပ်စုလိုက်ကူးစက်မှုဟာ နောက်ကြောင်းပြန်လိုက်ရမယ့်အခြေအနေဖြစ်နေတယ်လို့အာဏာပိုင်တွေကပြောပါတယ်။

မိသားစုဝင် ၁၆ ဦးနေထိုင်တဲ့အိမ်ဟာ လူမှုရေးလုပ်ငန်းလုပ်ကိုင်တာဖြစ်ပြီး ဒီအိမ်ကိုအဝင်အထွက် အထိတွေ့ ရှိထားသူတွေကို အာဏာပိုင်တွေက ဆက်လက်စုံစမ်းဖော်ထုတ်နေပါတယ်။

ခဝဲခြံ ၂ လမ်းကိုတော့ အခုအခါ အသွားအလာကန့်သတ်တားမြစ်ထားပါတယ်။

အင်းစိန်တစ်မြို့နယ်တည်းမှာ ကိုဗစ်အတည်ပြုလူနာ ၄၄ ဦးထိ ရှိနေပြီး တစ်နိုင်ငံလုံးမှာ လူနာအများဆုံးမြို့နယ်လည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52621309
ကို႐ိုနာဗိုင္းရပ္စ္- ျမန္မာမွာ ကိုဗစ္-၁၉ အုပ္စုလိုက္ ကူးစက္မႈေတြ ဘယ္လိုစျဖစ္ခဲ့တာလဲ ကို႐ိုနာဗိုင္းရပ္စ္- ျမန္မာမွာ ကိုဗစ္-၁၉ အုပ္စုလိုက္ ကူးစက္မႈေတြ ဘယ္လိုစျဖစ္ခဲ့တာလဲ Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.