မေလးရွားျပန္ျမန္မာေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိေနသူ ၈ ေယာက္ေတြ႕

 မေလးရွားႏိုင္ငံမွ ျပန္ေရာက္လာၾကေသာ ျမန္မာႏိုင္ငံသားမ်ား။ Photo: Ministry of Foreign Affairs Myanmar
(Zawgyi)⤵⤵⤵
မေလးရွားႏိုင္ငံမွာ တရားမဝင္ေနထိုင္မႈနဲ႔ အဖမ္းခံရၿပီး ဒီလထဲမွာ ျပန္ပို႔လိုက္တဲ့ ျမန္မာႏိုင္ငံသား အေယာက္ ၁၂၀ ထဲက ၈ ေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပါလာတာေတြ႕ရတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မေန႔ကေျပာလိုက္ပါတယ္။ သူတို႔အားလုံးကို သီးျခားေစာင့္ၾကည့္တဲ့ ေနရာ ၅ ေနရာမွာ ပို႔ထားတယ္လို႔ဆိုပါတယ္။

မေလးရွားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအစီအစဥ္အျဖစ္ တရားမဝင္ေနထိုင္တဲ့ ႏိုင္ငံျခားသားေတြကို ဖမ္းတဲ့အခါမွာ ႏွစ္ႀကိမ္အတြက္ ၁၈၀၀ ေက်ာ္ဖမ္းမိၿပီး လူဝင္မႈႀကီးၾကပ္ေရးဌာနရဲ႕ ထိန္းသိမ္းေရးစခန္းေတြမွာ ပို႔ထားခဲ့ပါတယ္။ ဒီလိုထိန္းသိမ္းထားတဲ့အခါမွာ စခန္းထဲ လူျပည့္ၾကပ္ေနတာေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ပိုၿပီးကူးစက္ျပန႔္ပြားမွာကိုလည္း စိုးရိမ္စရာျဖစ္ေနပါတယ္။

အဖမ္းခံရတဲ့ထဲမွာ ျမန္မာႏိုင္ငံသား ၄၇၀ ေက်ာ္ပါၿပီး သူတို႔ထဲမွာ ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရတဲ့သူ တေယာက္ပါတယ္ဆိုတဲ့ အစီရင္ခံစာ လက္ခံရရွိခဲ့တယ္လို႔ မေလးရွားက်န္းမာေရးဌာနက ေျပာပါတယ္။ အခုေတာ့ ထိန္းသိမ္းထားတဲ့သူေတြအားလုံးကို ဗိုင္းရပ္စ္ပိုး ရွိ-မရွိ စစ္ေဆးေပးထားတယ္လို႔ မေလးရွားက်န္းမာေရးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ Noor Hisham Abdullah က မေန႔ကျပဳလုပ္တဲ့ ကိုဗစ္-၁၉ ဆိုင္ရာ ေန႔စဥ္သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ၿပီးခဲ့တဲ့ေမလ ၁၂ ရက္ေန႔မွာ ထိန္းသိမ္းခံထားရတဲ့ ျမန္မာအေယာက္ ၄၀၀ နီးပါးကို မေလးရွားက ျပန္ပို႔ခဲ့ပါတယ္။

RFA Burmese
-------------------------------------------
(Unicode)⤵⤵⤵
မလေးရှားပြန်မြန်မာတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေသူ ၈ ယောက်တွေ့

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ အဖမ်းခံရပြီး ဒီလထဲမှာ ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား အယောက် ၁၂၀ ထဲက ၈ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပါလာတာတွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ကပြောလိုက်ပါတယ်။ သူတို့အားလုံးကို သီးခြားစောင့်ကြည့်တဲ့ နေရာ ၅ နေရာမှာ ပို့ထားတယ်လို့ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်အဖြစ် တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းတဲ့အခါမှာ နှစ်ကြိမ်အတွက် ၁၈၀၀ ကျော်ဖမ်းမိပြီး လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ပို့ထားခဲ့ပါတယ်။ ဒီလိုထိန်းသိမ်းထားတဲ့အခါမှာ စခန်းထဲ လူပြည့်ကြပ်နေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုပြီးကူးစက်ပြန့်ပွားမှာကိုလည်း စိုးရိမ်စရာဖြစ်နေပါတယ်။

အဖမ်းခံရတဲ့ထဲမှာ မြန်မာနိုင်ငံသား ၄၇၀ ကျော်ပါပြီး သူတို့ထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူ တယောက်ပါတယ်ဆိုတဲ့ အစီရင်ခံစာ လက်ခံရရှိခဲ့တယ်လို့ မလေးရှားကျန်းမာရေးဌာနက ပြောပါတယ်။ အခုတော့ ထိန်းသိမ်းထားတဲ့သူတွေအားလုံးကို ဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်ဆေးပေးထားတယ်လို့ မလေးရှားကျန်းမာရေးဌာနညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က မနေ့ကပြုလုပ်တဲ့ ကိုဗစ်-၁၉ ဆိုင်ရာ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့မေလ ၁၂ ရက်နေ့မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအယောက် ၄၀၀ နီးပါးကို မလေးရှားက ပြန်ပို့ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မေလးရွားျပန္ျမန္မာေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိေနသူ ၈ ေယာက္ေတြ႕ မေလးရွားျပန္ျမန္မာေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိေနသူ ၈ ေယာက္ေတြ႕ Reviewed by THITHTOOLWIN on 06:59 Rating: 5
Powered by Blogger.