မြန်မာ့အခြေခံအဆောက်အအုံတည်ဆောက်ရေး စင်္ကာပူ-မြန်မာ ပူးပေါင်း ဆောင်ရွက်မည်

 စင်္ကာပူ-မြန်မာ သဘောတူညီချက်ကို စင်္ကာပူနိုင်ငံဘက်က ဝန်ကြီးချုပ်ရုံး ဝန်ကြီး နဲ့ ဘဏ္ဍာရေး ဒု ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ Indranee Rajah က အသိသက်သေအဖြစ်ဆောင်ရွက်ပြီး ဗွီဒီယိုက တဆင့် လက်မှတ်ရေးထိုး (ဓါတ်ပုံ-Infrastructure Asia (IA)
မြန်မာနိုင်ငံအတွင်း အခြေခံ အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရာမှာ အတူတူ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန (MOPFI) နဲ့ စင်္ကာပူနိုင်ငံက Infrastructure Asia (IA) တို့အကြား မေလ ၂၇ ရက်နေ့ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ သဘောတူညီချက် တစ်စိတ်တပိုင်းအနေနဲ့ Infrastructure Asia (IA) က မြန်မာနိုင်ငံတွင်း အခြေခံ အဆောက်အုံ စီမံကိန်းတွေအတွက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို ရှာဖွေရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

AI ကုမ္ပဏီဟာ Enterprise Singapore နဲ့ စင်္ကာပူ ငွေကြး အာဏာပိုင်အဖွဲ့တို့ ပူးပေါင်း ဖွဲ့စည်းထားတာဖြစ်ပြီး နိုင်ငံတကာက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံစုံ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တွေအကြား အခြေခံ အဆောက်အအုံ တည်ဆောက်ရေး သဘောတူညီချက်တွေ ရရှိရေး ကြားဝင် ဆောင်ရွက်ပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

အခု လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ကြောင့် မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းဆိုင်ရာ စီမံကိန်းတွေ အကောင်အထည် ဖော်ရာမှာ အထောက်အကူပြုမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး စီမံကိန်းတွေနဲ့ ကိုက်ညီတဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု DATA အချက်အလက်တွေ ရရှိရေးမှာလည်း အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် (IA) က ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုနဲ့ အသိပညာတွေ မျှဝေပေးသွား မှာဖြစ်သလို သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ဆက်သွယ် ရှာဖွေတာ၊ ငွေရေးကြေးရေးဆိုင်ရာ အကြံပေး ပညာရှင်တွေကို ခန့်အပ်တွေမှာ အကူအညီပေးသွားမှာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို စင်္ကာပူနိုင်ငံဘက်က ဝန်ကြီးချုပ်ရုံး ဝန်ကြီး နဲ့ ဘဏ္ဍာရေး ဒု ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ Indranee Rajah က အသိသက်သေအဖြစ်ဆောင်ရွက်ပြီး ဗွီဒီယိုက တဆင့် လက်မှတ်ရေးထိုးပွဲပြုလုပ်ခဲ့ကြတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
------------------------------
(Zawgyi)⤵⤵⤵
ျမန္မာ့အေျခခံအေဆာက္အအုံတည္ေဆာက္ေရး စကၤာပူ-ျမန္မာ ပူးေပါင္း ေဆာင္ရြက္မည္

 စကၤာပူ-ျမန္မာ သေဘာတူညီခ်က္ကို စကၤာပူနိုင္ငံဘက္က ဝန္ႀကီးခ်ဳပ္႐ုံး ဝန္ႀကီး နဲ႔ ဘ႑ာေရး ဒု ဝန္ႀကီးအျဖစ္ တာဝန္ယူထားတဲ့ Indranee Rajah က အသိသက္ေသအျဖစ္ေဆာင္ရြက္ၿပီး ဗီြဒီယိုက တဆင့္ လက္မွတ္ေရးထိုး (ဓါတ္ပံု-Infrastructure Asia (IA)

ျမန္မာနိုင္ငံအတြင္း အေျခခံ အေဆာက္အအုံတည္ေဆာက္ေရးဆိုင္ရာ ရင္းႏွီးျမႇုပ္ႏွံမႈေတြ လုပ္ရာမွာ အတူတူ ပူးေပါင္း ေဆာင္ရြက္ေရး သေဘာတူညီခ်က္တစ္ရပ္ကို ျမန္မာနိုင္ငံ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန (MOPFI) နဲ႔ စကၤာပူနိုင္ငံက Infrastructure Asia (IA) တို႔အၾကား ေမလ ၂၇ ရက္ေန႔ဗုဒၶဟူးေန႔က လက္မွတ္ေရးထိုးခဲ့ပါတယ္။ သေဘာတူညီခ်က္ တစ္စိတ္တပိုင္းအေနနဲ႔ Infrastructure Asia (IA) က ျမန္မာနိုင္ငံတြင္း အေျခခံ အေဆာက္အုံ စီမံကိန္းေတြအတြက္ ရင္းႏွီးျမႇုပ္ႏွံမယ့္ ကုမၸဏီေတြကို ရွာေဖြေရြးခ်ယ္ေပးသြားမွာ ျဖစ္ပါတယ္။

AI ကုမၸဏီဟာ Enterprise Singapore နဲ႔ စကၤာပူ ေငြၾကး အာဏာပိုင္အဖြဲ႕တို႔ ပူးေပါင္း ဖြဲ႕စည္းထားတာျဖစ္ၿပီး နိုင္ငံတကာက ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြ၊​ ဘ႑ာေရးအဖြဲ႕အစည္းေတြနဲ႔ နိုင္ငံစုံ ဖြံ့ၿဖိဳးတိုးတက္ေရး ဘဏ္ေတြအၾကား အေျခခံ အေဆာက္အအုံ တည္ေဆာက္ေရး သေဘာတူညီခ်က္ေတြ ရရွိေရး ၾကားဝင္ ေဆာင္ရြက္ေပးတဲ့ ကုမၸဏီ ျဖစ္ပါတယ္။

အခု လက္မွတ္ေရးထိုးခဲ့တဲ့ သေဘာတူညီခ်က္ေၾကာင့္ ျမန္မာနိုင္ငံအတြင္း ဘဏ္လုပ္ငန္းဆိုင္ရာ စီမံကိန္းေတြ အေကာင္အထည္ ေဖာ္ရာမွာ အေထာက္အကူျပဳမွာ ျဖစ္သလို ျမန္မာနိုင္ငံရဲ့ ေရရွည္တည္တံ့ခိုင္ျမဲေရး စီမံကိန္းေတြနဲ႔ ကိုက္ညီတဲ့ အေျခခံ အေဆာက္အအုံ တည္ေဆာက္ေရး ဆိုင္ရာ ရင္းႏွီးျမႇုပ္ႏွံမႈ DATA အခ်က္အလက္ေတြ ရရွိေရးမွာလည္း အေထာက္အကူ ျပဳမွာ ျဖစ္ပါတယ္။

ဒီစီမံကိန္းေတြ ဖြံ႔ၿဖိဳးတိုးတက္ေရး အတြက္ (IA) က ဘဏ္လုပ္ငန္းပိုင္းဆိုင္ရာ လုပ္ငန္းကၽြမ္းက်င္မႈနဲ႔ အသိပညာေတြ မၽွေဝေပးသြား မွာျဖစ္သလို သင့္ေတာ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ ဝန္ေဆာင္မႈ လုပ္ငန္းေတြ ဆက္သြယ္ ရွာေဖြတာ၊ ေငြေရးေၾကးေရးဆိုင္ရာ အႀကံေပး ပညာရွင္ေတြကို ခန႔္အပ္ေတြမွာ အကူအညီေပးသြားမွာျဖစ္ပါတယ္။

ဒီသေဘာတူညီခ်က္ကို စကၤာပူနိုင္ငံဘက္က ဝန္ႀကီးခ်ဳပ္႐ုံး ဝန္ႀကီး နဲ႔ ဘ႑ာေရး ဒု ဝန္ႀကီးအျဖစ္ တာဝန္ယူထားတဲ့ Indranee Rajah က အသိသက္ေသအျဖစ္ေဆာင္ရြက္ၿပီး ဗီြဒီယိုက တဆင့္ လက္မွတ္ေရးထိုးပြဲျပဳလုပ္ခဲ့ၾကတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/singapore-myanmar-infrastructure-agreement-/5438418.html
မြန်မာ့အခြေခံအဆောက်အအုံတည်ဆောက်ရေး စင်္ကာပူ-မြန်မာ ပူးပေါင်း ဆောင်ရွက်မည် မြန်မာ့အခြေခံအဆောက်အအုံတည်ဆောက်ရေး စင်္ကာပူ-မြန်မာ ပူးပေါင်း ဆောင်ရွက်မည် Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.