ယာဥ္တိုက္မႈေၾကာင့္ အိႏၵိယ အလုပ္သမား ၂၄ ေယာက္ေသဆုံး

 ေသဆုံးသူေတြအတြက္ ဝမ္းနည္းေၾကကြဲေၾကာင္း ဝန္ႀကီးခ်ဳပ္နရန္ဒရာမိုဒီေျပာၾကား
(Zawgyi)⤵⤵⤵
အိႏၵိယေျမာက္ပိုင္းမွာ ေလာ္ရီကား ၂ စီးတိုက္မိၿပီး ေလာ့ေဒါင္းကာလအတြင္း အိမ္ျပန္ေနတဲ့ ျပည္တြင္း ေ႐ႊ႕ေျပာင္းအလုပ္သမား ၂၄ ေယာက္ ေသဆုံးခဲ့ပါတယ္။

ယာဥ္မေတာ္တဆတိုက္မႈဟာ စေနေန႔က အူတရာပရာဒက္ရွ္ ျပည္နယ္ ၾသရိယၿမိဳ႕မွာ ျဖစ္ပြားခဲ့တာပါ။ လမ္းေဘး လက္ဖက္ရည္ဆိုင္နားမွာ ရပ္ထားတဲ့ကားကို တျခားကားတစီးက ဝင္ေအာင္းမိတာျဖစ္ပါတယ္။

ေ႐ႊ႕ေျပာင္းအလုပ္သမား အမ်ားစုဟာ အေနာက္ပိုင္း ဂ်ာခန္႔ျပည္နယ္နဲ႔ အေနာက္ဘဂၤလားျပည္နယ္က ျဖစ္ၾကပါတယ္။

အိႏၵိယမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး အတြက္ ပိတ္ဆို႔မႈ ေလာ့ေဒါင္းကို မတ္လ ၂၄ ရက္ေန႔က စတင္ခဲ့ပါတယ္။

ပိတ္ဆို႔မႈေၾကာင့္ ႏိုင္ငံတဝန္းမွာ စီးပြားေရးက်ဆင္းခဲ့ၿပီး သန္းနဲ႔ခ်ီတဲ့ တေန႔လုပ္ တေန႔စား ေ႐ႊ႕ေျပာင္း အလုပ္သမားေတြဟာ ေငြေၾကးမရွိဘဲ ၿမိဳ႕ျပမွာ ပိတ္မိေနခဲ့ပါတယ္။

ၿမိဳ႕ေပၚမွာ စားရမဲ့ေသာက္ရမဲ့ ျဖစ္မွာစိုးလို႔ ကိုယ့္ရပ္ကိုယ့္႐ြာကို အသည္းအသန္ ျပန္ခ်င္ေနၾကတဲ့ အလုပ္သမား အေျမာက္အျမားဟာ မိုင္ေပါင္း ရာခ်ီၿပီး လမ္းေလွ်ာက္ အိမ္ျပန္ၾကပါတယ္။

အစိုးရ စီစဥ္ေပးတဲ့ အထူးကား၊ အထူးရထားေတြ အခုေနာက္ပိုင္းမွာ ရွိလာေပမယ့္ မလုံေလာက္တဲ့အတြက္ တခ်ိဳ႕အလုပ္သမားေတြဟာ အထူးယာဥ္ေတြကို မေစာင့္ဆိုင္းႏိုင္ဘဲ ႀကဳံရာကုန္ကားႀကီးေတြနဲ႔ လိုက္ပါၾကပါတယ္။

ဒါ့ေၾကာင့္ ကားမေတာ္တဆမႈ၊ ရထားလမ္း မေတာ္တဆမႈေတြ ျဖစ္ပြားၿပီး လူေပါင္း ဆယ္ဂဏန္းနဲ႔ခ်ီ ေသဆုံးခဲ့ၾကပါတယ္။

ဒီသီတင္းပတ္အေစာပိုင္းက အူတရာပရာဒက္ရွ္ျပည္နယ္ မူဇာဖာနာဂါးမွာ အလုပ္သမား ၆ ေယာက္ဟာ အေဝးေျပးလမ္းမေပၚကားတိုက္ခံရၿပီး ေသဆုံးခဲ့ပါတယ္။

ေမလ ၈ ရက္ေန႔ကလည္း မဟာရာရွထရာျပည္နယ္ ၾသရမ္ဂဘတ္ၿမိဳ႕မွာ ရထားအႀကိတ္ခံရၿပီး ေ႐ႊ႕ေျပာင္းအလုပ္သမား ၁၆ ေယာက္ေသဆုံးခဲ့ပါတယ္။

အခုေသဆုံးခဲ့တဲ့ အလုပ္သမားေတြအတြက္ ဝမ္းနည္းေၾကာင္း ဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီက သက္ဆိုင္ရာ မိသားစုေတြကို ေျပာၾကားခဲ့သလို ဒဏ္ရာရသူ ၃၆ ေယာက္အတြက္လည္း ျမန္ျမန္သက္သာ က်န္းမာဖို႔ ဆုေတာင္းေပးခဲ့ပါတယ္။
အထူးယာဥ္ေတြကို မေစာင့္ဆိုင္းႏိုင္ဘဲ ႀကဳံရာကုန္ကားႀကီးေတြနဲ႔ လိုက္ပါၾကရ
“ၾသရိယမေတာ္တဆမႈဟာ အလြန္ဝမ္းနည္းေၾကကြဲဖို႔ ေကာင္းပါတယ္။ အေျခအေန အျမန္ဆုံး ေကာင္းမြန္လာဖို႔ အစိုးရဟာ အစြမ္းကုန္ ေဆာင္႐ြက္ေနပါတယ္” လို႔ မစၥတာမိုဒီက တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဒဏ္ရာရသူေတြကို ေဆးဝါးပစၥည္း ေထာက္ပံ့ကူညီဖို႔နဲ႔ မေတာ္တဆမႈျဖစ္ရျခင္း အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးဖို႔ အူတရာပရာဒက္ရွ္ ဝန္ႀကီးခ်ဳပ္ ေယာဂီအဓိတရာနတ္ကလည္း ၫႊန္ၾကားထားပါတယ္။

အစိုးရဟာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ အေျခအေနကို လစ္လ်ဴရႈၿပီး အေျခအေနကို ကိုင္တြယ္ခဲ့တယ္လို႔ျပည္နယ္အေျခစိုက္ ဆမာဂ်ဝါဒီပါတီ ေခါင္းေဆာင္က စြပ္စြဲအျပစ္တင္ပါတယ္။

ဒီလိုမေတာ္တဆမႈဟာ လူေသမႈ မဟုတ္ဘူး၊ လူသတ္မႈျဖစ္တယ္လို႔ သူက တြစ္တာမွာေရးသားခဲ့ပါတယ္။

BBC Burmese
--------------------
(Unicode)⤵⤵⤵
ယာဉ်တိုက်မှုကြောင့် အိန္ဒိယ အလုပ်သမား ၂၄ ယောက်သေဆုံး

အိန္ဒိယမြောက်ပိုင်းမှာ လော်ရီကား ၂ စီးတိုက်မိပြီး လော့ဒေါင်းကာလအတွင်း အိမ်ပြန်နေတဲ့ ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမား ၂၄ ယောက် သေဆုံးခဲ့ပါတယ်။

ယာဉ်မတော်တဆတိုက်မှုဟာ စနေနေ့က အူတရာပရာဒက်ရှ် ပြည်နယ် သြရိယမြို့မှာ ဖြစ်ပွားခဲ့တာပါ။ လမ်းဘေး လက်ဖက်ရည်ဆိုင်နားမှာ ရပ်ထားတဲ့ကားကို တခြားကားတစီးက ဝင်အောင်းမိတာဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမား အများစုဟာ အနောက်ပိုင်း ဂျာခန့်ပြည်နယ်နဲ့ အနောက်ဘင်္ဂလားပြည်နယ်က ဖြစ်ကြပါတယ်။

အိန္ဒိယမှာ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး အတွက် ပိတ်ဆို့မှု လော့ဒေါင်းကို မတ်လ ၂၄ ရက်နေ့က စတင်ခဲ့ပါတယ်။

ပိတ်ဆို့မှုကြောင့် နိုင်ငံတဝန်းမှာ စီးပွားရေးကျဆင်းခဲ့ပြီး သန်းနဲ့ချီတဲ့ တနေ့လုပ် တနေ့စား ရွှေ့ပြောင်း အလုပ်သမားတွေဟာ ငွေကြေးမရှိဘဲ မြို့ပြမှာ ပိတ်မိနေခဲ့ပါတယ်။

မြို့ပေါ်မှာ စားရမဲ့သောက်ရမဲ့ ဖြစ်မှာစိုးလို့ ကိုယ့်ရပ်ကိုယ့်ရွာကို အသည်းအသန် ပြန်ချင်နေကြတဲ့ အလုပ်သမား အမြောက်အမြားဟာ မိုင်ပေါင်း ရာချီပြီး လမ်းလျှောက် အိမ်ပြန်ကြပါတယ်။

အစိုးရ စီစဉ်ပေးတဲ့ အထူးကား၊ အထူးရထားတွေ အခုနောက်ပိုင်းမှာ ရှိလာပေမယ့် မလုံလောက်တဲ့အတွက် တချို့အလုပ်သမားတွေဟာ အထူးယာဉ်တွေကို မစောင့်ဆိုင်းနိုင်ဘဲ ကြုံရာကုန်ကားကြီးတွေနဲ့ လိုက်ပါကြပါတယ်။

ဒါ့ကြောင့် ကားမတော်တဆမှု၊ ရထားလမ်း မတော်တဆမှုတွေ ဖြစ်ပွားပြီး လူပေါင်း ဆယ်ဂဏန်းနဲ့ချီ သေဆုံးခဲ့ကြပါတယ်။

ဒီသီတင်းပတ်အစောပိုင်းက အူတရာပရာဒက်ရှ်ပြည်နယ် မူဇာဖာနာဂါးမှာ အလုပ်သမား ၆ ယောက်ဟာ အဝေးပြေးလမ်းမပေါ်ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

မေလ ၈ ရက်နေ့ကလည်း မဟာရာရှထရာပြည်နယ် သြရမ်ဂဘတ်မြို့မှာ ရထားအကြိတ်ခံရပြီး ရွှေ့ပြောင်းအလုပ်သမား ၁၆ ယောက်သေဆုံးခဲ့ပါတယ်။

အခုသေဆုံးခဲ့တဲ့ အလုပ်သမားတွေအတွက် ဝမ်းနည်းကြောင်း ဝန်ကြီးချုပ် နရန်ဒရာမိုဒီက သက်ဆိုင်ရာ မိသားစုတွေကို ပြောကြားခဲ့သလို ဒဏ်ရာရသူ ၃၆ ယောက်အတွက်လည်း မြန်မြန်သက်သာ ကျန်းမာဖို့ ဆုတောင်းပေးခဲ့ပါတယ်။

“သြရိယမတော်တဆမှုဟာ အလွန်ဝမ်းနည်းကြေကွဲဖို့ ကောင်းပါတယ်။ အခြေအနေ အမြန်ဆုံး ကောင်းမွန်လာဖို့ အစိုးရဟာ အစွမ်းကုန် ဆောင်ရွက်နေပါတယ်” လို့ မစ္စတာမိုဒီက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို ဆေးဝါးပစ္စည်း ထောက်ပံ့ကူညီဖို့နဲ့ မတော်တဆမှုဖြစ်ရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အူတရာပရာဒက်ရှ် ဝန်ကြီးချုပ် ယောဂီအဓိတရာနတ်ကလည်း ညွှန်ကြားထားပါတယ်။

အစိုးရဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို လစ်လျူရှုပြီး အခြေအနေကို ကိုင်တွယ်ခဲ့တယ်လို့ပြည်နယ်အခြေစိုက် ဆမာဂျဝါဒီပါတီ ခေါင်းဆောင်က စွပ်စွဲအပြစ်တင်ပါတယ်။

ဒီလိုမတော်တဆမှုဟာ လူသေမှု မဟုတ်ဘူး၊ လူသတ်မှုဖြစ်တယ်လို့ သူက တွစ်တာမှာရေးသားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52691215
ယာဥ္တိုက္မႈေၾကာင့္ အိႏၵိယ အလုပ္သမား ၂၄ ေယာက္ေသဆုံး ယာဥ္တိုက္မႈေၾကာင့္ အိႏၵိယ အလုပ္သမား ၂၄ ေယာက္ေသဆုံး Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.